Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၾကက္ငွက္တုပ္ေကြးေရာ ဂါ (H5N1) ျဖစ္ပြားေန၍ ၾကက္ သားစားသံုးမႈ မထိခိုက္ေစေရး ႏိုင္ငံတကာ ၾကက္ေၾကာ္ကုမၸဏီ မ်ားပါဝင္ေသာ ၾကက္ေၾကာ္စားပြဲ ေတာ္ကို ႏိုင္ငံအႏွံ႔တြင္ ၾသဂုတ္အတြင္း က်င္းပရန္ စီစဥ္ေနေၾကာင္း ၾကက္ငွက္တုပ္ေကြးစီမံခန္႔ခြဲေရး ေကာ္မတီဝင္ ေဒါက္တာလွလွသိန္းက ေျပာသည္။

ယင္းအစီအစဥ္ကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရ၊ က်န္းမာေရးဦးစီးဌာန၊ ျမန္မာႏုိင္ငံရဲတပ္ ဖြဲ႕၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး ဌာန၊ ျမန္မာႏိုင္ငံေမြးျမဴေရး လုပ္ ငန္းအဖြဲ႕ခ်ဳပ္တို႔ ပါဝင္ေသာ ၾကက္ ငွက္တုပ္ေကြး စီမံခန္႔ခြဲေရး ေကာ္ မတီက ေဆာင္ရြက္ေနျခင္းျဖစ္ သည္။

‘‘တစ္ႏိုင္ငံလံုးၾကက္သား စားပြဲေတာ္ကို က်င္းပမယ္။ မျဖစ္တဲ့ ဧရိယာေတြကေတာ့ လုပ္ကို လုပ္ၾက
လိမ့္မယ္။ ၾကက္ေမြးတဲ့သူေတြနဲ႔ ေဒသဆိုင္ရာ အာဏာပိုင္ ေတြ ပူးေပါင္းေဆာင္ရြက္ေနပါ တယ္။ ရန္ကုန္မွာလည္း ၾကက္ ေၾကာ္စားပြဲေတာ္ကို ၾသဂုတ္ ၅ ႏွင့္ ၆ ရက္ေတြမွာ ျပည္သူ႔ရင္ျပင္ ထဲမွာ က်င္းပပါမယ္။ လာတဲ့သူ ေတြကို အခမဲ့ေကြၽးမယ္။ LOTTERIA, KFC နဲ႔ Marrybrown လည္းပါမယ္။ မႏၲေလးမွာလည္း လုပ္ဖို႔ ျပင္ဆင္ေနၿပီ’’ ဟု ေဒါက္ တာလွလွသိန္းက ေျပာသည္။

ေၾကာ္ထားေသာ ၾကက္သား ႏွင့္ ခ်က္ထားေသာၾကက္သားမ်ား ကို စားသံုးျခင္းျဖင့္ ၾကက္ငွက္တုပ္ ေကြးေရာဂါ မကူးစက္ႏိုင္ေၾကာင္းေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ကာကြယ္ေဆး ထုတ္လုပ္ေရးဌာန အၿငိမ္းစားလက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒါက္တာေအာင္ျမင့္က ေျပာသည္။

ယင္း အစီအစဥ္ႏွင့္ပတ္ သက္၍ Marrybrown ၾကက္ ေၾကာ္ကုမၸဏီ ေအာ္ပေရးရွင္း မန္ေနဂ်ာ ဦးျပည့္ၿဖိဳးက‘‘ကြၽန္ေတာ့္ဆီေတာ့ ဘာသတင္းမွ မရွိေသးပါဘူး’’ဟု ေျပာသည္။

ၾသဂုတ္ ၂ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕ႏွင့္ မြန္ ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕တို႔၌ ၾကက္သားစားပြဲေတာ္ က်င္းပခဲ့ သည္။ အလားတူ ၾသဂုတ္ ၁ ရက္ က ဧရာဝတီတိုင္း ဟသၤာတ ၿမိဳ႕၌ ၾကက္ေမြးျမဴေရးႏွင့္ အသိပညာ ေပး အစည္းအေဝးက်င္းပရာ တက္ေရာက္လာသူမ်ားကို ၾကက္ ေၾကာ္ျဖင့္ ဧည့္ခံခဲ့သည္။

‘‘ၾကက္ငွက္တုပ္ေကြးေရာ ဂါက လူေတြကို ဘာမွမျဖစ္ေသး ပါဘူး။ လူေတြကို ကူးစက္မႈ မရွိ ေအာင္လည္း က်န္းမာေရးဌာန အေနနဲ႔ ေစာင့္ၾကည့္ေနပါတယ္’’ ဟု ရန္ကုန္တိုင္းေဒသႀကီး ကုသ ေရးဦးစီးဌာနမွဴး ေဒါက္တာသာ ထြန္းေက်ာ္က ေျပာသည္။

လက္ရွိတြင္ တနသၤာရီတိုင္းထားဝယ္ၿမိိဳ႕ႏွင့္ ရန္ကုန္တိုင္း မရမ္းကုန္းၿမိဳ႕နယ္တို႔၌ ၾကက္မ်ား ေသဆံုးသျဖင့္ စစ္ေဆးရာ H5N1 ေၾကာင့္ေသဆံုးျခင္းျဖစ္ေၾကာင္း အတည္ျပဳထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 ကြက်ငှက်တုပ်ကွေးရော ဂါ (H5N1) ဖြစ်ပွားနေ၍ ကြက် သားစားသုံးမှု မထိခိုက်စေရေး နိုင်ငံတကာ ကြက်ကြော်ကုမ္ပဏီ များပါဝင်သော ကြက်ကြော်စားပွဲ တော်ကို နိုင်ငံအနှံ့တွင် သြဂုတ်အ တွင်း ကျင်းပရန် စီစဉ်နေကြောင်း ကြက်ငှက်တုပ်ကွေးစီမံခန့်ခွဲရေး ကော်မတီဝင် ဒေါက်တာလှလှ သိန်းက ပြောသည်။

ယင်းအစီအစဉ်ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ၊ ကျန်းမာ ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ် ငန်းအဖွဲ့ချုပ်တို့ ပါဝင်သော ကြက် ငှက်တုပ်ကွေး စီမံခန့်ခွဲရေး ကော် မတီက ဆောင်ရွက်နေခြင်းဖြစ် သည်။

‘‘တစ်နိုင်ငံလုံးကြက်သား စားပွဲတော်ကို ကျင်းပမယ်။ မဖြစ် တဲ့ ဧရိယာတွေကတော့ လုပ်ကို လုပ်ကြလိမ့်မယ်။ ကြက်မွေးတဲ့သူတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင် တွေ ပူးပေါင်းဆောင်ရွက်နေပါ တယ်။ ရန်ကုန်မှာလည်း ကြက် ကြော်စားပွဲတော်ကို သြဂုတ် ၅ နှင့် ၆ ရက်တွေမှာ ပြည်သူ့ရင်ပြင် ထဲမှာ ကျင်းပပါမယ်။ လာတဲ့သူ တွေကို အခမဲ့ကျွေးမယ်။ LOTTERIA, KFC နဲ့ Marrybrown လည်းပါမယ်။ မန္တလေးမှာလည်း လုပ်ဖို့ ပြင်ဆင်နေပြီ’’ ဟု ဒေါက် တာလှလှသိန်းက ပြောသည်။

ကြော်ထားသော ကြက်သား နှင့် ချက်ထားသောကြက်သားများ ကို စားသုံးခြင်းဖြင့် ကြက်ငှက်တုပ် ကွေးရောဂါ မကူးစက်နိုင်ကြောင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကာကွယ်ဆေး ထုတ်လုပ်ရေးဌာန အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်က ပြောသည်။

ယင်း အစီအစဉ်နှင့်ပတ် သက်၍ Marrybrown ကြက် ကြော်ကုမ္ပဏီ အော်ပရေးရှင်း မန်နေဂျာ ဦးပြည့်ဖြိုးက‘‘ကျွန်တော့်ဆီတော့ ဘာသတင်းမှ မရှိသေးပါဘူး’’ဟု ပြောသည်။

သြဂုတ် ၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် မွန် ပြည်နယ် မော်လမြိုင်မြို့တို့၌ ကြက်သားစားပွဲတော် ကျင်းပခဲ့ သည်။ အလားတူ သြဂုတ် ၁ ရက် က ဧရာဝတီတိုင်း ဟင်္သာတ မြို့၌ ကြက်မွေးမြူရေးနှင့် အသိပညာ ပေး အစည်းအဝေးကျင်းပရာ တက်ရောက်လာသူများကို ကြက် ကြော်ဖြင့် ဧည့်ခံခဲ့သည်။

‘‘ကြက်ငှက်တုပ်ကွေးရော ဂါက လူတွေကို ဘာမှမဖြစ်သေး ပါဘူး။ လူတွေကို ကူးစက်မှု မရှိ အောင်လည်း ကျန်းမာရေးဌာန အနေနဲ့ စောင့်ကြည့်နေပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ကုသ ရေးဦးစီးဌာနမှူး ဒေါက်တာသာ ထွန်းကျော်က ပြောသည်။

လက်ရှိတွင် တနင်္သာရီတိုင်းထားဝယ်မြို့နှင့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တို့၌ ကြက်များ သေဆုံးသဖြင့် စစ်ဆေးရာ H5N1 ကြောင့်သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top