ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဓာတ္လိုက္လို႔ထိခုိက္ဒဏ္ရာရခဲ့လွ်င္ ေဆး႐ံု၊ ေဆးခန္းသို႔ အျမန္ဆံုးသြားရပါမယ္။

၁။ လွ်ပ္စီးေၾကာင္းရွိတဲ့ေနရာမွေ၀းေသာေနရာသို႔ လူနာကိုေရြ႕ပါ။circuit breaker, fuse box(သို႔)Outside Switch တို႔မွတဆင့္ လွ်ပ္စစ္စီးဆင္းမႈျဖတ္ေတာက္ပါ။မီးမပိတ္ႏုိင္လွ်င္ လွ်ပ္စစ္မစီးကူးႏုိင္တဲ့ သစ္သားျပား၊ ပလပ္စတစ္ တံျမက္စည္း႐ိုး၊ သစ္သားထိုင္ခံု၊ ရာဘာေျခသုတ္ခံုတို႔ကိုအသံုးျပဳ၍ဓာတ္လိုက္ေနသူကို လွ်ပ္စစ္စီးေၾကာင္းမွ ဖယ္ထုတ္ပါ။

အကူအညီေပးလာသူရဲ႕ ေျခေထာက္ (သို႔) ခႏၶာကိုယ္ေအာက္ပိုင္းက တစစ္စစ္ခံစားေနရလွ်င္ ဓာတ္လိုက္ေနသူကိုမကူညီေသးဘဲ လွ်ပ္စီးေၾကာင္းစီးနင္းမႈမရွိတဲ့ေနရာကိုေရြးၿပီးေနပါ။

၂။ လိုအပ္လွ်င္ CPR ျပဳလုပ္ပါ။အသက္မ႐ွဴေတာ့ရင္ (သို႔) ႏွလံုးခုန္ရပ္သြားလွ်င္ လူႀကီးအတြက္ CPR နဲ႔ ကေလးအတြက္ CPR ႏွစ္မ်ဳိး ထဲကအသက္အရြယ္အပိုင္းအျခားအလိုက္ ကိုက္ညီတဲ့ CPR နည္းစနစ္နဲ႔ အသက္ကယ္ပါ။
Related image
ဓာတ္လိုက္ခံရသူကလူႀကီးဆိုလွ်င္ မိမိ၏လက္၀ါးႏွစ္ဖက္ကိုထပ္ၿပီးရင္အံုႏွစ္ဖက္၏ အလယ္၊ ရင္ညြန္႔႐ိုး အေပၚမွာတင္ပါ။ကေလးငယ္ဆိုလွ်င္ ရင္ညႊန္႔႐ိုးေပၚကိုလက္ႏွစ္ေခ်ာင္းတင္ၿပီးဖိေပးရပါမယ္။

မိမိ၏လက္ႏွစ္ဘက္ကို ဆန္႔တန္းထားၿပီးကိုယ္အေလးခ်ိန္ကို မိမိလက္ႏွစ္ဖက္အေပၚသို႔ ေျပာင္းေရႊ႕ကာ လက္၀ါးျဖင့္ ရင္ဘတ္ကို ၂ လက္မေလာက္ထိနိမ့္သြားေအာင္ ဖိေပးရပါမယ္။ နံ႐ိုးေပၚကို မဖိမိေအာင္ ဂ႐ုစိုက္ ရပါမယ္။ ႏုိ႔စို႔အရြယ္ကေလးေတြကိုေတာ့ ၁ လက္မေလာက္သာနိမ့္သြားေအာင္ ဖိေပးရပါမယ္။

ႏွစ္လက္မခန္႔က်သြားေအာင္ဖိၿပီးပါကလက္ကိုလံုး၀ႂကြလိုက္ရပါမယ္။ တစ္မိနစ္လွ်င္ အႀကိမ္ ၁၀၀ ႏႈန္းနဲ႔ ရင္ဘတ္ကိုအႀကိမ္ ၃၀ ဖိေပးရပါမယ္။ တစ္ႀကိမ္နဲ႔တစ္ႀကိမ္ၾကား ရင္ဘတ္မို႔လာတဲ့အခ်ိန္ကို ခဏေစာင့္ေပးရပါမယ္။

အသက္႐ွဴၿပီလားဆိုတာကိုလည္းအၿမဲသတိထားၾကည့္ရပါမယ္။အသက္မ႐ွဴလာမခ်င္း CPR ျပဳလုပ္ေပးပါ။
CPR ျပဳလုပ္တာနဲ႔ပတ္သက္ၿပီး ကၽြမ္းက်င္သူဆိုရင္ေတာ့လူနာ၏ေခါင္းကို ေမာ့ေပးျခင္း၊ ေမးေစ့ကို အေပၚသို႔ ပင့္ေပးျခင္းျဖင့္ အသက္႐ွဴလမ္းေၾကာင္းကို ပြင့္ေအာင္လုပ္ေပးရပါမယ္။

ႏွာေခါင္းကို လက္နဲ႔ ညႇစ္ထားၿပီး လူနာနဲ႔ ပါးစပ္ခ်င္းေတ့ကာ ေလႏွစ္ခါမႈတ္သြင္းေပးၿပီး ရင္ဘတ္ကိုအႀကိမ္ ၃၀ ဖိေပးရပါမယ္။ ထိုသို႔ ရင္ဘတ္ကို အႀကိမ္ ၃၀ ဖိေပးျခင္း၊ ေလႏွစ္ခါမႈတ္ေပးျခင္းတို႔ကိုအသက္မ႐ွဴ မခ်င္းျပဳလုပ္ေပးရပါမယ္။

၃။ အျခားထိခိုက္တဲ့ဒဏ္ရာေတြကိုကုသပါ။ဓာတ္လိုက္ျခင္းခံလိုက္ရတဲ့အတြက္ ပူးတြဲဒဏ္ရာအနာတရေတြပါရရွိႏုိင္ပါေသးတယ္။ (ဥပမာ – လဲက်သြားတဲ့အတြက္ အ႐ိုးက်ဳိးျခင္း၊ ေသြးထြက္သံယိုျဖစ္ျခင္း၊ မီးေလာင္ျခင္း)

ဒါေၾကာင့္ ဓာတ္လိုက္ခံရၿပီး ျပန္ေကာင္းသြားရင္ေတာင္လိုအပ္သည္မ်ားကို စမ္းသပ္စစ္ေဆးၿပီး ကုသမႈ ခံယူရန္ေဆး႐ံု၊ ေဆးခန္းသို႔သြားေရာက္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DrMyanmar

#Unicode Version#
ဓာတ်လိုက်လို့ထိခိုက်ဒဏ်ရာရခဲ့လျှင် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရပါမယ်။

၁။ လျှပ်စီးကြောင်းရှိတဲ့နေရာမှဝေးသောနေရာသို့ လူနာကိုရွေ့ပါ။circuit breaker, fuse box(သို့)Outside Switch တို့မှတဆင့် လျှပ်စစ်စီးဆင်းမှုဖြတ်တောက်ပါ။မီးမပိတ်နိုင်လျှင် လျှပ်စစ်မစီးကူးနိုင်တဲ့ သစ်သားပြား၊ ပလပ်စတစ် တံမြက်စည်းရိုး၊ သစ်သားထိုင်ခုံ၊ ရာဘာခြေသုတ်ခုံတို့ကိုအသုံးပြု၍ဓာတ်လိုက်နေသူကို လျှပ်စစ်စီးကြောင်းမှ ဖယ်ထုတ်ပါ။

အကူအညီပေးလာသူရဲ့ ခြေထောက် (သို့) ခန္ဓာကိုယ်အောက်ပိုင်းက တစစ်စစ်ခံစားနေရလျှင် ဓာတ်လိုက်နေသူကိုမကူညီသေးဘဲ လျှပ်စီးကြောင်းစီးနင်းမှုမရှိတဲ့နေရာကိုရွေးပြီးနေပါ။

၂။ လိုအပ်လျှင် CPR ပြုလုပ်ပါ။အသက်မရှူတော့ရင် (သို့) နှလုံးခုန်ရပ်သွားလျှင် လူကြီးအတွက် CPR နဲ့ ကလေးအတွက် CPR နှစ်မျိုး ထဲကအသက်အရွယ်အပိုင်းအခြားအလိုက် ကိုက်ညီတဲ့ CPR နည်းစနစ်နဲ့ အသက်ကယ်ပါ။

ဓာတ်လိုက်ခံရသူကလူကြီးဆိုလျှင် မိမိ၏လက်ဝါးနှစ်ဖက်ကိုထပ်ပြီးရင်အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာတင်ပါ။ကလေးငယ်ဆိုလျှင် ရင်ညွှန့်ရိုးပေါ်ကိုလက်နှစ်ချောင်းတင်ပြီးဖိပေးရပါမယ်။

မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းထားပြီးကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ လက်ဝါးဖြင့် ရင်ဘတ်ကို ၂ လက်မလောက်ထိနိမ့်သွားအောင် ဖိပေးရပါမယ်။ နံရိုးပေါ်ကို မဖိမိအောင် ဂရုစိုက် ရပါမယ်။ နို့စို့အရွယ်ကလေးတွေကိုတော့ ၁ လက်မလောက်သာနိမ့်သွားအောင် ဖိပေးရပါမယ်။

နှစ်လက်မခန့်ကျသွားအောင်ဖိပြီးပါကလက်ကိုလုံးဝကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းနဲ့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့လာတဲ့အချိန်ကို ခဏစောင့်ပေးရပါမယ်။

အသက်ရှူပြီလားဆိုတာကိုလည်းအမြဲသတိထားကြည့်ရပါမယ်။အသက်မရှူလာမချင်း CPR ပြုလုပ်ပေးပါ။
CPR ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဆိုရင်တော့လူနာ၏ခေါင်းကို မော့ပေးခြင်း၊ မေးစေ့ကို အပေါ်သို့ ပင့်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးရပါမယ်။

နှာခေါင်းကို လက်နဲ့ ညှစ်ထားပြီး လူနာနဲ့ ပါးစပ်ချင်းတေ့ကာ လေနှစ်ခါမှုတ်သွင်းပေးပြီး ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကို အကြိမ် ၃၀ ဖိပေးခြင်း၊ လေနှစ်ခါမှုတ်ပေးခြင်းတို့ကိုအသက်မရှူ မချင်းပြုလုပ်ပေးရပါမယ်။

၃။ အခြားထိခိုက်တဲ့ဒဏ်ရာတွေကိုကုသပါ။ဓာတ်လိုက်ခြင်းခံလိုက်ရတဲ့အတွက် ပူးတွဲဒဏ်ရာအနာတရတွေပါရရှိနိုင်ပါသေးတယ်။ (ဥပမာ – လဲကျသွားတဲ့အတွက် အရိုးကျိုးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ မီးလောင်ခြင်း)

ဒါကြောင့် ဓာတ်လိုက်ခံရပြီး ပြန်ကောင်းသွားရင်တောင်လိုအပ်သည်များကို စမ်းသပ်စစ်ဆေးပြီး ကုသမှု ခံယူရန်ဆေးရုံ၊ ဆေးခန်းသို့သွားရောက်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  DrMyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top