ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေလး႐ွား ျမန္မာပြဲအၿပီးတြင္ ျမန္မာႏိုင္ငံသားအခ်ိဳ႕မ ေလး႐ွားႏိုင္ငံသား မ်ားရဲ့ တိုက္ခိုက္ျခင္းကို ခံခဲ့ရတဲ့ သတင္းနဲ႔ ပတ္သတ္ၿပီး ျမန္မာအစိုးရဘက္က စံုစမ္းစစ္ေဆးမႈေတြ ျပလုပ္သြားမယ္လို႔ သိရပါတယ္။

ၾသဂုတ္လ ၂၁ရက္ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ျမန္မာအသင္းနဲ႔ မေလး႐ွားအသင္းတို႔ရဲ႕ စီးဂိမ္းေဘာလံုးၿပိဳင္ပြဲအၿပီးတြင္ ျမန္မာ ပရိသတ္အခ်ိဳ႕အေနနဲ႔ မေလး႐ွားပရိသတ္အခ်ိဳ႕ရဲ႕ တိုက္ခိုက္ ခံခဲ့ရတာေၾကာင့္ လက္႐ွိမွာ ျမန္မာပရိသတ္ အခ်ိဳ႕ ေဆးကုသမႈ ခံယူေနရတယ္လို႔ သိရပာတယ္။ ယင္းကိစၥနဲ့ ပတ္သက္ၿပီး ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ စံုစမ္းစစ္ေဆးမႈမ်ားျပုလုပ္မယိ့အျပင္ ေဆးကုသမႈ ခံယူေနရတဲ့ ျမန္မာႏိုင္ငံသားမ်ားကို သြာေရာက္ေတြ့ဆံုမယ္လို့ သမၼတရံုးဝန္ႀကီးဌာန ၫႊန္ၾကားေရးမွဴး ဦးေဇ၊ာ္ေဌးက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေျပာထားပါတယ္။ "ဆီးဂိမ္း ေဘာလုံးပြဲအားေပးတဲ့ ျမန္မာႏုိင္ငံသားေတြ တိုက္ခိုက္ျခင္းခံရတဲ့ကိစၥႏွင့္စပ္လ်ဥ္း၍ - အားကစားအဖြဲ႕နဲ႕ လိုက္ပါသြားတဲ့ အစိုးရ တာဝန္ရွိသူေတြကိုေရာ၊ သံရုံးကိုေရာ ေျပာထားပါတယ္။

မေလးရွားဘက္နဲ႕ ပူးေပါင္းေဆာင္ရြက္ဖို႕၊ အားကစားအဖြဲ႕ေတြသာမက အားေပးၾကတဲ့ ျမန္မာႏိုင္ငံသားေတြကိုအကာအကြယ္နဲ႕ လုံျခဳံေရး ေပးဖို႕ တာဝန္ရွိသူေတြက ေဆာင္ရြက္ေနပါတယ္။ က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာနက အရာရွိၾကီးေတြလည္း ထပ္လိုက္သြားဖို႕ ရွိပါတယ္။ လိုအပ္တာေတြ အားလုံး မွာၾကားထားျပီး ျဖစ္ပါတယ္။ လတ္တေလာ ေဆးရုံတက္ေနရတဲ့ ျပည္သူေတြဆီ သြားေရာက္ေမးျမန္းျပီး အားေပးကူညီဖို႕၊ ျဖစ္စဥ္အမွန္ သိရွိႏိုင္ဖို႕၊ မေလးရွားတာဝန္ရွိသူေတြနဲ႕ ညွိႏႈိင္းေဆာင္ရြက္ဖို႕ လုပ္ေဆာင္ေနျပီ ျဖစ္ပါတယ္။'လို႔ ဦးေဇာ္ေဌးက သူ႔ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေရးသားထားပါတယ္။

ေဘာလံုးပြဲအၿပီး ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ အိမ္ျပန္ဖို႔အတြက္ ကားပါကင္သို႔ ကားလာထုတ္တဲ့ အခ်ိန္ ယခုလို တိုက္ခိုက္ခံရျခင္းျဖစ္ၿပီး အဆိုပါ ျဖစ္ရပ္ေၾကာင့္ ျမန္မာႏိုင္ငံသားႏွစ္ဦး ေဆးရံုတက္ရကာ တစ္ဦးကို ေဆးထည့္ေပးၿပီး ေဆးရံုမွ ညတြင္းခ်င္းဆင္းခြင့္ရေပမယ့္ က်န္တစ္ဦးကေတာ့ ေဆးကုသမႈ ဆက္လက္ခံယူေနရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
မလေးရှား မြန်မာပွဲအပြီးတွင် မြန်မာနိုင်ငံသားအချို့မ လေးရှားနိုင်ငံသား များရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ သတင်းနဲ့ ပတ်သတ်ပြီး မြန်မာအစိုးရဘက်က စုံစမ်းစစ်ဆေးမှုတွေ ပြလုပ်သွားမယ်လို့ သိရပါတယ်။



သြဂုတ်လ ၂၁ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ရဲ့ စီးဂိမ်းဘောလုံးပြိုင်ပွဲအပြီးတွင် မြန်မာ ပရိသတ်အချို့အနေနဲ့ မလေးရှားပရိသတ်အချို့ရဲ့ တိုက်ခိုက် ခံခဲ့ရတာကြောင့် လက်ရှိမှာ မြန်မာပရိသတ် အချို့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပာတယ်။ ယင်းကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုများပြုလုပ်မယိ့အပြင် ဆေးကုသမှု ခံယူနေရတဲ့ မြန်မာနိုင်ငံသားများကို သွာရောက်တွေ့ဆုံမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇေ၊ာ်ဌေးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောထားပါတယ်။ "ဆီးဂိမ်း ဘောလုံးပွဲအားပေးတဲ့ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခြင်းခံရတဲ့ကိစ္စနှင့်စပ်လျဉ်း၍ - အားကစားအဖွဲ့နဲ့ လိုက်ပါသွားတဲ့ အစိုးရ တာဝန်ရှိသူတွေကိုရော၊ သံရုံးကိုရော ပြောထားပါတယ်။

မလေးရှားဘက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အားကစားအဖွဲ့တွေသာမက အားပေးကြတဲ့ မြန်မာနိုင်ငံသားတွေကိုအကာအကွယ်နဲ့ လုံခြုံရေး ပေးဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အရာရှိကြီးတွေလည်း ထပ်လိုက်သွားဖို့ ရှိပါတယ်။ လိုအပ်တာတွေ အားလုံး မှာကြားထားပြီး ဖြစ်ပါတယ်။ လတ်တလော ဆေးရုံတက်နေရတဲ့ ပြည်သူတွေဆီ သွားရောက်မေးမြန်းပြီး အားပေးကူညီဖို့၊ ဖြစ်စဉ်အမှန် သိရှိနိုင်ဖို့၊ မလေးရှားတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။'လို့ ဦးဇော်ဌေးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။

ဘောလုံးပွဲအပြီး မြန်မာနိုင်ငံသားများအနေနဲ့ အိမ်ပြန်ဖို့အတွက် ကားပါကင်သို့ ကားလာထုတ်တဲ့ အချိန် ယခုလို တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသားနှစ်ဦး ဆေးရုံတက်ရကာ တစ်ဦးကို ဆေးထည့်ပေးပြီး ဆေးရုံမှ ညတွင်းချင်းဆင်းခွင့်ရပေမယ့် ကျန်တစ်ဦးကတော့ ဆေးကုသမှု ဆက်လက်ခံယူနေရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top