Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘ၀မွာကိုယ္ခ်စ္ရတဲ့တစ္စံုတစ္ေယာက္ကို ဆံုုးရွံုးရတဲ့ခံစားခ်က္ဟာ ဘာနဲ့မွမတူပါဘူး။ ကိုယ္အရမ္းျမတ္ႏိုးတန္ဖိုးထားရတဲ့လူကို ေမ့ပစ္ဖို့ဆိုတာ အရမ္းခက္ခဲတဲ့အရာပါပဲ။ လူတိုင္းဘ၀မွာ တစ္ခါေတာ့အသည္းကြဲဖူးၾကမွာပါ။ တစ္ခါတစ္ရံမွာ အရမ္းနာက်င္ရမွန္းသိေပမဲ့လည္း စြန့္လႊတ္လိုက္ရမွာထက္ နာက်င္မွုကိုသာ ဆုပ္ကိုင္ထားတတ္ၾကပါတယ္။ အတၱလို့ပဲေျပာေျပာ ကိုယ္ခ်စ္ရတဲ့လူကို အဆံုးရွံုးမခံႏိုင္တာ လူ့ ့သဘာ၀ပါပဲ။ မနက္ျဖန္ရွိေနေသးသ၍ ဒီေန ့ဟာအစပါပဲ။ အတိတ္ကို အတိတ္မွာပဲ ထားခဲ့လိုက္ပါ။ အတိတ္ကိုမေမ့နုိင္ဘဲ မရုန္းထြက္ႏိုင္ပဲ ခံစားေနဖို့ဆိုတာ တကယ့္လက္ေတြ ့ဘ၀မွာေတာ့ မျဖစ္သင့္ပါဘူး။ တစ္ခါတစ္ေလ အေၾကာင္းတိုက္ဆိုင္သြားလို့ သတိရမိတဲ့အခါ လြမ္းလိုက္ပါ။ အကယ္၍သင္ဟာ အတိတ္ကိုမေမ့ႏိုင္ဘူးျဖစ္ေနတယ္ဆိုရင္ေတာ့ သင့္ကိုအားျဖစ္ေစမယ့္ စာတိုေလးေတြကို ေဖာ္ျပေပးလိုက္တယ္ေနာ္။ .

(၁) အရာရာတိုင္းကို အေကာင္းဘက္ကသာေတြးပါ။ အေကာင္းျမင္တတ္ေအာင္ႀကိဳးစားပါ။

(၂) ပတ္၀န္းက်င္အသစ္တစ္ခုရွာေဖြပါ။

(၃) တစ္ေယာက္တည္းမေနပါနဲ႔။ သူငယ္ခ်င္း၊ မိသားစုေတြနဲ႔အတူ အခ်ိန္ကုန္ဆံုးပါ။

(၄) ဘ၀မွာ ေအာင္ျမင္ဖုိ႔အတြက္ က်ရႈံးရတယ္လို႔ေတြးပါ။ ေလေျပမလာခင္ မုန္တိုင္းလာတယ္လို႔ သေဘာထားလိုက္ပါ။

(၅) သူမရွိလို႔မျဖစ္ဘူးဆိုတဲ့စြဲလမ္းစိတ္ကို ေဖ်ာက္ပါ။

(၆) ႏႈတ္ဆက္ခ်ိန္မွာ ျပံဳးႏိုင္ေအာင္ၾကိဳးစားပါ။

(၇) အေရးၾကီးဆံုးကေတာ့ ဆံုးရွံုးသြားတဲ့အရာတစ္ခုအတြက္နဲ႔ က်န္တဲ့အရာအားလံုးကို အဆံုးရႈံးမခံလိုက္ပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ယမံု(ေရႊအင္းေလး)

#Unicode Version#
ဘဝမှာကိုယ်ချစ်ရတဲ့တစ်စုံတစ်ယောက်ကို ဆုံုးရှုံးရတဲ့ခံစားချက်ဟာ ဘာနဲ့မှမတူပါဘူး။ ကိုယ်အရမ်းမြတ်နိုးတန်ဖိုးထားရတဲ့လူကို မေ့ပစ်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့အရာပါပဲ။ လူတိုင်းဘဝမှာ တစ်ခါတော့အသည်းကွဲဖူးကြမှာပါ။ တစ်ခါတစ်ရံမှာ အရမ်းနာကျင်ရမှန်းသိပေမဲ့လည်း စွန့်လွှတ်လိုက်ရမှာထက် နာကျင်မှုကိုသာ ဆုပ်ကိုင်ထားတတ်ကြပါတယ်။ အတ္တလို့ပဲပြောပြော ကိုယ်ချစ်ရတဲ့လူကို အဆုံးရှုံးမခံနိုင်တာ လူ့သဘာဝပါပဲ။ မနက်ဖြန်ရှိနေသေးသ၍ ဒီနေ့ဟာအစပါပဲ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ အတိတ်ကိုမမေ့နိုင်ဘဲ မရုန်းထွက်နိုင်ပဲ ခံစားနေဖို့ဆိုတာ တကယ့်လက်တွေ့ဘဝမှာတော့ မဖြစ်သင့်ပါဘူး။ တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်သွားလို့ သတိရမိတဲ့အခါ လွမ်းလိုက်ပါ။ အကယ်၍သင်ဟာ အတိတ်ကိုမမေ့နိုင်ဘူးဖြစ်နေတယ်ဆိုရင်တော့ သင့်ကိုအားဖြစ်စေမယ့် စာတိုလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။ .

(၁) အရာရာတိုင်းကို အကောင်းဘက်ကသာတွေးပါ။ အကောင်းမြင်တတ်အောင်ကြိုးစားပါ။

(၂) ပတ်ဝန်းကျင်အသစ်တစ်ခုရှာဖွေပါ။

(၃) တစ်ယောက်တည်းမနေပါနဲ့။ သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ အချိန်ကုန်ဆုံးပါ။

(၄) ဘဝမှာ အောင်မြင်ဖို့အတွက် ကျရှုံးရတယ်လို့တွေးပါ။ လေပြေမလာခင် မုန်တိုင်းလာတယ်လို့ သဘောထားလိုက်ပါ။

(၅) သူမရှိလို့မဖြစ်ဘူးဆိုတဲ့စွဲလမ်းစိတ်ကို ဖျောက်ပါ။

(၆) နှုတ်ဆက်ချိန်မှာ ပြုံးနိုင်အောင်ကြိုးစားပါ။

(၇) အရေးကြီးဆုံးကတော့ ဆုံးရှုံးသွားတဲ့အရာတစ်ခုအတွက်နဲ့ ကျန်တဲ့အရာအားလုံးကို အဆုံးရှုံးမခံလိုက်ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: ယမုံ(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top