ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

လူသတ္မႈ၊ ဓားေထာက္လု ယက္မႈမ်ားက်ဴးလြန္္ခဲ့ၿပီး ျပည္ၿမိဳ႕ မွ ထြက္ေျပးတိမ္းေရွာင္ေနသည့္ တရားခံေျပး၀က္ကေလးဆုိသူကုိ ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း ျပည္ ခ႐ုိင္ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ဩဂုတ္ ၁၂ ရက္နံနက္က တေကာင္းၿမိဳ႕အလြန္ ေတာတြင္း တစ္ေနရာမွ ဖမ္းမိခ့ဲေၾကာင္း ျပည္ခ႐ုိင္ေခတၱရဲတပ္ဖြဲ႕မွဴး ဒုတိ ယရဲမွဴးႀကီး ေဇာ္မင္းေအာင္က ဆုိသည္။

နယ္စပ္ဘက္မွ အမာခံ သတင္းေပးမ်ား၏ သတင္းေပး ခ်က္အရ ျပည္ၿမိဳ႕နယ္ရဲတပ္ဖြဲဲ႕ ၀င္မ်ားသြားေရာက္ခဲ့ၿပီး တ ေကာင္းမွ နယ္ေျမခံရဲတပ္ဖြဲ႕၀င္ မ်ားႏွင့္ ပူးေပါင္းဖမ္းဆီးခဲ့ေၾကာင္း၊ဖမ္းဆီးရမိပုံအဆင့္ဆင့္ကုိ ရွင္းလင္းပြဲျပဳလုပ္မည္ျဖစ္ေၾကာင္း ၎က ဆုိသည္။

၀က္ကေလး ဆုိသူသည္ ျပည္ၿမိဳ႕တြင္ ေနထုိင္သူျဖစ္ၿပီး ၂၀၁၈ ဧၿပီအတြင္းက ျပည္ၿမိဳ႕ရွိ ႐ိြဳင္ရယ္စတားစင္တင္ေတးဂီတ ႏွင့္ ေကတီဗီဆုိင္ေရွ႕၌ အငယ္ တန္းလွ်ပ္္စစ္အင္ဂ်င္နီယာတစ္ ဦးအသတ္ခံရမႈအတြက္ ရဲတပ္ဖြဲ႕ က အလုိရွိေနသူျဖစ္သည္။

ထုိ႔အျပင္ ေမလ ၁၁ ရက္ ညက ေဒါင္းမင္းအင္တာနက္ဆုိင္ ရွင္ႏွင့္ စာေရးကုိဓားေထာက္လုု ယက္မႈထပ္မံက်ဴးလြန္ၿပီး ရဲတပ္ ဖြဲ႕က အမႈဖြင့္အေရးယူထားသူ ျဖစ္ရာ အမႈအခင္းမ်ားက်ဴးလြန္ ၿပီးေနာက္ ေလးလအၾကာတြင္ ရဲ တပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 လူသတ်မှု၊ ဓားထောက်လု ယက်မှုများကျူးလွန်ခဲ့ပြီး ပြည်မြို့ မှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးဝက်ကလေးဆိုသူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပြည် ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဩဂုတ် ၁၂ ရက်နံနက်က တကောင်းမြို့အလွန် တောတွင်း တစ်နေရာမှ ဖမ်းမိခဲ့ကြောင်း ပြည်ခရိုင်ခေတ္တရဲတပ်ဖွဲ့မှူး ဒုတိ ယရဲမှူးကြီး ဇော်မင်းအောင်က ဆိုသည်။

နယ်စပ်ဘက်မှ အမာခံ သတင်းပေးများ၏ သတင်းပေး ချက်အရ ပြည်မြို့နယ်ရဲတပ်ဖွဲ့ ဝင်များသွားရောက်ခဲ့ပြီး တ ကောင်းမှ နယ်မြေခံရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ဖမ်းဆီးရမိပုံအဆင့်ဆင့်ကို ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝက်ကလေး ဆိုသူသည် ပြည်မြို့တွင် နေထိုင်သူဖြစ်ပြီး ၂၀၁၈ ဧပြီအတွင်းက ပြည်မြို့ရှိ ရွိုင်ရယ်စတားစင်တင်တေးဂီတ နှင့် ကေတီဗီဆိုင်ရှေ့၌ အငယ် တန်းလျှပ်စစ်အင်ဂျင်နီယာတစ် ဦးအသတ်ခံရမှုအတွက် ရဲတပ်ဖွဲ့ က အလိုရှိနေသူဖြစ်သည်။

ထို့အပြင် မေလ ၁၁ ရက် ညက ဒေါင်းမင်းအင်တာနက်ဆိုင် ရှင်နှင့် စာရေးကိုဓားထောက်လုု ယက်မှုထပ်မံကျူးလွန်ပြီး ရဲတပ် ဖွဲ့က အမှုဖွင့်အရေးယူထားသူ ဖြစ်ရာ အမှုအခင်းများကျူးလွန် ပြီးနောက် လေးလအကြာတွင် ရဲ တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top