ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသက္အရြယ္တစ္ခုရလာတာနဲ႕အမွ် ဘီယာဗိုက္ေလးေတြ၊ ဗိုက္ရႊဲေလးေတြ ျဖစ္လာတာကေတာ႔ ထံုးစံပါပဲ။ အဲဒီလိုျဖစ္လာတဲ႔အခါ ေလ႔က်င္႔ခန္းေတြျပန္လုပ္၊ Gym ေတြျပန္သြားၿပီး ျပန္ထိန္းၾကရတာပါပဲ။ အြန္လိုင္းေပၚမွာ အဲဒီလိုဝိတ္ခ်နည္းေပါင္း မေရမတြက္ႏိုင္ေအာင္ ရွိပါတယ္။

ဒါေပမယ္႔ အမ်ားစုကေတာ႔ ဘယ္လိုေလ႔က်င္႔ခန္းလုပ္ရမလဲဲ။ ဘယ္လိုကယ္လိုရီေရွာင္ရမလဲ ဆိုတာေတြကိုပဲ ေျပာျပထားၾကတာ မ်ားမွာပါ။ အခုေဖာ္ျပထားတာကေတာ႔ ကမၻာတလႊားက ထူးထူးျခားျခား ဝိတ္ခ်နည္းေလးေတြပါပဲ။
၁။ ဘယ္လက္နဲ႔ထမင္းစားပါ

ဒီေနရာမွာ ညာသန္ေတြမ်ားလိုု႔ ဘယ္လက္နဲ႔ထမင္းစားပါလို႔ ေျပာထားတာျဖစ္ပါတယ္။ တကယ္လို႔ ခင္ဗ်ားဟာ ဘယ္သန္တစ္ေယာက္ ျဖစ္ေနမယ္ဆိုရင္ ညာလက္နဲ႔ ထမင္းစားရမွာျဖစ္ပါတယ္။ လူတစ္ေယာက္ဟာ ကိုယ္အသံုးျပဳေနက် မဟုတ္တဲ႔လက္ကို အသံုးျပဳရတဲ႔အခ်ိန္မွာ လုပ္တာကိုင္တာေႏွးေကြးတတ္ပါတယ္။ ဒါေၾကာင္႔ အခ်ိန္ပိုေပးရပါမယ္။ အခ်ိန္ပိုေပးရတဲ႔အတြက္ မိမိစားမိမယ္႔ ပမာဏကိုလည္း အလိုအေလ်ာက္ထိန္းခ်ဳပ္လာႏိုင္မွာျဖစ္ပါတယ္။ ဒီလိုနဲ႔ အစားေလွ်ာ႔စားလာႏိုင္ရင္ ဝိတ္လည္းက်လာမွာပါပဲ။
၂။ မွန္ေရွ႕မွာထိုင္စားပါ

တကယ္လို႔ ခင္ဗ်ားဟာ အဝလြန္သူတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္၊ ဝိတ္ေလွ်ာ႔ဖို႔ႀကိဳးစားေနၿပီး မေအာင္ျမင္သူတစ္ဦးဆိုရင္ အစားစားရင္ မွန္တစ္ခ်ပ္ေရွ႕မွာထိုင္စားၾကည္႔လိုက္ပါ။ ကိုယ္ဘယ္ေလာက္ ဝေနတယ္ဆိုတာကို သတိထားမိလာၿပီး အစားစားေနတဲ႔လက္ေတြ အလိုလိုတုန္႔ေႏွးလာမွာပါ။ တကယ္ေတာ႔ အစားလြန္ျခင္းဆိုတာ မိမိကိုယ္ကိုယ္ အႏၱရာယ္ျပဳမႈတစ္မ်ိဳးျဖစ္ၿပီး အဲဒီလို အႏၱရာယ္ျပဳမိေနေၾကာင္း မွန္ထဲမွာ သဲသဲကြဲကြဲျမင္ရခ်ိန္မွာေတာ႔ အဲဒီလိုအႏၱရာယ္ ျပဳေနမိတာကို ရပ္တန္႕မိမွာပါ။
၃။ သူစိမ္းတစ္ေယာက္ေရွ႕မွာ စားပါ

ဒီအျပဳအမူဟာ တြဲခါစသမီးရည္းစားေတြမွာဆို ထင္ထင္ရွားရွားေတြ႕ရပါတယ္။ စတြဲခါစဆိုရင္ ရွက္တာလိုလို၊ ရြံ႕တာလိုလိုနဲ႔ သိပ္မစားရဲ၊ မေသာက္ရဲၾကပါဘူး။ ေနာက္ပိုင္းက်မွသာ အေသတြယ္တာပါ။ ဒီေတာ႔ အစားနည္းၿပီး ဝိတ္က်ခ်င္တယ္ဆိုရင္ေတာ႔ ေန႕လည္စာ (သို႔) ညစာစားရင္ ကန္တင္းမွာ၊ စားေသာက္ဆိုင္မွာ မိမိနဲ႔ သိပ္မရင္းႏွီးေသးတဲ႔ လုပ္ေဖာ္ကိုင္ဖက္ (သို႕) ထိုင္ခံုမအားလို႔ဆိုၿပီး သူစိမ္းတစ္ေယာက္နဲ႔ တစ္ဝိုင္းတည္းထိုင္ၿပီး စားၾကည္႔ပါ။ အနည္းဆံုးေတာ႔ ပံုမွန္ထက္ေတာ႔ ေလွ်ာ႔စားမိမွာပါ။
၄။ အရည္မ်ားမ်ားေသာက္ပါ

ဒါကေတာ႔ ရိုးရွင္းလွတဲ႔အခ်က္ပါပဲ။ အစားေလ်ာ႔ခ်င္တယ္ဆိုရင္ အရည္မ်ားမ်ားေသာက္ရမွာပါပဲ။ ေနာက္တစ္ခုကေတာ႔ ကြ်န္ေတာ္တို႔ခႏၶာကိုယ္မွာ  ေရဆာမႈနဲ႔ ဆာေလာင္မႈကို မွားယြင္းၿပီး ေကာက္ခ်က္ခ်တတ္တဲ႔ အက်င္႔တစ္ခုရွိပါတယ္။ ဒါေၾကာင္႔ ဗိုက္ဆာသလို ခံစားရရင္ အစာမစားခင္ ေရသန္႔တစ္ဘူးေလာက္ေသာက္လိုက္ပါ။ ေရေတြနဲ႔ဗိုက္ျပည္႔အင္႔ေနရင္ အစားအေသာက္ေတြကို အမ်ားႀကီး လက္လွမ္းမိေတာ႔မွာ မဟုတ္ပါဘူး။ ဝိတ္ခ်ဖို႔ ႀကိဳးစားေနတယ္ဆိုရင္ detox water လို႔ေခၚတဲ႔ အသီးအႏွံေတြကို ေရစိမ္ေသာက္ေပးတာမ်ိဳးလည္း လုပ္ေပးသင္႔ပါတယ္။
၅။ ဆီနည္းနည္းေသာက္ေပးပါ

ဆီေသာက္ေပးျခင္းဟာလည္း ဝိတ္က်ေစဖို႔အတြက္ နည္းလမ္းေကာင္းတစ္မ်ိဳးပါပဲ။ စားအုန္းဆီ (သို႕) သံလြင္ဆီကို လက္ဖက္ရည္ဇြန္းနဲ႔ (၁) ဇြန္း (သို႕) (၂) ဇြန္းခန္႔ ေသာက္ေပးျခင္းက က်န္းမာေရးအတြက္ ေကာင္းမြန္တဲ႔ အဆီဓာတ္ေတြကို ရရွိေစမယ္႔ နည္းလမ္းေကာင္းပါပဲ။ က်န္းမာေရးအတြက္ေကာင္းမြန္တဲ႔အဆီေတြဟာ ခႏၶာကိုယ္မွာ ဇီဝကမၼလုပ္ေဆာင္မႈေတြ ပိုမိုေကာင္းမြန္ျမန္ဆန္ေစၿပီး ကိုယ္အေလးခ်ိန္ ထိန္းခ်ဳပ္ရာမွာလည္း ကူညီေပးႏိုင္ပါတယ္။
၆။ သြားတိုက္ေပးပါ

ပူရွိန္းပါတဲ႔သြားတိုက္ေဆးတစ္မ်ိဳးနဲ႔ သြားတိုက္ေပးျခင္းက လူကိုလန္းဆန္းေစပါတယ္။ ဒါေပမယ္႔ လူေတြမသိေသးတဲ႔ အခ်က္တစ္ခ်က္က ၄င္းက ခံတြင္းကိုသန္႔ရွင္းေပးရံုတင္မကပဲ အစာစားခ်င္စိတ္ေတြကိုလည္း ေလ်ာ႔က်ေစပါတယ္တဲ႔။ ဒါေၾကာင္႔ အိပ္ယာဝင္ခါနီး သြားတိုက္ေပးတဲ႔အက်င္႔ကို ေမြးျမဴၾကတာျဖစ္ပါတယ္။ ေနာက္တစ္ခုက သြားတိုက္ၿပီးသြားၿပီဆိုရင္ စားခ်င္ေသာက္ခ်င္စိတ္ ရွိေနရင္ေတာင္မွ သြားျပန္တိုုက္ရမွာ စိုးတာေၾကာင္႔ လက္နည္းနည္းေတာ႔ တြန္႕မိမွာပါပဲ။

Source: Stylecraze
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အသက်အရွယ်တစ်ခုရလာတာနဲ့အမျှ ဘီယာဗိုက်လေးတွေ၊ ဗိုက်ရွှဲလေးတွေ ဖြစ်လာတာကတော့ ထုံးစံပါပဲ။ အဲဒီလိုဖြစ်လာတဲ့အခါ လေ့ကျင့်ခန်းတွေပြန်လုပ်၊ Gym တွေပြန်သွားပြီး ပြန်ထိန်းကြရတာပါပဲ။ အွန်လိုင်းပေါ်မှာ အဲဒီလိုဝိတ်ချနည်းပေါင်း မရေမတွက်နိုင်အောင် ရှိပါတယ်။

ဒါပေမယ့် အများစုကတော့ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲ။ ဘယ်လိုကယ်လိုရီရှောင်ရမလဲ ဆိုတာတွေကိုပဲ ပြောပြထားကြတာ များမှာပါ။ အခုဖော်ပြထားတာကတော့ ကမ္ဘာတလွှားက ထူးထူးခြားခြား ဝိတ်ချနည်းလေးတွေပါပဲ။
၁။ ဘယ်လက်နဲ့ထမင်းစားပါ

ဒီနေရာမှာ ညာသန်တွေများလိုု့ ဘယ်လက်နဲ့ထမင်းစားပါလို့ ပြောထားတာဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားဟာ ဘယ်သန်တစ်ယောက် ဖြစ်နေမယ်ဆိုရင် ညာလက်နဲ့ ထမင်းစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ်အသုံးပြုနေကျ မဟုတ်တဲ့လက်ကို အသုံးပြုရတဲ့အချိန်မှာ လုပ်တာကိုင်တာနှေးကွေးတတ်ပါတယ်။ ဒါကြောင့် အချိန်ပိုပေးရပါမယ်။ အချိန်ပိုပေးရတဲ့အတွက် မိမိစားမိမယ့် ပမာဏကိုလည်း အလိုအလျောက်ထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုနဲ့ အစားလျှော့စားလာနိုင်ရင် ဝိတ်လည်းကျလာမှာပါပဲ။
၂။ မှန်ရှေ့မှာထိုင်စားပါ

တကယ်လို့ ခင်ဗျားဟာ အဝလွန်သူတစ်ယောက်ဖြစ်နေမယ်ဆိုရင်၊ ဝိတ်လျှော့ဖို့ကြိုးစားနေပြီး မအောင်မြင်သူတစ်ဦးဆိုရင် အစားစားရင် မှန်တစ်ချပ်ရှေ့မှာထိုင်စားကြည့်လိုက်ပါ။ ကိုယ်ဘယ်လောက် ဝနေတယ်ဆိုတာကို သတိထားမိလာပြီး အစားစားနေတဲ့လက်တွေ အလိုလိုတုန့်နှေးလာမှာပါ။ တကယ်တော့ အစားလွန်ခြင်းဆိုတာ မိမိကိုယ်ကိုယ် အန္တရာယ်ပြုမှုတစ်မျိုးဖြစ်ပြီး အဲဒီလို အန္တရာယ်ပြုမိနေကြောင်း မှန်ထဲမှာ သဲသဲကွဲကွဲမြင်ရချိန်မှာတော့ အဲဒီလိုအန္တရာယ် ပြုနေမိတာကို ရပ်တန့်မိမှာပါ။
၃။ သူစိမ်းတစ်ယောက်ရှေ့မှာ စားပါ

ဒီအပြုအမူဟာ တွဲခါစသမီးရည်းစားတွေမှာဆို ထင်ထင်ရှားရှားတွေ့ရပါတယ်။ စတွဲခါစဆိုရင် ရှက်တာလိုလို၊ ရွံ့တာလိုလိုနဲ့ သိပ်မစားရဲ၊ မသောက်ရဲကြပါဘူး။ နောက်ပိုင်းကျမှသာ အသေတွယ်တာပါ။ ဒီတော့ အစားနည်းပြီး ဝိတ်ကျချင်တယ်ဆိုရင်တော့ နေ့လည်စာ (သို့) ညစာစားရင် ကန်တင်းမှာ၊ စားသောက်ဆိုင်မှာ မိမိနဲ့ သိပ်မရင်းနှီးသေးတဲ့ လုပ်ဖော်ကိုင်ဖက် (သို့) ထိုင်ခုံမအားလို့ဆိုပြီး သူစိမ်းတစ်ယောက်နဲ့ တစ်ဝိုင်းတည်းထိုင်ပြီး စားကြည့်ပါ။ အနည်းဆုံးတော့ ပုံမှန်ထက်တော့ လျှော့စားမိမှာပါ။
၄။ အရည်များများသောက်ပါ

ဒါကတော့ ရိုးရှင်းလှတဲ့အချက်ပါပဲ။ အစားလျော့ချင်တယ်ဆိုရင် အရည်များများသောက်ရမှာပါပဲ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ခန္ဓာကိုယ်မှာ  ရေဆာမှုနဲ့ ဆာလောင်မှုကို မှားယွင်းပြီး ကောက်ချက်ချတတ်တဲ့ အကျင့်တစ်ခုရှိပါတယ်။ ဒါကြောင့် ဗိုက်ဆာသလို ခံစားရရင် အစာမစားခင် ရေသန့်တစ်ဘူးလောက်သောက်လိုက်ပါ။ ရေတွေနဲ့ဗိုက်ပြည့်အင့်နေရင် အစားအသောက်တွေကို အများကြီး လက်လှမ်းမိတော့မှာ မဟုတ်ပါဘူး။ ဝိတ်ချဖို့ ကြိုးစားနေတယ်ဆိုရင် detox water လို့ခေါ်တဲ့ အသီးအနှံတွေကို ရေစိမ်သောက်ပေးတာမျိုးလည်း လုပ်ပေးသင့်ပါတယ်။
၅။ ဆီနည်းနည်းသောက်ပေးပါ

ဆီသောက်ပေးခြင်းဟာလည်း ဝိတ်ကျစေဖို့အတွက် နည်းလမ်းကောင်းတစ်မျိုးပါပဲ။ စားအုန်းဆီ (သို့) သံလွင်ဆီကို လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်း (သို့) (၂) ဇွန်းခန့် သောက်ပေးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေကို ရရှိစေမယ့် နည်းလမ်းကောင်းပါပဲ။ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အဆီတွေဟာ ခန္ဓာကိုယ်မှာ ဇီဝကမ္မလုပ်ဆောင်မှုတွေ ပိုမိုကောင်းမွန်မြန်ဆန်စေပြီး ကိုယ်အလေးချိန် ထိန်းချုပ်ရာမှာလည်း ကူညီပေးနိုင်ပါတယ်။
၆။ သွားတိုက်ပေးပါ

ပူရှိန်းပါတဲ့သွားတိုက်ဆေးတစ်မျိုးနဲ့ သွားတိုက်ပေးခြင်းက လူကိုလန်းဆန်းစေပါတယ်။ ဒါပေမယ့် လူတွေမသိသေးတဲ့ အချက်တစ်ချက်က ၎င်းက ခံတွင်းကိုသန့်ရှင်းပေးရုံတင်မကပဲ အစာစားချင်စိတ်တွေကိုလည်း လျော့ကျစေပါတယ်တဲ့။ ဒါကြောင့် အိပ်ယာဝင်ခါနီး သွားတိုက်ပေးတဲ့အကျင့်ကို မွေးမြူကြတာဖြစ်ပါတယ်။ နောက်တစ်ခုက သွားတိုက်ပြီးသွားပြီဆိုရင် စားချင်သောက်ချင်စိတ် ရှိနေရင်တောင်မှ သွားပြန်တိုုက်ရမှာ စိုးတာကြောင့် လက်နည်းနည်းတော့ တွန့်မိမှာပါပဲ။

Source: Stylecraze
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top