ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဆူးေလဘိုးဘိုးႀကီးနတ္နန္းဆိုတာ ဆူးေလေစတီကိုသြားဖူးၾကရင္ မျဖစ္မေန၀င္ဖူးၾကတဲ႔ နတ္နန္းတစ္ခုပါ။ ဆူးေလဘိုး ဘိုးႀကီးဆိုရဲ႕ အေၾကာင္းနဲ႔ပတ္သတ္ရင္ က်မ္းဂန္ေတြထဲမွာ တိတိက်က် မပါသလို မြန္သမိုင္းတြင္လည္း ေဖာ္ျပထားတာ မ်ိဳး မရွိပါဘူး။ ဒါေပမယ္႔ ဆူးေလဘိုးဘိုးႀကီးနဲ႔ ပတ္သတ္ရင္ ဘာသာေရးအယူအဆမ်ားစြာရွိတာမို႔ ဆူးေလဘိုးဘိုးႀကီး အေၾကာင္းကို ရွာေဖြေတြ႔ရွိရသေလာက္ ေဖာ္ျပေပးလိုက္ပါတယ္။

“ဆူးေလဘိုးဘိုးႀကီးသမိုင္း”

ဤဘဒၵကမၻာတြင္ ပြင့္ခဲ့သည့္ ျမတ္စြာဘုရားရွင္ ေလးဆူအားမွီလိုက္သည့္ သက္ေတာ္ရွည္ ““ေလးဆူနတ္ႀကီး”” ဟု သမို င္းစဥ္မ်ားတြင္ ေတြ႕ရသည္။ ေလးဆူနတ္ႀကီးသည္ ေရႊတိဂုံေစတီေတာ္အား တည္ထားကိုးကြယ္ရန္ ေနရာျဖစ္သည့္ သိဂၤဳ တၱရကုန္းေျမအား ညႊန္ျပေပးခဲ့သည့္ ဘိုးဘိုးႀကီးမ်ားအနက္ တစ္ပါးျဖစ္၏။

ယခင္က ေလးဆူနတ္ႀကီး ဟုလူသိမ်ားခဲ့ၿပီး ထိုေနရာတစ္ဝိုက္တြင္ ေနထိုင္သူမ်ား၏ ကိုးကြယ္ဆည္းကပ္မႈကို ခံခဲ့ရသ ည္။ ယုံၾကည္မႈလြန္ကဲသည့္ ျမန္မာလူမ်ိဳးမ်ားသည္ ယုံၾကည္မႈႏွင့္အတူ အားကိုးအားထား ျပဳခဲ့သည္လည္း ရွိသည္။ လုပ္ ငန္းေဆာင္တာ လုပ္ကိုင္ရာတြင္ျဖစ္ေစ၊ အခက္အခဲ ၾကဳံခဲ့သည့္အခါတြင္ျဖစ္ေစ၊ ေလးဆူနတ္ႀကီးအား ပသပူေဇာ္ အဓိ႒ာ န္ ျပဳျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္ႏွင့္အညီ ေအာင္ျမင္မႈမ်ားစြာ ရခဲ့သည့္ သာဓကမ်ားရွိခဲ့သည္ ဟု ဆို၏။

ထို႔ေၾကာင့္ လူအမ်ားသည္ ဤေလးဆူနတ္ႀကီးအား ထိုေနရာတြင္ နတ္နန္းျပဳလုပ္၍ ပူေဇာ္ခဲ့သည့္ အစဥ္အလာ ရွိခဲ့သ ည္။ ေရွးသူေဟာင္းတို႔ စကားလည္းရွိ၏။ အခ်ိဳ႕၏စကားအရ ေလးဆူနတ္ႀကီးသည္ ရန္ကုန္ၿမိဳ႕လယ္ အား ပိုင္သူဟု ဆို ၏။ အဓိ႒ာန္ႏွင့္ လုပ္ငန္းလုပ္၍ ေအာင္ျမင္လၽွင္ တတ္နိုင္လၽွင္ တတ္နိုင္သေလာက္ ဝတ္လဲေတာ္ ပုဆိုး၊ အကၤ်ီပုဝါမွ အစ ေငြအသျပာတတ္နိုင္သ၍ ပူေဇာ္ၾကသည္။

ေလးဆူနတ္ႀကီးသည္ နတ္သက္ရွည္သူျဖစ္ၿပီး ေကာင္းမႈ ေကာင္းက်ိဳးျပဳသူဟုလည္း ဆို၏။ လူအမ်ားသည္ ေလးဆူန တ္ ႀကီးသည္ လူအမ်ား၏ အပူေဇာ္ခံ ဘ၀သို႔ ေရာက္ခဲ့ၿပီး ေလးဆူနတ္ႀကီး ေနထိုင္သည့္နယ္တြင္ ေစတီဘုရား တည္ထား ကိုးကြယ္သည့္အခါ ထိုေစတီဘုရား၌ ေလးဆူနတ္ႀကီးအား သီးျခား နန္းျပဳလုပ္၍ ပူေဇာ္ၾက၏။

ေလးဆူနတ္ႀကီး အား ဆူးေလေစတီေတာ္ အတြင္း၌ သီးျခားနန္းတည္ ကိုးကြယ္၍ ကာလရွည္ၾကာ ကိုးကြယ္မႈၾကာလာ သည့္အခါ လူအမ်ား၏စိတ္ထဲ၌ ေလးဆူနတ္ႀကီးအား ဆူးေလ ေစတီေတာ္အား အစြဲျပဳ၍ ဆူးေလဘိုးဘိုးႀကီး ဟု ေခၚတြ င္လာခဲ့ၾကသည္။ စင္စစ္ ေလးဆူနတ္ႀကီးသည္ ေလးဆူနတ္ဟုေခၚခဲ့ေသာ္လည္း သာမန္နတ္မ်ိဳး နတ္ႏြယ္ မဟုတ္၊ ဘဒၵ ကမၻာတြင္ ပြင့္ေတာ္မူသည့္ ဘုရားရွင္မ်ားအား မွီလိုက္ေသာ နတ္ျဖစ္သည္။

ေရွးသူေဟာင္း အခ်ိဳ႕က သူေတာ္စင္နတ္ဟုေခၚ၏။ မေကာင္းသူပယ္၊ ေကာင္းသူကယ္၏။ သာသနာအတြက္ ဘ၀နာတ ရားကိုးစားသူဟုဆို၏။ ေကာင္းမႈေကာင္းက်ိဳးျပဳသူမ်ား၊ ဘာသာ သာသနာအက်ိဳးျပဳသူမ်ားအား ေဆာင္မမည္ဟု ဆို၏။ ဆူးေလဘိုးဘိုးႀကီး ၏ နန္းထိမ္းတစ္ဦးက ဆူးေလဘိုးဘိုးႀကီးအား သက္ေတာ္ရွည္ သူေတာ္စင္ နတ္မင္းႀကီးတစ္ပါးပဲ၊ ဆူးေလ ဘိုးဘိုးႀကီးဟာ ရန္ကုန္ၿမိဳ႕လယ္ကို ပိုင္စိုးထိမ္းသမ္းထားသူ လည္းျဖစ္တယ္။

ၿမိဳ႕လည္တစ္ဝိုက္မွာ လုပ္ငန္းလုပ္သူေတြ၊ အားကိုးအားထားျပဳ တိုင္တည္အလုပ္လုပ္ရင္း အမ်ားႀကီး ေအာင္ျမင္ ထေျမာ က္နိုင္တယ္ ဟုဆို၏။ ထို႔အတူ နန္းထိမ္းေဟာင္း ႀကီးက ဆူးေလဘိုးဘိုးႀကီးဟာ ဘာသာသာသနာအတြက္ ေစာင့္ထိန္း သူျဖစ္လို႔ ဘာသာသာသနာ အက်ိဳးျပဳသူေတြကို ပိုၿပီး ေစာင္မၾကည့္ရႈတယ္။ ဆူးေလဘိုးဘိုးႀကီးကို တိုင္တည္အလုပ္ လု ပ္သူဟာ ကံငါးပါးလုံျခဳံရမယ္ ဟုဆို၏။

ဆူးေလဘိုးဘိုးႀကီးကို ယံုၾကည္သူမ်ားက လာေရာက္ပူေဇာ္ပသ ကိုးကြယ္ၾကသူမ်ားစြာရွိၿပီး ဒီေဆာင္းပါးဖတ္ၿပီးေနာက္ သင္႔ရဲ႕ကံဇာတာမ်ား တိုးတက္လာႏိုင္ပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းေပးအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ျမန္မာ႔စြယ္စံုက်မ္း

#Unicode Version#
ဆူးလေဘိုးဘိုးကြီးနတ်နန်းဆိုတာ ဆူးလေစေတီကိုသွားဖူးကြရင် မဖြစ်မနေဝင်ဖူးကြတဲ့ နတ်နန်းတစ်ခုပါ။ ဆူးလေဘိုး ဘိုးကြီးဆိုရဲ့ အကြောင်းနဲ့ပတ်သတ်ရင် ကျမ်းဂန်တွေထဲမှာ တိတိကျကျ မပါသလို မွန်သမိုင်းတွင်လည်း ဖော်ပြထားတာ မျိုး မရှိပါဘူး။ ဒါပေမယ့် ဆူးလေဘိုးဘိုးကြီးနဲ့ ပတ်သတ်ရင် ဘာသာရေးအယူအဆများစွာရှိတာမို့ ဆူးလေဘိုးဘိုးကြီး အကြောင်းကို ရှာဖွေတွေ့ရှိရသလောက် ဖော်ပြပေးလိုက်ပါတယ်။

“ဆူးလေဘိုးဘိုးကြီးသမိုင်း”

ဤဘဒ္ဒကမ္ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် ““လေးဆူနတ်ကြီး”” ဟု သမို င်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့် သိင်္ဂု တ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့် ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။

ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသ ည်။ ယုံကြည်မှုလွန်ကဲသည့် မြန်မာလူမျိုးများသည် ယုံကြည်မှုနှင့်အတူ အားကိုးအားထား ပြုခဲ့သည်လည်း ရှိသည်။ လုပ် ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာ န် ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟု ဆို၏။

ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင် နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သ ည်။ ရှေးသူဟောင်းတို့ စကားလည်းရှိ၏။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အား ပိုင်သူဟု ဆို ၏။ အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ဝတ်လဲတော် ပုဆိုး၊ အင်္ကျီပုဝါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။

လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီး ကောင်းမှု ကောင်းကျိုးပြုသူဟုလည်း ဆို၏။ လူအများသည် လေးဆူန တ် ကြီးသည် လူအများ၏ အပူဇော်ခံ ဘဝသို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီး နေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအား သီးခြား နန်းပြုလုပ်၍ ပူဇော်ကြ၏။

လေးဆူနတ်ကြီး အား ဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည် ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာ သည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအား ဆူးလေ စေတီတော်အား အစွဲပြု၍ ဆူးလေဘိုးဘိုးကြီး ဟု ခေါ်တွ င်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်း သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒ ကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။

ရှေးသူဟောင်း အချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ ကောင်းသူကယ်၏။ သာသနာအတွက် ဘဝနာတ ရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ ဆူးလေဘိုးဘိုးကြီး ၏ နန်းထိမ်းတစ်ဦးက ဆူးလေဘိုးဘိုးကြီးအား သက်တော်ရှည် သူတော်စင် နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေ ဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသမ်းထားသူ လည်းဖြစ်တယ်။

မြို့လည်တစ်ဝိုက်မှာ လုပ်ငန်းလုပ်သူတွေ၊ အားကိုးအားထားပြု တိုင်တည်အလုပ်လုပ်ရင်း အများကြီး အောင်မြင် ထမြော က်နိုင်တယ် ဟုဆို၏။ ထို့အတူ နန်းထိမ်းဟောင်း ကြီးက ဆူးလေဘိုးဘိုးကြီးဟာ ဘာသာသာသနာအတွက် စောင့်ထိန်း သူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေကို ပိုပြီး စောင်မကြည့်ရှုတယ်။ ဆူးလေဘိုးဘိုးကြီးကို တိုင်တည်အလုပ် လု ပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆို၏။

ဆူးလေဘိုးဘိုးကြီးကို ယုံကြည်သူများက လာရောက်ပူဇော်ပသ ကိုးကွယ်ကြသူများစွာရှိပြီး ဒီဆောင်းပါးဖတ်ပြီးနောက် သင့်ရဲ့ကံဇာတာများ တိုးတက်လာနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  မြန်မာ့စွယ်စုံကျမ်း






 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top