ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေလာကႀကီးမွာ အခ်စ္တုေတြကေပါတယ္။ ခဏအတြင္းေတြ႕ ခဏေလးနဲ႔ႀကိဳက္ ခဏၾကာေတာ့ကြဲၾက ဒီလိုအေပါစား အခ်စ္ေတြမ်ားပါတယ္ ။

ကိုယ္ကလဲ တကယ္ခ်စ္တယ္ သူ႔အခ်စ္စစ္ေတြကိုလဲပိုင္ဆိုင္ထားရတယ္ဆိုရင္ သင္သိပ္ကံေကာင္းေနပါၿပီ။ ဒီကံေကာင္းမႈေတြကို သင္ကိုယ္တိုင္ သင့္လက္နဲ႔ လႊင့္ပစ္ေတာ့မယ္ဆို မိုက္မဲရာက်မွာေပါ့။

တျခားအေၾကာင္းေၾကာင့္ ျပတ္သြားရတာထက္ ခ်စ္လ်က္နဲ႔လမ္းခြဲရတာ အဆမ်ားစြာ ပိုခံစားရပါတယ္။ အဲ့ဒီနာက်င္မႈကို သင္မွန္းဆလို႔ေတာင္မရႏိုင္ပါဘူး။ အခ်ိန္ေတြၾကာလဲ ေမ့သြားမယ္မထင္ပါနဲ႔။ သင္အဆင္ေျပလာရင္ေတာင္ တိုက္ဆိုင္မႈ အမွတ္တရေတြၾကံဳလာရင္ ႏွလံုးသားတေထာင့္ တေနရာကေန စူးေအာင့္လာမွာပဲ။

အဲ့အခ်ိန္က်မွ ငါ လြယ္လြယ္နဲ႔အရႈံးေပးမိခဲ့ပါလား ငါသူနဲ႔ေရွ႕ဆက္တြဲလို႔ရေအာင္ ညႇိခဲ့သင့္ပါလားဆိုၿပီး ေနာင္တေတြရလာပါလိမ့္မယ္။ အခ်ိန္ေတြေႏွာင္းကုန္မွ ေနာင္တရၿပီး အမွားျပန္ျပင္ခ်င္လို႔မရေတာ့ဘူးေနာ္။

ခ်စ္သူေတြၾကားမွာ ခ်စ္လ်က္နဲ႔လမ္းခြဲဖို႔ျဖစ္လာတဲ့ အမ်ားဆံုးအေၾကာင္းအရင္းကေတာ့ ကိုယ္နဲ႔သူနဲ႔မျဖစ္ႏိုင္ေတာ့ဘူးဆိုတဲ့အေတြးပါ။

မျဖစ္ႏိုင္ဘူးဆိုတိုင္း လက္ေလၽွာ့ေတာ့မွာလား?

ဘဝဆိုတာ စိန္ေခၚမႈေတြအျပည့္ပါ။ ကိုယ့္ကိုယ္ကို အရည္အခ်င္းအျပည့္ျဖည့္ၿပီး အခ်စ္သူရဲေကာင္းတစ္ေယာက္ျဖစ္ေအာင္ သင္ႀကိဳးစားလိုက္စမ္းပါ။ မျဖစ္ႏိုင္ဘူးဆိုတဲ့ကိစၥေတြကို လူေပ်ာ့လူညံ့အျဖစ္နဲ႔ အရႈံးမေပးလိုက္ပါနဲ႔ ။

မိဘေတြက သေဘာမတူၾကလို႔လမ္းခြဲရတယ္ဆိုတာက ဒုတိယအမ်ားဆံုးအေၾကာင္းအရင္းျဖစ္မွာပါ။

မိဘေတြဆိုတာ ကိုယ့္သားသမီးကို ေကာင္းတဲ့သူနဲ႔ရေစခ်င္ၾကတာပဲေလ။ အေျခအေနမတူရင္ တူေအာင္ႀကိဳးစားလို႔ရတာပဲ။ ကိုယ့္မွာသာ ႀကိဳးစားခ်င္စိတ္တကယ္ရွိၿပီး တကယ္လုပ္ရင္ တျဖည္းျဖည္းနဲ႔ နီးစပ္လာရမွာပါပဲ။

ႀကိဳးစားခ်င္စိတ္ေတာ့ရွိပါရဲ႕ စိတ္ပဲရွိတာ တကယ္တမ္းက ဘာမွမလုပ္ျဖစ္ ဟိုေရႊ႕ ဒီေရႊ႕နဲ႔အခ်ိန္ေတြသာ ကုန္လာမယ္။ ဘာမွျဖစ္လာမွာမဟုတ္ေတာ့ ၂ေယာက္လံုးအတြက္ ၾကာေလ နာက်င္စရာေတြပဲျဖစ္လာမွာ။ ဒီေတာ့ မိဘေတြသေဘာ မတူတိုင္းလဲ လက္မေလၽွာ့ပါနဲ႔။

အခ်စ္စစ္ရဲ႕လမ္းမွာ ဆူးေျငာင့္ေတြရွိမွာပဲမို႔ အစြမ္းကုန္ႀကိဳးစားၿပီး ကိုယ့္ခ်စ္သူရဲ႕အားကိုးထိုက္တဲ့ေယာက်ာ္းအျဖစ္ ေျပာင္းလဲလိုက္ပါ။ ဘာမွအျပစ္ေျပာစရာမရွိ ျငင္းစရာမရွိေတာ့တဲ့ သမက္အျဖစ္နဲ႔ ေယာကၡမႀကီးဆီ ရင္ေကာ့ၿပီး သြားေတြ႕ႏိုင္ေအာင္ လုပ္လိုက္ပါ ။

သူနဲ႔ကိုယ္ သေဘာထားခ်င္းမတိုက္ဆိုင္လို႔ ဘယ္လိုမွအဆင္မေျပေတာ့လို႔လား?

လူ႔အလို နတ္မလိုက္ႏိုင္တဲ့...
ကိုယ့္လက္ေခ်ာင္း၅ေခ်ာင္းေတာင္ အတိုအရွည္မညီႏိုင္တာပဲ အရာအားလံုး သူက ကိုယ့္စိတ္တိုင္းက် ဘယ္ျဖစ္ပါ့မလဲ။ သူဘက္က ၾကည့္ လက္ဖမိုး ကိုယ့္ဘက္ကၾကည့္ လက္ဖဝါးျဖစ္ေနတဲ့ကိစၥေတြမွာ နားလည္မႈနဲ႔ မၽွမၽွတတ ညႇိၿပီး ေျဖရွင္းပါ။

သူ႔ဘက္က တင္းရင္ ကိုယ့္ဘက္က ေလၽွာ့ေပးပါ။ သူနဲ႔စိတ္ခ်င္း မတူလို႔ လမ္းခြဲတယ္ ေနာက္တေယာက္နဲ႔ထပ္တြဲလဲ မတူညီတာေတြက ရွိေနဦးမွာပဲ အႁမႊာေတြေတာင္မွ အကုန္မတူႏိုင္ဘူးေလ ။

ေနာက္ဆံုးအေနနဲ႔ ခ်စ္သူေတြျပသနာျဖစ္ၾကတဲ့အခါ ကိုယ္မႀကိဳက္တာ၊မေက်နပ္တာေတြကို ေဘးလူေတြကို ေျပာတာထက္ ကိုယ့္ခ်စ္သူကိုပဲေျပာျပသင့္ပါတယ္ ။

သင္တို႔ခ်စ္သူ၂ဦးအေၾကာင္း သင္တို႔အသိဆံုးပါ တျခားသူေတြကို ရင္ဖြင့္ရင္ ေသးတဲ့ျပသနာက ပိုႀကီးလာႏိုင္ပါတယ္။ ဘယ္သူ႔မွဖြင့္မေျပာဘဲ တေယာက္ထဲႀကိတ္ၿပီး ခြင့္လြတ္နားလည္ေပးပီးေတာ့လဲ မေနပါနဲ႔။

ဒါက အေျဖမဟုတ္တဲ့အျပင္ လံုးဝမွားပါတယ္။ သင္ဘယ္ေလာက္ ခြင့္လြတ္ နားလည္ေပးေပး Limitဆိုတာရွိတာပဲ အဲ့ဒီLimitေက်ာ္သြားတဲ့အခါ သင္ေပါက္ကြဲၿပီး လမ္းခြဲတဲ့အထိျဖစ္လာႏိုင္ပါတယ္။ ဒီေတာ့ ၂ေယာက္ၾကားျပသနာေတြကို အျပင္လူကို ရင္မဖြင့္ပါနဲ႔။ကိုယ့္ခ်စ္သူကိုပဲ ဒဲ့ေျပာပါ မေျပာဘဲလဲမေနပါနဲ႔ ။

အဆင္မေျပမႈေတြ စိတ္ညစ္စရာေတြမ်ားလာတာနဲ႔အမွ် လမ္းခြဲခ်င္စိတ္ေတြမ်ားလာပါလိမ့္မယ္။ ဒီအခက္အခဲေတြကို မေျဖရွင္း မေက်ာ္လႊားဘဲ ေနာက္ဆုတ္ေတာ့မယ္ဆိုရင္ အဆင္ေျပသြားမယ္မထင္ပါနဲ႔ ။ဒါေတြေၾကာင့္ လမ္းခြဲေတာ့မယ္ဆိုရင္ ဒီထက္ေၾကာက္ဖို႔ေကာင္းတဲ့ ေန႔ရက္ေတြကို ျဖတ္သန္းရလိမ့္မယ္။

ဒါေပမယ့္ ခ်စ္သူက ေဖာက္ျပန္ေနတယ္ဆိုရင္ေတာ့ တာ့တာ သာ ျပလိုက္ပါကြယ္ ။ သိပ္ခ်စ္ၾကတဲ့စံုတြဲေတြ မျပတ္ေစခ်င္လို႔ ကိုယ့္လိုမခံစားေစခ်င္လို႔ ကိုယ့္အေတြ႕အၾကံဳေလး ေဝမၽွလိုက္ပါတယ္။ ခ်စ္သူတိုင္း သက္ဆံုးတိုင္ လက္တြဲသြားႏိုင္ပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mini Eiz ( Love Shop )

#Unicode Version#
လောကကြီးမှာ အချစ်တုတွေကပေါတယ်။ ခဏအတွင်းတွေ့ ခဏလေးနဲ့ကြိုက် ခဏကြာတော့ကွဲကြ ဒီလိုအပေါစား အချစ်တွေများပါတယ် ။

ကိုယ်ကလဲ တကယ်ချစ်တယ် သူ့အချစ်စစ်တွေကိုလဲပိုင်ဆိုင်ထားရတယ်ဆိုရင် သင်သိပ်ကံကောင်းနေပါပြီ။ ဒီကံကောင်းမှုတွေကို သင်ကိုယ်တိုင် သင့်လက်နဲ့ လွှင့်ပစ်တော့မယ်ဆို မိုက်မဲရာကျမှာပေါ့။

တခြားအကြောင်းကြောင့် ပြတ်သွားရတာထက် ချစ်လျက်နဲ့လမ်းခွဲရတာ အဆများစွာ ပိုခံစားရပါတယ်။ အဲ့ဒီနာကျင်မှုကို သင်မှန်းဆလို့တောင်မရနိုင်ပါဘူး။ အချိန်တွေကြာလဲ မေ့သွားမယ်မထင်ပါနဲ့။ သင်အဆင်ပြေလာရင်တောင် တိုက်ဆိုင်မှု အမှတ်တရတွေကြုံလာရင် နှလုံးသားတထောင့် တနေရာကနေ စူးအောင့်လာမှာပဲ။

အဲ့အချိန်ကျမှ ငါ လွယ်လွယ်နဲ့အရှုံးပေးမိခဲ့ပါလား ငါသူနဲ့ရှေ့ဆက်တွဲလို့ရအောင် ညှိခဲ့သင့်ပါလားဆိုပြီး နောင်တတွေရလာပါလိမ့်မယ်။ အချိန်တွေနှောင်းကုန်မှ နောင်တရပြီး အမှားပြန်ပြင်ချင်လို့မရတော့ဘူးနော်။

ချစ်သူတွေကြားမှာ ချစ်လျက်နဲ့လမ်းခွဲဖို့ဖြစ်လာတဲ့ အများဆုံးအကြောင်းအရင်းကတော့ ကိုယ်နဲ့သူနဲ့မဖြစ်နိုင်တော့ဘူးဆိုတဲ့အတွေးပါ။

မဖြစ်နိုင်ဘူးဆိုတိုင်း လက်လျှော့တော့မှာလား?

ဘဝဆိုတာ စိန်ခေါ်မှုတွေအပြည့်ပါ။ ကိုယ့်ကိုယ်ကို အရည်အချင်းအပြည့်ဖြည့်ပြီး အချစ်သူရဲကောင်းတစ်ယောက်ဖြစ်အောင် သင်ကြိုးစားလိုက်စမ်းပါ။ မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စတွေကို လူပျော့လူညံ့အဖြစ်နဲ့ အရှုံးမပေးလိုက်ပါနဲ့ ။

မိဘတွေက သဘောမတူကြလို့လမ်းခွဲရတယ်ဆိုတာက ဒုတိယအများဆုံးအကြောင်းအရင်းဖြစ်မှာပါ။

မိဘတွေဆိုတာ ကိုယ့်သားသမီးကို ကောင်းတဲ့သူနဲ့ရစေချင်ကြတာပဲလေ။ အခြေအနေမတူရင် တူအောင်ကြိုးစားလို့ရတာပဲ။ ကိုယ့်မှာသာ ကြိုးစားချင်စိတ်တကယ်ရှိပြီး တကယ်လုပ်ရင် တဖြည်းဖြည်းနဲ့ နီးစပ်လာရမှာပါပဲ။

ကြိုးစားချင်စိတ်တော့ရှိပါရဲ့ စိတ်ပဲရှိတာ တကယ်တမ်းက ဘာမှမလုပ်ဖြစ် ဟိုရွှေ့ ဒီရွှေ့နဲ့အချိန်တွေသာ ကုန်လာမယ်။ ဘာမှဖြစ်လာမှာမဟုတ်တော့ ၂ယောက်လုံးအတွက် ကြာလေ နာကျင်စရာတွေပဲဖြစ်လာမှာ။ ဒီတော့ မိဘတွေသဘော မတူတိုင်းလဲ လက်မလျှော့ပါနဲ့။

အချစ်စစ်ရဲ့လမ်းမှာ ဆူးငြောင့်တွေရှိမှာပဲမို့ အစွမ်းကုန်ကြိုးစားပြီး ကိုယ့်ချစ်သူရဲ့အားကိုးထိုက်တဲ့ယောကျာ်းအဖြစ် ပြောင်းလဲလိုက်ပါ။ ဘာမှအပြစ်ပြောစရာမရှိ ငြင်းစရာမရှိတော့တဲ့ သမက်အဖြစ်နဲ့ ယောက္ခမကြီးဆီ ရင်ကော့ပြီး သွားတွေ့နိုင်အောင် လုပ်လိုက်ပါ ။

သူနဲ့ကိုယ် သဘောထားချင်းမတိုက်ဆိုင်လို့ ဘယ်လိုမှအဆင်မပြေတော့လို့လား?

လူ့အလို နတ်မလိုက်နိုင်တဲ့...
ကိုယ့်လက်ချောင်း၅ချောင်းတောင် အတိုအရှည်မညီနိုင်တာပဲ အရာအားလုံး သူက ကိုယ့်စိတ်တိုင်းကျ ဘယ်ဖြစ်ပါ့မလဲ။ သူဘက်က ကြည့် လက်ဖမိုး ကိုယ့်ဘက်ကကြည့် လက်ဖဝါးဖြစ်နေတဲ့ကိစ္စတွေမှာ နားလည်မှုနဲ့ မျှမျှတတ ညှိပြီး ဖြေရှင်းပါ။

သူ့ဘက်က တင်းရင် ကိုယ့်ဘက်က လျှော့ပေးပါ။ သူနဲ့စိတ်ချင်း မတူလို့ လမ်းခွဲတယ် နောက်တယောက်နဲ့ထပ်တွဲလဲ မတူညီတာတွေက ရှိနေဦးမှာပဲ အမြွှာတွေတောင်မှ အကုန်မတူနိုင်ဘူးလေ ။

နောက်ဆုံးအနေနဲ့ ချစ်သူတွေပြသနာဖြစ်ကြတဲ့အခါ ကိုယ်မကြိုက်တာ၊မကျေနပ်တာတွေကို ဘေးလူတွေကို ပြောတာထက် ကိုယ့်ချစ်သူကိုပဲပြောပြသင့်ပါတယ် ။

သင်တို့ချစ်သူ၂ဦးအကြောင်း သင်တို့အသိဆုံးပါ တခြားသူတွေကို ရင်ဖွင့်ရင် သေးတဲ့ပြသနာက ပိုကြီးလာနိုင်ပါတယ်။ ဘယ်သူ့မှဖွင့်မပြောဘဲ တယောက်ထဲကြိတ်ပြီး ခွင့်လွတ်နားလည်ပေးပီးတော့လဲ မနေပါနဲ့။

ဒါက အဖြေမဟုတ်တဲ့အပြင် လုံးဝမှားပါတယ်။ သင်ဘယ်လောက် ခွင့်လွတ် နားလည်ပေးပေး Limitဆိုတာရှိတာပဲ အဲ့ဒီLimitကျော်သွားတဲ့အခါ သင်ပေါက်ကွဲပြီး လမ်းခွဲတဲ့အထိဖြစ်လာနိုင်ပါတယ်။ ဒီတော့ ၂ယောက်ကြားပြသနာတွေကို အပြင်လူကို ရင်မဖွင့်ပါနဲ့။ကိုယ့်ချစ်သူကိုပဲ ဒဲ့ပြောပါ မပြောဘဲလဲမနေပါနဲ့ ။

အဆင်မပြေမှုတွေ စိတ်ညစ်စရာတွေများလာတာနဲ့အမျှ လမ်းခွဲချင်စိတ်တွေများလာပါလိမ့်မယ်။ ဒီအခက်အခဲတွေကို မဖြေရှင်း မကျော်လွှားဘဲ နောက်ဆုတ်တော့မယ်ဆိုရင် အဆင်ပြေသွားမယ်မထင်ပါနဲ့ ။ဒါတွေကြောင့် လမ်းခွဲတော့မယ်ဆိုရင် ဒီထက်ကြောက်ဖို့ကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းရလိမ့်မယ်။

ဒါပေမယ့် ချစ်သူက ဖောက်ပြန်နေတယ်ဆိုရင်တော့ တာ့တာ သာ ပြလိုက်ပါကွယ် ။ သိပ်ချစ်ကြတဲ့စုံတွဲတွေ မပြတ်စေချင်လို့ ကိုယ့်လိုမခံစားစေချင်လို့ ကိုယ့်အတွေ့အကြုံလေး ဝေမျှလိုက်ပါတယ်။ ချစ်သူတိုင်း သက်ဆုံးတိုင် လက်တွဲသွားနိုင်ပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mini Eiz ( Love Shop )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top