မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×
ရေချိုးခန်း။ အဆင်ပြေပါတယ်။
အိပ်ယာပေါ်။ အဆင်အပြေဆုံးပါ။
ဒီတော့ဘာကိုကြည့်မလဲ။
သတိဥာဏ်ပညာဖြင့်သာ စိတ်ကျေနပ်မှုကိုရရှိခံစားနိုင်ကြပါစေ.
Credit: Dr.တင့်ဆွေ
#Unicode Version#
တစ်ကိုယ်ရည် အာသာဖြေမှုဟာ ယောကျာ်းတွေအတွက် အဆင်ပြေနိုင်ပေမယ့် မိန်းကလေးတွေအတွက်ကတော့ သိပ်အဆင်ပြေမလာနိုင်ပါဘူး။
အဓိကကတော့ စိတ်ခံစားမှုအပိုင်းပါ။ ယောက်ျားတွေကျတော့ ကိစ္စပြီးဆုံးသွားတာနဲ့ စိတ်ခံစားမှုဟာ တစ်ခဏချင်းပဲ ကျေနပ်စွာ ကျဆင်းသွားလေ့ရှိပါတယ်။ စိတ်အာရုံကို ချက်ချင်းပဲ တစ်ခြားအကြောင်းအရာ တစ်ခုဆီကို ပြောင်းလဲပစ်နိုင်ကြပါတယ်။
မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ စိတ်ခံစားမှုအမြင့်ဆုံးကို ရောက်ဖို့ခက်ခဲသလို ပြီးဆုံးနိုင်ဖို့အတွက်လည်း ခက်ခဲတတ်ကြပါတယ်။ ပြီးဆုံးပြီးတဲ့အခါမှာလည်း စိတ်ခံစားမှုကျဆင်းသွားဖို့လည်း ကြာရှည်ပါတယ်။(ဒါကြောင့်မိန်းကလေးတွေဟာ တစ်ကြိမ်ပြီးဆုံးပြီးခဲ့ရင် နောက်သိပ်မကြာခင်မှာပဲ ထပ်မံပြီးဆုံးနိုင်ကြတာပါ။)လွယ်ကူတဲ့မိန်းကလေးများကတော့ မရှိသလောက်ရှားပါတယ်။
ကာမစိတ်ကို တစ်ကိုယ်ရည်ဖြေဖျောက်တော့မယ်ဆိုရင် မိန်းကလေးများဟာ ခလုတ်ကိုပွတ်သပ်ပေးကြတတ်ပါတယ်။ အဲဒီလိုပွတ်သပ်ပေးရုံနဲ့ မလုံလောက်နိုင်ပါဘူး။(အရမ်းလည်း မပွတ်သပ်ရပါဘူး။ ဆီးကျင်တဲ့ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါ ရတတ်ပါတယ်။)
ဒီတော့ အတွင်းကိုဝင်ရောက်ပေးနိုင်မယ့် လက် သို့မဟုတ် အကူကြိယာတစ်ခုခုလိုအပ်လာပါတယ်။
စိတ်ခံစားချက် ပြင်းထန်နေတဲ့အချိန်ဖြစ်နေတော့ တွေ့ရာဆွဲသုံးတာမျိုးမဖြစ်ရအောင် သုံးမယ့်ပစ္စည်းကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
စိတ်ဖြေဖျောက်နေတဲ့အချိန်အတွင်းမှာ အစစအရာရာကို သေချာဂရုစိုက်စေချင်ပါတယ်။ လက်သည်းနဲ့မခြစ်မိစေရန်၊ သန့်ရှင်းစေရန်၊ ကြမ်းတမ်းမှုမရှိစေရန်၊ အစရှိသဖြင့်ပေါ့ရှင်။
ဂရုစိုက်နိုင်လေကောင်းလေပါပဲနော်။
ပြင်းထန်တဲ့ဝင်ရောက်ချက်များကိုလည်း ရှောင်ပါ။
ဘယ်လောက်နူးညံ့တဲ့ ကြိယာဖြစ်ပါစေ၊ အစစ်လောက်ကိုမနူးညံ့နိုင်ပါဘူးနော်။ သားအိမ်ထိခိုက်နိုင်ပါတယ်။
စိတ်ခံစားမှုအပိုင်းကို ပြန်ပြောရင် မိန်းကလေးတွေရဲ့စိတ်ဟာ တက်ခဲကျခဲပါတယ်။ movie ကြည့်မယ်။ စာဖတ်မယ်။ စိတ်ထဲမှာတောင့်တလာမယ်။ ကိုယ့်ကိုယ်ကိုယ်သတိထားမိတဲ့ အချိန်မှာ ကာမစိတ်ဖြစ်နေပါပြီ။ များသောအားဖြင့် မိန်းကလေးတွေဟာ ဒီနေရာမှာတင်ရပ်တန့် စိတ်ပြောင်းလဲပစ်နိုင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ
စိတ်ကိုလွှတ်ပေးလိုက်ချင်စိတ်၊ အပြီးတိုင်ခံစားပစ်လိုက်ချင်စိတ် ဝင်ရောက်လာမှာပါ။
ဒီတော့ ဆက်သွားကြည့်ကြရအောင်နော်။
ပထမအရေးကြီးတာကတော့ တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး ကိုယ့်ကိုဘယ်သူမှလာမနှောင့်ယှက်နိုင်မယ့် နေရာတစ်ခုကိုရွေးချယ်ပါ။ အိမ်သာမဖြစ်ရပါဘူး။ရောဂါပိုးမွှားတွေ ပေါက်ပွားရာနေရာဖြစ်တဲ့အတွက် လုံးဝရှောင်ကျဉ်ပါ။
ရေချိုးခန်း။ အဆင်ပြေပါတယ်။
အိပ်ယာပေါ်။ အဆင်အပြေဆုံးပါ။
ဒုတိယလိုအပ်တာကတော့ သံလွင်ဆီဖြစ်ပါတယ်။
ချောမွေ့နူးညံ့စွာ အဆင်ပြေပါလိမ့်မယ်။
ပြီးရင်တော့ စိတ်ကိုလွှတ်ပေးလိုက်လို့ရပါပြီ။
ကိုယ့်ခန္ဓာကိုယ်ကိုတော့ ကိုယ်ညှာမှဖြစ်မယ်နော်။
ကြမ်းတမ်းစွာဝင်ရောက် လှုံ့ဆော်ခြင်းမလုပ်ပါနဲ့။ သားအိမ်ထိခိုက်နိုင်ပါတယ်။အန္တရာယ်အများကြီးရှိပါတယ်။ ဒီတစ်ခုကိုတော့ လုံးဝသတိထားကြစေချင်ပါတယ်နော်။
ကျန်တာကတော့ ကိုယ့်စိတ်ကြိုက် လှုပ်ရှားနိုင်ပါတယ်နော။
ပြီးဆုံးခြင်း။ ။ဒီကိစ္စကတော့ မိန်းကလေးအများစုမသိနိုင်ကြပါဘူး။
ပြီးတယ်။ ပြီးတယ်။ ဘာကိုဆိုလိုပါသလဲ။ တစ်ချို့က ယောက်ျားတွေ ပြီးသလိုပြီးကြပါတယ်။ တစ်ချို့ကတော့ မသိ မသာပဲပြီးဆုံးတတ်ကြပါတယ်။ မိမိကိုယ်မိမိ ပြီးလားမပြီးလား၊ ဘယ်နှစ်ကြိမ်ပြီးမိလဲ၊ မသိလိုက်နိုင်ကြပါဘူး။
အာရုံခံစားမှုအားအလွန်ကောင်းမှ သတိထားမိနိုင်ကြပါတယ်။
ဒီတော့ဘာကိုကြည့်မလဲ။
မိန်းကလေးတွေအတွက် သေချာတာတစ်ခုကတော့ လုံးဝမလှုပ်ချင်မရှားချင်ဖြစ်သွားတဲ့အချိန်ဟာ ပြီးဆုံးချိန်ပဲလို့ ယျေဘုယျသတ်မှတ်နိုင်ပါတယ်။
ကိုယ်ခန္ဓာရဲ့ ခံစားမှု အဆုံးအထိရောက်သွားပြီးချိန်မှာ အချိန်အနည်းငယ်တော့ လှဲလျောင်းအနားယူပေးရပါမယ်။ ဒါမှစိတ်ခံစားမှုကို တဖြည်းဖြည်းလျော့ကျသွားစေမှာပါ။ ကိုယ်ခန္ဓာကမလှုပ်ရှားချင်တော့ပေမယ့် စိတ်ခံစားမှုကတော့မလျော့နိုင်သေးလို့ဖြစ်ပါတယ်။
ဒီလိုမှအနားယူချိန်မပေးခဲ့ရင် ဆန့်ကျင်ဖက်လိင်ကို မရမနေတောင့်တလာတဲ့ မကျေနပ်စိတ်၊ ဒေါသစိတ်ဝင်ရောက်လာနိုင်ပါတယ်။ ယောက်ျားတစ်ယောက်နဲ့ မဖြစ်မနေ အိပ်ပစ်လိုက်ချင်စိတ်ကို ဆိုလိုတာပါ။ အန္တရာယ်အလွန်များတဲ့စိတ်ပါ။ ဒါကြောင့် ခနတော့ အနားယူကြစေချင်ပါတယ်။
ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်စိတ်ဖြေခြင်းပြုလုပ်တော့မယ်ဆိုရင်တော့ တကယ်ကို စိတ်ပါလက်ပါပြုလုပ်ကြစေချင်ပါတယ်။ ဒါမှ နောက်ထပ်တောင့်တမှုတွေကို တောင့်ခံထားနိုင်ပါမယ်။
ကိုယ့်ကိုယ်ကို လုံးဝ အပစ်မတင်ကြဖို့ကိုတော့ သတိပေးပါရစေ။ ကိုယ့်ကိုယ်ကို အထင်သေးခြင်းမဖြစ်အောင် အထူးသတိပြုပါ။
လူမှန်ရင် စိတ်ခံစားမှုရှိရပါမယ်။ စိတ်ခံစားမှုရှိရင် စိတ်ဖြေလျော့မှုလည်းရှိရပါမယ်။ ဒါဟာ လူ့သဘာဝ ပုံမှန်စိတ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံမဖြစ်အောင်တော့ထိန်းသိမ်းနိုင်ရပါမယ်။
ကာမစိတ်မှာလည်းဒီအတိုင်းပါပဲ။
မရနိုင်တာကို မျှော်မှန်းတမ်းတနေမယ့်အစား ကိုယ့်စိတ်ကျေနပ်မှုကို ကိုယ်ကိုယ်တိုင် ရှာဖွေနိုင်ကြပါစေလို့ အကြံပေးလိုပါတယ်ရှင့်။
လုပ်နည်းလုပ်ဟန်တွေကတော့ စာအုပ်တွေ၊ movie တွေမှာ ပါပါတယ်ရှင့်။ အဲဒီအတွက်တော့ အကြံပေးမည်မဟုတ်ပါ။
သတိဉာဏ်ပညာဖြင့်သာ စိတ်ကျေနပ်မှုကိုရရှိခံစားနိုင်ကြပါစေ.
ဖိုးသူတော် (www.phothutaw.com)
Credit: Dr.တင့်ဆွေ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top