ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အဓမၼျပဳက်င့္ခံရျပီးေနာက္ ျပန္လည္ေကာင္းမြန္လာႏိုင္ပါ့မလား ?

================================================

အဓမၼျပဳက်င့္ျခင္းဆိုတာ လူတစ္ေယာက္ရဲ႕ဆႏၵမပါဘဲ တျခားလူတစ္ေယာက္က အတင္းအက်ပ္လိင္ဆက္ဆံျခင္း သုိ႔မဟုတ္ အလိုမတူဘဲ သားမယားျပဳက်င့္ခံရျခင္းကို ေခၚပါတယ္။ နစ္နာသူကို အရက္ေသစာ ဒါမွမဟုတ္ မူးယစ္ေဆးဝါးတိုက္ေကြ်းထားတဲ့အခ်ိန္မွာလည္း ဒီျဖစ္ရပ္ေတြျဖစ္ႏုိင္ပါတယ္။ အဓမၼျပဳက်င့္ျခင္းမွာ ေယာနိ၊ စအို သို႔မဟုတ္ ပါးစပ္တို႔မွ လိင္ဆက္ဆံျခင္း တို႔ပါဝင္ပါတယ္။ မုဒိမ္းမႈဟာရာဇ၀တ္ျပစ္မႈၾကီးျဖစ္ပါတယ္။ဆုိလုိတာက လူတစ္ေယာက္က်ဴးလြန္နိုင္တဲ့ ရာဇဝတ္မႈေတြထဲမွာ အၾကီးေလးဆံုးျပစ္မႈတစ္ခုျဖစ္ပါတယ္။ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအျပင္ အမ်ိဳးသားေတြလည္း မုဒိမ္းက်င့္ခံရႏုိင္ပါတယ္။
အၾကိမ္မ်ားစြာမွာ မုဒိမ္းေကာင္က နစ္နာသူကို အတင္းအက်ပ္လိင္ဆက္ဆံဖို႔  အၾကမ္းဖက္မႈကို သံုးပါတယ္။ က်ဴးလြန္သူဟာ မုဒိမ္းမႈကိုက်ဴးလြန္ဖို႔ ေၾကာက္ရြံ႕စိတ္တစ္ခုတည္းကိုလည္း အသံုးခ်သြားႏိုင္ပါတယ္။ မုဒိမ္းမႈေၾကာင့္ နစ္နာသူမွာ ရုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာမွာပါ ထိခိုက္နစ္နာေစပါတယ္။
”မုဒိမ္းမႈက နစ္နာသူကို ဘယ္လိုထိခိုက္ေစသလဲ”
မုဒိမ္းမႈက နစ္နာသူကို ရုပ္ပိုင္းဆိုင္ရာေရာ  စိတ္ပိုင္းဆိုင္ရာမွာပါ ထိခိုက္ေစပါတယ္။
မုဒိမ္းမႈေၾကာင့္ျဖစ္လာရတဲ့ ရုပ္ပိုင္းဆိုင္ရာ ထိခုိက္နစ္နာမႈေတြထဲမွာ-

• အရိုးက်ိဳးျခင္း၊ ေပါက္ျပဲဒဏ္ရာမ်ား၊ျပတ္ရွဒဏ္ရာမ်ားနဲ႔ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ရတဲ့ တျခားထိခိုက္ဒဏ္ရာမ်ား၊

• လိင္အဂၤါ သို႔မဟုတ္ စအိုမွာ ထိခိုက္ဒဏ္ရာရျခင္း၊

• လိင္ဆက္ဆံရာမွ ကူးစက္ႏိုင္ေသာ ေရာဂါမ်ားကိုထိေတြ႔ခဲ့ရျခင္း- (ေအအိုင္ဒီအက္စ္ ျဖစ္ေစေသာ HIV ဗိုင္းရပ္ပိုး၊ ေရယုန္၊ ဆီးပူေညာင္းက်ဂႏိုေရာဂါ၊ ဆစ္ဖလစ္ေရာဂါ)

• မလိုလားသည့္ ကိုယ္ဝန္ တို႔ပါဝင္ပါတယ္။
စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြမွာ-

• အရွက္ရမႈ၊

• ရွက္ရြံ႕မႈ

• အျပစ္ရွိသူလိုခံစားရျခင္း

• တန္ဖိုးမဲ့သြားရသလိုခံစားရျခင္း တို႔ျဖစ္ပါတယ္။

.

ေအာက္ပါအခ်က္ေတြနဲ႔ပတ္သက္ျပီး သင့္မွာ ျပႆနာရွိလာနိုင္ပါတယ္-

• ေၾကာက္ရြံ႕မႈ

• စိတ္ဓာတ္က်ျခင္း

• ေဒါသျဖစ္ျခင္း

• ယံုၾကည္မႈ

• ေယာက်ာ္းေတြကို စိတ္ဝင္စားမႈ(က်ဴးလြန္သူတရားခံကေယာက်ာ္းျဖစ္ခဲ့ရင္)

• ဘဝေနာက္ပိုင္းမွာ အလိုဆႏၵတူလိင္ဆက္ဆံျခင္း( အႏိုင္က်င့္မႈမပါဘဲ လိင္ဆက္ဆံျခင္းမွာ စိတ္ပါႏိုင္စြမ္းမရွိျခင္း)

• ျပန္ျမင္ေယာင္ေနျခင္း( မုဒိမ္းမႈအေၾကာင္းကို စိတ္ထဲမွာ ျပန္ေပၚေနျခင္း)

• အိပ္မက္ဆိုးမ်ား

• အိပ္ေမာက်ျခင္း
”မုဒိမ္းက်င့္ခံရျပီးူေနာက္ပိုင္း ျပန္လည္ေကာင္းမြန္လာနုိင္ပါ့မလား”
မုဒိမ္းမႈေၾကာင့္ အခ်ိန္အေတာ္ၾကာတဲ့အထိ ရုပ္ပိုင္းဆိုင္ရာနဲ႔စိတ္ပိုင္းဆိုင္ရာအမာရြတ္က်န္ရွိႏိုင္ပါတယ္။နစ္နာသူ တခ်ိဳ႕က စိတ္ဒဏ္ရာေတြကို ေဖ်ာက္မရတတ္ၾကပါဘူး။ ၾကာရွည္အတိုင္ပင္ခံေဆြးေႏြးေပးတာက သူ႔ကို အျပစ္ရွိသလိုခံစားေနရတဲ့စိတ္၊ စိတ္ဓာတ္က်ျခင္း၊စိတ္ပူပန္ျခင္းနဲ႔တျခားစိတ္ခံစားခ်က္ေဝဒနာေတြကို ေျဖရွင္းရာမွာ အကူအညီျဖစ္ေစႏိုင္ပါတယ္။ နစ္နာသူအမ်ားစုဟာ ေထာက္ပ့ံသူအဖြဲ႔ေတြနဲ႔ပူးေပါင္းျပီး အကူအညီရယူသင့္ပါတယ္။
”မုဒိမ္းမႈမၾကံဳရေအာင္ ဘယ္လိုကာကြယ္နို္င္မလဲ”
ၾကိဳတင္ကာကြယ္နုိင္ဖို႔က လိင္ပိုင္းေစာ္ကားမႈျဖစ္လာနုိင္တဲ့လူေတြနဲ႔အေနအထားေတြကို သိရွိနုိင္ေအာင္ အျမဲသတိထားေနပါ။ ဒီအတိုင္းလိုက္နာမယ္ဆိုရင္ မုဒိမ္းမႈရဲ႕သားေကာင္ျဖစ္ရမယ့္အလားအလာ နည္းသြား ပါလိမ့္မယ္။ သတင္းဆိုးတစ္ခုကေတာ့ သင့္ကို မုဒိမ္းမႈကေနကာကြယ္ေပးနိုင္မယ့္ အတိအက်နည္းလမ္းမရွိ ပါဘူး။ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ နည္းလမ္းေတြကို က်င့္သံုးေနတဲ့သူေတြေတာင္မွ သားေကာင္ဘဝေရာက္သြားႏိုင္ ပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳး လူသိမ်ားတဲ့ကာကြယ္ေရးနည္းလမ္းေတြကို လိုက္နာတာက အၾကံဥာဏ္ေကာင္း ျဖစ္ေနဆဲပါပဲ –
• ကိုယ့္လုပ္ရပ္တိုင္းကို တာဝန္ယူပါ။ ထိိန္းထိန္းသိမ္းသိမ္းေနပါ။ဥပမာ- ပါတီပြဲမွာ အရက္မမူးပါေစနဲ႔။သင့္ကို အိမ္ျပန္ပို႔ေပးဖို႔ လူစိမ္းတစ္ေယာက္ကို အကူအညီမေတာင္းပါနဲ႔။
• ညဖက္တစ္ေယာက္တည္းလမ္းမေလွ်ာက္ပါနဲ႔။ သင့္ကားဆီကို တစ္ေယာက္တည္းလမ္းေလွ်ာက္တဲ့ တစ္ၾကိမ္ေလာက္နဲ႔ပဲ တိုက္ခိုက္ခံရတတ္ပါတယ္။ သူငယ္ခ်င္းတစ္ေယာက္ကို အေဖာ္ေခၚပါ။
• ကိုယ္မလုပ္ခ်င္တဲ့အရာအေၾကာင္း စကားထဲထည့္မေျပာပါနဲ႔။ ကိုယ္တိုင္ေရြးခ်ယ္ဆံုးျဖတ္ျပီး လုပ္ပါ။
• လိင္အၾကမ္းဖက္ခံရတဲ့ကိစၥျဖစ္လာရင္ ကိုယ့္ကိုယ္ကိုကာကြယ္နုိင္မယ့္ နည္းလမ္းေတြကို သင္ယူေလ့လာထားပါ။
• ကိုယ္ခံစားမိတဲ့အာရံုကို ယံုၾကည္ပါ။ လူတစ္ေယာက္ကသင့္ကိုျခိမ္းေျခာက္လာမယ့္ပံုေပၚရင္ မိတ္ေဆြအျဖစ္ ဆက္မေပါင္းပါနဲ႔။
• မုဒိမ္းမႈအေၾကာင္းနဲ႔ ဘာ့ေၾကာင့္ဒီအမႈက်ဴးလြန္ၾကသလဲဆိုတာကို ေလ့လာမွတ္သားသတိထားပါ။ ဒီဗဟုသုတက သင့္ကို ျဖစ္ႏိုင္ေခ်ရွိတဲ ့က်ဴးလြန္သူေတြကို ပိုျပီး သတိထားမိေစပါတယ္။
• ကိုယ္ခံပညာ သင္ယူထားပါ။
• ကိုယ္ေပါင္းမယ့္လူေတြကို ေရြးခ်ယ္ရာမွာ ဘဝေပးအသိကို အသံုးခ်ပါ။
• အိမ္တြင္းမွာရွိေနခ်ိန္(တံခါးလာဖြင့္တဲ့အခါ)၊ ဒါမွမဟုတ္ အိမ္ျပင္မွာရွိေနခ်ိန္ နဲ႔ ဘယ္ေနရာမွာမဆို လူစိမ္းေတြနဲ႔ေျပာဆိုဆက္ဆံရတဲ့အခ်ိန္ေတြမွာ အႏၱရာယ္ျဖစ္လာနိုင္တဲ့အေျခအေနေတြကို ေရွာင္ပါ။
• ကိုယ္သိပ္မသိတဲ့လူေတြနဲ႔ အနီးကပ္ ဒါမွမဟုတ္ တစ္ဦးတည္းသြားေတြ႔တာမ်ိဳး ေရွာင္ပါ။
• လူတစ္ေယာက္က မလိုလားဖြယ္ရာလိင္ပိုင္းခ်ဥ္းကပ္မႈေတြၾကိဳးစားလာတဲ့အခါ ဘယ္ေလာက္ပဲ ေသးဖြဲတဲ့ ကိစၥမဆို အေစာကတည္းက ၾကိဳဟန္႔တားပါ။ အဲဒီလူဆီကေန ခပ္ခြာခြာေနဖို႔ ရတဲ့နည္းနဲ႔ၾကိဳးစားပါ။
• အရက္ေသာက္တဲ့အခါ ကိုယ့္ကိုယ္ကို ထိန္းသိမ္းပါ။
• လူမႈနယ္ပယ္ပြဲေတြမွာ ကိုယ္စားေသာက္သမွ်ကို သတိထားေနပါ။ ကိုယ္ေသာက္မယ့္အရာေတြကို ဘယ္သူေတြ ထိေတြ႔ ကိုင္တြယ္ခဲ့သလဲ သတိထားပါ။
• အထူးသျဖင့္ ကိုယ္က အကာအကြယ္ရွိတဲ့ပတ္ဝန္းက်င္မွာမဟုတ္တဲ့အခါ ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္မႈမရွိေတာ့တဲ့အထိ အလြန္အကြ်ံမေသာက္စားမိေအာင္ေနပါ။
• လူတစ္ေယာက္နဲ႔ခ်ိန္းေတြ႔ဖို႔ ႏွင့္ ခင္မင္ရင္းႏွီးဖို႔လုပ္တဲ့ေနရာမွာ သူ႔အေၾကာင္းေကာင္းေကာင္းသိေနျပီလို႔ ခံစားရတဲ့အခ်ိန္အထိ သူနဲ႔နီးနီးစပ္စပ္ေနထိုင္တာ၊ အတူရွိေနတာ၊ လိင္ကိစၥပတ္သက္တာေတြကို ေနာက္ဆိုင္းတတ္တဲ့ နည္းလမ္းတစ္ခုကို က်င့္သံုးပါ။
• သေဘာဆႏၵတူညီသူႏွစ္ဦးၾကားမွာ အေနနီးစပ္မႈျဖစ္လာတဲ့အခါ ကိုယ္ထားရွိတဲ့ အကန္႔အသတ္စည္းကို ေသခ်ာေအာင္ ေစာေစာၾကိဳေျပာထားပါ(ဥပမာ- လိင္ဆက္ဆံမႈမျပဳလိုေၾကာင္း)
• ေစာ္ကားခံရတဲ့အေျခအေနမ်ိဳးမွာ ကိုယ္ဘယ္လုိတံု႔ျပန္မွာလဲဆိုတာ ၾကိဳေတြးၾကည့္ထားပါ။တြန္ ့ဆုတ္ ေႏွာင့္ေႏွးမႈမရွိဘဲ ထိုအစီအစဥ္အတိုင္း ေစာစီးစြာ က်င့္သံုးပါ။

Hello Health Group

#hellosayarwon


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

#Unicode Version#


အဓမ္မပြုကျင့်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာနိုင်ပါ့မလား

================================================


အဓမ္မပြုကျင့်ခြင်းဆိုတာ လူတစ်ယောက်ရဲ့ဆန္ဒမပါဘဲ တခြားလူတစ်ယောက်က အတင်းအကျပ်လိင်ဆက်ဆံခြင်း သို့မဟုတ် အလိုမတူဘဲ သားမယားပြုကျင့်ခံရခြင်းကို ခေါ်ပါတယ်။ နစ်နာသူကို အရက်သေစာ ဒါမှမဟုတ် မူးယစ်ဆေးဝါးတိုက်ကျွေးထားတဲ့အချိန်မှာလည်း ဒီဖြစ်ရပ်တွေဖြစ်နိုင်ပါတယ်။ အဓမ္မပြုကျင့်ခြင်းမှာ ယောနိ၊ စအို သို့မဟုတ် ပါးစပ်တို့မှ လိင်ဆက်ဆံခြင်း တို့ပါဝင်ပါတယ်။ မုဒိမ်းမှုဟာရာဇဝတ်ပြစ်မှုကြီးဖြစ်ပါတယ်။ဆိုလိုတာက လူတစ်ယောက်ကျူးလွန်နိုင်တဲ့ ရာဇဝတ်မှုတွေထဲမှာ အကြီးလေးဆုံးပြစ်မှုတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပြင် အမျိုးသားတွေလည်း မုဒိမ်းကျင့်ခံရနိုင်ပါတယ်။
အကြိမ်များစွာမှာ မုဒိမ်းကောင်က နစ်နာသူကို အတင်းအကျပ်လိင်ဆက်ဆံဖို့  အကြမ်းဖက်မှုကို သုံးပါတယ်။ ကျူးလွန်သူဟာ မုဒိမ်းမှုကိုကျူးလွန်ဖို့ ကြောက်ရွံ့စိတ်တစ်ခုတည်းကိုလည်း အသုံးချသွားနိုင်ပါတယ်။ မုဒိမ်းမှုကြောင့် နစ်နာသူမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နစ်နာစေပါတယ်။
”မုဒိမ်းမှုက နစ်နာသူကို ဘယ်လိုထိခိုက်စေသလဲ”
မုဒိမ်းမှုက နစ်နာသူကို ရုပ်ပိုင်းဆိုင်ရာရော  စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေပါတယ်။
မုဒိမ်းမှုကြောင့်ဖြစ်လာရတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေထဲမှာ-

• အရိုးကျိုးခြင်း၊ ပေါက်ပြဲဒဏ်ရာများ၊ပြတ်ရှဒဏ်ရာများနဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့်ရတဲ့ တခြားထိခိုက်ဒဏ်ရာများ၊

• လိင်အင်္ဂါ သို့မဟုတ် စအိုမှာ ထိခိုက်ဒဏ်ရာရခြင်း၊

• လိင်ဆက်ဆံရာမှ ကူးစက်နိုင်သော ရောဂါများကိုထိတွေ့ခဲ့ရခြင်း- (အေအိုင်ဒီအက်စ် ဖြစ်စေသော HIV ဗိုင်းရပ်ပိုး၊ ရေယုန်၊ ဆီးပူညောင်းကျဂနိုရောဂါ၊ ဆစ်ဖလစ်ရောဂါ)

• မလိုလားသည့် ကိုယ်ဝန် တို့ပါဝင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေမှာ-

• အရှက်ရမှု၊

• ရှက်ရွံ့မှု

• အပြစ်ရှိသူလိုခံစားရခြင်း

• တန်ဖိုးမဲ့သွားရသလိုခံစားရခြင်း တို့ဖြစ်ပါတယ်။

.

အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး သင့်မှာ ပြဿနာရှိလာနိုင်ပါတယ်-

• ကြောက်ရွံ့မှု

• စိတ်ဓာတ်ကျခြင်း

• ဒေါသဖြစ်ခြင်း

• ယုံကြည်မှု

• ယောကျာ်းတွေကို စိတ်ဝင်စားမှု(ကျူးလွန်သူတရားခံကယောကျာ်းဖြစ်ခဲ့ရင်)

• ဘဝနောက်ပိုင်းမှာ အလိုဆန္ဒတူလိင်ဆက်ဆံခြင်း( အနိုင်ကျင့်မှုမပါဘဲ လိင်ဆက်ဆံခြင်းမှာ စိတ်ပါနိုင်စွမ်းမရှိခြင်း)

• ပြန်မြင်ယောင်နေခြင်း( မုဒိမ်းမှုအကြောင်းကို စိတ်ထဲမှာ ပြန်ပေါ်နေခြင်း)

• အိပ်မက်ဆိုးများ

• အိပ်မောကျခြင်း
”မုဒိမ်းကျင့်ခံရပြီးူနောက်ပိုင်း ပြန်လည်ကောင်းမွန်လာနိုင်ပါ့မလား”
မုဒိမ်းမှုကြောင့် အချိန်အတော်ကြာတဲ့အထိ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအမာရွတ်ကျန်ရှိနိုင်ပါတယ်။နစ်နာသူ တချို့က စိတ်ဒဏ်ရာတွေကို ဖျောက်မရတတ်ကြပါဘူး။ ကြာရှည်အတိုင်ပင်ခံဆွေးနွေးပေးတာက သူ့ကို အပြစ်ရှိသလိုခံစားနေရတဲ့စိတ်၊ စိတ်ဓာတ်ကျခြင်း၊စိတ်ပူပန်ခြင်းနဲ့တခြားစိတ်ခံစားချက်ဝေဒနာတွေကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေနိုင်ပါတယ်။ နစ်နာသူအများစုဟာ ထောက်ပံ့သူအဖွဲ့တွေနဲ့ပူးပေါင်းပြီး အကူအညီရယူသင့်ပါတယ်။
”မုဒိမ်းမှုမကြုံရအောင် ဘယ်လိုကာကွယ်နိုင်မလဲ”
ကြိုတင်ကာကွယ်နိုင်ဖို့က လိင်ပိုင်းစော်ကားမှုဖြစ်လာနိုင်တဲ့လူတွေနဲ့အနေအထားတွေကို သိရှိနိုင်အောင် အမြဲသတိထားနေပါ။ ဒီအတိုင်းလိုက်နာမယ်ဆိုရင် မုဒိမ်းမှုရဲ့သားကောင်ဖြစ်ရမယ့်အလားအလာ နည်းသွား ပါလိမ့်မယ်။ သတင်းဆိုးတစ်ခုကတော့ သင့်ကို မုဒိမ်းမှုကနေကာကွယ်ပေးနိုင်မယ့် အတိအကျနည်းလမ်းမရှိ ပါဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေကို ကျင့်သုံးနေတဲ့သူတွေတောင်မှ သားကောင်ဘဝရောက်သွားနိုင် ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး လူသိများတဲ့ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာတာက အကြံဉာဏ်ကောင်း ဖြစ်နေဆဲပါပဲ –
• ကိုယ့်လုပ်ရပ်တိုင်းကို တာဝန်ယူပါ။ ထိန်းထိန်းသိမ်းသိမ်းနေပါ။ဥပမာ- ပါတီပွဲမှာ အရက်မမူးပါစေနဲ့။သင့်ကို အိမ်ပြန်ပို့ပေးဖို့ လူစိမ်းတစ်ယောက်ကို အကူအညီမတောင်းပါနဲ့။
• ညဖက်တစ်ယောက်တည်းလမ်းမလျှောက်ပါနဲ့။ သင့်ကားဆီကို တစ်ယောက်တည်းလမ်းလျှောက်တဲ့ တစ်ကြိမ်လောက်နဲ့ပဲ တိုက်ခိုက်ခံရတတ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကို အဖော်ခေါ်ပါ။
• ကိုယ်မလုပ်ချင်တဲ့အရာအကြောင်း စကားထဲထည့်မပြောပါနဲ့။ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပြီး လုပ်ပါ။
• လိင်အကြမ်းဖက်ခံရတဲ့ကိစ္စဖြစ်လာရင် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်မယ့် နည်းလမ်းတွေကို သင်ယူလေ့လာထားပါ။
• ကိုယ်ခံစားမိတဲ့အာရုံကို ယုံကြည်ပါ။ လူတစ်ယောက်ကသင့်ကိုခြိမ်းခြောက်လာမယ့်ပုံပေါ်ရင် မိတ်ဆွေအဖြစ် ဆက်မပေါင်းပါနဲ့။
• မုဒိမ်းမှုအကြောင်းနဲ့ ဘာ့ကြောင့်ဒီအမှုကျူးလွန်ကြသလဲဆိုတာကို လေ့လာမှတ်သားသတိထားပါ။ ဒီဗဟုသုတက သင့်ကို ဖြစ်နိုင်ချေရှိတဲ့ကျူးလွန်သူတွေကို ပိုပြီး သတိထားမိစေပါတယ်။
• ကိုယ်ခံပညာ သင်ယူထားပါ။
• ကိုယ်ပေါင်းမယ့်လူတွေကို ရွေးချယ်ရာမှာ ဘဝပေးအသိကို အသုံးချပါ။
• အိမ်တွင်းမှာရှိနေချိန်(တံခါးလာဖွင့်တဲ့အခါ)၊ ဒါမှမဟုတ် အိမ်ပြင်မှာရှိနေချိန် နဲ့ ဘယ်နေရာမှာမဆို လူစိမ်းတွေနဲ့ပြောဆိုဆက်ဆံရတဲ့အချိန်တွေမှာ အန္တရာယ်ဖြစ်လာနိုင်တဲ့အခြေအနေတွေကို ရှောင်ပါ။
• ကိုယ်သိပ်မသိတဲ့လူတွေနဲ့ အနီးကပ် ဒါမှမဟုတ် တစ်ဦးတည်းသွားတွေ့တာမျိုး ရှောင်ပါ။
• လူတစ်ယောက်က မလိုလားဖွယ်ရာလိင်ပိုင်းချဉ်းကပ်မှုတွေကြိုးစားလာတဲ့အခါ ဘယ်လောက်ပဲ သေးဖွဲတဲ့ ကိစ္စမဆို အစောကတည်းက ကြိုဟန့်တားပါ။ အဲဒီလူဆီကနေ ခပ်ခွာခွာနေဖို့ ရတဲ့နည်းနဲ့ကြိုးစားပါ။
• အရက်သောက်တဲ့အခါ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပါ။
• လူမှုနယ်ပယ်ပွဲတွေမှာ ကိုယ်စားသောက်သမျှကို သတိထားနေပါ။ ကိုယ်သောက်မယ့်အရာတွေကို ဘယ်သူတွေ ထိတွေ့ ကိုင်တွယ်ခဲ့သလဲ သတိထားပါ။
• အထူးသဖြင့် ကိုယ်က အကာအကွယ်ရှိတဲ့ပတ်ဝန်းကျင်မှာမဟုတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုမရှိတော့တဲ့အထိ အလွန်အကျွံမသောက်စားမိအောင်နေပါ။
• လူတစ်ယောက်နဲ့ချိန်းတွေ့ဖို့ နှင့် ခင်မင်ရင်းနှီးဖို့လုပ်တဲ့နေရာမှာ သူ့အကြောင်းကောင်းကောင်းသိနေပြီလို့ ခံစားရတဲ့အချိန်အထိ သူနဲ့နီးနီးစပ်စပ်နေထိုင်တာ၊ အတူရှိနေတာ၊ လိင်ကိစ္စပတ်သက်တာတွေကို နောက်ဆိုင်းတတ်တဲ့ နည်းလမ်းတစ်ခုကို ကျင့်သုံးပါ။
• သဘောဆန္ဒတူညီသူနှစ်ဦးကြားမှာ အနေနီးစပ်မှုဖြစ်လာတဲ့အခါ ကိုယ်ထားရှိတဲ့ အကန့်အသတ်စည်းကို သေချာအောင် စောစောကြိုပြောထားပါ(ဥပမာ- လိင်ဆက်ဆံမှုမပြုလိုကြောင်း)
• စော်ကားခံရတဲ့အခြေအနေမျိုးမှာ ကိုယ်ဘယ်လိုတုံ့ပြန်မှာလဲဆိုတာ ကြိုတွေးကြည့်ထားပါ။တွန့်ဆုတ် နှောင့်နှေးမှုမရှိဘဲ ထိုအစီအစဉ်အတိုင်း စောစီးစွာ ကျင့်သုံးပါ။


Hello Health Group



#hellosayarwon


ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top