ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဆး႐ံု ခုနစ္႐ံုမွာ ေဆးကုသမႈခံယူေနတဲ့ လူနာ တစ္ပတ္ကို ငါးဦးရဲ႕ သလိပ္၊ ခြ်ဲအစရွိတာကို စမ္းသပ္စစ္ေဆးဖို႔ ရန္ကုန္ေဆး႐ံုႀကီးကိုပို႔ေဆာင္ဖို႔ အစီအစဥ္ေရးဆြဲထားပါတယ္။

တစ္ႏိုင္ငံလံုး မွာရွိတဲ့ ေဆး႐ံုတက္ေရာက္သူေတြထဲက ရာသီအလိုက္ ေရာဂါ ျဖစ္ခဲ့တဲ့ လူနာစာရင္းကို ေကာက္ယူေနပါၿပီ။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ လက္ေထာက္ညႊန္ ၾကားေရးမွဴး ေဒါက္တာ ထူးျမင့္ေဆြက “အခုလို ေရာဂါေတြ ျဖစ္လာေတာ့ ခ်က္ခ်င္းအခ်က္အလက္ကို ယွဥ္ဖို႔ရာ မရွိဘူး ျဖစ္ေန တာေပါ့ေနာ္၊ တိုင္းနဲ႔ ျပည္နယ္ ေဆး႐ံုအားလံုးမွာ စာရင္းေတြ ျပန္ေကာက္တယ္။ ဖ်ားမယ္။ ႏွာေစးမယ္။ ေခ်ာင္းဆိုးမယ္။ ၁၀ ရက္အတြင္းမွာ ျဖစ္ခဲ့တဲ့ လူနာစာရင္းေတြရယ္၊ ျပင္းထန္အဆုတ္ေရာင္ လကၡဏာရွိတဲ့ လူနာစာရင္းေတြ၊ တစ္ႏိုင္ငံလုုံးက စာရင္းေကာက္ယူ ၿပီးေတာ့မွ ႏိႈင္းယွဥ္ခ်က္အေနနဲ႔ ထုတ္ျပန္သြားမွာ ျဖစ္ပါတယ္˘လို႔ ေျပာပါတယ္။

အခု ျဖစ္ပြားေနတဲ့ ရာသီတုပ္ေကြးေရာဂါ Seasonal Influenza A(H1N1) pdm 2009 မျဖစ္ခင္ ျမန္မာႏိုင္ငံအတြင္းက ေဆး႐ံုခုနစ္႐ံုမွာ ေဆးကုသမႈခံယူေနတဲ့ လူနာ တစ္ပတ္ကို ငါးဦးရဲ႕သလိပ္၊ ခြ်ဲအစရွိတာကို စမ္းသပ္စစ္ေဆးဖို႔ ရန္ ကုန္ေဆး႐ံုႀကီးကို ပို႔ေဆာင္ဖို႔ အ စီအစဥ္ေရးဆြဲေနစဥ္မွာ အခုလို ရာသီတုပ္ေကြး ျဖစ္ေပၚလာတာလို႔ ဆိုပါတယ္။

ေဒါက္တာ ထူးျမင့္ေဆြက “ဆရာတို႔ အစီအစဥ္စဖို႔ လုပ္ေနတုန္း ဒါျဖစ္လိုက္ေတာ့ အရင္သတ္မွတ္ ထားတဲ့ ေဆး႐ံု ခုနစ္႐ံုထက္ ပိုရင္ လဲ ပိုလာႏိုင္တယ္။ ရန္ကုန္အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနမွာ  အစည္းအေဝးလုပ္ၿပီးသြားၿပီ၊ စနစ္က အတိအက်မျဖစ္ေသးခင္မွာ ဒီေရာဂါ ျဖစ္သြားတာပါ”လို႔  ေျပာတယ္။


ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္နဲ႔ နယ္စပ္ေဒသေတြက ေဆး႐ံုေတြနဲ႔ ျမဝတီ၊ တာခ်ီလိတ္၊ ရခိုင္၊ တနသၤာရီေဆး႐ံုႀကီးေတြက လူနာတစ္ပတ္ကို ငါးေယာက္ရဲ႕ေဆးကု သမႈမွတ္တမ္းကို ယူမွာ ျဖစ္တယ္။ ေရာဂါ ျဖစ္ပြားမႈ ျပင္းျပင္းထန္ထန္ ျဖစ္လာရင္ လူနာဦးေရ စာရင္းကို တိုးေကာက္ၿပီး စစ္ေဆးမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ျပည္ပနဲ႔ နယ္နိမိတ္ ဆက္စပ္ ေနတဲ့ ေဆး႐ံုေတြနဲ႔ ၿမိဳ႕ႀကီးသံုးၿမိဳ႕ရဲ႕ ေဆး႐ံုေတြမွာ ေဆးကုသမႈ ခံယူေနတဲ့ ရာသီအလိုက္ လူနာရဲ႕ ေဆး ကုသမႈ မွတ္တမ္းကို ေကာက္ယူ ထားမယ္ဆိုရင္ အခုလို ရာသီတုပ္ေကြးေရာဂါ Seasonal Influenza A(H1N1) 2009 ဗိုင္းရပ္စ္ေရာဂါ ပိုးဝင္ေရာက္လာၿပီဆိုရင္ ခ်က္ခ်င္းထုတ္ျပန္ႏိုင္မွာ ျဖစ္ပါတယ္။

ျပည္ပႏိုင္ငံေတြမွာ အဲသည္ နည္းစနစ္ကို ၂၀၁၄ ခုႏွစ္ ကတည္း ကက်င့္သံုးခဲ့ၿပီး ဗိုင္းရပ္စ္ေရာဂါပိုး တစ္ခုခုျဖစ္ၿပီဆိုရင္ ခ်က္ခ်င္းႏိႈင္းယွဥ္ခ်က္အေနနဲ႔ ထုတ္ျပန္ႏိုင္ပါ တယ္။

ဇူလိုင္ ၂၁ ရက္ေန႔ကေန ဩဂုတ္ ၁ ရက္ေန႔အထိရာသီတုပ္ေကြးေရာဂါနဲ႔ ေဆး႐ံုတက္ေရာက္ကုသသူလူနာစုစုေပါင္း ၂၄၅ ဦး၊ Seasonal Influenza A(H1N1)2009 positive လူနာစုစုေပါင္း ၇၆ ဦး၊ေသဆံုး သူ ၁၂ ဦးရွိေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

Author / မိုးမိုး


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra

#Unicode Version#
ဆေးရုံ ခုနစ်ရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူနာ တစ်ပတ်ကို ငါးဦးရဲ့ သလိပ်၊ ချွဲအစရှိတာကို စမ်းသပ်စစ်ဆေးဖို့ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။

တစ်နိုင်ငံလုံး မှာရှိတဲ့ ဆေးရုံတက်ရောက်သူတွေထဲက ရာသီအလိုက် ရောဂါ ဖြစ်ခဲ့တဲ့ လူနာစာရင်းကို ကောက်ယူနေပါပြီ။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာ ထူးမြင့်ဆွေက “အခုလို ရောဂါတွေ ဖြစ်လာတော့ ချက်ချင်းအချက်အလက်ကို ယှဉ်ဖို့ရာ မရှိဘူး ဖြစ်နေ တာပေါ့နော်၊ တိုင်းနဲ့ ပြည်နယ် ဆေးရုံအားလုံးမှာ စာရင်းတွေ ပြန်ကောက်တယ်။ ဖျားမယ်။ နှာစေးမယ်။ ချောင်းဆိုးမယ်။ ၁၀ ရက်အတွင်းမှာ ဖြစ်ခဲ့တဲ့ လူနာစာရင်းတွေရယ်၊ ပြင်းထန်အဆုတ်ရောင် လက္ခဏာရှိတဲ့ လူနာစာရင်းတွေ၊ တစ်နိုင်ငံလုုံးက စာရင်းကောက်ယူ ပြီးတော့မှ နှိုင်းယှဉ်ချက်အနေနဲ့ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်˘လို့ ပြောပါတယ်။

အခု ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 မဖြစ်ခင် မြန်မာနိုင်ငံအတွင်းက ဆေးရုံခုနစ်ရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူနာ တစ်ပတ်ကို ငါးဦးရဲ့သလိပ်၊ ချွဲအစရှိတာကို စမ်းသပ်စစ်ဆေးဖို့ ရန် ကုန်ဆေးရုံကြီးကို ပို့ဆောင်ဖို့ အ စီအစဉ်ရေးဆွဲနေစဉ်မှာ အခုလို ရာသီတုပ်ကွေး ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

ဒေါက်တာ ထူးမြင့်ဆွေက “ဆရာတို့ အစီအစဉ်စဖို့ လုပ်နေတုန်း ဒါဖြစ်လိုက်တော့ အရင်သတ်မှတ် ထားတဲ့ ဆေးရုံ ခုနစ်ရုံထက် ပိုရင် လဲ ပိုလာနိုင်တယ်။ ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ  အစည်းအဝေးလုပ်ပြီးသွားပြီ၊ စနစ်က အတိအကျမဖြစ်သေးခင်မှာ ဒီရောဂါ ဖြစ်သွားတာပါ”လို့  ပြောတယ်။


ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်ဒေသတွေက ဆေးရုံတွေနဲ့ မြဝတီ၊ တာချီလိတ်၊ ရခိုင်၊ တနင်္သာရီဆေးရုံကြီးတွေက လူနာတစ်ပတ်ကို ငါးယောက်ရဲ့ဆေးကု သမှုမှတ်တမ်းကို ယူမှာ ဖြစ်တယ်။ ရောဂါ ဖြစ်ပွားမှု ပြင်းပြင်းထန်ထန် ဖြစ်လာရင် လူနာဦးရေ စာရင်းကို တိုးကောက်ပြီး စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပနဲ့ နယ်နိမိတ် ဆက်စပ် နေတဲ့ ဆေးရုံတွေနဲ့ မြို့ကြီးသုံးမြို့ရဲ့ ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေတဲ့ ရာသီအလိုက် လူနာရဲ့ ဆေး ကုသမှု မှတ်တမ်းကို ကောက်ယူ ထားမယ်ဆိုရင် အခုလို ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) 2009 ဗိုင်းရပ်စ်ရောဂါ ပိုးဝင်ရောက်လာပြီဆိုရင် ချက်ချင်းထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ အဲသည် နည်းစနစ်ကို ၂၀၁၄ ခုနှစ် ကတည်း ကကျင့်သုံးခဲ့ပြီး ဗိုင်းရပ်စ်ရောဂါပိုး တစ်ခုခုဖြစ်ပြီဆိုရင် ချက်ချင်းနှိုင်းယှဉ်ချက်အနေနဲ့ ထုတ်ပြန်နိုင်ပါ တယ်။

ဇူလိုင် ၂၁ ရက်နေ့ကနေ ဩဂုတ် ၁ ရက်နေ့အထိရာသီတုပ်ကွေးရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူလူနာစုစုပေါင်း ၂၄၅ ဦး၊ Seasonal Influenza A(H1N1)2009 positive လူနာစုစုပေါင်း ၇၆ ဦး၊သေဆုံး သူ ၁၂ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Author / မိုးမိုး


ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top