ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×




စင်ကာပူ ကမ်းခြေစောင့်တပ်နဲ့ ရေတပ်ဟာ ဆွဲသင်္ဘောတွေ၊ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေမှုကို လုပ်ဆောင် နေသလို၊ အမေရိကန်ရေတပ်ကလည်း MV-22s နဲ့ SH-60s လေယာဉ် ၂စီးနဲ့ ရှာဖွေနေပါတယ်။





#Unicode Version#
ပဲထိန်းဒုံးပျံတပ် အမေရိကန် ဖျက်သင်္ဘော USS John S Mc Cain(DDG 56) နဲ့ စင်ကာပူ ကုန်တင်သင်္ဘောတို့ ယနေ့နံနက်ပိုင်း မလက္ကာရေလက်ကြား အရှေ့ဘက်မှာ တိုက်မိရာ သင်္ဘောသား ၅ ဒဏ်ရာရသွားပြီး ၁၀ ဦး ပျောက်ဆုံးနေ ကြောင်း အမေရိကန် ရေတပ်က သတင်းထုတ်ပြန်ပါတယ်။

ဖျက်သင်္ဘော ဂျွန်မက်ကိန်းဟာ ပုံမှန်အတိုင်းကမ်းကပ်ဖို့ လာစဉ် တိုက်မိခြင်းဖြစ်ပြီး၊ ယခုအခါမှာ ဆက်လက်ပြီး စင်ကာပူဆိပ်ကမ်းကို ဆက်လက်မောင်းနှင်နေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ သူတွေကို ရှာဖွေဖို့အတွက် စင်ကာပူရေတပ် အပါအဝင် ဒေသအာဏာပိုင်နဲ့ ပူးပေါင်းကာ ရှာဖွေမှုတွေကို လုပ်ဆောင်နေကြောင်းဆိုပါတယ်။

စင်ကာပူ ကမ်းခြေစောင့်တပ်နဲ့ ရေတပ်ဟာ ဆွဲသင်္ဘောတွေ၊ ရဟတ်ယာဉ်ေတွေနဲ့ ရှာဖွေမှုကို လုပ်ဆောင် နေသလို၊ အမေရိကန်ရေတပ်ကလည်း MV-22s နဲ့ SH-60s လေယာဉ် ၂စီးနဲ့ ရှာဖွေနေပါတယ်။

တိုက်မိတဲ့ စင်ကာပူ ကုန်သင်္ဘောဟာ ၁၈၂ မီတာ(ပေ ၆၀၀) ရှည်ပြီး၊ တန်ချိန် ၅၀၇၆၀ ရှိတယ်လို့ သိရပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit: Burma.irrawaddy
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top