ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အသက္ ၁၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္အား အႀကိမ္ႀကိမ္ သားမယားျပဳက်င့္မႈတစ္ခု ၿမိတ္ခ႐ိုင္ ကြၽန္းစုၿမဳိ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ကြၽန္းစုၿမဳိ႕နယ္ ရဲစခန္းမွ သိရသည္။

ယင္းၿမဳိ႕နယ္ အုတ္ဖိုေမာ္ေက်း႐ြာရွိ ေရာ္ဘာၿခံ အလုပ္သမားတစ္ဦးသည္ အသက္ ၉ လရွိ ၎၏သမီးအား ထိန္းေက်ာင္းရန္ တစ္႐ြာတည္းေန အသက္ ၁၃ ႏွစ္ရွိ အမ်ဳိးသမီးငယ္ကို ၿပီးခဲ့သည့္ ဇြန္လအတြင္းမွစၿပီး တစ္လလွ်င္ က်ပ္ ၁၂,၀၀၀ ျဖင့္ ေခၚယူခဲ့ေၾကာင္း၊ ၎၏ ဇနီးျဖစ္သူမွာ စိတ္က်န္းမာေရးမေကာင္း ျဖစ္ေနသည့္အတြက္ ကေလးထိန္း ငွားရမ္းျခင္း ျဖစ္ေၾကာင္း ရဲစခန္းမွ သိရသည္။

ယင္းသို႔ ငွားရမ္းၿပီး တစ္လခန္႔အၾကာ ဇူလိုင္လအတြင္းမွစၿပီး အဆိုပါ အမ်ဳိးသမီးငယ္သည္ ညတိုင္းနီးပါး သားမယားအျဖစ္ ျပဳက်င့္ခံရေၾကာင္း ရဲစခန္း မွတ္တမ္းအရ သိရသည္။

အဆိုပါ ေရာ္ဘာၿခံလုပ္သားက ၾသဂုတ္လ ၁၁ ရက္ေန႔တြင္ အျခားေရာ္ဘာၿခံသို႔ အလုပ္ေျပာင္းသြားခဲ့သျဖင့္ ကေလးထိန္းျဖစ္သူ အမ်ဳိးသမီးငယ္မွာ မိခင္ရွိရာ ေရာ္ဘာၿခံသို႔ ျပန္လာၿပီး သားမယား အျဖစ္ ျပဳက်င့္ခံခဲ့ရသည္ကို ေျပာျပခဲ့သျဖင့္ မိခင္ျဖစ္သူက သိရွိခဲ့ရျခင္း ျဖစ္ေၾကာင္း ရဲစခန္းမွ သိရသည္။

သမီးျဖစ္သူ ေျပာျပခ်က္ကို မိခင္ျဖစ္သူက သိရွိၿပီးေနာက္ ဥပေဒအရ အေရးယူေပးပါရန္ တိုင္ၾကားခဲ့သျဖင့္ ေရာ္ဘာၿခံ လုပ္သားအား ၾသဂုတ္လ ၁၃ ရက္ေန႔က ဖမ္းဆီးၿပီး ကံေမာ္ရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္႐ြက္ထားေၾကာင္း ကြၽန္းစုၿမဳိ႕မ ရဲစခန္းမွ သိရသည္။               

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoicemyanmar

#Unicode Version#
အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် သားမယားပြုကျင့်မှုတစ်ခု မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ရဲစခန်းမှ သိရသည်။

ယင်းမြို့နယ် အုတ်ဖိုမော်ကျေးရွာရှိ ရော်ဘာခြံ အလုပ်သမားတစ်ဦးသည် အသက် ၉ လရှိ ၎င်း၏သမီးအား ထိန်းကျောင်းရန် တစ်ရွာတည်းနေ အသက် ၁၃ နှစ်ရှိ အမျိုးသမီးငယ်ကို ပြီးခဲ့သည့် ဇွန်လအတွင်းမှစပြီး တစ်လလျှင် ကျပ် ၁၂,၀၀၀ ဖြင့် ခေါ်ယူခဲ့ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူမှာ စိတ်ကျန်းမာရေးမကောင်း ဖြစ်နေသည့်အတွက် ကလေးထိန်း ငှားရမ်းခြင်း ဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။

ယင်းသို့ ငှားရမ်းပြီး တစ်လခန့်အကြာ ဇူလိုင်လအတွင်းမှစပြီး အဆိုပါ အမျိုးသမီးငယ်သည် ညတိုင်းနီးပါး သားမယားအဖြစ် ပြုကျင့်ခံရကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။

အဆိုပါ ရော်ဘာခြံလုပ်သားက သြဂုတ်လ ၁၁ ရက်နေ့တွင် အခြားရော်ဘာခြံသို့ အလုပ်ပြောင်းသွားခဲ့သဖြင့် ကလေးထိန်းဖြစ်သူ အမျိုးသမီးငယ်မှာ မိခင်ရှိရာ ရော်ဘာခြံသို့ ပြန်လာပြီး သားမယား အဖြစ် ပြုကျင့်ခံခဲ့ရသည်ကို ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူက သိရှိခဲ့ရခြင်း ဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။

သမီးဖြစ်သူ ပြောပြချက်ကို မိခင်ဖြစ်သူက သိရှိပြီးနောက် ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် ရော်ဘာခြံ လုပ်သားအား သြဂုတ်လ ၁၃ ရက်နေ့က ဖမ်းဆီးပြီး ကံမော်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ကျွန်းစုမြို့မ ရဲစခန်းမှ သိရသည်။              

ဖိုးသူတော် (www.phothutaw.com)
Credit: thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top