Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
မေမေ မသွားပါနဲ့..
သူ့အသက်ငါးနှစ်….
သူ့အသက်ဆယ်နှစ် ….
“မေမေ……”
“ဖြေနိုင်လား သား?”
သူ့အသက် ဆယ့်ငါးနှစ်….
“သား……. ပြန်လာခဲ့……!!”
သူ့အသက် ၂ဝနှစ်…..
သူ့အသက် ၃ဝနှစ်…..
သူ့အသက် ၄ဝ…..
သူ့အသက် ၄၁နှစ်…..
#Unicode Version#
အချိန်ရအောင်လုပ်ပြီး အမေနဲ့ ခရီးထွက်ပါ
အသက်အရွယ်ရလာမှ အမေနဲ့အတူတူ ဘယ်နှစ်ကြိမ်ခရီးထွက်ပြီးသွားပြီလဲ။ အလုပ်တွေမအားရင်း၊ သူငယ်ချင်းတွေ ချစ်သူတွေအတွက် အချိန်ပေးရင်း အမေနဲ့အတူ အဖေနဲ့အတူ ခရီးမထွက်တာ ဆယ်စုနှစ်တစ်ခုစာလောက်ရှိနေပြီလား။
ပုံမှာပါဝင်တဲ့ အသက်(၈၅)နှစ်အရွယ် အဘွားကတော့ အသက်ကြီးမှ ကမ္ဘာ့အထင်ကရ နေရာတွေကိုခရီးသွားနေတာမဟုတ်ပါဘူး။ သူမ၏ သားဖြစ်သူ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Chub က အမေရဲ့ပုံများကို ကမ္ဘာပေါ်ရှိ အလည်အပတ်သွားသင့်တဲ့ အထင်ကရနေရာများနှင့် Photoshop ပြုလုပ်ထားတာဖြစ်ပါတယ်။
အဓိကပေးချင်တဲ့ massage ကတော့ ကိုယ့်ရဲ့အမေ မိဘနှင့်အတူ အချိန်ရအောင်ယူပြီး ခရီးထွက်စေချင်တာဖြစ်ပါတယ်။ Chub ဟာ အမေဖြစ်သူကို ခရီးထွက်ဖို့ခေါ်သွားမယ့်အချိန်မှာတော့ အမေဖြစ်သူဟာ လမ်းကောင်းကောင်းမလျှောက်နိုင်သလို မျက်စိနဲ့နားများလည်း မကောင်းတော့တာကြောင့် သူနဲ့အတူခရီးမသွားနိုင်တော့တာဖြစ်ပါတယ်။ ဒါကြောင့် အချိန်ရအောင်ယူပြီး သင့်မိဘတွေ သွားနိုင်လာနိုင်တုန်းမှာ ဘယ်လိုခရီးလေးပဲဖြစ်ဖြစ်ထွက်သင့်ပါတယ်။ ပျော်စရာကောင်းတဲ့အချိန်တွေ ဖန်တီးသင့်ပါတယ်။ နောက်ကျမှ နောင်တရတဲ့သူများမဖြစ်ဖို့ သတိထားဆင်ခြင်စေချင်ပါတယ်။
Photo: cgtn သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)
မေမေ မသွားပါနဲ့..
သူ့အသက်ငါးနှစ်….
“မေမေ.. မေမေ့စကားကို သားနားထောင်ပါမယ်။ မေမေ မသွားပါနဲ့..”
မူကြိုကျောင်းရဲ့ ကျောင်းပေါက်ဝမှာ မေမေ့ခြေထောက်ကိုဖက်ပြီး သူငိုယိုတောင်းပန်တယ်။ မေမေကထိုင်ချပြီး သူ့ပါးနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ ကိုင်လိုက်တယ်။
“ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူး သား… အထဲမှာ သားနဲ့အတူ ဆော့ကစားမယ့် ကိုကိုမမတွေ အများကြီးရှိတယ်။ ပြီးတော့ ဆရာမကလည်း သားကို သီချင်းတွေ အများကြီးသင်ပေးဦးမှာ။ သား သေချာလိုက်ဆိုပြီး မေမေ့ကိုပြန်ဆိုပြနော်။ မေမေရုံးဆင်းတာနဲ့ သားကို လာကြိုမယ်” မေမေ့ပြောစကားကို သူမျက်ရည်သုတ်ပြီး ခေါင်းညိတ်ပြတယ်။
သူ့အသက်ဆယ်နှစ် ….
“မေမေ……”
ကျောင်းပေါက်ဝမှာ မေမေကိုတွေ့တာနဲ့ သူပြေးဖက်တယ်။ မေမေ့ရင်ခွင်ထဲ ဝမ်းသာအားရ သူခေါင်းလေးတိုးဝှေ့တယ်။
“ဖြေနိုင်လား သား?”
အမှတ်ပြည့်ရတဲ့ အဖြေစာရွက်ကို မေမေဆီ သူထိုးပေးတယ်။
“မေမေ့သားက တော်လိုက်တာ… လာ.. မေမေတို့ တစ်ခုခုသွားစားရအောင် သားကို ဂုဏ်ပြုရမယ်”
သူ့အသက် ဆယ့်ငါးနှစ်….
“သား မသွားချင်ဘူး.. သား ကျူရှင်မတက်ချင်ဘူး…ကျူရှင်တက်လည်း အပိုပဲ”
မေမေက စိတ်ဆိုးမာန်ဆိုးနဲ့ အဖြေလွှာစာရွက်ကို ထိုးပြပြီး “သား အမှတ်စာရင်းကို သားကြည့်ပါဦး။ ဘာဖြစ်လို့ မေမေ့စကားကို သားနားမထောင်ရတာလဲ? ဒီလိုပုံစံနဲ့ဆက်သွားရင် တက္ကသိုလ်တက်ရမှာမဟုတ်ဘူး။ သားကို ပညာတတ်စေချင်လို့ မေမေ ပိုက်ဆံအကုန်ခံပြီး ကျောင်းထားတာ၊ တစ်နေကုန် ဂိမ်းကစားဖို့ မဟုတ်ဘူး သား…” သူ တံခါးဆောင့်ပိတ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။ သူ့နောက်ကျောမှာ မေမေ့အသံကပ်ပါလာတယ်။
“သား……. ပြန်လာခဲ့……!!”
သူ့အသက် ၂ဝနှစ်…..
“သား အိမ်မပြန်တော့ဘူး မေမေ.. ဒီည သားသူငယ်ချင်းတွေနဲ့ ပါတီလုပ်မယ်။
အော်.. မေမေကို ပြောရဦးမယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ သားဖြည့်လိုက်ပြီနော်.. ” ရီဝေဝေအသံနဲ့ မေမေဆီ သူ့ဖုန်းဆက်တယ်။
“အိမ်ပြန်လာပြီး ဖြည့်ပါလား သား… မေမေ့ကို တိုင်ပင်ပြီးမှ ဖြည့်ပါလား!
မေမေ့ကိုလည်း ဘာမှမတိုင်ပင်ပဲနဲ့ သား ဘာလို့ မေမေ့စကား နားမထောင်ရတာလဲ? သား …ဘာလိုင်းဦးစားပေးလျှောက်ထားသလဲ?”
“ဟာ… မေမေကလည်း စိတ်ရှုပ်လိုက်တာ.. သားကိစ္စ သားသိပါတယ်.. မေမေ ဝင်မပါပါနဲ့..”
မေမေဘက်က ဘာမှမပြောခင် သူဖုန်းအရင်ချပစ်လိုက်တယ်။ ပြီးတော့ ခွက်ကိုကိုင်မြောက်ပြီး အပေါင်းအသင်းဘက်လှည့်လိုက်တယ်။
“သူငယ်ချင်းတို့ရေ.. လာကွာ.. ချီးယားစ်…”
သူ့အသက် ၃ဝနှစ်…..
“အရက်သောက်ဖို့ စိတ်ရှိသေးတာလား?”
သူ့လက်ထဲက ဖန်ခွက်ကို မေမေလုယူပြီး ပြောလိုက်တယ်။
“ဒီမိန်းကလေး မဆိုးပါဘူး.. မေမေ ဘယ်တော့မှ မြေးချီရမလဲ သားရယ်..”
“သူ့ကို သားမကြိုက်ဘူးမေမေ… ဟို ကောင်မလေးနဲ့ စပ်ပေး ဒီကောင်မလေးနဲ့ စပ်ပေး မလုပ်နဲ့တော့မေမေ။ သားကို နေရာလပ်လေးတစ်ခုပေးပါ…”
“မေမေ့စကားကို တစ်ခေါက်လောက် နားထောင်ပေးပါလား သား? မေမေ ပြောမယ်….”
“ဟာ……. သား နားမထောင်ဘူး… ငယ်ငယ်လေးကတည်းက အခုချိန်ထိ မေမေ့စကားကို သားနားထောင်နေခဲ့တာ.. မေမေ ပြောတာတွေ ဘယ်လောက်မှန်လို့လဲ? ဘယ်လောက်မှန်လဲ?”
သူ့အသက် ၄ဝ…..
“ပိုက်ဆံက ဘယ်လောက်မှ မများပါဘူး။ လိုအပ်တာဝယ်ဖို့ မေမေအတွက် သားပိုက်ဆံထည့်ပေးလိုက်တယ်။ ပိုက်ဆံလိုတဲ့အခါ ဖုန်းထပ်ဆက်လိုက်ပေါ့…”
“မေမေ ဘာမှမလိုဘူးသား… နှစ်ကုန်တဲ့အခါ မြေးတွေခေါ်ပြီး အိမ်ပြန်ခဲ့ပါဦး.. သားတို့ကို မေမေလွမ်းလို့ပါ.. ပြီးတော့ သားကို မေမေပြောပြစရာတစ်ခုရှိတယ်…”
“နှစ်ကုန်ရင် ကုမ္ပဏီကလုပ်ငန်းတိုးချဲ့မယ်တဲ့။ သား တော်တော်နဲ့ ပြန်လာဖြစ်မှာ မဟုတ်ဘူး မေမေ… နောက်ကြုံမှ ပြောကြတာပေါ့…” ဖုန်းကို သူအရင်ချပစ်လိုက်တယ်။
သူ့အသက် ၄၁နှစ်…..
စီးကရက်တစ်လိတ်ကို ဖွာရင်း စာတိုက်ကပို့လာခဲ့တဲ့ စာတစ်စောင်ကို သူကြည့်နေမိတယ်။ စာအိတ်ပေါ်မှာ ပေးပို့သူလိပ်စာ မပါဘူး။ စာအိတ်ကို ဖောက်ကြည့်တော့ စာအိတ်ထဲမှာ….
သားအဖြစ် မွေးစားစာချုပ်တစ်စောင်၊ သေဆုံးကြောင်း ဆေးလက်မှတ်တစ်စောင်…. ဆေးလိတ်မီးခိုးငွေ့ကြားမှာ သူ့အမြင်တွေ မှုန်ဝါးသွားခဲ့တယ်။
အုတ်ဂူတစ်ခုရှေ့မှာ သူဒူးထောက်နေမိတာ ဘယ်လောက်ကြာခဲ့မှန်း မသိတော့ဘူး။ သူ့နှလုံးသားတွေ ကွဲအက်မွကြေလို့… ဆို့နင့်တဲ့အသံနဲ့ မေမေကြားနိုင်ဖို့ နောက်ဆုံးစကားတစ်ခွန်း သူပြောလိုက်တယ်။ တမလွန်က မေမေ သူ့အသံကို ကြားနိုင်ပါစေ…
“မေမေ… မေမေ့စကားကို သားနားထောင်ပါတော့မယ်.. မေမေ ထွက်မသွားပါနဲ့…”
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်းနိုင်းစနေ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top