ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဝိတ္က်ခ်င္ပါသလား။ အသီးစားပါ။ အေရျပားေျခာက္ေသြ႕ေနပါသလား။ အသီးစားပါ။ ေသြးတိုးေနပါသလား။ အသီးစားပါ။ ကြ်န္ေတာ္တို႔ရဲ႕အာဟာရနဲ႔၊ က်န္းမာေရးနဲ႔ ပတ္သက္တဲ႔ကိစၥ ေတာ္ေတာ္မ်ားမ်ားကို အသီးအႏွံစားျခင္းနဲ႔ပဲ ေျဖရွင္းခိုင္းေနတာကို ေတြ႕ျမင္ရပါလိမ္႔မယ္။ ဒါဟာလည္း အသီးအႏွံေတြမွာပါဝင္တဲ႔ အာဟာရတန္ဖိုးနဲ႔ မရွိမျဖစ္လိုအပ္တဲ႔ သတၳဳဓာတ္ေတြ၊ ဗိုက္တာမင္ေတြေၾကာင္႔ပါပဲ။

ဒါေပမယ္႔ အသီးအႏွံေတြကို စားခ်င္တဲ႔အခ်ိန္မွာ စားခ်င္သလို စားရံုနဲ႔ အာဟာရတန္ဖိုးေတြကို အျပည္႔ရၿပီလား။ ဒါမွမဟုတ္ တစ္ေန႔တာရဲ႕အခ်ိန္တစ္ခုခုမွာ မွီဝဲေပးမယ္ဆိုရင္ အာဟာရတန္ဖိုး အျပည္႔ရႏိုင္လား။ ဒါမွမဟုတ္ အသီးအႏွံ လံုးဝမစားသင္႔တဲ႔ အခ်ိန္ေကာရွိေနမလား။
ဘယ္အခ်ိန္ဟာ အသီးအႏွံေတြကို စားသံုးေပးဖို႔ အခ်ိန္ေကာင္းလဲ

ကမၻာတဝွမ္းလံုးက အာဟာရပညာရွင္ေတြဟာ တစ္ေန႔တာအခ်ိန္တေလွ်ာက္မွာ အသီးအႏွံ စားႏိုင္သမွ် မ်ားမ်ားစားေပးဖို႔ အၾကံျပဳေနၾကခ်ိန္မွာ တခ်ိဳ႕ အာဟာရပညာရွင္ေတြနဲ႔ သုေတသီေတြကေတာ႔ အသီးအႏွံေတြရဲ႕ အာနိသင္ကို အျပည္႔ဝဆံုး ရယူႏိုင္မယ္႔ အခ်ိန္ေတြကို ညႊန္းဆိုထားပါတယ္။ အဲဒီထဲမွာ မနက္ခင္းအခ်ိန္ ဗိုက္ထဲမွာ ဘာမွမရွိေသးတဲ႔အခ်ိန္မွာ အသီးအႏွံေတြကို ေသာက္ေရတစ္ခြက္နဲ႔ တြဲဖက္စားသံုးျခင္းကိုေတာ႔ အမ်ားဆံုး အၾကံျပဳထားၾကပါတယ္။

အသီးအႏွံေတြကို မနက္စာအျဖစ္ စားသံုးေပးျခင္းဟာ ေန႔တစ္ေန႔ကို အစျပဳဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းတစ္မ်ိဳးအျဖစ္ လက္ခံထားၾကသလို ပိုးမႊားကူးစက္ျခင္းနဲ႔ က်န္းမာေရးအႏၱရာယ္ေတြ ျဖစ္မလာေအာင္ တားဆီးေပးႏိုင္တဲ႔ နည္းလမ္းတစ္သြယ္အျဖစ္လည္း သတ္မွတ္ထားၾကပါတယ္။

ေန႔လည္စာစားၿပီးခ်ိန္နဲ႔ ညစာမစားခင္အခ်ိန္ေတြၾကားမွာ သစ္သီးဝလံေတြစားေပးတာကိုုလည္း အာဟာရျပည္႔ဝေစဖို႔အတြက္ အေကာင္းဆံုးအေလ႔အထတစ္ခုလို႔ သတ္မွတ္ထားၾကပါတယ္။ ဘာလို႔လဲဆိုေတာ႔ အဲဒီအခ်ိန္က အစာေျခစနစ္ပိုမိုျမန္ဆန္စြာ အလုပ္လုပ္ေဆာင္ႏိုင္ၿပီး အင္ဇိုင္းမ်ိဳးစံုကလည္း စိမ္္႔ထြက္လာၿပီး အသီးအႏွံေတြကို အစာေျခႏိုင္တဲ႔ အခ်ိန္ျဖစ္ေနလို႔ပါပဲ။ တကယ္လို႔ အဲဒီလိုအခ်ိန္မ်ိဳးမွာ အသီးအႏွံစားေပးတာပဲျဖစ္ျဖစ္၊ ဗိုက္ထဲမွာ ဘာအစာမွ ရွိေနခ်ိန္မွာ စားေပးတာပဲျဖစ္ျဖစ္ ခႏၶာကိုယ္ထဲကို အာဟာရဓာတ္ေတြ၊ အမွ်င္ဓာတ္ေတြနဲ႔ သၾကားဓာတ္ေတြ အညီအမွ် ျဖန္႔ေဝေပးႏိုင္ဖို႔ အခြင္႔အေရးပိုမ်ားပါလိမ္႔မယ္။

ဒါေပမယ္႔ ေလ႔လာသူေတြက အသီးအႏွံစားခ်ိန္နဲ႔ ေန႔လည္စာ/ညစာဆို အစားႀကီးစားခ်ိန္ၾကားမွာ မိနစ္ (၃၀) ေလာက္ေတာ႔ ျခားထားသင္႔တယ္လို႔ ဆိုျပန္ပါတယ္။ ဆီးခ်ိဳေရာဂါသည္ေတြအတြက္ဆိုရင္ အစာစားၿပီး (၂) နာရီေက်ာ္နဲ႔ ေနာက္တစ္ခါ အစာမစားခင္ တစ္နာရီအလိုအခ်ိန္ေတြမွာ အသီးစားေပးသင္႔ေၾကာင္း ညႊန္ၾကားထားပါတယ္။ အစာမေၾကျဖစ္ႏိုင္တဲ႔အတြက္ အစာစားၿပီးေနာက္မွ အသီးစားတာကိုေတာ႔ ကြ်မ္းက်င္သူေတြက recommend မေပးပါဘူး။

အသီးစားေပးဖို႔ အေကာင္းဆံုးအခ်ိန္ ေနာက္တစ္ခ်ိန္ကေတာ႔ ေလ႔က်င္႔ခန္းမလုပ္ခင္နဲ႔ ေလ႔က်င္႔ခန္းလုပ္ၿပီး အခ်ိန္ေတြပါပဲ။ ေလ႔က်င္႔ခန္းမလုပ္ခင္ (gym မေဆာ႔ခင္) အသီးအႏွံစားေပးတာက အားသြန္ခြန္စိုက္လုပ္ရမယ္႔ ကိုယ္ကာယေလ႔က်င္႔ခန္းေတြအတြက္ လိုအပ္တဲ႔အားအင္ကို ေပးစြမ္းႏိုင္ပါတယ္။ ေနာက္ၿပီး ေလ႔က်င္႔ခန္းလုပ္လိုက္လို႔ ကုန္ခမ္းသြားတဲ႔ အားအင္ေတြကိုလည္း ျပန္လည္ ျဖည္႔တင္းေပးႏိုင္ပါတယ္။
ဘယ္အခ်ိန္ဟာ အသီးအႏွံေတြကို စားသံုးေပးဖို႔ မေကာင္းတဲ႔အခ်ိန္လဲ

မေကာင္းတဲ႔အခ်ိန္မဟုတ္ရင္ေတာင္ အသီးအႏွံေတြကို စားသံုးေပးဖို႔ မသင္႔ေလ်ာ္တဲ႔အခ်ိန္တစ္ခုရွိပါတယ္။ အဲဒါကေတာ႔ အိပ္ယာဝင္ခါနီးအခ်ိန္ပါပဲ။ နာမည္ေက်ာ္ အာဟာရေဗဒပညာရွင္ Pooja Makhija က "အိပ္ယာဝင္ခါနီးဆိုရင္ အသီးအႏွံတင္ မဟုတ္ပါဘူး။ ဘာကိုမွ မစားသင္႔ပါဘူး။ ဘာလို႔လဲဆိုေတာ႔ သူတို႔က အိပ္စက္ျခင္းကို အေႏွာင္႔အယွက္ေပးႏိုင္ၿပီး ေနာက္တစ္ေန႕မွာ မလန္းမဆန္းနဲ႔ ႏိုးထလာေစႏိုင္လုိ႔ပါပဲ" လို႔ ဆိုပါတယ္။ အိပ္ယာဝင္ခ်ိန္ဆို ခႏၶာကိုယ္ကို အနားေပးရမယ္႔အခ်ိန္မွာ အသီးစားၿပီး ခြန္အားယူလိုက္တဲ႔အတြက္ ခႏၶာကိုယ္က လုပ္ေဆာင္မႈေတြ ေျပာင္းဆန္ၿပီး ေႏွးေကြးကုန္ပါတယ္။

Source: Food.ndtv

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဝိတ်ကျချင်ပါသလား။ အသီးစားပါ။ အရေပြားခြောက်သွေ့နေပါသလား။ အသီးစားပါ။ သွေးတိုးနေပါသလား။ အသီးစားပါ။ ကျွန်တော်တို့ရဲ့အာဟာရနဲ့၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ကိစ္စ တော်တော်များများကို အသီးအနှံစားခြင်းနဲ့ပဲ ဖြေရှင်းခိုင်းနေတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒါဟာလည်း အသီးအနှံတွေမှာပါဝင်တဲ့ အာဟာရတန်ဖိုးနဲ့ မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓာတ်တွေ၊ ဗိုက်တာမင်တွေကြောင့်ပါပဲ။

ဒါပေမယ့် အသီးအနှံတွေကို စားချင်တဲ့အချိန်မှာ စားချင်သလို စားရုံနဲ့ အာဟာရတန်ဖိုးတွေကို အပြည့်ရပြီလား။ ဒါမှမဟုတ် တစ်နေ့တာရဲ့အချိန်တစ်ခုခုမှာ မှီဝဲပေးမယ်ဆိုရင် အာဟာရတန်ဖိုး အပြည့်ရနိုင်လား။ ဒါမှမဟုတ် အသီးအနှံ လုံးဝမစားသင့်တဲ့ အချိန်ကောရှိနေမလား။
ဘယ်အချိန်ဟာ အသီးအနှံတွေကို စားသုံးပေးဖို့ အချိန်ကောင်းလဲ

ကမ္ဘာတဝှမ်းလုံးက အာဟာရပညာရှင်တွေဟာ တစ်နေ့တာအချိန်တလျှောက်မှာ အသီးအနှံ စားနိုင်သမျှ များများစားပေးဖို့ အကြံပြုနေကြချိန်မှာ တချို့ အာဟာရပညာရှင်တွေနဲ့ သုတေသီတွေကတော့ အသီးအနှံတွေရဲ့ အာနိသင်ကို အပြည့်ဝဆုံး ရယူနိုင်မယ့် အချိန်တွေကို ညွှန်းဆိုထားပါတယ်။ အဲဒီထဲမှာ မနက်ခင်းအချိန် ဗိုက်ထဲမှာ ဘာမှမရှိသေးတဲ့အချိန်မှာ အသီးအနှံတွေကို သောက်ရေတစ်ခွက်နဲ့ တွဲဖက်စားသုံးခြင်းကိုတော့ အများဆုံး အကြံပြုထားကြပါတယ်။

အသီးအနှံတွေကို မနက်စာအဖြစ် စားသုံးပေးခြင်းဟာ နေ့တစ်နေ့ကို အစပြုဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်မျိုးအဖြစ် လက်ခံထားကြသလို ပိုးမွှားကူးစက်ခြင်းနဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်မလာအောင် တားဆီးပေးနိုင်တဲ့ နည်းလမ်းတစ်သွယ်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။

နေ့လည်စာစားပြီးချိန်နဲ့ ညစာမစားခင်အချိန်တွေကြားမှာ သစ်သီးဝလံတွေစားပေးတာကိုုလည်း အာဟာရပြည့်ဝစေဖို့အတွက် အကောင်းဆုံးအလေ့အထတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က အစာခြေစနစ်ပိုမိုမြန်ဆန်စွာ အလုပ်လုပ်ဆောင်နိုင်ပြီး အင်ဇိုင်းမျိုးစုံကလည်း စိမ့််ထွက်လာပြီး အသီးအနှံတွေကို အစာခြေနိုင်တဲ့ အချိန်ဖြစ်နေလို့ပါပဲ။ တကယ်လို့ အဲဒီလိုအချိန်မျိုးမှာ အသီးအနှံစားပေးတာပဲဖြစ်ဖြစ်၊ ဗိုက်ထဲမှာ ဘာအစာမှ ရှိနေချိန်မှာ စားပေးတာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ထဲကို အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေနဲ့ သကြားဓာတ်တွေ အညီအမျှ ဖြန့်ဝေပေးနိုင်ဖို့ အခွင့်အရေးပိုများပါလိမ့်မယ်။

ဒါပေမယ့် လေ့လာသူတွေက အသီးအနှံစားချိန်နဲ့ နေ့လည်စာ/ညစာဆို အစားကြီးစားချိန်ကြားမှာ မိနစ် (၃၀) လောက်တော့ ခြားထားသင့်တယ်လို့ ဆိုပြန်ပါတယ်။ ဆီးချိုရောဂါသည်တွေအတွက်ဆိုရင် အစာစားပြီး (၂) နာရီကျော်နဲ့ နောက်တစ်ခါ အစာမစားခင် တစ်နာရီအလိုအချိန်တွေမှာ အသီးစားပေးသင့်ကြောင်း ညွှန်ကြားထားပါတယ်။ အစာမကြေဖြစ်နိုင်တဲ့အတွက် အစာစားပြီးနောက်မှ အသီးစားတာကိုတော့ ကျွမ်းကျင်သူတွေက recommend မပေးပါဘူး။

အသီးစားပေးဖို့ အကောင်းဆုံးအချိန် နောက်တစ်ချိန်ကတော့ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီး အချိန်တွေပါပဲ။ လေ့ကျင့်ခန်းမလုပ်ခင် (gym မဆော့ခင်) အသီးအနှံစားပေးတာက အားသွန်ခွန်စိုက်လုပ်ရမယ့် ကိုယ်ကာယလေ့ကျင့်ခန်းတွေအတွက် လိုအပ်တဲ့အားအင်ကို ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းလုပ်လိုက်လို့ ကုန်ခမ်းသွားတဲ့ အားအင်တွေကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။
ဘယ်အချိန်ဟာ အသီးအနှံတွေကို စားသုံးပေးဖို့ မကောင်းတဲ့အချိန်လဲ

မကောင်းတဲ့အချိန်မဟုတ်ရင်တောင် အသီးအနှံတွေကို စားသုံးပေးဖို့ မသင့်လျော်တဲ့အချိန်တစ်ခုရှိပါတယ်။ အဲဒါကတော့ အိပ်ယာဝင်ခါနီးအချိန်ပါပဲ။ နာမည်ကျော် အာဟာရဗေဒပညာရှင် Pooja Makhija က "အိပ်ယာဝင်ခါနီးဆိုရင် အသီးအနှံတင် မဟုတ်ပါဘူး။ ဘာကိုမှ မစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပြီး နောက်တစ်နေ့မှာ မလန်းမဆန်းနဲ့ နိုးထလာစေနိုင်လို့ပါပဲ" လို့ ဆိုပါတယ်။ အိပ်ယာဝင်ချိန်ဆို ခန္ဓာကိုယ်ကို အနားပေးရမယ့်အချိန်မှာ အသီးစားပြီး ခွန်အားယူလိုက်တဲ့အတွက် ခန္ဓာကိုယ်က လုပ်ဆောင်မှုတွေ ပြောင်းဆန်ပြီး နှေးကွေးကုန်ပါတယ်။

Source: Food.ndtv

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top