ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

သၾကားပါဝင္မႈျမင့္မားေသာ အစားအစာမ်ား စားသံုးသည့္ အမ်ိဳးသားမ်ား စိတ္ဓာတ္က်ႏိုင္သည္ အႏၲရာယ္ျမင့္မားေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။

စိတ္ဓာတ္က်ျခင္းေၾကာင့္ သၾကားစားသံုးမႈပိုမ်ားလာႏိုင္သည္ ဆိုေသာ မွတ္ယူထားျခင္းမ်ားရွိေသာ္လည္း အမွန္မွာ သၾကားစား သံုးမႈမ်ားျခင္းေၾကာင့္သာ စိတ္ဓာတ္က်ျခင္းျဖစ္ေၾကာင္း သုေတသီ မ်ားက ေျပာသည္။

လူတစ္ဦးခ်င္း သၾကားစားသံုးမႈႏွင့္ပတ္သက္၍ ကေနဒါ၊ ျပင္ သစ္၊ ဂ်ာမနီ၊ ကိုရီးယား၊ နယူးဇီလန္ႏွင့္ အေမရိကန္ႏိုင္ငံတို႔တြင္ သုေတသီမ်ား ေလ့လာခဲ့ျခင္းျဖစ္သည္။ အစားအစာက စိတ္က်န္းမာေရးအေပၚ လႊမ္းမိုးမႈရွိိၿပီး ဥပမာ စီမံထားေသာ အစားအစာမ်ား၊ တာရွည္ခံ အစားအစာမ်ားကို စားသူမ်ားသည္ စိတ္ဓာတ္က်ႏိုင္ ေျခပုိမ်ားသည္။

အခ်ိဳရည္မ်ားတြင္ ပါဝင္သည့္ သၾကားဓာတ္ကလည္း အလား တူ ထိခိုက္မႈမ်ိဳးျဖစ္ေစႏိုင္သည္။

သၾကားဓာတ္သည္ ဆဲလ္မ်ားႏွင့္ ကိုယ္တြင္းအဂၤါမ်ား အလုပ္ လုပ္ရန္ မရွိမျဖစ္ လိုအပ္ေသာ္လည္း လြန္ကဲပါကက်န္းမာေရး အတြက္အႏၲရာယ္ရွိႏိုင္သည္။

အမ်ိဳးသမီးမ်ားအေနျဖင့္ တစ္ေန႔လွ်င္ သၾကားလက္ဖက္ရည္ ဇြန္းေျခာက္ဇြန္းထက္ ပိုမစားသင့္ဘဲ အမ်ိဳးသားမ်ား ကိုးဇြန္းထက္ ပိုမစားသင့္ေၾကာင္း အေမရိကန္ႏွလံုးေရာဂါကုသေရးအဖြဲ႕(AHA) က ၫႊန္ၾကားထားသည္။

ကိုကာကိုလာသံဘူးတစ္ဘူးတြင္ သၾကားလက္ဖက္ရည္ ၈ ဒသမ ၂၅ ဇြန္းပါဝင္သည္။ သၾကားစားသံုးမႈမ်ားပါက သြားမ်ားကို ထိခိုက္ႏိုင္ၿပီး ကိုယ္အေလးခ်ိန္ ပိုလာႏိုင္သည္။

အာ႐ံုေၾကာမ်ားသည္ သၾကားဓာတ္ပမာဏျမင့္မားမႈႏွင့္ ႀကံဳ ေတြ႕ရပါက ထိခိုက္ႏိုင္သျဖင့္ ဆီးခ်ိဳေရာဂါသည္မ်ား အာ႐ံုေၾကာ ဆိုင္ရာ ပ်က္စီးမႈမ်ားျဖစ္ႏိုင္သည္။ သၾကားစားသံုးမႈျမင့္မားသူမ်ား ၏ ဦးေႏွာက္တြင္ ေရာင္ရမ္းမႈမ်ား ျဖစ္ႏိုင္ၿပီး အာ႐ံုေၾကာဆိုင္ရာ ထိခိုက္ပ်က္စီးႏိုင္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

ထို႔ေၾကာင့္ ျပန္လည္သန္႔စင္ထားေသာ ပါဝင္ပစၥည္းနည္းပါး သည့္ အစားအစာမ်ားကို ေရြးခ်ယ္စားေသာက္သင့္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily

#Unicode Version#
သကြားပါဝင်မှုမြင့်မားသော အစားအစာများ စားသုံးသည့် အမျိုးသားများ စိတ်ဓာတ်ကျနိုင်သည် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

စိတ်ဓာတ်ကျခြင်းကြောင့် သကြားစားသုံးမှုပိုများလာနိုင်သည် ဆိုသော မှတ်ယူထားခြင်းများရှိသော်လည်း အမှန်မှာ သကြားစား သုံးမှုများခြင်းကြောင့်သာ စိတ်ဓာတ်ကျခြင်းဖြစ်ကြောင်း သုတေသီ များက ပြောသည်။

လူတစ်ဦးချင်း သကြားစားသုံးမှုနှင့်ပတ်သက်၍ ကနေဒါ၊ ပြင် သစ်၊ ဂျာမနီ၊ ကိုရီးယား၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့တွင် သုတေသီများ လေ့လာခဲ့ခြင်းဖြစ်သည်။ အစားအစာက စိတ်ကျန်းမာရေးအပေါ် လွှမ်းမိုးမှုရှိပြီး ဥပမာ စီမံထားသော အစားအစာများ၊ တာရှည်ခံ အစားအစာများကို စားသူများသည် စိတ်ဓာတ်ကျနိုင် ခြေပိုများသည်။

အချိုရည်များတွင် ပါဝင်သည့် သကြားဓာတ်ကလည်း အလား တူ ထိခိုက်မှုမျိုးဖြစ်စေနိုင်သည်။

သကြားဓာတ်သည် ဆဲလ်များနှင့် ကိုယ်တွင်းအင်္ဂါများ အလုပ် လုပ်ရန် မရှိမဖြစ် လိုအပ်သော်လည်း လွန်ကဲပါကကျန်းမာရေး အတွက်အန္တရာယ်ရှိနိုင်သည်။

အမျိုးသမီးများအနေဖြင့် တစ်နေ့လျှင် သကြားလက်ဖက်ရည် ဇွန်းခြောက်ဇွန်းထက် ပိုမစားသင့်ဘဲ အမျိုးသားများ ကိုးဇွန်းထက် ပိုမစားသင့်ကြောင်း အမေရိကန်နှလုံးရောဂါကုသရေးအဖွဲ့(AHA) က ညွှန်ကြားထားသည်။

ကိုကာကိုလာသံဘူးတစ်ဘူးတွင် သကြားလက်ဖက်ရည် ၈ ဒသမ ၂၅ ဇွန်းပါဝင်သည်။ သကြားစားသုံးမှုများပါက သွားများကို ထိခိုက်နိုင်ပြီး ကိုယ်အလေးချိန် ပိုလာနိုင်သည်။

အာရုံကြောများသည် သကြားဓာတ်ပမာဏမြင့်မားမှုနှင့် ကြုံ တွေ့ရပါက ထိခိုက်နိုင်သဖြင့် ဆီးချိုရောဂါသည်များ အာရုံကြော ဆိုင်ရာ ပျက်စီးမှုများဖြစ်နိုင်သည်။ သကြားစားသုံးမှုမြင့်မားသူများ ၏ ဦးနှောက်တွင် ရောင်ရမ်းမှုများ ဖြစ်နိုင်ပြီး အာရုံကြောဆိုင်ရာ ထိခိုက်ပျက်စီးနိုင်ကြောင်း သုတေသီများက ပြောသည်။

ထို့ကြောင့် ပြန်လည်သန့်စင်ထားသော ပါဝင်ပစ္စည်းနည်းပါး သည့် အစားအစာများကို ရွေးချယ်စားသောက်သင့်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top