လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×







Credit: PannPwint

#Unicode Version#
လောလောဆယ် သရုပ်ဆောင်တာတွေ ရပ်ထားပေမယ့် အောင်မြင်မှု နေရာတစ်နေရာ ရထားတဲ့ သရုပ်ဆောင်မိုးယုစံက မကြာခင် ရင်သွေးလေးကို မြင်တွေ့ရတော့မယ်လို့ ပြောဆိုတားပါတယ်။

မိုးယုစံက မောင်စွမ်းသူနှင့် လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာ အိမ်ထောင်ရေး လောကကို ရောက်ရှိနေသည်။ လက်ထပ်ပြီးမကြာင်ခင်မှာပဲ ကိုယ်ဝန်ရှိနေကြောင်း ပရိတ်သတ်ကို အသိပေးခဲ့သည်။

ခုတော့ ကိုယ်ဝန် ၃၈ ပတ်ကျော်ပြီဖြစ်ကာ ယနေ့သြဂုတ်လ ၂၁ ရက်နေ့မှာတော့ ‘‘ဒီနေ့က ဆရာမနဲ့ baby လေးကို နောက်ဆုံးပြခြင်းပါ မကြာမီbaby လေးကို တွေ့ရတော့မယ်” ဟု သူမ၏ ဖေ့စ်ဘွက်စာမျက်နှာတွင် ရေးသားထားသည်။

အိမ်ထောင်ရေးတွင် ယောက်ျားဖြစ်သူနှင့် နားလည်မှုများ အပြန်အလှန်ပေးကာ ဖြတ်သန်းနေကြသည်။ မင်းသမီး မိုးယုစံကလည်း လိုက်လျောပေးသည်များကို တွေ့ရသည်။ ခုတော့ မိခင်ဘဝကို ရင်ခုန်နေတဲ့ မိုးယုစံက သူမရဲ့ လူမှုကွန်ယက်မှာ ကလေးငယ်နှင့်ပက်သက်သည့် ဗဟုသုတများ မျှဝေလေ့ရှိသည်။

ကိုယ်ဝန်ဆောင်ကာလ ကြော်ငြာများလည်း ရိုက်ကူးနေရသည်ကို တွေ့ရသည်။ သူမရဲ့ရင်သွေးလေးဟာ သားယောက်ျားဖြစ်မည်ဟု ကြိုတင် စစ်ဆေးသိရှိထားပြီးဖြစ်သည်။

သားလေးအတွက် ပေးထားကြတဲ့ လက်ဆောင်ပစ္စည်း၊ အဝတ်အထည်များကလည်း အိမ်တွင် စုမိနေပြီဖြစ်သည်။ရန်ခုန်စရာကောင်းတဲ့ မိုးယုစံရဲ့ ရင်သွေးလေးကိုတော့ မကြာခင် ပရိတ်သတ်တွေ တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top