ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေသဆံုသူ သူငယ္တန္းေက်ာင္းသား ေမာင္ေတဇရဲလင္း၏ မိသားစုဓာတ္ပံု။ (ဓာတ္ပံု- Yin Yin Myint facebook)
အလံုၿမိဳ႕နယ္ အမွတ္(၄) အေျခခံပညာအထက္တန္းေက်ာင္းတြင္ ၾသဂုတ္လ ၄ရက္ နံနက္က ေက်ာင္းကားႏွင့္ သူငယ္တန္း ေက်ာင္းသားတစ္ဦး တိုက္မိလုနီးပါး ျဖစ္ခဲ့ကာ လဲက်ေသဆံုးခဲ့ေၾကာင္း အဆိုပါေက်ာင္းသား၏ မိသားစုထံ သြားေရာက္ခဲ့သည့္ အလံုၿမိဳ႕နယ္ တိုင္းေဒသႀကီး
လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚယဥ္ယဥ္ျမင့္ထံမွ သိရသည္။

“ေက်ာင္းအုပ္ဆရာမႀကီး ေျပာပံုအရဆိုရင္ ေက်ာင္းထဲကို ေက်ာင္းကားဝင္လာတယ္။ သူငယ္တန္းေဆာင္ေရွ႕မွာ ရပ္တယ္။ အဲ့ေတာ့ ကေလးက အေဆာင္ထဲ ဝင္ဖုိ႔ ကားေရွ႕က ပတ္သြားတာကို ေက်ာင္းကားေမာင္းတဲ့သူက မျမင္တဲ့အတြက္ တိုက္မိမလို ျဖစ္ၿပီး ကေလးက လဲက်သြားတာ။ ေခါင္းကြဲသြားတယ္လို႔လည္း ေျပာတယ္၊ နားက ေသြးထြက္သြားတယ္လို႔လည္း ေျပာတယ္။ ကားက အရိွန္ျပင္းလို႔မဟုတ္ဘူး။ ကေလးေတြ ဆင္းကုန္ၿပီဆိုၿပီး ျပန္ထြက္ခါစမွာ အဲ့လိုျဖစ္သြားတာပါ”ဟု အလံုၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚယဥ္ယဥ္ျမင့္က မဇၩိမကို ေျပာသည္။

ေက်ာင္းတြင္းျဖစ္ပြားသည့္ ကိစၥျဖစ္သည့္အတြက္ အ.ထ.က(၄)အလံုမွ ေက်ာင္းအုပ္ဆရာမႀကီး၊ အလံုၿမိဳ႕နယ္ ပညာေရးမွဴးတို႔က ေသဆုံးသူေက်ာင္းသား ေမာင္ေတဇရဲလင္း၏ မိသားစုထံ သြားေရာက္ေတြ႔ဆံုခဲ့ၾကသည္။

ေသဆံုးသြားသူေက်ာင္းသားမိသားစု၏ ေျပာျပခ်က္အရ ကေလးက ရက္အတန္ငယ္ ေနမေကာင္းျဖစ္ၿပီးေနာက္ ေက်ာင္းျပန္တက္ျခင္းျဖစ္သည့္အတြက္ အားနည္းေနသည္ဟုဆိုသည္။ ထို႔အျပင္ အသက္အရြယ္ အလြန္ငယ္လြန္းေသာေၾကာင့္ ထိတ္လန္႔၍ လဲက်သြားျခင္း ျဖစ္ေၾကာင္း ေျပာသည္။

ေက်ာင္းကားေမာင္းသူမွာ ေသဆံုးသူေက်ာင္းသား၏ မိသားစုႏွင့္ ရင္းႏွီးသူျဖစ္ၿပီး လက္ရိွတြင္ အဆိုပါေက်ာင္းကားေမာင္းသူကို အလံုၿမိဳ႕နယ္ရဲစခန္းတြင္ လူေသမႈျဖင့္ အမႈဖြင့္ထားသည္ဟု အလံုၿမိဳ႕နယ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚယဥ္ယဥ္ျမင့္ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version#
သေဆုံသူ သူငယ်တန်းကျောင်းသား မောင်တေဇရဲလင်း၏ မိသားစုဓာတ်ပုံ။ (ဓာတ်ပုံ- Yin Yin Myint facebook)

အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ်လ ၄ရက် နံနက်က ကျောင်းကားနှင့် သူငယ်တန်း ကျောင်းသားတစ်ဦး တိုက်မိလုနီးပါး ဖြစ်ခဲ့ကာ လဲကျသေဆုံးခဲ့ကြောင်း အဆိုပါကျောင်းသား၏ မိသားစုထံ သွားရောက်ခဲ့သည့် အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်ထံမှ သိရသည်။

“ကျောင်းအုပ်ဆရာမကြီး ပြောပုံအရဆိုရင် ကျောင်းထဲကို ကျောင်းကားဝင်လာတယ်။ သူငယ်တန်းဆောင်ရှေ့မှာ ရပ်တယ်။ အဲ့တော့ ကလေးက အဆောင်ထဲ ဝင်ဖို့ ကားရှေ့က ပတ်သွားတာကို ကျောင်းကားမောင်းတဲ့သူက မမြင်တဲ့အတွက် တိုက်မိမလို ဖြစ်ပြီး ကလေးက လဲကျသွားတာ။ ခေါင်းကွဲသွားတယ်လို့လည်း ပြောတယ်၊ နားက သွေးထွက်သွားတယ်လို့လည်း ပြောတယ်။ ကားက အရှိန်ပြင်းလို့မဟုတ်ဘူး။ ကလေးတွေ ဆင်းကုန်ပြီဆိုပြီး ပြန်ထွက်ခါစမှာ အဲ့လိုဖြစ်သွားတာပါ”ဟု အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က မဇ္ဈိမကို ပြောသည်။

ကျောင်းတွင်းဖြစ်ပွားသည့် ကိစ္စဖြစ်သည့်အတွက် အ.ထ.က(၄)အလုံမှ ကျောင်းအုပ်ဆရာမကြီး၊ အလုံမြို့နယ် ပညာရေးမှူးတို့က သေဆုံးသူကျောင်းသား မောင်တေဇရဲလင်း၏ မိသားစုထံ သွားရောက်တွေ့ဆုံခဲ့ကြသည်။

သေဆုံးသွားသူကျောင်းသားမိသားစု၏ ပြောပြချက်အရ ကလေးက ရက်အတန်ငယ် နေမကောင်းဖြစ်ပြီးနောက် ကျောင်းပြန်တက်ခြင်းဖြစ်သည့်အတွက် အားနည်းနေသည်ဟုဆိုသည်။ ထို့အပြင် အသက်အရွယ် အလွန်ငယ်လွန်းသောကြောင့် ထိတ်လန့်၍ လဲကျသွားခြင်း ဖြစ်ကြောင်း ပြောသည်။

ကျောင်းကားမောင်းသူမှာ သေဆုံးသူကျောင်းသား၏ မိသားစုနှင့် ရင်းနှီးသူဖြစ်ပြီး လက်ရှိတွင် အဆိုပါကျောင်းကားမောင်းသူကို အလုံမြို့နယ်ရဲစခန်းတွင် လူသေမှုဖြင့် အမှုဖွင့်ထားသည်ဟု အလုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top