Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တေရာ္ ကင္းပြန္း    ဘာေၾကာင့္ အသုဘပို႕ကျပန္လာရင္ အသံုးျပဳရလဲဆိုတာ  သိရေအာင္
ျပန္လည္မ်ေဝေပးထားတာပါ ။

ဒြတၲေဘာင္ မင္းၾကီးဟာ စစ္တိုက္ျပီးျပန္လာေတာ့ ပန္ထြာမင္းသမီးရဲ့တိုင္းျပည္မွာတစ္ည၀င္ အိပ္ခဲ့တယ္။
ပန္ထြာမင္းသမီးဟာ မင္းၾက္ီးဘုန္းကံနိမ့္ေအာင္ဆိုျပီး မီးေနသည္ထမီနဲ႕ရက္လုပ္ထားတဲ့ မ်က္ႏွာသုတ္ပဝါကိုမ်က္ႏွာသုတ္ဖို႕ေပးခဲ့တယ္။မင္းၾကီးလည္းအဲဒီမ်က္ႏွာသုတ္ပ၀ါကိုမ်က္ႏွာသုတ္လိုက္တာ
ဘုန္းနိမ့္ျပီး နဖူးကမွည့္ရွင္ဟာကြယ္ခဲ့တယ္။မင္းၾကီးလည္းဘုန္းနိမ့္မွန္း သိျပီးျပန္လာခဲ့တယ္။

လမ္းေရာက္ေတာ့မိုးရြာတဲ့အတြက္တေရာ္ပင္ ေအာက္မွာမိုး၀င္ ခိုခဲ့တယ္။
တေရာ္ကင္းပြန္းက စီးက်လာတဲ့မိုးေရဟာ မင္းၾကီးအေပၚက်ျပီးဘုန္းက်က္သေရရွိေစတဲ့မွဲ႔ရွင္ဟာ ျပန္ေပၚလာခဲ့တယ္။
မင္းၾကီးလည္းတေရာ္ဟာဘုန္းက်က္သေရရွိေစတယ္ဆိုျပီး ဦးေခါင္းေဆးမဂၤလာကို မၾကာခဏလုပ္ေပးတာကစျပီး ျမန္မာဘုရင္ အဆက္ဆက္ဟာ တေရာ္ကင္းပြန္းနဲ႕ဦးေခါင္းေဆး
မဂၤလာကိုျပဳလုပ္တဲ့ အယူအဆေပၚေပါက္ခဲ့တယ္။

ကင္းပြန္းသီးရဲ့အာနိသင္က အပုပ္အစပ္ႏိုင္တာပါ။

ဘယ္ေလာက္ပဲ့ အပုပ္နံ႕ နံပါေစ ကင္းပြန္းသီးကို မီးၿမိႇဳက္လိုက္ရင္အပုပ္နံ့ အားလံုး ေပ်ာက္ကြယ္သြားပါတယ္။
ဒါေၾကာင့္ ဦးေခါင္းက အနံ႕ကိုေပ်ာက္ေအာင္ ကင္းပြန္းသီးကစြမ္းေဆာင္ႏိုင္ျပီး ဘုန္းက်က္သေရရွိဖို႕ကို
တေရာ္က စြမ္းေဆာင္ေပးပါတယ္။
အဲဒါေၾကာင့္ ျမန္မာလူမ်ိဳးေတြဟာ အသုဘပို႕ျပန္လာတဲ့အခါေတြ မီးေနသည္အိမ္က ျပန္လာတဲ့အခါေတြမွာ
တေရာ္ကင္းပြန္းကိုအသံုးျပဳၾကတာ ဒီေန႕အထိပါပဲ့။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဦးျမင့္ခိုင္ (စိတ္ပညာ)


#Unicode Version#
တရော် ကင်းပွန်း    ဘာကြောင့် အသုဘပို့ကပြန်လာရင် အသုံးပြုရလဲဆိုတာ  သိရအောင်
ပြန်လည်မျဝေပေးထားတာပါ ။

ဒွတ္တဘောင် မင်းကြီးဟာ စစ်တိုက်ပြီးပြန်လာတော့ ပန်ထွာမင်းသမီးရဲ့တိုင်းပြည်မှာတစ်ညဝင် အိပ်ခဲ့တယ်။
ပန်ထွာမင်းသမီးဟာ မင်းြက်ီးဘုန်းကံနိမ့်အောင်ဆိုပြီး မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့ မျက်နှာသုတ်ပဝါကို
မျက်နှာသုတ်ဖို့ပေးခဲ့တယ်။မင်းကြီးလည်းအဲဒီမျက်နှာသုတ်ပဝါကိုမျက်နှာသုတ်လိုက်တာဘုန်းနိမ့်ပြီး နဖူးကမှည့်ရှင်ဟာ
ကွယ်ခဲ့တယ်။မင်းကြီးလည်းဘုန်းနိမ့်မှန်း သိပြီးပြန်လာခဲ့တယ်။

လမ်းရောက်တော့မိုးရွာတဲ့အတွက်တရော်ပင် အောက်မှာမိုးဝင် ခိုခဲ့တယ်။
တရော်ကင်းပွန်းက စီးကျလာတဲ့မိုးရေဟာ မင်းကြီးအပေါ်ကျပြီးဘုန်းကျက်သရေရှိစေတဲ့မှဲ့ရှင်ဟာ ပြန်ပေါ်လာခဲ့တယ်။
မင်းကြီးလည်းတရော်ဟာဘုန်းကျက်သရေရှိစေတယ်ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကို မကြာခဏလုပ်ပေးတာကစပြီး
မြန်မာဘုရင် အဆက်ဆက်ဟာ တရော်ကင်းပွန်းနဲ့ဦးခေါင်းဆေးမင်္ဂလာကိုပြုလုပ်တဲ့ အယူအဆပေါ်ပေါက်ခဲ့တယ်။

ကင်းပွန်းသီးရဲ့အာနိသင်က အပုပ်အစပ်နိုင်တာပါ။

ဘယ်လောက်ပဲ့ အပုပ်နံ့ နံပါစေ ကင်းပွန်းသီးကို မီးမြှိုက်လိုက်ရင်အပုပ်နံ့ အားလုံး ပျောက်ကွယ်သွားပါတယ်။
ဒါကြောင့် ဦးခေါင်းက အနံ့ကိုပျောက်အောင် ကင်းပွန်းသီးကစွမ်းဆောင်နိုင်ပြီး ဘုန်းကျက်သရေရှိဖို့ကို
တရော်က စွမ်းဆောင်ပေးပါတယ်။
အဲဒါကြောင့် မြန်မာလူမျိုးတွေဟာ အသုဘပို့ပြန်လာတဲ့အခါတွေ မီးနေသည်အိမ်က ပြန်လာတဲ့အခါတွေမှာ
တရော်ကင်းပွန်းကိုအသုံးပြုကြတာ ဒီနေ့အထိပါပဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:  ဦးမြင့်ခိုင် (စိတ်ပညာ)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top