Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စိတ္ပိုင္းဆိုင္ရာနဲ႔ အျပဳအမူပိုင္းဆိုင္ရာမွာ ျပႆနာေလးေတြ ရွိေနႏိုင္တဲ႔လူကို စိတ္မူမမွန္သူလို႔ ေခၚပါတယ္။ အဲဒီလို စိတ္မူမမွန္ သူေတြဟာ လူမႈဆက္ဆံေရးပိုင္းမွာလည္း အဆင္ေျပေခ်ာေမြ႕မႈမရွိဘဲ ၾကမ္းတမ္းစြာဆက္ဆံတတ္ပါတယ္။ ဘဝမွာတခ်ိဳ႕လူေတြကို ၾကံဳဖူးမွာေပါ႔။ ဘာကိုမွ ဂရုမစိုက္တတ္ဘဲဲ ကိုယ္လုပ္ခ်င္ရာပဲ လုပ္တတ္တဲ႔သူေတြ၊ တျခားသူေတြအေပၚ ၾကင္နာသနားကရုဏာစိတ္ မထားဘဲ ရက္စက္ၾကမ္းၾကဳတ္သူေတြ စသျဖင္႔ေပါ႔။

အဲဒီလိုလူေတြဟာ ပံုမွန္လူေတြနဲ႔ ဆက္ဆံေနေပမယ္႔ အဆင္မေျပသူေတြလည္း ျဖစ္ပါတယ္။ သူတို႔ကိုယ္သူတို႔ ဘာမွားေနတယ္ ဆိုတာကိုလည္း ျပန္မစမ္းစစ္မိတတ္ၾကဘဲ လုပ္ခ်င္ရာလုပ္ေနတတ္သူေတြလည္း ျဖစ္ပါတယ္။

ေအာက္မွာေဖာ္ျပထားတဲ႔အခ်က္ေတြကေတာ႔ စိတ္မူမမွန္သူေတြ၊ အတၱသမားေတြမွာ ျမင္ေတြ႕ရတတ္တဲ႔ အမူအက်င္႔ (၅) မ်ိဳးျဖစ္ပါတယ္။
၁။ အျပစ္ရွိသလို / ေနာင္တရသလို မခံစားတတ္ဘူး

လူတိုင္းလူတိုင္း ဘဝမွာအျပစ္တစ္ခုခု လုပ္ဖူးၾကမွာပါ။ ႀကီးတာနဲ႔ေသးတာပဲကြာမယ္။ အျပစ္တစ္ခုခုေတာ႔ ရွိဖူးၾကတာပါပဲ။ အဲဒီလိုအျပစ္လုပ္မိတဲ႔အခါ အျပစ္ရွိသလို ခံစားရတဲ႔သူနဲ႔ အျပစ္မရွိသလို ခံစားရတဲ႔သူ ကြာပါလိမ္႔မယ္။ လူသားဆန္ရင္ အျပစ္လုပ္မိလို႔ အျပစ္ရွိသလိုခံစားရတာဟာ ထံုးစံပါပဲ။ စိတ္မမွန္သူေတြ၊ အတၱသမားေတြကေတာ႔ ကိုယ္မွန္တယ္ဆိုတာကို မိမိကိုယ္ကိုယ္သက္ေသျပဖို႔ တျခားသူေတြ ဘာထင္လဲဆိုတာကို ဂရုမစိုက္ဘဲ မိမိကုိယ္ကိုယ္ပဲ ဆင္ေျခေပးတတ္ၾကပါတယ္။ ဘာကိုုမွအျပစ္ရွိသလိုလည္း မခံစားရပါဘူး။
၂။ ကရုဏာမထားတတ္ပါဘူး

လူ႔ေလာကႀကီးမွာ ေနေနသေရြ႕လူတိုင္းလူတိုင္း နိမ္႔ျမင္႔တက္ၾကံဳေလာကဓံနဲ႔ ၾကံဳေတြ႕ရမွာပါ။ ကပ္ႀကီး (၃) ပါး၊ ရန္သူမ်ိဳး (၅) ပါး ဒဏ္တို႔ေၾကာင္႔ ထိခိုက္ဆံုးရႈံးရသူေတြရွိရင္ ကိုယ္ထိလက္ေရာက္ မကူညီႏိုင္ရင္ေတာင္ သနားကရုဏာေဖာ္ျပၾကတာဟာ လူသားဆန္ျခင္းပါပဲ။ စိတ္မမွန္သူေတြ၊ အတၱသမားေတြကေတာ႔ သူမ်ားဘာျဖစ္ျဖစ္ ဂရုမစိုက္တတ္ၾကပါဘူး။ ကိုယ္႔အတြက္ကိုယ္ပဲၾကည္႔ၿပီး သူမ်ား ဒုကၡေရာက္တာေတြကိုလည္း မဆိုင္သလိုပဲ ေနၾကပါတယ္။
၃။ မိမိအျပဳအမူေတြကို မထိန္းခ်ဳပ္ႏိုင္ဘူး

 ေဒါသ၊ အခ်စ္၊ အမုန္း။ စိတ္ခံစားခ်က္ေတြ၊ စိတ္လႈပ္ရွားမႈေတြေၾကာင္႔ျဖစ္လာတဲ႔ မိမိရဲ႕အျပဳအမူေတြကို မထိန္းခ်ဳပ္ႏုိင္တာဟာ စိတ္မမွန္ျခင္းရဲ႕သေကၤတတစ္ခုပါပဲ။ မိမိရဲ႕တံု႕ျပန္မႈေတြကိုု ကိုယ္တိုင္လည္း နားမလည္သလို အဲဒီတံု႕ျပန္မႈေတြနဲ႔ပတ္သက္ၿပီး ဂရုလည္းမစိုက္ၾကပါဘူး။
၄။ လိင္ပိုင္းဆိုင္ရာအျပဳအမူ

လူတစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဝင္စားၾကတာ လူမႈဆက္ဆံေရးပတ္ဝန္းက်င္မွာ ျဖစ္ေလ႔ျဖစ္ထရွိတာပါပဲ။ ဒါေပမယ္႔ စိတ္မမွန္သူေတြကေတာ႔ လူေတြကို သူတို႔ရဲ႕ရုပ္ဆင္းသ႑ာန္ေတြေပၚ အေျခခံၿပီး ဆံုးျဖတ္ေလ႔ရွိၾကၿပီး သူတို႔ႀကိဳက္ၿပီဆိုရင္လည္း အသဲအသန္ပါပဲ။ ဒါေၾကာင္႔ ႏွာဘူးတစ္ေယာက္လို ျဖစ္တတ္ပါတယ္။
၅။ အနာဂတ္ပန္းတိုင္ေတြမရွိဘူး

စိတ္မမွန္သူေတြအတြက္ေတာ႔ အနာဂတ္အေၾကာင္း စဥ္းစားရတာဟာ မလြယ္ကူပါဘူး။ အနာဂတ္အေၾကာင္း ႀကိဳမေတြးတတ္သလို မိသားစုတို႔၊ အသက္ေမြးဝမ္းေၾကာင္းအလုပ္တို႔ရဲ႕ ေရွ႕ေလွ်ာက္ပလန္ေတြ ကိုလည္း ဂရုမစိုက္တတ္ၾကပါဘူး။ ပစၥဳပၸန္အခ်ိန္မွာပဲေနတတ္ၿပီး လက္ရွိကိုယ္ဘာလုပ္ခ်င္တာလဲကိုပဲ အာရံုထားတတ္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာမှာ ပြဿနာလေးတွေ ရှိနေနိုင်တဲ့လူကို စိတ်မူမမှန်သူလို့ ခေါ်ပါတယ်။ အဲဒီလို စိတ်မူမမှန် သူတွေဟာ လူမှုဆက်ဆံရေးပိုင်းမှာလည်း အဆင်ပြေချောမွေ့မှုမရှိဘဲ ကြမ်းတမ်းစွာဆက်ဆံတတ်ပါတယ်။ ဘဝမှာတချို့လူတွေကို ကြုံဖူးမှာပေါ့။ ဘာကိုမှ ဂရုမစိုက်တတ်ဘဲ ကိုယ်လုပ်ချင်ရာပဲ လုပ်တတ်တဲ့သူတွေ၊ တခြားသူတွေအပေါ် ကြင်နာသနားကရုဏာစိတ် မထားဘဲ ရက်စက်ကြမ်းကြုတ်သူတွေ စသဖြင့်ပေါ့။

အဲဒီလိုလူတွေဟာ ပုံမှန်လူတွေနဲ့ ဆက်ဆံနေပေမယ့် အဆင်မပြေသူတွေလည်း ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ဘာမှားနေတယ် ဆိုတာကိုလည်း ပြန်မစမ်းစစ်မိတတ်ကြဘဲ လုပ်ချင်ရာလုပ်နေတတ်သူတွေလည်း ဖြစ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့အချက်တွေကတော့ စိတ်မူမမှန်သူတွေ၊ အတ္တသမားတွေမှာ မြင်တွေ့ရတတ်တဲ့ အမူအကျင့် (၅) မျိုးဖြစ်ပါတယ်။
၁။ အပြစ်ရှိသလို / နောင်တရသလို မခံစားတတ်ဘူး

လူတိုင်းလူတိုင်း ဘဝမှာအပြစ်တစ်ခုခု လုပ်ဖူးကြမှာပါ။ ကြီးတာနဲ့သေးတာပဲကွာမယ်။ အပြစ်တစ်ခုခုတော့ ရှိဖူးကြတာပါပဲ။ အဲဒီလိုအပြစ်လုပ်မိတဲ့အခါ အပြစ်ရှိသလို ခံစားရတဲ့သူနဲ့ အပြစ်မရှိသလို ခံစားရတဲ့သူ ကွာပါလိမ့်မယ်။ လူသားဆန်ရင် အပြစ်လုပ်မိလို့ အပြစ်ရှိသလိုခံစားရတာဟာ ထုံးစံပါပဲ။ စိတ်မမှန်သူတွေ၊ အတ္တသမားတွေကတော့ ကိုယ်မှန်တယ်ဆိုတာကို မိမိကိုယ်ကိုယ်သက်သေပြဖို့ တခြားသူတွေ ဘာထင်လဲဆိုတာကို ဂရုမစိုက်ဘဲ မိမိကိုယ်ကိုယ်ပဲ ဆင်ခြေပေးတတ်ကြပါတယ်။ ဘာကိုုမှအပြစ်ရှိသလိုလည်း မခံစားရပါဘူး။
၂။ ကရုဏာမထားတတ်ပါဘူး

လူ့လောကကြီးမှာ နေနေသရွေ့လူတိုင်းလူတိုင်း နိမ့်မြင့်တက်ကြုံလောကဓံနဲ့ ကြုံတွေ့ရမှာပါ။ ကပ်ကြီး (၃) ပါး၊ ရန်သူမျိုး (၅) ပါး ဒဏ်တို့ကြောင့် ထိခိုက်ဆုံးရှုံးရသူတွေရှိရင် ကိုယ်ထိလက်ရောက် မကူညီနိုင်ရင်တောင် သနားကရုဏာဖော်ပြကြတာဟာ လူသားဆန်ခြင်းပါပဲ။ စိတ်မမှန်သူတွေ၊ အတ္တသမားတွေကတော့ သူများဘာဖြစ်ဖြစ် ဂရုမစိုက်တတ်ကြပါဘူး။ ကိုယ့်အတွက်ကိုယ်ပဲကြည့်ပြီး သူများ ဒုက္ခရောက်တာတွေကိုလည်း မဆိုင်သလိုပဲ နေကြပါတယ်။
၃။ မိမိအပြုအမူတွေကို မထိန်းချုပ်နိုင်ဘူး

 ဒေါသ၊ အချစ်၊ အမုန်း။ စိတ်ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေကြောင့်ဖြစ်လာတဲ့ မိမိရဲ့အပြုအမူတွေကို မထိန်းချုပ်နိုင်တာဟာ စိတ်မမှန်ခြင်းရဲ့သင်္ကေတတစ်ခုပါပဲ။ မိမိရဲ့တုံ့ပြန်မှုတွေကိုု ကိုယ်တိုင်လည်း နားမလည်သလို အဲဒီတုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး ဂရုလည်းမစိုက်ကြပါဘူး။
၄။ လိင်ပိုင်းဆိုင်ရာအပြုအမူ

လူတစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားကြတာ လူမှုဆက်ဆံရေးပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတာပါပဲ။ ဒါပေမယ့် စိတ်မမှန်သူတွေကတော့ လူတွေကို သူတို့ရဲ့ရုပ်ဆင်းသဏ္ဍာန်တွေပေါ် အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြပြီး သူတို့ကြိုက်ပြီဆိုရင်လည်း အသဲအသန်ပါပဲ။ ဒါကြောင့် နှာဘူးတစ်ယောက်လို ဖြစ်တတ်ပါတယ်။
၅။ အနာဂတ်ပန်းတိုင်တွေမရှိဘူး

စိတ်မမှန်သူတွေအတွက်တော့ အနာဂတ်အကြောင်း စဉ်းစားရတာဟာ မလွယ်ကူပါဘူး။ အနာဂတ်အကြောင်း ကြိုမတွေးတတ်သလို မိသားစုတို့၊ အသက်မွေးဝမ်းကြောင်းအလုပ်တို့ရဲ့ ရှေ့လျှောက်ပလန်တွေ ကိုလည်း ဂရုမစိုက်တတ်ကြပါဘူး။ ပစ္စုပ္ပန်အချိန်မှာပဲနေတတ်ပြီး လက်ရှိကိုယ်ဘာလုပ်ချင်တာလဲကိုပဲ အာရုံထားတတ်ကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top