Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×


Image result for kim woo bin



#Unicode Version#
ရုပ်ကလည်းချော အောင်မြင်မှုတွေ လည်းရရှိနေပြီးတော့ မင်းသမီးချောလေး ရှင်မင်အာ ကို လည်း ချစ်သူရည်းစား အဖြစ် ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး ကင်ဝူဘင်မှာ ငယ်ငယ်ရွယ်ရွယ် နဲ့ကင်ဆာ ရောဂါ ဖြစ်နေတာကြောင့် ကင်ဝူဘင်ရဲ့ ဖန်(fan) ယောင်းယောင်းတွေ စိတ်မကောင်းဖြစ်နေကြမှာ သေချာပါတယ်.. အခုပြောပြပေးမှာကတော့ ကင်ဝူဘင် ရဲ့ ကင်ဆာရောဂါ အခြေအနေပါ။

မင်းသားချောလေး ကင်ဝူဘင် ရဲ့ ကင်ဆာရောဂါ အတွက်လိုအပ်တဲ့ကုထုံး ကို အောင်မြင်စွာပြီးဆုံးခဲ့ပြီးတော့ ရောဂါအခြေအနေ ရလဒ် ကို စောင့်ကြည့်နေကြပါတယ် လို့ Sidus HQ အေဂျင်စီမှ တာဝန်ရှိသူ တစ်ယောက် က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပထဆုံးအကြိမ် ကင်ဆာကုထုံး ရဲ့ ရလဒ်ကို သိရပြီးမှ နောက်ထပ် ဘယ်လိုကုသမှုမျိုးတွေ လုပ်မယ်ဆိုတာ ကို ဆုံးဖြတ်ချက် ချမှာပါ ဆိုပြီး ထပ်စောင်းပြောကြားခဲ့ပါတယ်.. ကျွန်တော်တို့ အနေနဲ့ကိုယ်တိုင်သတင်းထုတ်ပြန်ခဲ့ချင်ပင်မယ့်  မီဒီယာတွေ က အရင်သတင်း ထုတ်ပြန်လိုက်တာ မလို့ပါ ဆိုပြီးတော့လည်း ပြောကြားလိုက်ပါသေးတယ်…။

ကင်ဝူဘင်မှာ ကင်ဆာကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ ဆံပင်တွေ ကျွတ်တာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတာ မျိုးတွေ မကြုံတွေ့ရပင်မယ့် ကိုယ်အလေးချိန် (၁၀) ကီလိုဂရမ်တော့ ကျဆင်းသွားခဲ့ပါတယ်.. အခုလက်ရှိမှာတော့ လေ့ကျင့်ခန်း ကို ကောင်းကောင်းလုပ်နိုင်တဲ့အထိ ပြန်ပြီး ကောင်းမွန်လာပါပြီ…

အင်တာဗျူး တစ်ခုမှာလည်း မင်းသား ကန်ဟာနူး က” ကျွန်တော် သူ့ကို ကျွန်တော့် နှလုံးသား ထဲ က ကို တွေးပြီး စိတ်ပူနေမိပါတယ်.. အခုအချိန်မှာ ကျွန်တော်အလိုချင်ဆုံး အရာ ကို ပြောပါဆိုရင် ဝူဘင် ကို မြန်မြန်သက်သာစေချင်တာ တစ်ခုပါပဲ လို့ပြောကြားခဲ့ပါတယ်.. ကင်ဝူဘင်နဲ့ ကန်ဟာနူး တို့နှစ်ယောက် က The Heirs ဇာတ်ကားမှာ အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါတယ်…။

ဖိုးသူတော် (www.phothutaw.com)
Credit: Akari ( For Her Myanmar )
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top