ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

   ခုန္ခ်သူႏွစ္ဦး၏ ဖိနပ္မ်ားကို ေတြ႕ရစဥ္ (ဓာတ္ပံု − Yangon Police FB)
ေရႊျပည္သာၿမိဳ႕နယ္ ေရႊ ျပည္သာတံတားေပၚမွ လိႈင္ျမစ္ ထဲသို႔ ခုန္ခ်ေသေၾကာင္းႀကံသည့္ လင္မယားႏွစ္ဦးကို အမႈဖြင့္အေရးယူထားေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖြဲ႕႐ံုးမွ သတင္းရရွိသည္။

ေရႊျပည္သာၿမိဳ႕နယ္ မိ ေခ်ာင္းအုိင္ (၃၆) ရပ္ကြက္ေန အသက္ (၂၁)ႏွစ္အရြယ္ ယုသၪၨာေမႏွင့္ ခင္ပြန္း သူရမ်ိဳးတို႔သည္ လင္မယားခ်င္းစကားမ်ားရန္ျဖစ္ကာ ဩဂုတ္ ၁၁ ရက္ ညေန ၃နာရီခန္႔က တံတားေပၚမွ ခုန္ခ်ကာ ေသေၾကာင္းႀကံစည္ခဲ့ေၾကာင္း ၎က ဆက္လက္ရွင္းျပသည္။

‘‘ကြၽန္ေတာ္တုိ႔ သြားၾကည့္ ေတာ့ တံတားရဲ႕ လူသြားလမ္း ေပၚမွာ ဖိနပ္ႏွစ္ရန္နဲ႔ မိန္းမစီးစက္ ဘီးတစ္စီးေတြ႕တယ္။ ခုန္ခ်သြား တဲ့သူႏွစ္ေယာက္ထဲက အမ်ိဳး သမီးကို  အဲဒီနားက တံတား ေဆာက္လုပ္ေရး လုပ္ငန္းခြင္က လူေတြက ကယ္ထားတာ။ ဘာ ကိစၥနဲ႔ သူတုိ႔စကားမ်ားၾကတာ လဲဆိုတာေတာ့ မသိဘူး’’ဟု အင္း စိန္ရဲစခန္းမွ အမႈစစ္ရဲအရာရွိက ဆုိသည္။

ယင္း လင္မယားႏွစ္ဦးသည္ တံတားေပၚမွ ခုန္မခ်မီ အက်ႌမွ ေမွ်ာ့ႀကိဳးျဖင့္ ခင္ပြန္း၏ လက္တစ္ ဖက္ႏွင့္ ၎၏ လက္တစ္ဖက္ကို ပူးခ်ည္ကာ လိႈင္ျမစ္ထဲသို႔ အတူခုန္ခ်ခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕မရဲ စခန္းမွ ရဲအရာရွိတစ္ဦးက ဆုိ သည္။

လင္မယားႏွစ္ဦး လိႈင္ျမစ္အ တြင္း ေမ်ာေနစဥ္ ႐ုန္းကန္ၾကရာ မွ လက္ခ်င္းပူးခ်ည္ထားသည့္ ေမွ်ာ့ႀကိဳးျပဳတ္သြားကာ လူခ်င္း ကြဲသြားၿပီး ေရေပၚအုတ္စက္႐ံု ေက်ာဘက္တြင္ တံတားတည္ ေဆာက္ေနသည့္ လူမ်ားက ေလွ

ျဖင့္ မယုသၪၨာေမကို သြားေရာက္ ဆယ္ယူခဲ့သျဖင့္  အသက္ရွင္ခဲ့ သည္။ အမ်ိဳးသားသည္ ေပ်ာက္ ဆံုးေနေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

လင္မယားႏွစ္ဦးကို အျမင့္ ဆံုးေထာင္ဒဏ္ တစ္ႏွစ္အထိ ခ်မွတ္ႏုိင္သည့္ မိမိကိုယ္ကိုယ္ သတ္ေသရန္ အားထုတ္မႈပုဒ္မ ၃၀၉ ျဖင့္ အင္းစိန္ၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးေနသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ခုန်ချသူနှစ်ဦး၏ ဖိနပ်များကို တွေ့ရစဉ် (ဓာတ်ပုံ − Yangon Police FB)

 ရွှေပြည်သာမြို့နယ် ရွှေ ပြည်သာတံတားပေါ်မှ လှိုင်မြစ် ထဲသို့ ခုန်ချသေကြောင်းကြံသည့် လင်မယားနှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

ရွှေပြည်သာမြို့နယ် မိ ချောင်းအိုင် (၃၆) ရပ်ကွက်နေ အသက် (၂၁)နှစ်အရွယ် ယုသဉ္ဇာမေနှင့် ခင်ပွန်း သူရမျိုးတို့သည် လင်မယားချင်းစကားများရန်ဖြစ်ကာ ဩဂုတ် ၁၁ ရက် ညနေ ၃နာရီခန့်က တံတားပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

‘‘ကျွန်တော်တို့ သွားကြည့် တော့ တံတားရဲ့ လူသွားလမ်း ပေါ်မှာ ဖိနပ်နှစ်ရန်နဲ့ မိန်းမစီးစက် ဘီးတစ်စီးတွေ့တယ်။ ခုန်ချသွား တဲ့သူနှစ်ယောက်ထဲက အမျိုး သမီးကို  အဲဒီနားက တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်က လူတွေက ကယ်ထားတာ။ ဘာ ကိစ္စနဲ့ သူတို့စကားများကြတာ လဲဆိုတာတော့ မသိဘူး’’ဟု အင်း စိန်ရဲစခန်းမှ အမှုစစ်ရဲအရာရှိက ဆိုသည်။

ယင်း လင်မယားနှစ်ဦးသည် တံတားပေါ်မှ ခုန်မချမီ အကျႌမှ မျှော့ကြိုးဖြင့် ခင်ပွန်း၏ လက်တစ် ဖက်နှင့် ၎င်း၏ လက်တစ်ဖက်ကို ပူးချည်ကာ လှိုင်မြစ်ထဲသို့ အတူခုန်ချခဲ့ကြောင်း အင်းစိန်မြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ဆို သည်။

လင်မယားနှစ်ဦး လှိုင်မြစ်အ တွင်း မျောနေစဉ် ရုန်းကန်ကြရာ မှ လက်ချင်းပူးချည်ထားသည့် မျှော့ကြိုးပြုတ်သွားကာ လူချင်း ကွဲသွားပြီး ရေပေါ်အုတ်စက်ရုံ ကျောဘက်တွင် တံတားတည် ဆောက်နေသည့် လူများက လှေ

ဖြင့် မယုသဉ္ဇာမေကို သွားရောက် ဆယ်ယူခဲ့သဖြင့်  အသက်ရှင်ခဲ့ သည်။ အမျိုးသားသည် ပျောက် ဆုံးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လင်မယားနှစ်ဦးကို အမြင့် ဆုံးထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်သည့် မိမိကိုယ်ကိုယ် သတ်သေရန် အားထုတ်မှုပုဒ်မ ၃၀၉ ဖြင့် အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top