ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၿပီးခဲ့သည့္ ႏွစ္ကုန္ပိုင္း ကစ၍ ဇာတ္ကားမ်ား ျပန္လည္ ႐ိုက္ကူးျဖစ္ေနၿပီး လတ္တေလာျပင္ဦးလြင္ၿမိဳ႕၌ ဒါ႐ိုက္တာ ဝင္းထြန္းထြန္း၏ ‘စိတ္မာယာ’ ဇာတ္ကားကို ႐ိုက္ကူးေနေၾကာင္း သ႐ုပ္ေဆာင္ေမကဗ်ာက ေျပာၾကားသည္။

‘‘အစကတည္းက ဒီအႏု ပညာအလုပ္ကို ကိုယ္ကလုပ္ မယ္၊ မလုပ္ဘူး ခ်ိန္ေနတာ။ ဒါ ေပမဲ့ ႏွစ္မကုန္ခင္ေလာက္က တည္းက ျပန္႐ိုက္လုိက္ဦးမယ္ဆုိ ၿပီး ျပန္စ႐ိုက္ရာကေန ေတာက္ ေလွ်ာက္႐ိုက္ကူးျဖစ္ေနတာေပါ့။ ဘယ္လိုေၾကာင့္ရယ္ေတာ့ မေျပာ တတ္ပါဘူး။ ႐ုပ္ရွင္ကားႀကီး၊ ဇာတ္လမ္းတြဲနဲ႔ ဗီဒီယိုေလးေတြ ဆက္တိုက္ဆိုသလို ႐ိုက္ျဖစ္ေန တယ္’’ဟု ၎က ေျပာသည္။

စီးပြားေရးလုပ္ငန္းမ်ား လုပ္ ကိုင္ခဲ့ေသာေၾကာင့္ အႏုပညာ ေလာကႏွင့္ ၂ ႏွစ္ခန္႔ အဆက္ ျပတ္သြားၿပီး ယခုႏွစ္ကစတင္ကာ ဇာတ္ကား႐ိုက္ကူးမႈမ်ား ျပန္လည္ျပဳလုပ္လာျခင္းျဖစ္သည္။

‘‘အစ္မတုိ႔ေနတဲ့ ေျမာက္ဒဂံု နားမွာပဲ Royal Princess ဆုိတဲ့ ကြန္ပ်ဴတာပန္းထိုးစက္႐ံုေလး လုပ္ထားတာရွိတယ္။ အခုဇာတ္ ကားေတြ ျပန္႐ိုက္ျဖစ္ေနတဲ့အခ်ိန္ က်ေတာ့ ေမေမပဲ ဦးစီးလုပ္ကိုင္ ျဖစ္တယ္။ Much N More ဆုိင္ ကေတာ့ ညီမေလးနဲ႔ သူငယ္ခ်င္း နဲ႔ပဲ ေတာက္ေလွ်ာက္လုပ္ေပးေန ပါတယ္’’ဟု ေမကဗ်ာက ေျပာ သည္။ဩဂုတ္လလယ္၌ ဒါ႐ိုက္ တာေမာင္မ်ိဳးမင္း ႐ိုက္ကူးမည့္ Rose Rider ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ရန္ရွိၿပီး ႏွင္းဆီအ ဖြဲ႕ႏွင့္အတူ စက္တင္ဘာ၌ အေမ ရိကသို႔ တစ္လၾကာ ေဖ်ာ္ေျဖေရး ခရီးသြားရန္လည္းရွိသည္။

စိတ္မာယာဇာတ္ကား ႐ိုက္ ကူးၿပီးပါက မႏၲေလးတြင္ ဗီစီဒီ ႐ိုက္ကူးရန္ လက္ခံထားသလို စက္တင္ဘာ ၈ ရက္ႏွင့္ ၉ ရက္ ၌ ျပဳလုပ္မည့္ ဇာတ္မင္းသား ခ်မ္း သာဇာတ္ပြဲအတြက္ ျပဇာတ္တိုက္ရန္ရွိေၾကာင္း ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ကစ၍ ဇာတ်ကားများ ပြန်လည် ရိုက်ကူးဖြစ်နေပြီး လတ်တလောပြင်ဦးလွင်မြို့၌ ဒါရိုက်တာ ဝင်းထွန်းထွန်း၏ ‘စိတ်မာယာ’ ဇာတ်ကားကို ရိုက်ကူးနေကြောင်း သရုပ်ဆောင်မေကဗျာက ပြောကြားသည်။

‘‘အစကတည်းက ဒီအနု ပညာအလုပ်ကို ကိုယ်ကလုပ် မယ်၊ မလုပ်ဘူး ချိန်နေတာ။ ဒါ ပေမဲ့ နှစ်မကုန်ခင်လောက်က တည်းက ပြန်ရိုက်လိုက်ဦးမယ်ဆို ပြီး ပြန်စရိုက်ရာကနေ တောက် လျှောက်ရိုက်ကူးဖြစ်နေတာပေါ့။ ဘယ်လိုကြောင့်ရယ်တော့ မပြော တတ်ပါဘူး။ ရုပ်ရှင်ကားကြီး၊ ဇာတ်လမ်းတွဲနဲ့ ဗီဒီယိုလေးတွေ ဆက်တိုက်ဆိုသလို ရိုက်ဖြစ်နေ တယ်’’ဟု ၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်းများ လုပ် ကိုင်ခဲ့သောကြောင့် အနုပညာ လောကနှင့် ၂ နှစ်ခန့် အဆက် ပြတ်သွားပြီး ယခုနှစ်ကစတင်ကာ ဇာတ်ကားရိုက်ကူးမှုများ ပြန်လည်ပြုလုပ်လာခြင်းဖြစ်သည်။

‘‘အစ်မတို့နေတဲ့ မြောက်ဒဂုံ နားမှာပဲ Royal Princess ဆိုတဲ့ ကွန်ပျူတာပန်းထိုးစက်ရုံလေး လုပ်ထားတာရှိတယ်။ အခုဇာတ် ကားတွေ ပြန်ရိုက်ဖြစ်နေတဲ့အချိန် ကျတော့ မေမေပဲ ဦးစီးလုပ်ကိုင် ဖြစ်တယ်။ Much N More ဆိုင် ကတော့ ညီမလေးနဲ့ သူငယ်ချင်း နဲ့ပဲ တောက်လျှောက်လုပ်ပေးနေ ပါတယ်’’ဟု မေကဗျာက ပြော သည်။ဩဂုတ်လလယ်၌ ဒါရိုက် တာမောင်မျိုးမင်း ရိုက်ကူးမည့် Rose Rider ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန်ရှိပြီး နှင်းဆီအ ဖွဲ့နှင့်အတူ စက်တင်ဘာ၌ အမေ ရိကသို့ တစ်လကြာ ဖျော်ဖြေရေး ခရီးသွားရန်လည်းရှိသည်။

စိတ်မာယာဇာတ်ကား ရိုက် ကူးပြီးပါက မန္တလေးတွင် ဗီစီဒီ ရိုက်ကူးရန် လက်ခံထားသလို စက်တင်ဘာ ၈ ရက်နှင့် ၉ ရက် ၌ ပြုလုပ်မည့် ဇာတ်မင်းသား ချမ်း သာဇာတ်ပွဲအတွက် ပြဇာတ်တိုက်ရန်ရှိကြောင်း ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top