လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

  ဓာတ္ပုံ−ဇြဲဉာဏ္
မယ္စၾကဝဠာ ျမန္မာ ၿပိဳင္ပြဲဝင္မ်ား၏ ကရင္ျပည္နယ္ လူမႈေရးလႈပ္ရွားမႈခရီးစဥ္၌ Talent Show ကို က်င္းပရာ အပ်ိဳေတာ္အကျဖင့္ ယွဥ္ၿပိဳင္သည့္ မေကြးတုိင္းကိုယ္စားျပဳ အလွ မယ္ သက္ႏွင္းေဆြက ပထမဆု ရရွိခဲ့သည္။

အဆိုပါၿပိဳင္ပြဲကို ဩဂုတ္ ၁၀ ရက္ညက ဘားအံၿမိဳ႕ရွိ ဇြဲက ပင္ခန္းမ၌ ျပဳလုပ္ၿပီး အလွမယ္ မ်ားက ၎တုိ႔၏ တုိင္းေဒသမ်ား ကို ကိုယ္စားျပဳသည့္ အကအလွ မ်ားျဖင့္ ယွဥ္ၿပိဳင္ခဲ့ၾကကာ သီခ်င္း ဆိုျခင္း၊ ပန္းခ်ီဆြဲျခင္း စသည့္ Talent မ်ားျဖင့္ ယွဥ္ၿပိဳင္ၾက သည္။

အဆုိပါၿပိဳင္ပြဲတြင္ ဘားအံ ၿမိဳ႕ရွိ နယ္ပယ္အသီးသီးမွ ပညာ ရွင္မ်ားႏွင့္အတူ ၂၀၁၇ မယ္စၾက ဝဠာ ျမန္မာအလွမယ္ ဇြန္သံစဥ္ ႏွင့္ အလွမယ္ ေရႊအိမ္စည္တုိ႔က အကဲျဖတ္ဒိုင္မ်ားအျဖစ္ ပါဝင္ၾက ၿပီး ဒုတိယဆုကို ပန္းခ်ီဆြဲသည့္ Talent ျဖင့္ ယွဥ္ၿပိဳင္သည့္ ရန္ကုန္တုိင္း အေနာက္ပိုင္းခ႐ိုင္ကိုယ္ စားျပဳ အလွမယ္ အိသႏၲာထြန္းႏွင့္ တတိယဆုကို ႐ိုးရာဒံုးယိမ္းအက ျဖင့္ ယွဥ္ၿပိဳင္သည့္ ျမဝတီၿမိဳ႕ ကိုယ္စားျပဳအလွမယ္ နန္းထက္ ထက္လင္းက ရရွိသည္။

အဆုိပါၿပိဳင္ပြဲကို ဝင္ေၾကး ျဖင့္ က်င္းပခဲ့ၿပီး ယင္းပြဲမွရရွိလာ သည့္ ေငြေၾကးမ်ားကို ကရင္ျပည္နယ္ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းအ တြက္ လွဴဒါန္းခဲ့သည္။

မယ္စၾကဝဠာ အလွမယ္ မ်ားသည္ ကရင္ျပည္နယ္သို႔ လူမႈေရးလႈပ္ရွားမႈ ခရီးစဥ္အျဖစ္ ဩဂုတ္ ၇ ရက္မွ ၉ ရက္အထိ သြား ေရာက္ခဲ့ၿပီး ျမဝတီၿမိဳ႕၌ လူကုန္ ကူးမႈ တိုက္ဖ်က္ေရး၊ H1N1 ေရာဂါႀကိဳတင္ကာကြယ္ေရး၊ မူး ယစ္ေဆးဝါးတားဆီးေရး၊ မႈခင္း က်ဆင္းေရး စသည့္လုပ္ငန္းမ်ား ကို ႏိႈးေဆာ္သည့္အေနျဖင့္ လက္ ကမ္းစာေစာင္မ်ား ေဝျခင္း၊ ထို႔အ ျပင္ ေရႊ႕ေျပာင္းဒုကၡသည္စခန္း ႏွင့္ ၿမိဳင္ႀကီးငူေဒသရွိ စစ္ေရွာင္ ျပည္သူမ်ားကို သြားေရာက္ေတြ႕ ဆံုျခင္း၊ မဲေဆာက္ၿမိဳ႕ရွိ မယ္ ေတာ္ေဆးခန္းသို႔   ေလ့လာျခင္း မ်ား ျပဳလုပ္ခဲ့သည္။

မယ္စၾကဝဠာ ျမန္မာ ၂၀၁၈ၿပိဳင္ပြဲကို စက္တင္ဘာ ၃၀ ရက္ တြင္ ျပဳလုပ္မည္ျဖစ္ၿပီး ဩဂုတ္ ၂၈ ရက္၌ အလွမယ္မ်ား၏ အမ်ိဳးသားဝတ္စံုၿပိဳင္ပြဲ    ျပဳလုပ္မည္ ျဖစ္သည္။

မယ္စၾကဝဠာ ျမန္မာၿပိဳင္ပြဲ ကို ၂၀၁၃ တြင္ ပထမဆံုးအႀကိမ္ က်င္းပၿပီး မုိးစက္ဝိုင္၊ သွ်ားထြဋ္ အိႁႏၵာ၊ ေမဘရဏီေသာ္၊ ထက္ ထက္ထြန္းတို႔ကို ႏုိင္ငံကိုယ္စားျပဳ အလွမယ္မ်ားအျဖစ္ ေစလႊတ္ ယွဥ္ၿပိဳင္ေစခဲ့ရာ အလွမယ္ထက္ ထက္ထြန္းက မယ္စၾကဝဠာ ၂၀၁၆ ၿပိဳင္ပြဲတြင္ ႐ုပ္ေသးဝတ္စံု ျဖင့္ အမ်ိဳးသားဝတ္စံုဆု ရရွိခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
ဓာတ်ပုံ−ဇွဲဉာဏ်

မယ်စကြဝဠာ မြန်မာ ပြိုင်ပွဲဝင်များ၏ ကရင်ပြည်နယ် လူမှုရေးလှုပ်ရှားမှုခရီးစဉ်၌ Talent Show ကို ကျင်းပရာ အပျိုတော်အကဖြင့် ယှဉ်ပြိုင်သည့် မကွေးတိုင်းကိုယ်စားပြု အလှ မယ် သက်နှင်းဆွေက ပထမဆု ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဩဂုတ် ၁၀ ရက်ညက ဘားအံမြို့ရှိ ဇွဲက ပင်ခန်းမ၌ ပြုလုပ်ပြီး အလှမယ် များက ၎င်းတို့၏ တိုင်းဒေသများ ကို ကိုယ်စားပြုသည့် အကအလှ များဖြင့် ယှဉ်ပြိုင်ခဲ့ကြကာ သီချင်း ဆိုခြင်း၊ ပန်းချီဆွဲခြင်း စသည့် Talent များဖြင့် ယှဉ်ပြိုင်ကြ သည်။

အဆိုပါပြိုင်ပွဲတွင် ဘားအံ မြို့ရှိ နယ်ပယ်အသီးသီးမှ ပညာ ရှင်များနှင့်အတူ ၂၀၁၇ မယ်စကြ ဝဠာ မြန်မာအလှမယ် ဇွန်သံစဉ် နှင့် အလှမယ် ရွှေအိမ်စည်တို့က အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်ကြ ပြီး ဒုတိယဆုကို ပန်းချီဆွဲသည့် Talent ဖြင့် ယှဉ်ပြိုင်သည့် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်ကိုယ် စားပြု အလှမယ် အိသန္တာထွန်းနှင့် တတိယဆုကို ရိုးရာဒုံးယိမ်းအက ဖြင့် ယှဉ်ပြိုင်သည့် မြဝတီမြို့ ကိုယ်စားပြုအလှမယ် နန်းထက် ထက်လင်းက ရရှိသည်။

အဆိုပါပြိုင်ပွဲကို ဝင်ကြေး ဖြင့် ကျင်းပခဲ့ပြီး ယင်းပွဲမှရရှိလာ သည့် ငွေကြေးများကို ကရင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအ တွက် လှူဒါန်းခဲ့သည်။

မယ်စကြဝဠာ အလှမယ် များသည် ကရင်ပြည်နယ်သို့ လူမှုရေးလှုပ်ရှားမှု ခရီးစဉ်အဖြစ် ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ သွား ရောက်ခဲ့ပြီး မြဝတီမြို့၌ လူကုန် ကူးမှု တိုက်ဖျက်ရေး၊ H1N1 ရောဂါကြိုတင်ကာကွယ်ရေး၊ မူး ယစ်ဆေးဝါးတားဆီးရေး၊ မှုခင်း ကျဆင်းရေး စသည့်လုပ်ငန်းများ ကို နှိုးဆော်သည့်အနေဖြင့် လက် ကမ်းစာစောင်များ ဝေခြင်း၊ ထို့အ ပြင် ရွှေ့ပြောင်းဒုက္ခသည်စခန်း နှင့် မြိုင်ကြီးငူဒေသရှိ စစ်ရှောင် ပြည်သူများကို သွားရောက်တွေ့ ဆုံခြင်း၊ မဲဆောက်မြို့ရှိ မယ် တော်ဆေးခန်းသို့   လေ့လာခြင်း များ ပြုလုပ်ခဲ့သည်။

မယ်စကြဝဠာ မြန်မာ ၂၀၁၈ပြိုင်ပွဲကို စက်တင်ဘာ ၃၀ ရက် တွင် ပြုလုပ်မည်ဖြစ်ပြီး ဩဂုတ် ၂၈ ရက်၌ အလှမယ်များ၏ အမျိုးသားဝတ်စုံပြိုင်ပွဲ    ပြုလုပ်မည် ဖြစ်သည်။

မယ်စကြဝဠာ မြန်မာပြိုင်ပွဲ ကို ၂၀၁၃ တွင် ပထမဆုံးအကြိမ် ကျင်းပပြီး မိုးစက်ဝိုင်၊ သျှားထွဋ် အိန္ဒြာ၊ မေဘရဏီသော်၊ ထက် ထက်ထွန်းတို့ကို နိုင်ငံကိုယ်စားပြု အလှမယ်များအဖြစ် စေလွှတ် ယှဉ်ပြိုင်စေခဲ့ရာ အလှမယ်ထက် ထက်ထွန်းက မယ်စကြဝဠာ ၂၀၁၆ ပြိုင်ပွဲတွင် ရုပ်သေးဝတ်စုံ ဖြင့် အမျိုးသားဝတ်စုံဆု ရရှိခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top