Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
✦ January ✦
✦ February ✦
✦ March ✦
✦ April ✦
✦ May ✦
✦ June ✦
✦ July ✦
✦ August ✦
✦ September ✦
✦ October ✦
✦ November ✦
✦ December ✦
Credit:  Frozingking
#Unicode Version#
” မွေးလ ” အလိုက် စိတ်နေသဘောထားများ..။
✦ January ✦
သင်ဟာ လွတ်လပ်မှုကို မြတ်နိုးပြီး ဝေဖန်ပိုင်းခြားတတ်တယ်။ ခေါင်းဆောင်နိုင်စွမ်းရှိပြီး သြဇာ တိက္ကမနဲ့လည်းပြည့်စုံတဲ့အတွက် လူတွေက သင့်ခေါင်းဆောင်မှုနောက်ကိုလိုက်ပါဖို့ ဝန်မလေးကြပါ ဘူး။ ဒါ့အပြင် ခေါင်းမာတယ်။ ကြီးပွားလိုစိတ်ရှိတယ်။ အလေးအနက်ထားတတ်တယ်။ ကြံ့ခိုင်မှုရှိတာ၊ သင်ယူရတာတွေကို ကြိုက်တယ်။ စမတ်ကျပြီး သပ်သပ်ရပ်ရပ် နေတတ်တယ်။ သစ္စာရှိမှုကိုမြတ်နိုး တယ်။ ကလေးချစ်တတ်တယ်။ လူမှုဆက်ဆံရေးကောင်းတယ်။ ငွေကြေးကို သေချာစီမံသုံးစွဲတတ် တယ်။
✦ February ✦
သင်ဟာ မျှဝေခံစားတတ်သူဖြစ်တယ်။ သင့်ဘဝမှာ အချစ်အတွက် အချိန်တော်တော်များ များကို မြုပ်နှံထားပါတယ်။ တခြားသူတွေအတွက် ပျော်ရွှင်စရာတွေကို သယ်ဆောင်လာပေးတတ်ပြီး မိဘကောင်းတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ကျတယ်။ အနုပညာခံစားမှုရှိတယ်။ ဉာဏ် ရည်ထက်မြက်ပြီး အရည်အချင်းရှိတယ်။ အပြောင်းအလဲမြန်တယ်။ ဆွဲဆောင်မှုရှိတယ်။ အတွင်းစိတ် စိတ်ကူးယဉ်ဆန်သလောက် အပြင်မှာ လက်တွေ့ကျသူဖြစ်ပါတယ်။
✦ March ✦
သင်က အခွင့်အရေးကောင်းတွေကို ရှာဖွေတတ်သူဖြစ်ပါတယ်။ ငွေကြေးအရှာအဖွေတော် သလောက် ငွေသုံးလည်းကြမ်းပါတယ်။ ကလေးဆန်တာကတော့ သင့်ကိုလူတွေချစ်ခင်ရခြင်း အကြောင်းရင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်က ဆွဲဆောင်မှုရှိတယ်။ ချစ်ခင်ကြင်နာတတ်တယ်။ အရှက် အကြောက်ကြီးပြီး သီးသန့်နေတတ်တယ်။ သိုသိုသိပ်သိပ်နေတတ်တယ်။ ငြိမ်းချမ်းရေးကို မြတ်နိုး တယ်။ အခြားသူတွေအတွက် ယုံကြည်စိတ်ချထိုက်သူဖြစ်ပါတယ်။
✦ April ✦
သင်က ဆရာလုပ်တတ်ပြီး ဆန့်ကျင်တတ်သူပေမဲ့ တီထွင်ဖန်တီးမှုစွမ်းရည်မြင့်မားတယ်။ ဉာဏ်ရည်ကောင်းတယ်။ လိုချင်တာရဖို့အတွက် ကြိုးစားမှုကို ဘယ်တော့မှမရပ်တန့်တတ်ဘူး။ ဒါ့အပြင် နိုးကြားသွက်လက်ပြီး ဆွဲဆောင်မှုရှိတယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်တယ်။ စိတ်ဓာတ်ကြံ့ခိုင် တယ်။ အာရံုံစိုက်ရတာကို ကြိုက်တယ်။ သင်အကျွမ်းကျင်ဆုံးကတော့ ပေါင်းသင်းဆက်ဆံရေးပဲဖြစ်ပါ တယ်။
✦ May ✦
သင့်မှာ အနုပညာအရည်အသွေးကောင်းတွေ ရှိနေပါတယ်။ သဘာဝတရားကို မြတ်နိုးပြီး တစ်ယောက်တည်းနေချင်တာက သင့်ဘဝရဲ့အဓိပ္ပာယ်ပါပဲ။ သင်က ခေါင်းမာတတ်ပြီး တော်ရုံနဲ့ မချစ်တတ်ပါဘူး။ ဒါ့အပြင် စိတ်ဓာတ်ကြံ့ခိုင်ပြီး တက်ကြွတယ်။ ချွန်ထွက် တွေးခေါ်တတ်တယ်။ တခြားသူတွေကို ဆွဲဆောင်နိုင်ပြီး အာရုံစိုုက်ရတာကို ကြိုက်တယ်။ နက်နက်ရှိုင်းရှိုင်းခံစားတတ်တယ်။ အမြဲ လှုပ်လှုပ်ရှားရှားနေတတ်တယ်။ ကလေးအများကြီးမယူဘူး။ အလုပ်ကြိုးစားတယ်။ ထက်သန် ပြင်းပြတဲ့ဆန္ဒရှိပြီး အချိန်ကို ချွေတာတတ်သူလည်း ဖြစ်ပါတယ်။
✦ June ✦
သင်ဟာ သိပ်ချစ်တတ်ပြီး သင်ချစ်တဲ့သူတွေအပေါ်လည်း သဝန်တိုတတ်သူပါ။ အချစ်နဲ့ပတ် သက်လာရင် စိတ်ကူးယဉ်ဆန်တတ်ပြီး သိပ်ကောင်းတဲ့ချစ်သူဖြစ်ပါတယ်။ အဝေးကိုကြိုတွေးတတ် တယ်။ ကြင်နာတရားကြီးမားတယ်။ ဖော်ရွေတယ်။ စိတ်ထိခိုက်လွယ်တယ်။ တစ်ခါတရံ စိတ်လှုပ်ရှား ထိခိုက်မှုကို ဖော်ပြတတ်တယ်။ နာကျင်တဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူကုစားတတ်ပါတယ်။
✦ July ✦
သင်က သစ္စာရှိတယ်။ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တယ်။ ကြင်နာတတ်တယ်။ ဉာဏ်ရည် ထက်မြက်တယ်။ ဒါပေမဲ့ စိတ်ထိခိုက်လွယ်ပြီး စိတ်ဓာတ်ကျလွယ်တယ်။ ပျော်ရွှင်တတ်တယ်။ သိုသို သိပ်သိပ်နေတတ်တဲ့အတွက် တစ်ခါတရံနားလည်ဖို့ ခက်ခဲတယ်။ ကိုယ်ပိုင်မာနရှိတယ်။ တစ်ယောက် တည်းနေရတာကို ကြိုက်တယ်။ တစ်ဖက်သားကို လွယ်လွယ်နဲ့မခင်တတ်ဘူး။ နာကျင်လွယ်သ လောက် ပြန်လည်ထူမတ်လွယ်သူလည်း ဖြစ်ပါတယ်။
✦ August ✦
သင်က ချစ်တတ်တယ်။ အိမ်ထောင်ရေးကို တန်ဖိုးထားတယ်။ လူတိုင်းအပေါ်အကောင်းမြင်ဖို့ ကြိုးစားတတ်တယ်။ ငွေကြေးအရှာအဖွေ တော်ပြီး ရယ်စရာဟာသတွေကို ကြိုက်တယ်။ ဆွဲဆောင်မှု ရှိတယ်။ ပျူငှာမှုရှိတယ်။ ဂရုစိုက်တတ် တယ်။ ရဲရင့်ပြီး အကြောက်တရားမဲ့တယ်။ ကြံ့ခိုင်ပြီး ခေါင်း ဆောင်မှု အရည်အသွေးရှိတယ်။ ဒါ့အပြင် တခြားသူတွေကို ဘယ်လိုနှစ်သိမ့်ပေးရမယ်ဆိုတာကိုသိ တယ်။ ပေးကမ်းစွန့်ကြဲတတ်တယ်။ အတ္တနည်းနည်းကြီးတယ်။ သူငယ်ချင်းတွေကိုတော့ ခင်တွယ် တတ်ပါတယ်။
✦ September ✦
သင်ဟာ ဘဝတလျှောက်မှာ ပုံစံမျိုးစုံနဲ့ကျင်လည်ရတယ်။ ဉာဏ်ကောင်းပေမဲ့ အခြေအနေ တိုင်းကို အလွန်အမင်းအာရုံစိုက်လွန်းတဲ့အကျင့်က သင့်အတွက် တစ်ခါတရံစိတ်ညစ်စရာပါ။ ဆက် ဆံရေးချေငံပျူငှာပြီး ညှိနှိုင်းဖို့လွယ်ကူတယ်။ ဂရုစိုက်တတ်တယ်။ နိုးကြားတယ်။ စေ့စပ်သေချာပြီး စနစ်ကျတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တယ်။ လူအများနဲ့ စကားပြောတဲ့အခါ သက်တောင့် သက်သာရှိတယ်။ တည်ငြိမ်တယ်။ ကြင်နာတတ်တယ်။ ဇီဇာနည်းနည်း ကြောင်တယ်။ အထူးသဖြင့် အချစ်ရေးမှာ ပိုပြီး ဇီဇာကြောင်တတ်ပါတယ်။
✦ October ✦
သင်ဟာ အမြဲကံကောင်းလေ့ရှိသူပါ။ တစ်ခုခုကို ရည်ရွယ်လိုက်ရင် အောင်မြင်တာများပါတယ်။ အလုပ်ထဲမှာလည်း စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ စကားပြောရတာကို ကြိုက်တယ်။ ချစ်ခင်သူတွေနဲ့ နွေးနွေးထွေးထွေးရှိရတာကို ကြိုက်တယ်။ သမာသမတ်ရှိတယ်။ စိတ် နေသဘောထားပျော့ပျောင်းပေမဲ့ တစ်ခါတရံ ဒေါသထွက်ရင် သူများနဲ့မတူပါဘူး။ ဒါ့အပြင် သင်က ကလေးအရမ်းချစ်တတ်ပါတယ်။
✦ November ✦
သင်က မျှဝေခံစားပေးတတ်တယ်။ အကောင်းမြင်တတ်တယ်။ တခြားသူတွေအတွက် နမူနာ ယူစရာလူဖြစ်ပြီး ဆရာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ စိတ်ကူးတွေအများကြီးရှိပါတယ်။ ရှေ့ ရေးကို ကြိုတွေးတတ်တယ်။ တောက်ပမှုတွေနဲ့ ပြိုင်ဘက်ကင်းတယ်။ စိတ်ကူးကောင်းတယ်။ အသစ် တွေကို စဉ်းစားတတ်တယ်။ အချစ်ရေးမှာ မရေရာမသေချာဘဲ စိတ်ကူးယဉ်မှုကို ဦးစားပေးတတ်ပါ တယ်။ အိမ်ကိုခင်တွယ်တတ်ပြီး အလုပ်ကြိုးစားတယ်။ မြင့်မားတဲ့စွမ်းရည်ရှိပါတယ်။
✦ December ✦
သင်က သက်တောင့်သက်သာနေရတဲ့ဘဝပုံစံကို တန်ဖိုးထားပြီး လက်တွေ့ကျတဲ့တွေးခေါ်ပ ညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သင်က ကံမကောင်းတာများပေမဲ့ အချစ်နဲ့ချမ်းသာခြင်းကို လွယ်ကူ စွာ တွေ့တတ်ပါတယ်။ သစ္စာရှိတယ်။ သဘောထားကြီးတယ်။ မျိုးချစ်စိတ်ရှိတယ်။ စိတ်မရှည်တတ် ဘူး။ ကြီးပွားလိုစိတ်ရှိတယ်။ ဒါ့အပြင် မာနကြီးပြီး ကန့်သတ်ချက်တွေကို မနှစ်သက်တဲ့သူြဖ်စ်ပါတယ်
ဖိုးသူတော်  (www.phothutaw.com)
Credit:  Frozingking
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top