ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကင္ဆာ

ရုံးပေတသီးမွာ ကင္ဆာ ေရာဂါကို တိုက္ဖ်က္ႏိုင္စြမ္းရွိပါတယ္။ သူ႔မွာ Lection (ပရိုတင္းအမ်ိဳးအစား တစ္ခုျဖစ္ၿပီး ဆဲလ္နံရံေတြကို အားေကာင္းေစ) ဓာတ္ပါ၀င္ၿပီး ကင္ဆာဆဲလ္ေတြ အထူးသျဖင့္ ရင္သားမွာရွိတဲ့ ကင္ဆာဆဲလ္ေတြကို ေသေစႏိုင္ပါတယ္။ ရင္သားမွာ ရွိတဲ့ ကင္ဆာဆဲလ္ေတြက သက္တမ္းႏုေသးတယ္ဆိုရင္ ၇၂ ရာခိုင္ႏႈန္းေလာက္ ေသေစႏိုင္ပါတယ္။

စိတ္ဖိစီးမႈကို ေလ်ာ့က်ေစ

ရုံးပေတသီးမွာ Phenol ဓာတ္နဲ႔ Flavonoid ဓာတ္တို႔ ျမင့္မားစြာ ပါ၀င္ပါတယ္။ ဒီဓာတ္ေတြက စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္။

Mazandaran ေဆးပညာဆိုင္ရာ တကၠသိုလ္ရဲ႕ ရုံးပေတသီးကို ေလ့လာခ်က္အရ ရုံးပေတသီးမွာ စိတ္ဓာတ္က်တာကို ျပန္လည္ျမွင့္တင္ႏိုင္စြမ္း ရွိပါတယ္။

ဆီးခ်ဳိ

ရုံးပေတသီးက ဆီးခ်ိဳေရာဂါ ျဖစ္ပြားမႈကိုလည္း ကာကြယ္ေပးပါတယ္။ ဆီးခ်ိဳ ေရာဂါျဖစ္ပြားေနတဲ့ ၾကြက္ေတြကို ရံုးပေတသီးနဲ႔ စမ္းသပ္ကုသလိုက္တဲ့အခါမွာ သူတို႔ ေသြးအတြင္းက သၾကားဓာတ္ေတြက်ဆင္းသြားၿပီး ပံုမွန္ျပန္ျဖစ္သြားပါတယ္။ တိုင္းရင္းေဆးေတြမွာလည္း ရုံးပေတသီးကို ဆီးခ်ိဳက်တဲ့ ေဆးအျဖစ္ အသံုးျပဳၾကပါတယ္။

အသည္း

၂၀၁၁ ခုႏွစ္၊ ေဆာ္ဒီ ပါရာမက္ဒီကယ္ ဂ်ာနယ္မွာ ရုံးပေတသီးက အသညး္ေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ ေရးသားထားပါတယ္။ ရုံးပေတသီးမွာပါ၀င္တဲ့ Antioxidants ေတြက အသည္းေရာဂါ ျဖစ္ပြားမႈကို ကာကြယ္ေပးပါတယ္။

ေက်ာက္ကပ္

၂၀၀၅ ခုႏွစ္က Jilin Medical ဂ်ာနယ္က ရုံးပေတသီးကို သုေတသနလုပ္ထားတဲ့ စာတမ္းတစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီသုေတသနမွာ ေက်ာက္ကပ္ေရာဂါျဖစ္ပြားေနတဲ့သူေတြကို အဖြဲ႔ ၂ ဖြဲ႔ခြဲထားၿပီး တစ္ဖြဲ႔ကို ရုံပေတသီးမွာပါတဲ့ ဓာတ္ေတြနဲ႔ ကုသခဲ့ၿပီး က်န္အဖြဲ႔ကိုေတာ့ သာမန္ ေက်ာက္ကပ္ကုသနည္းအတိုင္း ၆ လ ကုသခဲ့ပါတယ္။ သာမန္ကုသနည္းအတိုင္းကုသခဲ့တဲ့အဖြဲ႔က ထူးျခားမႈမရွိဘဲ ရုံးပေတသီး ကုသနည္းနဲ႔ ကုသခဲ့တဲ့အဖြဲ႔ကေတာ့ ဆီးထဲမွာပရိုတင္းဓာတ္နဲ႔ ယူရစ္အက္ဆစ္ဓာတ္ေတြ ေလ်ာ့နည္းလာၿပီး ေက်ာက္ကပ္က်န္းမာေရး ပိုတိုးတက္လာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myfoodmyanmar

#Unicode Version#
ကင်ဆာ

ရုံးပတေသီးမှာ ကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ သူ့မှာ Lection (ပရိုတင်းအမျိုးအစား တစ်ခုဖြစ်ပြီး ဆဲလ်နံရံတွေကို အားကောင်းစေ) ဓာတ်ပါဝင်ပြီး ကင်ဆာဆဲလ်တွေ အထူးသဖြင့် ရင်သားမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ ရင်သားမှာ ရှိတဲ့ ကင်ဆာဆဲလ်တွေက သက်တမ်းနုသေးတယ်ဆိုရင် ၇၂ ရာခိုင်နှုန်းလောက် သေစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေ

ရုံးပတေသီးမှာ Phenol ဓာတ်နဲ့ Flavonoid ဓာတ်တို့ မြင့်မားစွာ ပါဝင်ပါတယ်။ ဒီဓာတ်တွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

Mazandaran ဆေးပညာဆိုင်ရာ တက္ကသိုလ်ရဲ့ ရုံးပတေသီးကို လေ့လာချက်အရ ရုံးပတေသီးမှာ စိတ်ဓာတ်ကျတာကို ပြန်လည်မြှင့်တင်နိုင်စွမ်း ရှိပါတယ်။

ဆီးချို

ရုံးပတေသီးက ဆီးချိုရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။ ဆီးချို ရောဂါဖြစ်ပွားနေတဲ့ ကြွက်တွေကို ရုံးပတေသီးနဲ့ စမ်းသပ်ကုသလိုက်တဲ့အခါမှာ သူတို့ သွေးအတွင်းက သကြားဓာတ်တွေကျဆင်းသွားပြီး ပုံမှန်ပြန်ဖြစ်သွားပါတယ်။ တိုင်းရင်းဆေးတွေမှာလည်း ရုံးပတေသီးကို ဆီးချိုကျတဲ့ ဆေးအဖြစ် အသုံးပြုကြပါတယ်။

အသည်း

၂၀၁၁ ခုနှစ်၊ ဆော်ဒီ ပါရာမက်ဒီကယ် ဂျာနယ်မှာ ရုံးပတေသီးက အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ ရေးသားထားပါတယ်။ ရုံးပတေသီးမှာပါဝင်တဲ့ Antioxidants တွေက အသည်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

ကျောက်ကပ်

၂၀၀၅ ခုနှစ်က Jilin Medical ဂျာနယ်က ရုံးပတေသီးကို သုတေသနလုပ်ထားတဲ့ စာတမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသုတေသနမှာ ကျောက်ကပ်ရောဂါဖြစ်ပွားနေတဲ့သူတွေကို အဖွဲ့ ၂ ဖွဲ့ခွဲထားပြီး တစ်ဖွဲ့ကို ရုံပတေသီးမှာပါတဲ့ ဓာတ်တွေနဲ့ ကုသခဲ့ပြီး ကျန်အဖွဲ့ကိုတော့ သာမန် ကျောက်ကပ်ကုသနည်းအတိုင်း ၆ လ ကုသခဲ့ပါတယ်။ သာမန်ကုသနည်းအတိုင်းကုသခဲ့တဲ့အဖွဲ့က ထူးခြားမှုမရှိဘဲ ရုံးပတေသီး ကုသနည်းနဲ့ ကုသခဲ့တဲ့အဖွဲ့ကတော့ ဆီးထဲမှာပရိုတင်းဓာတ်နဲ့ ယူရစ်အက်ဆစ်ဓာတ်တွေ လျော့နည်းလာပြီး ကျောက်ကပ်ကျန်းမာရေး ပိုတိုးတက်လာပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top