ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

တခ်ဳိ႕ေဒသေတြမွာ ပတၱျမားမ်က္ရွင္ကို လိုက္ရွာေနၾကတယ္။ တန္ခိုးရွိတဲ့ ဓာတ္လုံးကို ရွာေနၾကတယ္။ ဖိုထိုးျပီး သိဒၶိဣဒၶိကို ရွာေနၾကတယ္။ ေရာဂါကင္းတယ္၊ ေျမလွ်ဳိး မိုးပ်ံတယ္လို႔ ဆိုၾကတယ္၊ ေသနတ္ျပီးတယ္ မေသဘူး အႏွစ္ ၁၀၀၊ ၂၀၀၊ ၂၀၀၀ ေနရတယ္ ဘာညာ - ေျပာေနၾကတယ္။ အလြန္အစြဲနာတဲ့ အတၱဒိ႒ိ သမားေတြပဲ။ သူတို႔တစ္ေတြဟာ ဝိပႆနာဉာဏ္ မဂ္ဉာဏ္ ဖိုလ္ဉာဏ္သာ "ပတၱျမားမ်က္ရွင္"ပဲဆိုတာ မသိၾကဘူး။ ဉာဏ္ပညာဟာ အတုမရွိတဲ့ တန္ဖိုးမျဖတ္ႏိုင္တဲ့ ပတၱျမားၾကီးပဲ။

ဒါေၾကာင့္ ဓာတ္လုံးပတၱျမားမ်က္ရွင္ဆိုတာ သစၥာေလးပါးသိျမင္ျပီး ငါးပါးသီလ ခိုင္ျမဲမႈကို ဆိုလိုတာပဲ။ ဒုကၡအကုန္၊ အႏၲရာယ္အကုန္ အၾကြင္းမဲ့ ရွင္းလင္း ပယ္သတ္ေပးတာက သစၥာေလးပါးသိမႈ မဂ္ဉာဏ္ပဲရွိတယ္။

သတိ ပညာ သီလ ဆိုတဲ့ ပတၱျမားမ်က္ရွင္ရွိေနရင္ နိဗၺာန္တရားျမတ္ၾကီးအထိ ရလို႔ တန္ခိုးသတၱိ အၾကီးမားဆုံးပဲ။ ပဋိသေႏၶ အို နာ ေသေခၚတဲ့ အၾကီးဆုံး ဒုကၡၾကီးေလးခုကလဲ အျပီးအပိုင္ လြတ္ေျမာက္တယ္။

အမတနိဗၺာန္လဲ ရတယ္။ နိဗၺာန္ဟာ အိုျခင္း နာျခင္း ေသျခင္း မရွိတဲ့ အမတဓာတ္လုံးၾကီးပါပဲ။ မဂၢင္ေလ့က်င့္ရင္ အသိဉာဏ္ေရာ ကိုယ္ပါ အျမဲလန္းဆန္း ႏုပ်ဳိေနတယ္။ ဒီထက္ေကာင္းတဲ့ ပတၱျမားမ်က္ရွင္ဟာ ေလာကမွာ မရွိေတာ့ဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်းဇူးေတာ္ရွင္ အီတာလ်ံ ဘုန္းေတာ္ၾကီး ဦးေလာကနာထ


#Unicode Version#
တချို့ဒေသတွေမှာ ပတ္တမြားမျက်ရှင်ကို လိုက်ရှာနေကြတယ်။ တန်ခိုးရှိတဲ့ ဓာတ်လုံးကို ရှာနေကြတယ်။ ဖိုထိုးပြီး သိဒ္ဓိဣဒ္ဓိကို ရှာနေကြတယ်။ ရောဂါကင်းတယ်၊ မြေလျှိုး မိုးပျံတယ်လို့ ဆိုကြတယ်၊ သေနတ်ပြီးတယ် မသေဘူး အနှစ် ၁၀၀၊ ၂၀၀၊ ၂၀၀၀ နေရတယ် ဘာညာ - ပြောနေကြတယ်။ အလွန်အစွဲနာတဲ့ အတ္တဒိဋ္ဌိ သမားတွေပဲ။ သူတို့တစ်တွေဟာ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်သာ "ပတ္တမြားမျက်ရှင်"ပဲဆိုတာ မသိကြဘူး။ ဉာဏ်ပညာဟာ အတုမရှိတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားကြီးပဲ။

ဒါကြောင့် ဓာတ်လုံးပတ္တမြားမျက်ရှင်ဆိုတာ သစ္စာလေးပါးသိမြင်ပြီး ငါးပါးသီလ ခိုင်မြဲမှုကို ဆိုလိုတာပဲ။ ဒုက္ခအကုန်၊ အန္တရာယ်အကုန် အကြွင်းမဲ့ ရှင်းလင်း ပယ်သတ်ပေးတာက သစ္စာလေးပါးသိမှု မဂ်ဉာဏ်ပဲရှိတယ်။

သတိ ပညာ သီလ ဆိုတဲ့ ပတ္တမြားမျက်ရှင်ရှိနေရင် နိဗ္ဗာန်တရားမြတ်ကြီးအထိ ရလို့ တန်ခိုးသတ္တိ အကြီးမားဆုံးပဲ။ ပဋိသန္ဓေ အို နာ သေခေါ်တဲ့ အကြီးဆုံး ဒုက္ခကြီးလေးခုကလဲ အပြီးအပိုင် လွတ်မြောက်တယ်။

အမတနိဗ္ဗာန်လဲ ရတယ်။ နိဗ္ဗာန်ဟာ အိုခြင်း နာခြင်း သေခြင်း မရှိတဲ့ အမတဓာတ်လုံးကြီးပါပဲ။ မဂ္ဂင်လေ့ကျင့်ရင် အသိဉာဏ်ရော ကိုယ်ပါ အမြဲလန်းဆန်း နုပျိုနေတယ်။ ဒီထက်ကောင်းတဲ့ ပတ္တမြားမျက်ရှင်ဟာ လောကမှာ မရှိတော့ဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျေးဇူးတော်ရှင် အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top