လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

၂၉ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ(ဆီးဂိမ္း) ဖြင့္ပြဲက လက္ကမ္းစာေစာင္မွာ အင္ဒိုနီးရွားႏိုင္ငံေတာ္ အလံကို အေပၚေအာက္ ေျပာင္းျပန္ မွားယြင္းစြာ ပုံႏွိပ္ ေဖာ္ျပမႈႏွင့္ ပတ္သက္၍ အင္ဒိုဟက္ကာေတြက မေလးရွားဝက္ဘ္ဆိုဒ္ ၂၇ခု ကို တိုက္ခိုက္ခဲ့တယ္လို႔ မေလးရွား The Star သတင္းက ဆိုပါတယ္။

ExtremeCrew လို႔ အမည္ေပးထားတဲ့အဖြဲ႕က “ငါတို႔ ႏိုင္ငံေတာ္အလံဟာ ကစားစရာမဟုတ္ဘူး”လို႔ စာတန္းေတြကို မေလးရွားဝက္ဘ္ဆိုဒ္ေတြမွာ ေရးသားခဲ့တာ ျဖစ္ၿပီး ေနာက္ခံမွာလည္း အင္ဒိုနီးရွား အမ်ိဳးသားသီခ်င္းကို ထည့္သြင္းထားတယ္လို႔ ဆိုပါတယ္။

လက္ရွိ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕မွာ က်င္းပေနတဲ့ ေဝငွမယ့္ လက္ကမ္စာေစာင္ေတြမွာ အင္ဒိုနီးရွား ႏိုင္ငံေတာ္အလံကို ေျပာင္းျပန္ေဖာ္ျပမႈေၾကာင့္ လူမႈကြန္ရက္မွာ ေဝဖန္မႈေတြ ျမင့္တက္ လာ႐ုံသာမက သမၼတ ဂ်ိဳကိုဝီကလည္း ဒီကိစၥဟာ အင္ဒိုနီးရွားရဲ႕ ဂုဏ္သိကၡကို ထိပါးတာျဖစ္တယ္လို႔ အေရးတယူလူသိရွင္ၾကား ေျပာဆိုမႈေၾကာင့္ မေလးရွား လူငယ္ႏွင့္ အားကစားဝန္ႀကီးကိုယ္တိုင္ ေတြ႕ဆုံကာ ေတာင္း ပန္ခဲ့ရပါတယ္။

အလားတူ အင္ဒိုနီးရွား အားကစားဝန္ႀကီး အီမန္နာရာဝီကလည္း မွားယြင္းေနတဲ့ စာလုံးကို လူမႈကြန္ ရက္ Twitter မွာ တင္ကာ ေရးသားခဲ့ပါတယ္။

မေလးရွားႏိုင္ငံျခားေရး ဝန္ႀကီး ဓာတုဆရီ အန္နီဖတ္ အာမန္က ဒီကိစၥအတြက္ ေတာင္းပန္ေၾကာင္း ေနာင္တရေၾကာင္း ဆိုပါတယ္။

မေလးရွားႏိုင္ငံက အိမ္ရွင္အျဖစ္ တာဝန္ယူထားတဲ့ အေရွ႕ေတာင္အာရွ အားကစားပြဲဟာ အဆင္မေျပ မႈမ်ားစြာကို ၾကားသိေနရၿပီး၊ ျမန္မာႏိုင္ငံမွ ႐ုပ္သံလႊင့္ခြင္ႏွင့္ ပတ္သက္၍ မူလအစက အဆင္မေျပ မႈမ်ား ႀကဳံခဲ့ရသလို၊ မေလးရွားအမ်ိဳးသမီးအသင္းကို အႏိုင္ယူခဲ့တဲ့ ျမန္မာလက္ေ႐ြးစင္ အမ်ိဳးသမီး အသင္း ဟိုတယ္သို႔ ျပန္မည့္ ကိစၥတြင္လည္း အထစ္အေငါ့ျဖစ္မႈမ်ား ထပ္မံျဖစ္ပြားခဲ့ပါတယ္။

ဒါေၾကာင့္ မေလးရွားႏိုင္ငံရဲ႕ ဆီးဂိမ္းအေပၚ တာဝန္ယူမႈမ်ားနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္မွာ ေမးခြန္းထုတ္မ်ား ေျပာစရာ ပိုမိုတိုးပြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burma.irrawaddy

#Unicode Version#
၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ဖွင့်ပွဲက လက်ကမ်းစာစောင်မှာ အင်ဒိုနီးရှားနိုင်ငံတော် အလံကို အပေါ်အောက် ပြောင်းပြန် မှားယွင်းစွာ ပုံနှိပ် ဖော်ပြမှုနှင့် ပတ်သက်၍ အင်ဒိုဟက်ကာတွေက မလေးရှားဝက်ဘ်ဆိုဒ် ၂၇ခု ကို တိုက်ခိုက်ခဲ့တယ်လို့ မလေးရှား The Star သတင်းက ဆိုပါတယ်။

ExtremeCrew လို့ အမည်ပေးထားတဲ့အဖွဲ့က “ငါတို့ နိုင်ငံတော်အလံဟာ ကစားစရာမဟုတ်ဘူး”လို့ စာတန်းတွေကို မလေးရှားဝက်ဘ်ဆိုဒ်တွေမှာ ရေးသားခဲ့တာ ဖြစ်ပြီး နောက်ခံမှာလည်း အင်ဒိုနီးရှား အမျိုးသားသီချင်းကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ဝေငှမယ့် လက်ကမ်စာစောင်တွေမှာ အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ဖော်ပြမှုကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက် လာရုံသာမက သမ္မတ ဂျိုကိုဝီကလည်း ဒီကိစ္စဟာ အင်ဒိုနီးရှားရဲ့ ဂုဏ်သိက္ခကို ထိပါးတာဖြစ်တယ်လို့ အရေးတယူလူသိရှင်ကြား ပြောဆိုမှုကြောင့် မလေးရှား လူငယ်နှင့် အားကစားဝန်ကြီးကိုယ်တိုင် တွေ့ဆုံကာ တောင်း ပန်ခဲ့ရပါတယ်။

အလားတူ အင်ဒိုနီးရှား အားကစားဝန်ကြီး အီမန်နာရာဝီကလည်း မှားယွင်းနေတဲ့ စာလုံးကို လူမှုကွန် ရက် Twitter မှာ တင်ကာ ရေးသားခဲ့ပါတယ်။

မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဓာတုဆရီ အန်နီဖတ် အာမန်က ဒီကိစ္စအတွက် တောင်းပန်ကြောင်း နောင်တရကြောင်း ဆိုပါတယ်။

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူထားတဲ့ အရှေ့တောင်အာရှ အားကစားပွဲဟာ အဆင်မပြေ မှုများစွာကို ကြားသိနေရပြီး၊ မြန်မာနိုင်ငံမှ ရုပ်သံလွှင့်ခွင်နှင့် ပတ်သက်၍ မူလအစက အဆင်မပြေ မှုများ ကြုံခဲ့ရသလို၊ မလေးရှားအမျိုးသမီးအသင်းကို အနိုင်ယူခဲ့တဲ့ မြန်မာလက်ရွေးစင် အမျိုးသမီး အသင်း ဟိုတယ်သို့ ပြန်မည့် ကိစ္စတွင်လည်း အထစ်အငေါ့ဖြစ်မှုများ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် မလေးရှားနိုင်ငံရဲ့ ဆီးဂိမ်းအပေါ် တာဝန်ယူမှုများနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ မေးခွန်းထုတ်များ ပြောစရာ ပိုမိုတိုးပွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Burma.irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top