Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ ဒူးရင္းဆိပ္ေက်းရြာအုပ္စု၊ သမၻာန္ေက်းရြာတြင္ေနသူတစ္ဦးကို ဓားျဖင့္ ၃၄ ခ်က္ခန္႔ ထိုးသတ္ခဲ့သူအား သုဓမၼတီနယ္ေျမရဲစခန္းမွ စံုစမ္းစစ္ေဆးခဲ့ရာ ၾသဂုတ္လ ၁၅ ရက္၊ နံနက္က စစ္ေဆးေပၚေပါက္ခဲ့ၿပီး သတ္သူမွာ တစ္ရြာတည္းေန ေသသူ၏ တူေတာ္စပ္သူ ျဖစ္ေနေၾကာင္း သိရသည္။

အရက္အတူေသာက္ရင္း အေမြဆိုင္ၿခံေျမကိစၥ၊ ေသသူက ၎၏မိန္းမျဖစ္သည့္ အေဒၚ ျဖစ္သူႏွင့္ ေပးစားသည္တို႔ကို မေက်နပ္၍ စကားမ်ားရာမွ ေဒါသအေလ်ာက္ ဓားျဖင့္ ထိုးသတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သတ္သူဟုဆိုသူ ကိုဖိုးပ်ဳိ(ခ) ေမာင္၀င္း (၄၆)ႏွစ္၊ သမၻာန္ေက်းရြာေနသူက လူသတ္ ရာတြင္ အသံုးျပဳသည့္ သက္ေသခံပစၥည္းမ်ားႏွင့္ က်ဴးလြန္ပံုအား သြားေရာက္ျပသရာ၌ ေျပာၾကားသည္။

သမၻာန္ေက်းရြာေန ဦးဖားတစ္ေဘာ (ခ) စံရီ (၆၈) ႏွစ္၊ (ဘ) ဦးလွေရႊဆိုသူမွာ ၾသဂုတ္လ ၇ ရက္၊ မြန္းလြဲပိုင္းက ေနအိမ္မွထြက္သြားၿပီး ျပန္လည္ ေရာက္ရွိ လာျခင္းမရွိဘဲ ေပ်ာက္ဆံုးေနရာမွ ၾသဂုတ္လ ၉ ရက္၊ နံနက္က ၾကာပန္း-၀ီေယာ္ ခရိုင္ခ်င္းဆက္ လမ္းေပၚရွိ သမၻာန္ႏွင့္ အင္းရွည္ ေက်းရြာစပ္တံတားအနီး ေခ်ာင္းထဲ၌ ဦးေခါင္း ေပါက္ၿပဲဒဏ္ရာ၊ ၀ဲယာ မ်က္လံုးေအာက္ ေပါက္ၿပဲ ဒဏ္ရာ တစ္ခ်က္စီ၊ ရင္ဘတ္တြင္ ထိုးသြင္းဒဏ္ရာ ၁၉ ခ်က္၊ ေက်ာ၌ ထိုးသြင္းဒဏ္ရာ ၁၅ ခ်က္ႏွင့္ ေျခသလံုးပြန္းပဲ့ ဒဏ္ရာတစ္ခ်က္တို႔ျဖင့္ ေသဆံုးေနသျဖင့္ စံုစမ္းေဖာ္ထုတ္အေရးယူေပးပါရန္ ၎၏ သားမက္ျဖစ္သူက တိုင္ၾကားရာ (ပ)၁၅၉/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂၊ အမႈႀကီးအမွတ္စဥ္ (၂/၂၀၁၇) ျဖင့္ အမႈဖြင့္လွစ္ကာ စံုစမ္းစစ္ေဆးေဖာ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သုဓမၼ၀တီနယ္ေျမ ရဲစခန္းမွ သိရသည္။

“အေလာင္းေတြ႕တဲ့ ၾသဂုတ္ ၉ ရက္မွာ ေသသူနဲ႔အရက္တူတူတြဲေသာက္တဲ့ ဖိုးပ်ဳိ ကို စစ္တယ္ ၁၀ ရက္မွာ ဖိုးပ်ဳိရဲ႕အမ်ဳိးသမီးကိုစစ္တယ္ အဲ့ဒီမွာ ကြဲလြဲခ်က္ေလးေတြရွိေနေတာ့ သူ႔ကို အမႈနဲ႔ပတ္သတ္ၿပီး မသကၤာလို႔ ဖမ္းဆီးစစ္ေဆးခဲ့တာပါ” ဟု သုဓမၼတီနယ္ေျမစခန္းမွဴး ရဲအုပ္ ေအးျမင့္က ေျပာသည္။

အမႈႏွင့္ပတ္သတ္၍ တရားလို တစ္ဦး၊ သက္ေသ ၁၅ ဦးႏွင့္ မသကၤာသူတစ္ဦး ေပါင္း ၁၇ ဦး အား စစ္ေဆးခဲ့ၿပီး မသကၤာသူ ကိုဖိုးပ်ဳိအား ၾသဂုတ္လ ၁၀ ရက္ ညက ဖမ္းဆီးကာ ရမန္ယူ၍ ဆက္လက္စစ္ေဆးခဲ့ရာမွ ၾသဂုတ္လ ၁၅ ရက္ နံနက္က စစ္ေဆးေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

အဆိုပါျဖစ္စဥ္တြင္ ဦးဖားတစ္ေဘာ (ခ) စံရီအား ဒဏ္ရာမ်ားရရွိၿပီး ေသဆံုးေအာင္ ျပဳလုပ္ခဲ့ သူ ကိုဖိုးပ်ဳိ(ခ) ေမာင္၀င္းအား ဥပေဒအရ တရားစြဲဆိုႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သုဓမၼ၀တီ နယ္ေျမရဲစခန္းမွ သိရသည္။

သက္ဦး(သထံု)
Myanmaalinn
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sunthit

#Unicode Version#
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ သမ္ဘာန်ကျေးရွာတွင်နေသူတစ်ဦးကို ဓားဖြင့် ၃၄ ချက်ခန့် ထိုးသတ်ခဲ့သူအား သုဓမ္မတီနယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးခဲ့ရာ သြဂုတ်လ ၁၅ ရက်၊ နံနက်က စစ်ဆေးပေါ်ပေါက်ခဲ့ပြီး သတ်သူမှာ တစ်ရွာတည်းနေ သေသူ၏ တူတော်စပ်သူ ဖြစ်နေကြောင်း သိရသည်။

အရက်အတူသောက်ရင်း အမွေဆိုင်ခြံမြေကိစ္စ၊ သေသူက ၎င်း၏မိန်းမဖြစ်သည့် အဒေါ် ဖြစ်သူနှင့် ပေးစားသည်တို့ကို မကျေနပ်၍ စကားများရာမှ ဒေါသအလျောက် ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း သတ်သူဟုဆိုသူ ကိုဖိုးပျို(ခ) မောင်ဝင်း (၄၆)နှစ်၊ သမ္ဘာန်ကျေးရွာနေသူက လူသတ် ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့် ကျူးလွန်ပုံအား သွားရောက်ပြသရာ၌ ပြောကြားသည်။

သမ္ဘာန်ကျေးရွာနေ ဦးဖားတစ်ဘော (ခ) စံရီ (၆၈) နှစ်၊ (ဘ) ဦးလှရွှေဆိုသူမှာ သြဂုတ်လ ၇ ရက်၊ မွန်းလွဲပိုင်းက နေအိမ်မှထွက်သွားပြီး ပြန်လည် ရောက်ရှိ လာခြင်းမရှိဘဲ ပျောက်ဆုံးနေရာမှ သြဂုတ်လ ၉ ရက်၊ နံနက်က ကြာပန်း-ဝီယော် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ သမ္ဘာန်နှင့် အင်းရှည် ကျေးရွာစပ်တံတားအနီး ချောင်းထဲ၌ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲယာ မျက်လုံးအောက် ပေါက်ပြဲ ဒဏ်ရာ တစ်ချက်စီ၊ ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ ၁၉ ချက်၊ ကျော၌ ထိုးသွင်းဒဏ်ရာ ၁၅ ချက်နှင့် ခြေသလုံးပွန်းပဲ့ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသဖြင့် စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ၎င်း၏ သားမက်ဖြစ်သူက တိုင်ကြားရာ (ပ)၁၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ အမှုကြီးအမှတ်စဉ် (၂/၂၀၁၇) ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သုဓမ္မဝတီနယ်မြေ ရဲစခန်းမှ သိရသည်။

“အလောင်းတွေ့တဲ့ သြဂုတ် ၉ ရက်မှာ သေသူနဲ့အရက်တူတူတွဲသောက်တဲ့ ဖိုးပျို ကို စစ်တယ် ၁၀ ရက်မှာ ဖိုးပျိုရဲ့အမျိုးသမီးကိုစစ်တယ် အဲ့ဒီမှာ ကွဲလွဲချက်လေးတွေရှိနေတော့ သူ့ကို အမှုနဲ့ပတ်သတ်ပြီး မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးခဲ့တာပါ” ဟု သုဓမ္မတီနယ်မြေစခန်းမှူး ရဲအုပ် အေးမြင့်က ပြောသည်။

အမှုနှင့်ပတ်သတ်၍ တရားလို တစ်ဦး၊ သက်သေ ၁၅ ဦးနှင့် မသင်္ကာသူတစ်ဦး ပေါင်း ၁၇ ဦး အား စစ်ဆေးခဲ့ပြီး မသင်္ကာသူ ကိုဖိုးပျိုအား သြဂုတ်လ ၁၀ ရက် ညက ဖမ်းဆီးကာ ရမန်ယူ၍ ဆက်လက်စစ်ဆေးခဲ့ရာမှ သြဂုတ်လ ၁၅ ရက် နံနက်က စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ဦးဖားတစ်ဘော (ခ) စံရီအား ဒဏ်ရာများရရှိပြီး သေဆုံးအောင် ပြုလုပ်ခဲ့ သူ ကိုဖိုးပျို(ခ) မောင်ဝင်းအား ဥပဒေအရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သုဓမ္မဝတီ နယ်မြေရဲစခန်းမှ သိရသည်။

သက်ဦး(သထုံ)
Myanmaalinn

ဖိုးသူတော် (www.phothutaw.com)
Credit: Sunthit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top