ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

စစ္ကိုင္းတိုင္းေဒသႀကီး ကသာခရိုင္ ထီးခ်ိဳင့္ၿမိဳ႕နယ္ ေလသာေက်းရြာ၌ သားမက္လုပ္သူက ေယာကၡမကို ျပန္သတ္ေသာ အမွုတစ္မွု ၾသဂုတ္လ ၆ ရက္ နံနက္ ေစာေစာပိုင္း အခ်ိန္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၆ ရက္ နံနက္ ၀၀:၃၀ နာရီက ေလသာေက်းရြာေနထိုင္သူ မသန္းႏုလြင္သည္ ႏွစ္အိမ္ေက်ာ္မွ မိခင္ျဖစ္သူ ေဒၚၾကည္သန္းေနထိုင္သည့္အိမ္မွ မိခင္၏ ေအာ္သံၾကား၍ သြားေရာက္ၾကည့္ရွုရာ ဝဲ/ယာ ရင္ညြန႔္ ႏွစ္ဘက္စလုံးတြင္ ထိုးသြင္းဒါဏ္ရာမ်ားျဖင့္ ဂေယာင္ေျခာက္ခ်ားျဖစ္ေနသျဖင့္ ေလသာတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္၍ ေဆးကုသေနစဥ္ ေသဆုံးသြားေၾကာင္းသိရသည္။

အဆိုပါေသဆုံးမွုေၾကာင့္ မသန္းႏုလြင္က တရားလိုျပဳလုပ္၍ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းသို႔ အမွုေရးဖြင့္ တိုင္ၾကားလာသျဖင့္ ရဲစခန္းမွူး ဒုရဲမွူးရဲထြဋ္ေအာင္က အမွုေရးဖြင့္ စစ္ေဆးေဆာင္ရြက္ခဲ့သည္။
ဒုရဲမွူးရဲထြဋ္ေအာင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ၾသဂုတ္ ၆ ရက္ ေန႔ခင္း ၁၁ နာရီခြဲတြင္ ေလသာေက်းရြာရွိ ေက်းရြာအုပ္ခ်ဳပ္ေရးမွူးႏွင့္အတူ ပစၥည္းသက္ေသ လူသက္ေသမ်ားအား စစ္ေဆးေမးျမန္းျခင္းမ်ား ျပဳလုပ္ၾကရာ မသန္းႏုလြင္၏ ခင္ပြန္းျဖစ္သူ ေသဆုံးသူ ေဒၚၾကည္သန္း၏ သားမက္ ဝင္းဗိုလ္ ဆိုသူမွာ ေဒၚၾကည္သန္းႏွင့္ အတူေနထိုင္သည့္ ေျမးမေလးကို တဖက္သတ္ ခ်စ္ႀကိဳက္ခဲ့သျဖင့္ ပိုးပန္းေနရာ ပိုးေၾကးပန္းေၾကးမ်ား လာေရာက္ေပးေနသည္ကို ေဒၚၾကည္သန္းမွ သိရွိခဲ့ရသည္။

ထိုသို႔သိရွိရသျဖင့္ သားမက္ျဖစ္သူအား ေရွ႕ဆက္မတိုးရန္ႏွင့္ ေရွ႕ဆက္တိုးလာပါက ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ရဲစခန္းသို႔ အသိေပးအေၾကာင္းၾကားသြားမည္ျဖစ္ေၾကာင္း ေယာကၡမျဖစ္သူက ေျပာဆိုခဲ့သည္ကို ရန္ၿငိဳးထားကာ ၾသဂုတ္လ ၆ ရက္ ညသန္းေခါင္အခ်ိန္တြင္ ၎ေနထိုင္ရာေနအိမ္ႏွင့္ ႏွစ္အိမ္ေက်ာ္၌ ေနထိုင္ေသာ ေယာကၡမ ျဖစ္သူႏွင့္ ၎ခ်စ္ႀကိဳက္ ေနသည့္ မိန္းခေလးတို႔ ႏွစ္ဦးတည္း အတူအိပ္ေနစဥ္ သုံးေျမႇာင့္တံဇင္းျဖင့္ ေဒၚၾကည္သန္းအား သုံးခ်က္ဆင့္၍ ထိုးသတ္ခဲ့သည္ကို စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ဒုရဲမွူး ရဲထြဋ္ေအာင္က ေျပာဆိုခဲ့သည္။

စစ္ေဆးေပၚေပါက္ခ်က္အရ လူသတ္တရားခံ ဝင္းဗိုလ္ အသက္ ၄၆ ႏွစ္ ေလသာေက်းရြာေနထိုင္သူအား ၎၏ ဇနီးျဖစ္သူ မသန္းႏုလြင္က တရားလိုျပဳလုပ္၍ တိုင္းတန္းခဲ့ရာ ဒုရဲမွူးရဲထြဋ္ေအာင္က ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္း(ပ)၂၆၂/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမွုေရးဖြင့္စစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္းရင္းျမစ္-ေမာင္ေလးငယ္ငယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် လေသာကျေးရွာ၌ သားမက်လုပ်သူက ယောက္ခမကို ပြန်သတ်သော အမှုတစ်မှု သြဂုတ်လ ၆ ရက် နံနက် စောစောပိုင်း အချိန်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၆ ရက် နံနက် ၀၀:၃၀ နာရီက လေသာကျေးရွာနေထိုင်သူ မသန်းနုလွင်သည် နှစ်အိမ်ကျော်မှ မိခင်ဖြစ်သူ ဒေါ်ကြည်သန်းနေထိုင်သည့်အိမ်မှ မိခင်၏ အော်သံကြား၍ သွားရောက်ကြည့်ရှုရာ ဝဲ/ယာ ရင်ညွန့် နှစ်ဘက်စလုံးတွင် ထိုးသွင်းဒါဏ်ရာများဖြင့် ဂယောင်ခြောက်ချားဖြစ်နေသဖြင့် လေသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသနေစဉ် သေဆုံးသွားကြောင်းသိရသည်။

အဆိုပါသေဆုံးမှုကြောင့် မသန်းနုလွင်က တရားလိုပြုလုပ်၍ ထီးချိုင့်မြို့မရဲစခန်းသို့ အမှုရေးဖွင့် တိုင်ကြားလာသဖြင့် ရဲစခန်းမှူး ဒုရဲမှူးရဲထွဋ်အောင်က အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ဒုရဲမှူးရဲထွဋ်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ် ၆ ရက် နေ့ခင်း ၁၁ နာရီခွဲတွင် လေသာကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပစ္စည်းသက်သေ လူသက်သေများအား စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကြရာ မသန်းနုလွင်၏ ခင်ပွန်းဖြစ်သူ သေဆုံးသူ ဒေါ်ကြည်သန်း၏ သားမက် ဝင်းဗိုလ် ဆိုသူမှာ ဒေါ်ကြည်သန်းနှင့် အတူနေထိုင်သည့် မြေးမလေးကို တဖက်သတ် ချစ်ကြိုက်ခဲ့သဖြင့် ပိုးပန်းနေရာ ပိုးကြေးပန်းကြေးများ လာရောက်ပေးနေသည်ကို ဒေါ်ကြည်သန်းမှ သိရှိခဲ့ရသည်။

ထိုသို့သိရှိရသဖြင့် သားမက်ဖြစ်သူအား ရှေ့ဆက်မတိုးရန်နှင့် ရှေ့ဆက်တိုးလာပါက ဆွေမျိုးသားချင်းများနှင့် ရဲစခန်းသို့ အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း ယောက္ခမဖြစ်သူက ပြောဆိုခဲ့သည်ကို ရန်ငြိုးထားကာ သြဂုတ်လ ၆ ရက် ညသန်းခေါင်အချိန်တွင် ၎င်းနေထိုင်ရာနေအိမ်နှင့် နှစ်အိမ်ကျော်၌ နေထိုင်သော ယောက္ခမ ဖြစ်သူနှင့် ၎င်းချစ်ကြိုက် နေသည့် မိန်းခလေးတို့ နှစ်ဦးတည်း အတူအိပ်နေစဉ် သုံးမြှောင့်တံဇင်းဖြင့် ဒေါ်ကြည်သန်းအား သုံးချက်ဆင့်၍ ထိုးသတ်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ဒုရဲမှူး ရဲထွဋ်အောင်က ပြောဆိုခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ လူသတ်တရားခံ ဝင်းဗိုလ် အသက် ၄၆ နှစ် လေသာကျေးရွာနေထိုင်သူအား ၎င်း၏ ဇနီးဖြစ်သူ မသန်းနုလွင်က တရားလိုပြုလုပ်၍ တိုင်းတန်းခဲ့ရာ ဒုရဲမှူးရဲထွဋ်အောင်က ထီးချိုင့်မြို့မရဲစခန်း(ပ)၂၆၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းရင်းမြစ်-မောင်လေးငယ်ငယ်

ဖိုးသူတော် (www.phothutaw.com)
Credit: popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top