ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဒုတိယကမာၻစစ္အတြင္း ဂ်ဴးလူမ်ဳိးမ်ား အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံရမႈျဖစ္ရပ္မွ အသက္႐ွင္က်န္ လြတ္ေျမာက္ခဲ့သူနဲ႕ ယမန္ႏွစ္အတြင္း ကမာၻ႕အသက္အႀကီးဆုံး အမ်ဳိးသားအျဖစ္ ဂင္းနစ္စံခ်ိန္တင္ထားခဲ့တဲ့ အဘုိးအုိ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

အသက္ ၁၁၃ ႏွစ္အ႐ြယ္ ဂင္းနစ္စံခ်ိန္တင္ ကမာၻ႕အသက္အႀကီးဆုံး အဘုိးအုိ ယီစ္ေရးခရစၥတဲလ္ဟာ ေသာၾကာေန႕ (ၾသဂုတ္ ၁၁ ရက္) က ကြယ္လြန္ခဲ့ေၾကာင္း အစၥေရးသတင္းေတြက ေဖာ္ျပပါတယ္။

ခရစၥတဲလ္ဟာ ၎ရဲ႕အသက္ ၁၁၄ ႏွစ္ျပည့္ရန္ တစ္လအလိုမွာ ကြယ္လြန္ခဲ့ျခင္းျဖစ္တယ္လုိ႕ Haaretz သတင္းစာ အြန္လုိင္းသတင္းမွာ ေရးသားထားပါတယ္။ ကြယ္လြန္သူ ကမာၻ႕အသက္အႀကီးဆုံး အဘိုးအုိဟာ ကေလးႏွစ္ဦး႐ွိၿပီး ေျမးျမစ္ ၄၁ ဦး႐ွိတယ္လို႕ ဆုိပါတယ္။

အဘုိးအုိ ခရစၥတဲလ္ဟာ မူလက ဇာေနာင္း (ယခု ပုိလန္ႏုိင္ငံ) မွျဖစ္ၿပီး ၁၉၀၃ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္မွာ ေမြးဖြားခဲ့သူ ျဖစ္ပါတယ္။ ဂင္းနစ္ကမာၻ႕စံခ်ိန္ အဖြဲ႕အစည္း (Guinnes World Records) က ခရစၥတဲလ္ကုိ ကမာၻ႕အသက္အႀကီးဆုံး အမ်ဳိးသားအျဖစ္ ၂၀၁၆ ခုႏွစ္ မတ္လမွာ သတ္မွတ္ခဲ့ပါတယ္။

ခရစၥတဲလ္ဟာ ဒုတိယကမာၻစစ္အတြင္းက နာမည္ဆုိးျဖင့္ ေက်ာ္ၾကားခဲ့တဲ့ နာဇီတုိ႕ရဲ႕ ေသမင္းတမန္ ေအာ့ဇ္ဝစ္အက်ဥ္းစခန္းကုိ ပို႕ေဆာင္ခံခဲ့ရေပမဲ့ အသတ္မခံရဘဲ လြတ္ေျမာက္ခဲ့သူ ျဖစ္ပါတယ္။ ခရစၥတဲလ္ရဲ႕ ဇနီးနဲ႕ကေလးႏွစ္ဦးတုိ႕ ဒုတိယကမာၻစစ္အတြင္း ေသဆုံးခဲ့ၾကေပမဲ့ ခရစၥတဲလ္က အသက္႐ွင္က်န္ခဲ့ပါတယ္။

ဒုတိယကမာၻစစ္ၿပီးေနာက္မွာ ခရစၥတဲလ္ဟာ အစၥေရးကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး မုန္႕အခ်ဳိ႕အေရာင္းဆုိင္ ဖြင့္လွစ္လုပ္ကုိင္ခဲ့ပါတယ္။ ၁၉၄၀ ခုႏွစ္နဲ႕ ၁၉၄၅ ခုႏွစ္ၾကားမွာ ဂ်ဴးလူမ်ဳိးအမ်ားစု အပါအဝင္ လူဦးေရ ၁.၁ သန္းခန္႕ဟာ ေအာ့ဇ္ဝစ္အက်ဥ္းစခန္းမွာ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

အသက္႐ွည္ျခင္းနဲ႕ ပတ္သက္ၿပီး ခရစၥတဲလ္က "ဘာေၾကာင့္ အသက္႐ွည္႐ွည္ေနႏုိင္တယ္ဆုိတာ မသိပါဘူး၊ အရာအားလုံးကုိ ဘရားသခင္က ဖန္တီးသတ္မွတ္ထားတယ္လုိ႕ ယုံၾကည္ပါတယ္၊ ဘုရားသခင္က ဘာေၾကာင့္ ဖန္တီးသတ္မွတ္မႈေတြ လုပ္ထားတယ္ဆုိတာ ကၽြန္ေတာ္တုိ႕ ဘယ္ေတာ့မွ မသိႏုိင္ပါဘူး" လုိ႕ ေျပာခဲ့ပါတယ္။
Source & Photo: AFP
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်ရပ်မှ အသက်ရှင်ကျန် လွတ်မြောက်ခဲ့သူနဲ့ ယမန်နှစ်အတွင်း ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်ထားခဲ့တဲ့ အဘိုးအို ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

အသက် ၁၁၃ နှစ်အရွယ် ဂင်းနစ်စံချိန်တင် ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို ယီစ်ရေးခရစ္စတဲလ်ဟာ သောကြာနေ့ (သြဂုတ် ၁၁ ရက်) က ကွယ်လွန်ခဲ့ကြောင်း အစ္စရေးသတင်းတွေက ဖော်ပြပါတယ်။

ခရစ္စတဲလ်ဟာ ၎င်းရဲ့အသက် ၁၁၄ နှစ်ပြည့်ရန် တစ်လအလိုမှာ ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ Haaretz သတင်းစာ အွန်လိုင်းသတင်းမှာ ရေးသားထားပါတယ်။ ကွယ်လွန်သူ ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအိုဟာ ကလေးနှစ်ဦးရှိပြီး မြေးမြစ် ၄၁ ဦးရှိတယ်လို့ ဆိုပါတယ်။

အဘိုးအို ခရစ္စတဲလ်ဟာ မူလက ဇာနောင်း (ယခု ပိုလန်နိုင်ငံ) မှဖြစ်ပြီး ၁၉၀၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန် အဖွဲ့အစည်း (Guinnes World Records) က ခရစ္စတဲလ်ကို ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ၂၀၁၆ ခုနှစ် မတ်လမှာ သတ်မှတ်ခဲ့ပါတယ်။

ခရစ္စတဲလ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့တဲ့ နာဇီတို့ရဲ့ သေမင်းတမန် အော့ဇ်ဝစ်အကျဉ်းစခန်းကို ပို့ဆောင်ခံခဲ့ရပေမဲ့ အသတ်မခံရဘဲ လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။ ခရစ္စတဲလ်ရဲ့ ဇနီးနဲ့ကလေးနှစ်ဦးတို့ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့ကြပေမဲ့ ခရစ္စတဲလ်က အသက်ရှင်ကျန်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက်မှာ ခရစ္စတဲလ်ဟာ အစ္စရေးကို ပြောင်းရွှေ့လာခဲ့ပြီး မုန့်အချို့အရောင်းဆိုင် ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၄၀ ခုနှစ်နဲ့ ၁၉၄၅ ခုနှစ်ကြားမှာ ဂျူးလူမျိုးအများစု အပါအဝင် လူဦးရေ ၁.၁ သန်းခန့်ဟာ အော့ဇ်ဝစ်အကျဉ်းစခန်းမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

အသက်ရှည်ခြင်းနဲ့ ပတ်သက်ပြီး ခရစ္စတဲလ်က "ဘာကြောင့် အသက်ရှည်ရှည်နေနိုင်တယ်ဆိုတာ မသိပါဘူး၊ အရာအားလုံးကို ဘရားသခင်က ဖန်တီးသတ်မှတ်ထားတယ်လို့ ယုံကြည်ပါတယ်၊ ဘုရားသခင်က ဘာကြောင့် ဖန်တီးသတ်မှတ်မှုတွေ လုပ်ထားတယ်ဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ မသိနိုင်ပါဘူး" လို့ ပြောခဲ့ပါတယ်။
Source & Photo: AFP

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top