Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရာသီတုပ္ေကြးေရာဂါ (H1N1) ေၾကာင့္ ၾသဂုတ္ ၁၁ ရက္တြင္ သံုးဦးထပ္မံေသဆံုးေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ သည္။

မႏၲေလး၊ မေကြးႏွင့္ ပဲခူးတုိင္းတို႔ရွိ ေဆး႐ံုႀကီး မ်ားတြင္ ရာသီတုပ္ေကြးေရာဂါျဖင့္တက္ေရာက္ ကုသသူ အသက္ (၄၀) ေက်ာ္တစ္ဦး၊ (၅၀)ေက်ာ္ တစ္ဦးႏွင့္ (၅)ႏွစ္ေအာက္ ကေလးငယ္တစ္ဦးတို႔ ေသဆံုးခဲ့ျခင္းျဖစ္သည္။

၎တို႔သည္ နာတာရွည္ေရာဂါအခံ မူလကပင္ ရွိၿပီး ရာသီတုပ္ေကြးထပ္မံကူးစက္ခဲ့ျခင္းေၾကာင့္  ေသဆံုးေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီး ဌာနမွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။ ၾသဂုတ္ ၁၁ ရက္တြင္ ရာသီတုပ္ေကြးေရာဂါ သံသယလူနာ ၅၂၅ ဦး၊ ပိုးေတြ႕လူနာ ၂၀၄ ဦး၊ ေသဆံုးသူ ၂၃ ဦးရွိၿပီး ယမန္ေန႔ကထက္ ပိုးေတြ႕လူနာ ၁၀ ဦးႏွင့္ ေသဆံုးသူ သံုးဦထပ္မံတိုးလာျခင္းျဖစ္သည္။

ယခုအခ်ိန္ထိ ရာသီတုပ္ေကြးေရာဂါေၾကာင့္ ေသဆံုးသူ အေရအတြက္သည္ ရန္ကုန္တိုင္းတြင္ ခုနစ္ဦး၊ ဧရာ၀တီတိုင္းတြင္ကုိးဦး၊ မြန္ျပည္နယ္တြင္ တစ္ဦး၊ ပဲခူးတိုင္းတြင္ သံုးဦး၊ မႏၲေလးတုိင္းတြင္ တစ္ဦး၊ မေကြးတိုင္းတြင္ ႏွစ္ဦး စုစုေပါင္း ၂၃ ဦးရွိၿပီ ျဖစ္သည္။

ေသဆံုးသူ အမ်ားစုသည္ ယခုျဖစ္ပြားေနသည့္ ရာသီတုပ္ေကြး ေနာက္ဆက္တဲြေရာဂါေၾကာင့္ ေသဆံုးျခင္းမဟုတ္ဘဲ နာတာရွည္ဆီးခ်ိဳေသြးခ်ိဳ၊ ေက်ာက္ကပ္၊ ႏွလံုး၊ ခုခံအားက်ကာလသားႏွင့္ ျပင္းထန္အဆုတ္တီဘီေရာဂါရွိ၍ ေသဆံုးျခင္းျဖစ္ ေၾကာင္း က်န္းမာေရးႏွင့္ အား ကစား၀န္ႀကီးဌာန၊ ကုသေရးဦးစီး ဌာန ၫႊန္ၾကားေရးမ်ဴးခ်ဳပ္ ေဒါက္ တာျမင့္ဟန္က ေျပာထားသည္။

ျဖစ္ပြားမႈႏွင့္ ေသဆံုးမႈႏႈန္း မ်ားေသာ ရန္ကုန္တိုင္းအတြင္းရွိ အေ၀းေျပးယာဥ္မ်ား၊ ဘတ္စ္ကားမ်ား၊ မီးရထားမ်ား၊ သေဘၤာမ်ား စသည္တို႔တြင္ ရာသီတုပ္ေကြးေရာဂါႏွင့္ပတ္သက္ေသာ က်န္းမာေရးပညာေပး စတစ္ကာမ်ားကပ္ျခင္း၊ လူအမ်ားျမင္သာေသာ ေနရာမ်ား၌ ဗီႏုိင္းမ်ားေထာင္ျခင္းျဖင့္ ပညာေပးအစီအစဥ္မ်ားကို ဆက္လက္လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက ထုတ္ ျပန္ထားသည္။

ထို႔အျပင္ ဘတ္စ္ကားမ်ား ေပၚမွတစ္ဆင့္ ရာသီတုပ္ေကြး ေရာဂါပိုး မကူးစက္ရန္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရမည့္အခ်က္မ်ားကို ယာဥ္လိုင္းပိုင္ရွင္မ်ားထံ ေပးပို႔မည္ျဖစ္ေၾကာင္း သဘာ၀ေဘးအႏၲရာယ္ကာကြယ္ေရးႏွင့္ ကူးစက္ေရာဂါကာကြယ္တိုက္ဖ်က္ေရးဌာန ဒုတိယၫႊန္ၾကားေရးမွဴး ေဒါက္တာသန္းထြန္းေအာင္က ေျပာသည္။

ေခ်ာင္းဆုိျခင္း၊ ႏွာေခ်ျခင္း၊ ဖ်ားနာျခင္းတို႔ ျဖစ္ပြားပါက ေဆာင္ရန္၊ ေရွာင္ရန္အခ်က္မ်ား ကို က်န္းမာေရးအသိအျမင္ျဖင့္ ႀကိဳတင္ကာကြယ္တတ္ေစရန္ ယာဥ္လိုင္းမ်ားေပၚတြင္ စတစ္ ကာမ်ား ကပ္ရန္အပါအ၀င္ အျခားလုပ္ေဆာင္ရန္ လိုအပ္ခ်က္မ်ားကို ယာဥ္လုိင္းပိုင္ရွင္မ်ားထံ ေပးပို႔မည္ျဖစ္သည္။

‘‘စတစ္ကာေတြကပ္မယ္။ မွတ္တုိင္ေတြမွာ ဆုိင္းဘုတ္ေတြ ေထာင္မယ္။ အခုထိ ညိႇတုန္းပဲ။ အားလံုးသေဘာတူတဲ့ အခ်က္ကို တရား၀င္ထုတ္ျပန္မယ္။ တစ္ရက္ႏွစ္ရက္အတြင္း ထုတ္ျပန္မယ္’’ဟု ၎က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7dyadaily

#Unicode Version#
 ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် သြဂုတ် ၁၁ ရက်တွင် သုံးဦးထပ်မံသေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် သည်။

မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းတို့ရှိ ဆေးရုံကြီး များတွင် ရာသီတုပ်ကွေးရောဂါဖြင့်တက်ရောက် ကုသသူ အသက် (၄၀) ကျော်တစ်ဦး၊ (၅၀)ကျော် တစ်ဦးနှင့် (၅)နှစ်အောက် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် နာတာရှည်ရောဂါအခံ မူလကပင် ရှိပြီး ရာသီတုပ်ကွေးထပ်မံကူးစက်ခဲ့ခြင်းကြောင့်  သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ သြဂုတ် ၁၁ ရက်တွင် ရာသီတုပ်ကွေးရောဂါ သံသယလူနာ ၅၂၅ ဦး၊ ပိုးတွေ့လူနာ ၂၀၄ ဦး၊ သေဆုံးသူ ၂၃ ဦးရှိပြီး ယမန်နေ့ကထက် ပိုးတွေ့လူနာ ၁၀ ဦးနှင့် သေဆုံးသူ သုံးဦထပ်မံတိုးလာခြင်းဖြစ်သည်။

ယခုအချိန်ထိ ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ရန်ကုန်တိုင်းတွင် ခုနစ်ဦး၊ ဧရာဝတီတိုင်းတွင်ကိုးဦး၊ မွန်ပြည်နယ်တွင် တစ်ဦး၊ ပဲခူးတိုင်းတွင် သုံးဦး၊ မန္တလေးတိုင်းတွင် တစ်ဦး၊ မကွေးတိုင်းတွင် နှစ်ဦး စုစုပေါင်း ၂၃ ဦးရှိပြီ ဖြစ်သည်။

သေဆုံးသူ အများစုသည် ယခုဖြစ်ပွားနေသည့် ရာသီတုပ်ကွေး နောက်ဆက်တွဲရောဂါကြောင့် သေဆုံးခြင်းမဟုတ်ဘဲ နာတာရှည်ဆီးချိုသွေးချို၊ ကျောက်ကပ်၊ နှလုံး၊ ခုခံအားကျကာလသားနှင့် ပြင်းထန်အဆုတ်တီဘီရောဂါရှိ၍ သေဆုံးခြင်းဖြစ် ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ ကုသရေးဦးစီး ဌာန ညွှန်ကြားရေးမျူးချုပ် ဒေါက် တာမြင့်ဟန်က ပြောထားသည်။

ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း များသော ရန်ကုန်တိုင်းအတွင်းရှိ အဝေးပြေးယာဉ်များ၊ ဘတ်စ်ကားများ၊ မီးရထားများ၊ သင်္ဘောများ စသည်တို့တွင် ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်သော ကျန်းမာရေးပညာပေး စတစ်ကာများကပ်ခြင်း၊ လူအများမြင်သာသော နေရာများ၌ ဗီနိုင်းများထောင်ခြင်းဖြင့် ပညာပေးအစီအစဉ်များကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

ထို့အပြင် ဘတ်စ်ကားများ ပေါ်မှတစ်ဆင့် ရာသီတုပ်ကွေး ရောဂါပိုး မကူးစက်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်အချက်များကို ယာဉ်လိုင်းပိုင်ရှင်များထံ ပေးပို့မည်ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ချောင်းဆိုခြင်း၊ နှာချေခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ပွားပါက ဆောင်ရန်၊ ရှောင်ရန်အချက်များ ကို ကျန်းမာရေးအသိအမြင်ဖြင့် ကြိုတင်ကာကွယ်တတ်စေရန် ယာဉ်လိုင်းများပေါ်တွင် စတစ် ကာများ ကပ်ရန်အပါအဝင် အခြားလုပ်ဆောင်ရန် လိုအပ်ချက်များကို ယာဉ်လိုင်းပိုင်ရှင်များထံ ပေးပို့မည်ဖြစ်သည်။

‘‘စတစ်ကာတွေကပ်မယ်။ မှတ်တိုင်တွေမှာ ဆိုင်းဘုတ်တွေ ထောင်မယ်။ အခုထိ ညှိတုန်းပဲ။ အားလုံးသဘောတူတဲ့ အချက်ကို တရားဝင်ထုတ်ပြန်မယ်။ တစ်ရက်နှစ်ရက်အတွင်း ထုတ်ပြန်မယ်’’ဟု ၎င်းက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7dyadaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top