လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×
ref:Mo Kham Hawm
Credit: PannPwint
#Unicode Version#
လူတော်တော်များများက ခြေလက်ကောင်းပြီး ကျန်းမာ၊ ငယ်ရွယ်နေသော်လည်း ဘဝကို ငြီးငြူကြသည်။ သို့သော် ယခုမြင်တွေ့ရမည့် အဖိုးအိုလို ဘဝမျိုးကို တွေးကြည့်ပါက သူတို့ရဲ့အတွေးများ ပြောင်းလဲသွားနိုင်ပါတယ်။
အသက်အရွယ် ၇ဝ ကျော် ၈ဝ ဝန်းကျင် အဖိုးအိုတစ်ဦးဟာ လားရှိူးမြို့ရဲ့ ရပ်ကွက်တစ်ခုအတွင်း ဝါးရုံများထမ်းရောင်းနေသည်။ မျက်စိလည်း သိပ်မမြင်ဘူး နားလည်း မကောင်းတော့ဘူးဟု သိရသည်။
အိမ်ရှေ့မှာ လာရပ်ပြီး အမောဖြေနေတာ နည်းနည်းကြာပြီ လမ်းထဲက တီချယ်က အဖိုး ဝါးလုံးတွေ ဘယ်လိုရောင်းလဲဆိုပြီး လာမေးပြီး ဝယ်တာ့မှ ထွက်ကြည့်မိတာ ဟု Mo Kham Hawm ဖေ့စ်ဘွက်အသုံးပြုသူက ရေးသားထားသည်။
”အသက်ကြီးပြီး လေးလေးပင်ပင်တွေထမ်း ပင်ပင်ပန်းပန်း ရှာစား၇တဲ့ လူတွေကို မြင်၇တာ စိတ်ကို မကောင်းဘူး
ကိုယ် အသုံးမလိုပေမယ့် နည်းနည်းဝယ်ပေးလိုက်တယ် အချိုရည်တစ်ဗူးနဲ့ ပေါင်မုန့် ပေးလိုက်တယ် လမ်းသွားရင်း ဆာ၇င် စားလို့၇အောင်လို့” ဟု သူမက ရေးသားထားသည်။
တစ်ခါတစ်လေ ဘဝက အဆင်ပြေနေတဲ့ လူတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတယ် ထင်ပြီးစိတ်ပူမိကြပေမယ့် တကယ်တန်း ဘဝကို အသက်နှင့်ရင်းပြီး မိနစ်နှင့်အမျှ ရုန်းကန်နေရသူများလည်း မျက်မြင်ကိုယ်တွေ့ တွေ့ကြရသည်။
ref:Mo Kham Hawm
ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top