Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေလးရွားႏိုင္ငံမွာ က်င္းပျပဳလုပ္ေနတဲ့ ၂၉ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲသို႔ ၀င္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ျမန္မာ့လက္ေရြး စင္ အားကစားသမားမ်ားဆီကို ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သ၀ဏ္လႊာကို ေပးပို႔ခဲ့ပါတယ္။

အဆိုပါ သ၀ဏ္လႊာတြင္ ဆီးဂိမ္းၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ အားကစားသမားမ်ားအေနနဲ႔ ေလွခြက္ခ်ည္းက်န္ အလံမလွဲတဲ့ စိတ္ဓာတ္၊ ခ်စ္ၾကည္ရင္းႏွီးတဲ့ အာဆီယံ စိတ္ဓာတ္နဲ႔ ႀကိဳးစား ယွဥ္ၿပိဳင္ေနၾကတဲ့အတြက္ ဂုဏ္ယူေၾကာင္း၊ ျမန္မာ squash အားကစားသမားမ်ား ယာဥ္မ ေတာ္တဆမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အမ်ိဳးသားအားကစားအေနနဲ႔ ထိခိုက္ဒဏ္ရာ မျပင္ထန္တာေၾကာင့္ ၿပိဳင္ပြဲဆက္လက္ ၀င္ၿပိဳင္ ခဲ့ရၿပီး အမ်ိဳးသမီးႏွစ္ဦးကေတာ့ ရက္အနည္းငယ္ အ  နားယူၿပီးတဲ့ေနာက္ ၿပိဳင္ပြဲကို ဆက္လက္ ယွဥ္ၿပိဳင္ႏိုင္မယ္ ဆိုတာကိုသိရတဲ့အတြက္ စိတ္သက္သာရာရခဲ့ရပါတယ္။ လို႔ ေဖာ္ျပပါရွိခဲ့ပါတယ္။

ဒါ့အျပင္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာလည္း ျမန္မာ့လက္ေရြးစင္အသင္းအေနနဲ႔ အိမ္ရွင္မေလးရွားအသင္းကို ရႈံးနိမ့္ခဲ့ေပမယ့္ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ ဂုဏ္ယူ ၀မ္းေျမာက္ပါေၾကာင္း၊ တစ္ႏိုင္ငံလုံးက ျပည္သူေတြကလည္း ေမွ်ာ္လင့္ျခင္းႀကီးစြာနဲ႔ အားေပး ေနၾက ေၾကာင္း၊တစ္ခါတစ္ရံမွာ ႏိုင္ပြဲေတြ ရယူႏိုင္သလို တစ္ခါတစ္ရံမွာလည္း သင္ခန္းစာေတြ ရယူၾကရတာ သဘာ၀ ျဖစ္ေၾကာင္း၊ အဆိုပါ သင္ခန္း စာေတြကို ျပန္လည္ သုံးသပ္ၿပီး ေရွ႕လာမယ့္ ပြဲေတြမွာ စိတ္ဓာတ္အသစ္၊ ခြန္အားအသစ္ေတြကို ေမြးျမဴကာ အေကာင္းအရည္အေသြးကို ပရိသတ္အလယ္မွာ ထုတ္ေဖာ္သုံးစြဲႏိုင္ဖို႔ကိုပဲ အေလးထားၾကေစလိုတယ္လုိ႔လည္း မွာၾကား ပါရွိခဲ့ပါတယ္။

ေနာက္ဆုံးအေနနဲ႔ ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစား ေမာင္မယ္ေတြအားလုံး တရားမွ်တျခင္း၊သန္႔ရွင္းစင္ၾကယ္ျခင္း၊စိတ္ဓာတ္ျမင့္ျမတ္ျခင္းဆိုတဲ့ အားကစား စိတ္ဓာတ္၊အားကစားသီလနဲ႔အညီ အႏိုင္မခံ အရႈံးမေပးဘဲ က်ားကုတ္က်ားခဲ ႀကိဳးပမ္းယွဥ္ၿပိဳင္ၿပီး ႏုိင္ငံ့ဂုဏ္သိကၡာကို အစြမ္းကုန္ ျမင့္တင္ေပးၾကမွာကို ႏိုင္ငံေတာ္နဲ႔ ျပည္သူေတြက ေမွ်ာ္လင့္ေနၾကပါၿပီ။ဒီေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖုိ႔ အစြမ္းကုန္ ႀကိဳးပမ္း ယွဥ္ၿပိဳင္ေနၾကတယ္ဆိုတာကိုလည္း အျပည့္အ၀ ယုံၾကည္ထားပါတယ္လို႔ လည္း ထည့္သြင္း ေဖာ္ျပထားခဲ့ပါတယ္။

ျမန္မာအားကစားအဖြဲ႕မ်ားအေနနဲ႔ လက္ရွိအခ်ိန္မွာေတာ့ ေရႊ တံဆိပ္ ၄ ခု ေငြတံဆိပ္ ၄ခု နဲ႔ ေၾကးတံဆိပ္ ၅ခု စုစုေပါင္း ဆုတံဆိပ္ ၁၃ ဆု ဆြတ္ခူးထားႏိုင္ကာ ႏိုင္ငံအလုိက္ အဆင့္ ရပ္တည္မႈ အဆင့္ ၇ တြင္ ရပ္တည္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေး စင် အားကစားသမားများဆီကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။

အဆိုပါ သဝဏ်လွှာတွင် ဆီးဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အားကစားသမားများအနေနဲ့ လှေခွက်ချည်းကျန် အလံမလှဲတဲ့ စိတ်ဓာတ်၊ ချစ်ကြည်ရင်းနှီးတဲ့ အာဆီယံ စိတ်ဓာတ်နဲ့ ကြိုးစား ယှဉ်ပြိုင်နေကြတဲ့အတွက် ဂုဏ်ယူကြောင်း၊ မြန်မာ squash အားကစားသမားများ ယာဉ်မ တော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားအားကစားအနေနဲ့ ထိခိုက်ဒဏ်ရာ မပြင်ထန်တာကြောင့် ပြိုင်ပွဲဆက်လက် ဝင်ပြိုင် ခဲ့ရပြီး အမျိုးသမီးနှစ်ဦးကတော့ ရက်အနည်းငယ် အ  နားယူပြီးတဲ့နောက် ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်နိုင်မယ် ဆိုတာကိုသိရတဲ့အတွက် စိတ်သက်သာရာရခဲ့ရပါတယ်။ လို့ ဖော်ပြပါရှိခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားဘောလုံးပြိုင်ပွဲမှာလည်း မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အိမ်ရှင်မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း မျှော်လင့်ခြင်းကြီးစွာနဲ့ အားပေး နေကြ ကြောင်း၊တစ်ခါတစ်ရံမှာ နိုင်ပွဲတွေ ရယူနိုင်သလို တစ်ခါတစ်ရံမှာလည်း သင်ခန်းစာတွေ ရယူကြရတာ သဘာ၀ ဖြစ်ကြောင်း၊ အဆိုပါ သင်ခန်း စာတွေကို ပြန်လည် သုံးသပ်ပြီး ရှေ့လာမယ့် ပွဲတွေမှာ စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်တွေကို မွေးမြူကာ အကောင်းအရည်အသွေးကို ပရိသတ်အလယ်မှာ ထုတ်ဖော်သုံးစွဲနိုင်ဖို့ကိုပဲ အလေးထားကြစေလိုတယ်လို့လည်း မှာကြား ပါရှိခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစား မောင်မယ်တွေအားလုံး တရားမျှတခြင်း၊သန့်ရှင်းစင်ကြယ်ခြင်း၊စိတ်ဓာတ်မြင့်မြတ်ခြင်းဆိုတဲ့ အားကစား စိတ်ဓာတ်၊အားကစားသီလနဲ့အညီ အနိုင်မခံ အရှုံးမပေးဘဲ ကျားကုတ်ကျားခဲ ကြိုးပမ်းယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်သိက္ခာကို အစွမ်းကုန် မြင့်တင်ပေးကြမှာကို နိုင်ငံတော်နဲ့ ပြည်သူတွေက မျှော်လင့်နေကြပါပြီ။ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်း ယှဉ်ပြိုင်နေကြတယ်ဆိုတာကိုလည်း အပြည့်အ၀ ယုံကြည်ထားပါတယ်လို့ လည်း ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

မြန်မာအားကစားအဖွဲ့များအနေနဲ့ လက်ရှိအချိန်မှာတော့ ရွှေ တံဆိပ် ၄ ခု ငွေတံဆိပ် ၄ခု နဲ့ ကြေးတံဆိပ် ၅ခု စုစုပေါင်း ဆုတံဆိပ် ၁၃ ဆု ဆွတ်ခူးထားနိုင်ကာ နိုင်ငံအလိုက် အဆင့် ရပ်တည်မှု အဆင့် ၇ တွင် ရပ်တည်နေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top