ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×
#Unicode Version#
တချိူ့အနမ်းခန်းတွေက မတော်တဆ ထိသွားတဲ့ အခန်းလေးတွေလည်းပါပါတယ်။ အိချောပို လက်ရှိမှာ ကျရာ ဇာတ်ရုပ်ကနေပြီးတော့ ပီပြင်စွာ သရုပ်ဆောင်တက်ပြီးတော့ ပရိသတ်အားပေးမူ အခိုင်အမာ ရရှိထားတဲ့ အိချောပိုက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆတ်တိုက်ရိုက်ကူးနေတာကိုတွေ့ရပါတယ်။ ဒါရိုတ်တာ စတီးရိုက်ကူးတဲ့ ပွဲခံမယ် ရုပ်ရှင်ဇာတ် ကားကြီးမှာ ထွန်းထွန်းနဲ့အတူ သရုပ်ဆောင်ထားပြီးတော့ မကြာခင် ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ် ။
အဲ့ဒီဇာတ်ကားဟာတော့ရုံမတင်ခင်ကတည်းက အွန်လိုင်းမှာ ပရိသတ်အားပေးမူ ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီးတော့ အဲ့ဒီမှာပါဝင်တဲ့ အိချောပို နဲ့ ထွန်းထွန်းတို့ရဲ့ အနမ်းခန်း ဇာတ်ဝင်ခန်း တချိူ့က ပီပြင်လွန်းတာကိုတွေ့ရပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ ပွဲခံမယ်ဇာတ်ကားကြီးမှာ အဓိမင်းသမီးနေရာကနေပါဝင်သရုပ်ဆောင်ထားတဲ့ အိချောပိုက Myanmar Celebrities ( Myanmar Cele Wiki) ကို အခုလို ပြောပြခဲ့ပါတယ် ။
“အဲ့ဒီဇာတ်ဝင်ခန်းက နည်းပါတယ် တစ်ခန်း နှစ်ခန်းပဲ ပါတယ် မတော်တဆ ထိ သွားတဲ့ အခန်းလေးတွေ လည်း ပါတယ်အနုပညာ ရှင်အချင်းချင်းကျတော့ မောင်နှမတွေ လို ဖြစ်နေပြီလေ အဲ့ဒိတော့ အဲ့ဒိအားလုံးအဆင်ပြေပြေ ရိုက်ကူး ဖြစ်ကြတယ် အဲ့ဒါ ကြီးကိုပဲ အရမ်းကြီး Focus မလုပ်စေချင် ဘူး ဇာတ်လမ်းလေး က တကယ်လည်း ကောင်းတယ် အချစ် ၊ အကြမ်း ၊ဒရာမာ ရသ စုံပါတယ်” လို့ပြောပါတယ်။
ရုံမတင်ခင်ကတည်းက အွန်လိုင်းမှာ ပေါက်နေတာကိုလည်း” ဝမ်းသာပါတယ် အားလုံးကြိုးစားထားကြတယ် အိချောဆိုရင်လည်း ဝတ်ထားတဲ့ အဝတ်အစားနဲ့ မလိုက်ပဲ ပြောဆိုသရုပ်ဆောင်ရတဲ့ အခန်းလေးတွေ ရှိတယ် ဒီဇာတ်ကားထဲမှာက ကိုယ့်ရည်းစား ကို အရမ်းချစ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့ အိချော ကိုယ်တိုင်လည်းအားရတဲ့ ဇာတ်ကားလေးပါ” လို့ပြောပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  Myanmar Celebrities
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top