Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္မ်ားကို အြန္လိုင္းမွတိုက္႐ိုက္ေဆြး ေႏြးမႈ (Video Conferencing) ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိ သည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္သည္ မေကြးတိုင္း၊ မႏၲေလး တိုင္းႏွင့္ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ မ်ား ပါဝင္သည့္ ေဆြးေႏြးမႈကို Video Conferencing စနစ္ျဖင့္ အြန္လိုင္းမွ ႐ုပ္သံတိုက္႐ိုက္ေခၚ ဆုိမႈျဖင့္ ၾသဂုတ္ ၂၃ ရက္တြင္ ျပဳ လုပ္ခဲ့ေၾကာင္း မေကြးတိုင္းေဒသ ႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္ မိုးညိဳက ေျပာသည္။

အလားတူ ႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္သည္ ဧရာဝတီ တိုင္း၊ ရန္ကုန္တိုင္းႏွင့္ ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္မ်ား ပါဝင္သည့္ အြန္ လိုင္းဗီဒီယိုျဖင့္ တိုက္႐ိုက္ေဆြး ေႏြးမႈကို ၾသဂုတ္ ၂၂ ရက္ကတစ္ နာရီခြဲေက်ာ္ ျပဳလုပ္ခဲ့ၿပီး ေဆာက္  လုပ္ေရးလုပ္ငန္းႏွင့္ သက္ဆိုင္ သည့္ ကိစၥအပါအဝင္အေၾကာင္း အရာမ်ားစြာ ေဆြးေႏြးခဲ့ေၾကာင္း ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းကေျပာသည္။

‘‘အရင္က စာနဲ႔ပို႔ေနရတဲ့ ကိစၥေတြမွာ ခ်က္ခ်င္းဆံုးျဖတ္ ခ်က္ခ်လို႔ ရတာေပါ့’’ ဟု ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ေျပာ သည္။

ယင္းကဲ့သို႔ အြန္လိုင္းမွ တိုက္႐ိုက္ဗီဒီယိုေခၚဆိုမႈ ေဆြးေႏြးပြဲကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္၏ စီမံခ်က္ျဖင့္ လုပ္ေဆာင္ၿပီး ျပည္ ေထာင္စုအစိုးရအဖြဲ႕ႏွင့္ ေအာက္ ေျခတြင္ ျဖစ္ေနသည့္ အေၾကာင္း အရာမ်ားၾကားတြင္ ကြာျခားခ်က္ ရွိသည္မ်ားကို ထည့္သြင္းေဆြး ေႏြးခဲ့ေၾကာင္းႏွင့္ ယခုေဆြးေႏြးမႈ သည္ မိတ္ဆက္သေဘာျဖစ္ ေၾကာင္း ၎က ရွင္းျပသည္။

‘‘(ဒီလိုလုပ္တာ) အေထာက္ အကူျပဳတာေပါ့။ ေတြ႕ဖို႔လိုအပ္ တယ္ဆိုရင္ စီစဥ္ဖို႔ခက္ေနတဲ့အ ခ်ိန္၊ တစ္ေနရာတည္းမွာ ေတြ႕ဖို႔ ခက္ေနတဲ့အခ်ိန္ အြန္လိုင္းကေန ေတြ႕လိုက္တဲ့အခါ တစ္ခါတည္း ၿပိဳင္တူေတြ႕ျဖစ္သြားတာေပါ့။ အဲ ဒါေကာင္းပါတယ္’’ ဟု ေဆာင္းပါးရွင္ ဦးေဇယ်သူက ေျပာသည္။

တစ္ခ်ိန္တည္းတြင္ ဝန္ႀကီး ခ်ဳပ္မ်ားႏွင့္ ဝန္ႀကီးမ်ား၏ စြမ္း ေဆာင္ရည္ကို အကဲျဖတ္သည့္ စနစ္ကိုလည္း စနစ္တက်အ ေကာင္အထည္ေဖာ္သင့္ေၾကာင္း ဦးေဇယ်သူက အႀကံျပဳသည္။

သမၼတဦးသိန္းစိန္ လက္ထက္တြင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ားအား ယခုကဲ့သို႔အြန္လိုင္းမွ တိုက္႐ိုက္ေဆြးေႏြးမႈမရွိဘဲ ဖုန္းျဖင့္သာ ဆက္သြယ္ေခၚဆုိမႈရွိခဲ့ေၾကာင္း သမၼတေဟာင္း ဦးသိန္းစိန္၏ ေျပာေရးဆိုခြင့္ရွိသူ ဦးရဲထြဋ္က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#


နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တိုင်းဒေသကြီး ဝန်ကြီးချုပ် များကို အွန်လိုင်းမှတိုက်ရိုက်ဆွေး နွေးမှု (Video Conferencing) ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မကွေးတိုင်း၊ မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် များ ပါဝင်သည့် ဆွေးနွေးမှုကို Video Conferencing စနစ်ဖြင့် အွန်လိုင်းမှ ရုပ်သံတိုက်ရိုက်ခေါ် ဆိုမှုဖြင့် သြဂုတ် ၂၃ ရက်တွင် ပြု လုပ်ခဲ့ကြောင်း မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဒေါက်တာအောင် မိုးညိုက ပြောသည်။

အလားတူ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်သည် ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း ဝန်ကြီးချုပ်များ ပါဝင်သည့် အွန် လိုင်းဗီဒီယိုဖြင့် တိုက်ရိုက်ဆွေး နွေးမှုကို သြဂုတ် ၂၂ ရက်ကတစ် နာရီခွဲကျော် ပြုလုပ်ခဲ့ပြီး ဆောက်  လုပ်ရေးလုပ်ငန်းနှင့် သက်ဆိုင် သည့် ကိစ္စအပါအဝင်အကြောင်း အရာများစွာ ဆွေးနွေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းကပြောသည်။

‘‘အရင်က စာနဲ့ပို့နေရတဲ့ ကိစ္စတွေမှာ ချက်ချင်းဆုံးဖြတ် ချက်ချလို့ ရတာပေါ့’’ ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြော သည်။

ယင်းကဲ့သို့ အွန်လိုင်းမှ တိုက်ရိုက်ဗီဒီယိုခေါ်ဆိုမှု ဆွေးနွေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ စီမံချက်ဖြင့် လုပ်ဆောင်ပြီး ပြည် ထောင်စုအစိုးရအဖွဲ့နှင့် အောက် ခြေတွင် ဖြစ်နေသည့် အကြောင်း အရာများကြားတွင် ကွာခြားချက် ရှိသည်များကို ထည့်သွင်းဆွေး နွေးခဲ့ကြောင်းနှင့် ယခုဆွေးနွေးမှု သည် မိတ်ဆက်သဘောဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

‘‘(ဒီလိုလုပ်တာ) အထောက် အကူပြုတာပေါ့။ တွေ့ဖို့လိုအပ် တယ်ဆိုရင် စီစဉ်ဖို့ခက်နေတဲ့အ ချိန်၊ တစ်နေရာတည်းမှာ တွေ့ဖို့ ခက်နေတဲ့အချိန် အွန်လိုင်းကနေ တွေ့လိုက်တဲ့အခါ တစ်ခါတည်း ပြိုင်တူတွေ့ဖြစ်သွားတာပေါ့။ အဲ ဒါကောင်းပါတယ်’’ ဟု ဆောင်းပါးရှင် ဦးဇေယျသူက ပြောသည်။

တစ်ချိန်တည်းတွင် ဝန်ကြီး ချုပ်များနှင့် ဝန်ကြီးများ၏ စွမ်း ဆောင်ရည်ကို အကဲဖြတ်သည့် စနစ်ကိုလည်း စနစ်တကျအ ကောင်အထည်ဖော်သင့်ကြောင်း ဦးဇေယျသူက အကြံပြုသည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ယခုကဲ့သို့အွန်လိုင်းမှ တိုက်ရိုက်ဆွေးနွေးမှုမရှိဘဲ ဖုန်းဖြင့်သာ ဆက်သွယ်ခေါ်ဆိုမှုရှိခဲ့ကြောင်း သမ္မတဟောင်း ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။



ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top