ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×


အဆင့်အတန်းဆိုတာကို






#Unicode Version#
ဘဝနာခဲ့လို့ကျောင်းမတက်ဖြစ်ခဲ့သူတွေအားလုံးက
အဆင့်အတန်းမဲ့သွားပြီလား ။

အဆင့်အတန်းဆိုတာကို
ဥစ္စာနဲ့တိုင်းနေတာလား မိတ်ဆွေ ။

သိက္ခာကို ငွေနဲ့ မလဲခဲ့လို့
ချို့တဲ့စာ နေရသူတိုင်းက
တစ်လုံးချိုင့်တွေ ဖြစ်ကုန်ပြီလား ။

သေမင်းဆီကို သွားနေတာချင်းအတူတူ
အဆင့်အတန်းဆိုတဲ့စကားတစ်ခွန်းနဲ့တော့
ကိုယ့်ထက်နိမ့်ကျသူကို
ထက်မနိမ်ချချင်စမ်းပါနဲ့ ။

တစ်ချို့က မိသားစုအတွက်ဆိုတဲ့စိတ်နဲ့
ပညာတစ်ပိုင်းတစ်စ ဖြစ်နေတတ်တယ် ။

တစ်ချို့က ကိုယ့်ကျင့်တရားအတွက်
ရိုးသားစွာ ကြိုးစားနေခဲ့ကြတယ် ။

အနာတရများတဲ့ သူတို့လက်လေးတွေဟာ
မိသားစုအတွက် အားဖြစ်နေတတ်လို့
အားပေးစကားနဲ့ ဖေးမကူစေချင်တယ် မိတ်ဆွေ
ဖိုးသူတော် (www.phothutaw.com)
Credit: သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top