ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္ျပည္ေထာင္စုမွာ လာမယ့္ တနလၤာေန႔က်ရင္ ေနၾကတ္မွာျဖစ္တဲ့အတြက္၊ အေနာက္ဘက္ျခမ္း Oregon ျပ ည္နယ္က ပစိဖိတ္သမုဒၵရာကမ္း႐ုိးတန္းကေန အေရွ႕ဘက္ျခမ္းက အတၱလႏၱိတ္သမုဒၵရာကမ္း႐ုိးတန္း ေျမာက္ကယ္႐ုိး လို င္းနားျပည္နယ္ အထိ ေနၾကတ္တာကို ျမင္ၾကရမွာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ လာမယ့္ တနလၤာေန႔က်ရင္ ေနၾကတ္မွာျဖစ္တဲ့အတြက္၊ အေနာက္ဘက္ျခမ္း Oregon ျပည္နယ္က ပစိဖိတ္သမုဒၵရာကမ္း႐ုိးတန္းကေန အေရွ႕ဘက္ျခမ္းက အတၱလႏၱိတ္သမုဒၵရာကမ္း႐ုိးတန္း ေျမာက္ကယ္ ႐ုိးလိုင္းနားျပည္နယ္ အထိ ေနၾကတ္တာကို ျမင္ၾကရမွာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ဒါဟာ ၃၈ ႏွစ္အတြင္း လုုံး၀ေနၾကတ္တာကို ပထမဆုံးအႀကိမ္ ႀကဳံၾကရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ၉၉ ႏွစ္အတြင္း အေမရိကန္အေနာက္ဘက္ ပစိဖိတ္ကမ္း႐ုိးတန္းကေန အေရွ႕ဘက္က အတၱလႏၱိတ္ကမ္း႐ုိး တ န္းအထိ လုံး၀ေနၾကတ္တာကို ပထမဆုံးအႀကိမ္ႀကံဳရမွာျဖစ္ပါတယ္။ ဒီမတုိင္ခင္ေနာက္ဆုံးအႀကိမ္ျဖစ္ခဲ့တာေတာ့ ၁၉၁၈ ခုႏွစ္ကျဖစ္ၿပီး ၊ အဲဒီတုန္းကေတာ့ အေနာက္ေျမာက္ပိုင္း ၀ါရွင္တန္ျပည္နယ္ကေန အေရွ႕ေတာင္ဘက္ ဖေလာ္ရီဒါအထိ ျမင္ခဲ့ရတာျဖစ္ပါတယ္။

ဟာ၀ါရီျပည္နယ္မွာေတာ့ ၁၉၉၁ ခုႏွစ္က ေနၾကတ္တာကို ႀကဳံခဲ့ရပါတယ္။ အခုလိုမ်ိဳး လုံး၀ေနၾကတ္ျခင္းဟာ ကမာၻေပၚ မွာ ၃ ႏွစ္ ၁ ႀကိမ္ေလာက္ ျဖစ္ေလ့ရွိၿပီး၊ ေရမ်က္ႏွာျပင္ဧရိယာက ကုန္းေျမထက္ပိုမ်ားေနတာေၾကာင့္ မ်ားေသာအားျဖ င္ေတာ့ ကမာၻပင္လယ္သမုဒၵရာ တေနရာရာမွာ အျဖစ္မ်ားေလ့ရွိပါတယ္။

အခုတႀကိမ္ ေနၾကတ္တာကို အၾကာဆုံး ႀကဳံရမယ့္ၿမိဳ႕ကေတာ့ Illinois ျပည္နယ္ Carbondale ၿမိဳ႕ျဖစ္ၿပီး ၊ အဲဒီမွာ ေန ၾကတ္တဲ့အခ်ိန္ဟာ ၂ မိနစ္ နဲ႔ ၄၄ စကၠန္႔ၾကာမွာျဖစ္ပါတယ္။ ေအာ္ရီဂြန္ကေန ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္အထိ ၊ အဲဒီလမ္းေၾကာတေလွ်ာက္က အက်ယ္ ကီလိုမီတာ ၁၀၀ ေလာက္အတြင္းမွာရွိတဲ့ ျပည္နယ္တခ်ိဳ႕ နဲ႔ ၿမိဳ႕ေတြအေနနဲ႔ လုံး ၀ေနၾကတ္တာကို ေတြ႔ရမွာျဖစ္ပါတယ္။

ေအာ္ရီဂြန္ျပည္နယ္ Lincoln City ၿမိဳ႕ကေန စတင္ၿပီး၊ Idaho, Montana, Wyoming, Nebraska, Iowa, Kansas, Missouri, Illinois, Kentucky, Tennessee, Georgia, North Carolina နဲ႔ South Carolina ျပည္နယ္ေတြ အေနနဲ႔ လုံး၀ေနၾကတ္တာကို ႀကဳံရမွာျဖစ္ပါတယ္။

 https://burmese.voanews.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗြီအိုေအ (ျမန္မာပုိင္း)


#Unicode Version#
အမေရိကန်ပြည်ထောင်စုမှာ လာမယ့် တနင်္လာနေ့ကျရင် နေကြတ်မှာဖြစ်တဲ့အတွက်၊ အနောက်ဘက်ခြမ်း Oregon ပြ ည်နယ်က ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းကနေ အရှေ့ဘက်ခြမ်းက အတ္တလန္တိတ်သမုဒ္ဒရာကမ်းရိုးတန်း မြောက်ကယ်ရိုး လို င်းနားပြည်နယ် အထိ နေကြတ်တာကို မြင်ကြရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လာမယ့် တနင်္လာနေ့ကျရင် နေကြတ်မှာဖြစ်တဲ့အတွက်၊ အနောက်ဘက်ခြမ်း Oregon ပြည်နယ်က ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းကနေ အရှေ့ဘက်ခြမ်းက အတ္တလန္တိတ်သမုဒ္ဒရာကမ်းရိုးတန်း မြောက်ကယ် ရိုးလိုင်းနားပြည်နယ် အထိ နေကြတ်တာကို မြင်ကြရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဒါဟာ ၃၈ နှစ်အတွင်း လုုံးဝနေကြတ်တာကို ပထမဆုံးအကြိမ် ကြုံကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၉၉ နှစ်အတွင်း အမေရိကန်အနောက်ဘက် ပစိဖိတ်ကမ်းရိုးတန်းကနေ အရှေ့ဘက်က အတ္တလန္တိတ်ကမ်းရိုး တ န်းအထိ လုံးဝနေကြတ်တာကို ပထမဆုံးအကြိမ်ကြုံရမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်နောက်ဆုံးအကြိမ်ဖြစ်ခဲ့တာတော့ ၁၉၁၈ ခုနှစ်ကဖြစ်ပြီး ၊ အဲဒီတုန်းကတော့ အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်ကနေ အရှေ့တောင်ဘက် ဖလော်ရီဒါအထိ မြင်ခဲ့ရတာဖြစ်ပါတယ်။

ဟာဝါရီပြည်နယ်မှာတော့ ၁၉၉၁ ခုနှစ်က နေကြတ်တာကို ကြုံခဲ့ရပါတယ်။ အခုလိုမျိုး လုံးဝနေကြတ်ခြင်းဟာ ကမ္ဘာပေါ် မှာ ၃ နှစ် ၁ ကြိမ်လောက် ဖြစ်လေ့ရှိပြီး၊ ရေမျက်နှာပြင်ဧရိယာက ကုန်းမြေထက်ပိုများနေတာကြောင့် များသောအားဖြ င်တော့ ကမ္ဘာပင်လယ်သမုဒ္ဒရာ တနေရာရာမှာ အဖြစ်များလေ့ရှိပါတယ်။

အခုတကြိမ် နေကြတ်တာကို အကြာဆုံး ကြုံရမယ့်မြို့ကတော့ Illinois ပြည်နယ် Carbondale မြို့ဖြစ်ပြီး ၊ အဲဒီမှာ နေ ကြတ်တဲ့အချိန်ဟာ ၂ မိနစ် နဲ့ ၄၄ စက္ကန့်ကြာမှာဖြစ်ပါတယ်။ အော်ရီဂွန်ကနေ မြောက်ကယ်ရိုလိုင်းနားပြည်နယ်အထိ ၊ အဲဒီလမ်းကြောတလျှောက်က အကျယ် ကီလိုမီတာ ၁၀၀ လောက်အတွင်းမှာရှိတဲ့ ပြည်နယ်တချို့ နဲ့ မြို့တွေအနေနဲ့ လုံး ဝနေကြတ်တာကို တွေ့ရမှာဖြစ်ပါတယ်။

အော်ရီဂွန်ပြည်နယ် Lincoln City မြို့ကနေ စတင်ပြီး၊ Idaho, Montana, Wyoming, Nebraska, Iowa, Kansas, Missouri, Illinois, Kentucky, Tennessee, Georgia, North Carolina နဲ့ South Carolina ပြည်နယ်တွေ အနေနဲ့ လုံးဝနေကြတ်တာကို ကြုံရမှာဖြစ်ပါတယ်။

 https://burmese.voanews.com



ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top