ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္က်ခံေနရေသာ ျမန္မာ လုပ္သားႏွစ္ဦး အမႈအတြက္ ေနာက္ဆံုး တင္သြင္းထားသည့္ အယူခံကို လက္ခံျခင္း ရွိ၊ မရွိ ထိုင္းႏုိင္ငံ အမွတ္(၈) အယူခံတရား႐ံုး က စစ္ေဆး၍ ႏွစ္ပတ္အတြင္း အေၾကာင္းျပန္မည္ျဖစ္ေၾကာင္း ထိုင္းႏုိင္ငံ ေရွ႕ေနမ်ားေကာင္စီမွ ထိုင္းအမ်ိဳးသမီးေရွ႕ေန ဖီအန္ဖြန္ က ေျပာသည္။

‘‘တရား႐ံုးက မဆံုးျဖတ္ခင္အနည္းဆံုး ႏွစ္ပတ္ၾကာႏုိင္ပါတယ္။ ခိုးမႈစြဲခ်က္ကိုေတာ့ အယူခံဝင္လုိ႔မရပါဘူး’’ဟု ၎ကေျပာ သည္။

 ေသဒဏ္က်ခံေနရေသာ ျမန္မာလုပ္သားႏွစ္ဦး အမႈအ တြက္ ေနာက္ဆံုးတင္သြင္းရမည့္ အယူခံကို ျမန္မာလုပ္သားႏွစ္ဦး ၏ အက်ိဳးေဆာင္ ထိုင္းႏုိင္ငံေရွ႕ ေနမ်ားေကာင္စီက ဩဂုတ္ ၂၁ ရက္တြင္ ထုိင္းႏုိင္ငံ ေကာ့စမြီ တရား႐ံုးသို႔ တင္သြင္းထားသည္။

ထိုင္းႏုိင္ငံ၏ ဥပေဒသည္ အ ေျပာင္းအလဲရွိ၍ အေကာင္းဆံုး ေမွ်ာ္လင့္ထားေၾကာင္း ထိုင္းႏုိင္ငံ ေရွ႕ေနမ်ားေကာင္စီမွ ထိုင္းအမ်ိဳး သမီးေရွ႕ေန စုဖန္ဖာမရမ္ကေျပာသည္။

ျမန္မာလုပ္သားႏွစ္ဦး၏ အ က်ိဳးေဆာင္ ေရွ႕ေနမ်ားျဖစ္ေသာ ထိုင္းႏုိင္ငံ ေရွ႕ေနမ်ားေကာင္စီမွ ေရွ႕ေနမ်ားသည္ စာမ်က္ႏွာ ၃၁၈ မ်က္ႏွာပါရွိေသာ အယူခံကို ငါး ႀကိမ္ေျမာက္အျဖစ္ အယူခံတင္ ရက္တိုးေတာင္းၿပီး တင္သြင္းျခင္း ျဖစ္သည္။

ေနာက္ဆံုး အယူခံတင္သြင္း မႈအမိန္႔ဆံုးျဖတ္ခ်က္ကို အနည္း ဆံုး တစ္ႏွစ္ၾကာ ေစာင့္ဆုိင္းရ မည္ျဖစ္ေၾကာင္း ေရွ႕ေနစုဖန္ဖာ မရမ္က ေျပာသည္။

ယခုေနာက္ဆံုး အယူခံသာ ႐ႈံးနိမ့္ပါက ျမန္မာလုပ္သားႏွစ္ဦး အေနျဖင့္ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ရန္သာရွိေတာ့ သည္။ ေနာက္ဆံုး အယူခံတြင္ ျမန္မာအႀကံေပးအဖြဲ႕က ေပးပို႔ သည့္အခ်က္ႏွင့္ ထိုင္းႏိုင္ငံ ေရွ႕ ေနမ်ားေကာင္စီက ေရြးခ်ယ္ထား သည့္ အခ်က္မ်ား စုေပါင္းတင္ ျပထားသည္။

 ေသဒဏ္က်ခံေနရေသာ ျမန္မာလုပ္သားႏွစ္ဦး အမႈအ တြက္ ေနာက္ဆံုးတင္သြင္းရမည့္ အယူခံကို ဩဂုတ္ ၂၁ ရက္ ေနာက္ဆံုးထားတင္သြင္းရန္ ေကာ့စမြီတရား႐ံုးက ဆံုးျဖတ္ထားသည္။ ျမန္မာလုပ္သားႏွစ္ဦး၏ ေသဒဏ္အမိန္႔ႏွင့္ပတ္သက္၍ ပထမဆံုးအယူခံတင္သြင္းမႈကို ထိုင္းႏုိင္ငံ အယူခံေအာက္တရား႐ံုးက ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ ပယ္ခ်ၿပီး ေသဒဏ္ကို ဆက္လက္အတည္ျပဳခဲ့သည္။

ထုိင္းႏုိင္ငံသို႔ လာေရာက္ လည္ပတ္ေသာ အသက္(၂၄)ႏွစ္ အရြယ္ ၿဗိတိန္ႏုိင္ငံသား ေဒးဗစ္မီလာႏွင့္ (၂၃)ႏွစ္အရြယ္ ဟန္နာ ဝစ္သာရစ္ခ်္တုိ႔သည္ ၂၀၁၄ စက္ တင္ဘာ ၁၄ ရက္ ညဥ့္သန္းေခါင္ တြင္ ထုိင္းႏုိင္ငံေတာင္ပိုင္း ဆူရတ္ဌာနီခ႐ိုင္ ခုိေတာင္ကြၽန္း (လိပ္ကြၽန္း)၌ အသတ္ခံရၿပီး ျမန္ မာလုပ္သား ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတုိ႔ကို လူသတ္မႈ၊ မုဒိမ္း မႈ၊ လုယက္မႈအပါအဝင္ ပုဒ္မ ခုနစ္ခုျဖင့္ ဖမ္းဆီးခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သားနှစ်ဦး အမှုအတွက် နောက်ဆုံး တင်သွင်းထားသည့် အယူခံကို လက်ခံခြင်း ရှိ၊ မရှိ ထိုင်းနိုင်ငံ အမှတ်(၈) အယူခံတရားရုံး က စစ်ဆေး၍ နှစ်ပတ်အတွင်း အကြောင်းပြန်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ ထိုင်းအမျိုးသမီးရှေ့နေ ဖီအန်ဖွန် က ပြောသည်။

‘‘တရားရုံးက မဆုံးဖြတ်ခင်အနည်းဆုံး နှစ်ပတ်ကြာနိုင်ပါတယ်။ ခိုးမှုစွဲချက်ကိုတော့ အယူခံဝင်လို့မရပါဘူး’’ဟု ၎င်းကပြော သည်။

 သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦး အမှုအ တွက် နောက်ဆုံးတင်သွင်းရမည့် အယူခံကို မြန်မာလုပ်သားနှစ်ဦး ၏ အကျိုးဆောင် ထိုင်းနိုင်ငံရှေ့ နေများကောင်စီက ဩဂုတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးသို့ တင်သွင်းထားသည်။

ထိုင်းနိုင်ငံ၏ ဥပဒေသည် အ ပြောင်းအလဲရှိ၍ အကောင်းဆုံး မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ ထိုင်းအမျိုး သမီးရှေ့နေ စုဖန်ဖာမရမ်ကပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏ အ ကျိုးဆောင် ရှေ့နေများဖြစ်သော ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ ရှေ့နေများသည် စာမျက်နှာ ၃၁၈ မျက်နှာပါရှိသော အယူခံကို ငါး ကြိမ်မြောက်အဖြစ် အယူခံတင် ရက်တိုးတောင်းပြီး တင်သွင်းခြင်း ဖြစ်သည်။

နောက်ဆုံး အယူခံတင်သွင်း မှုအမိန့်ဆုံးဖြတ်ချက်ကို အနည်း ဆုံး တစ်နှစ်ကြာ စောင့်ဆိုင်းရ မည်ဖြစ်ကြောင်း ရှေ့နေစုဖန်ဖာ မရမ်က ပြောသည်။

ယခုနောက်ဆုံး အယူခံသာ ရှုံးနိမ့်ပါက မြန်မာလုပ်သားနှစ်ဦး အနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်သာရှိတော့ သည်။ နောက်ဆုံး အယူခံတွင် မြန်မာအကြံပေးအဖွဲ့က ပေးပို့ သည့်အချက်နှင့် ထိုင်းနိုင်ငံ ရှေ့ နေများကောင်စီက ရွေးချယ်ထား သည့် အချက်များ စုပေါင်းတင် ပြထားသည်။

 သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦး အမှုအ တွက် နောက်ဆုံးတင်သွင်းရမည့် အယူခံကို ဩဂုတ် ၂၁ ရက် နောက်ဆုံးထားတင်သွင်းရန် ကော့စမွီတရားရုံးက ဆုံးဖြတ်ထားသည်။ မြန်မာလုပ်သားနှစ်ဦး၏ သေဒဏ်အမိန့်နှင့်ပတ်သက်၍ ပထမဆုံးအယူခံတင်သွင်းမှုကို ထိုင်းနိုင်ငံ အယူခံအောက်တရားရုံးက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပယ်ချပြီး သေဒဏ်ကို ဆက်လက်အတည်ပြုခဲ့သည်။

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက်(၂၄)နှစ် အရွယ် ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာနှင့် (၂၃)နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ချ်တို့သည် ၂၀၁၄ စက် တင်ဘာ ၁၄ ရက် ညဉ့်သန်းခေါင် တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း)၌ အသတ်ခံရပြီး မြန် မာလုပ်သား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်း မှု၊ လုယက်မှုအပါအဝင် ပုဒ်မ ခုနစ်ခုဖြင့် ဖမ်းဆီးခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top