ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အမ်ိဳးသားေရာ၊ အမ်ိဳးသမီးမ်ားေရာ ႏွစ္ၿခိဳက္စြာဝတ္ဆင္ၾကတဲ့ ဖက္ရွင္တစ္ခုကေတာ့ ဂ်င္းဖက္ရွင္ပါပဲ။  ဂ်င္းဖက္ရွင္က ဘယ္ေတာ့မွ ရိုးမသြားတဲ့ ဖက္ရွင္တစ္ခုျဖစ္တဲ့အျပင္ ဘယ္သူနဲ႔မဆို လိုက္ဖက္မႈရွိတာကို ေတြ႔ရပါတယ္။ ဂ်င္းဖက္ရွင္ကလည္း ဒီဇိုင္းအမ်ိဳမိ်ဳး၊ ပံုစံအမ်ိဳးမ်ိဳးနဲ႔ စံုလင္လွတာေၾကာင့္ ေရြးခ်ယ္စရာမ်ားျပားလွပါတယ္။ ဂ်င္းေဘာင္းဘီအပြဒီဇိုင္း၊ အၾကပ္ဒီဇိုင္း၊ ေျခရွဴးစတဲ့ ဒီဇိုင္းမ်ိဳးစံုထဲကမွ တင္းၾကပ္ေနတဲ့ေျခရွဴးဂ်င္းေဘာင္ဘီကုိ လူငယ္ေတြေတာ္ေတာ္မ်ားမ်ားက ယေန႔ေခတ္မွာဝတ္ဆင္ၾကတာကို ေတြ႔ရပါတယ္။ ဂ်င္းေဘာင္ဘီအၾကပ္ေလးေတြက သပ္သပ္ရပ္ရပ္နဲ႔ စမတ္က်ေစတာေတာ့ အမွန္ပါပဲ။ မိန္းကေလးေတြဝတ္ဆင္လိုက္ရင္လည္း ေျခေထာက္ေလးသြယ္လ်သြားၿပီး ေျခတံရွည္ရွည္ေလးနဲ႔ လွပသြားေစပါတယ္။ ဒါေပမယ့္ ေျခရွဴးဂ်င္းေဘာင္းဘီက လွပေစတယ္ဆိုေပမယ့္လည္း တင္းၾကပ္လြန္းေနရင္ေတာ့ က်န္းမာေရးအတြက္ ထိခိုက္ႏိုင္ပါတယ္ေနာ္။

(၁) ဂ်င္းေဘာင္းဘီ အရမ္းတင္းၾကပ္လြန္းေနရင္ ေျခေထာက္နဲ႔ ေျခက်င္းဝတ္အေၾကာမ်ားကို နာက်င္ေစပါတယ္။ ခဏပဲဝတ္တာက ျပႆနာမရွိေပမယ့္ ေန႔စဥ္ေန႔တိုင္းၾကာရွည္စြဲၿမဲစြာ ဝတ္မယ္ဆိုရင္ေတာ့ အခ်ိန္ၾကာလာတာနဲ႔အမွ် ေျခက်င္းဝတ္နာက်င္တာ၊ ေျခေထာက္ကိုက္ခဲလာတာမ်ိဳး ျဖစ္လာတတ္ပါတယ္။ ဒ့ါေၾကာင့္ ဂ်င္းေဘာင္းဘီဝတ္ရင္ ေျခေထာက္ကိုတင္းၾကပ္သြားေစတဲ့ ေဘာင္းဘီမ်ိဳးေန႔စဥ္မဝတ္သင့္ပါဘူးေနာ္။

(၂) တင္းၾကပ္လြန္းတဲ့အဝတ္အစား၊ ဒါမွမဟုတ္ ဂ်င္းေဘာင္းဘီကုိ ဝတ္ဆင္မယ္ဆိုရင္ ေသြးလည္ပတ္မႈမေကာင္းေတာ့ပါဘူး။ ခႏၶာကိုယ္တြင္းေသြးမ်ားက ေကာင္းမြန္စြာလည္းပတ္မႈ မရေတာ့တဲ့အျပင္ တင္းၾကပ္ေနတဲ့ ဂ်င္းေဘာင္းဘီေၾကာင့္ ခါးတစ္ဝုိက္မွာစည္းထားသလိုျဖစ္ေစၿပီး အစာေခ်စနစ္ကို ကေမာက္ကမျဖစ္သြားေစပါတယ္။ ဒီလိုနဲ႔ပဲ အက္ဆစ္ဓာတ္မ်ား အလြန္အကၽြံထြက္လာႏိုင္ပါတယ္။ အက္ဆစ္ဓာတ္မ်ားေၾကာင့္ ႏွလံုးကိုထိခုိက္ႏိုင္ၿပီး ေသြးခုန္ႏႈန္းကို မူမမွန္ေစေတာ့တာေၾကာင့္ ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်မ်ားသြားပါၿပီ။

(၃) တင္းၾကပ္လြန္းတဲ့ဂ်င္းေဘာင္းဘီကို ဝတ္ဆင္တဲ့သူေတြအမ်ားစုက စိတ္ပိုင္းဆိုင္ရာထိခိုက္မႈေတြ ရွိလာႏိုင္တယ္လို႔လည္း ဆိုထားပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ တင္းၾကပ္ေနတဲ့ေဘာင္းဘီကို အားၾကိဳးမာန္တက္ဆြဲတင္လိုက္ရတဲ့အခါမွာ အရမ္းဝေနလို႔မ်ားလား ဆိုတဲ့စိတ္က သူ႔အလိုလိုျဖစ္ေပၚလာပါၿပီ။ ထုိင္လိုက္ရင္လည္း ဗိုက္ဆူေနသလား၊ ဝလာတယ္ထင္တယ္ဆိုတဲ့ ဆိုက္ကိုေတြ၊ အေတြးမ်ိဳးစံုဝင္လာတတ္ပါတယ္။ ဒီလိုနဲ႔ပဲ လွခ်င္ေတာ့ဝိတ္ေလ်ာ့၊ အစားအေသာက္ေလ်ာ့လာတယ္။ အမွန္တကယ္လွေနၿပီးသားျဖစ္ေနတာေတာင္ ဒီလိုအေတြးေတြဝင္သြားေစတာပါတယ္။

(၄) ၾကြက္သားမ်ားကို နာက်ဥ္ေစႏုိင္တာကလည္း တင္းၾကပ္လြန္းတဲ့ ဂ်င္းေဘာင္းဘီေတြပါပဲ။ အလြယ္တကူေကြးႏိုင္၊ ဆန္႔ႏိုင္မျပဳလုပ္ႏို္င္ေတာ့တာေၾကာင့္ ေျခေထာက္ကၾကြက္သားမ်ား နာက်င္မႈဒဏ္ကို ခံစားလာရႏိုင္ပါတယ္။ ေသြးလည္ပတ္မႈမေကာင္းေတာ့တာေၾကာင့္လည္း ၾကြက္သားမ်ားကို ထိခိုက္ေစႏိုင္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
အမျိုးသားရော၊ အမျိုးသမီးများရော နှစ်ခြိုက်စွာဝတ်ဆင်ကြတဲ့ ဖက်ရှင်တစ်ခုကတော့ ဂျင်းဖက်ရှင်ပါပဲ။  ဂျင်းဖက်ရှင်က ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုဖြစ်တဲ့အပြင် ဘယ်သူနဲ့မဆို လိုက်ဖက်မှုရှိတာကို တွေ့ရပါတယ်။ ဂျင်းဖက်ရှင်ကလည်း ဒီဇိုင်းအမျိုမျိုး၊ ပုံစံအမျိုးမျိုးနဲ့ စုံလင်လှတာကြောင့် ရွေးချယ်စရာများပြားလှပါတယ်။ ဂျင်းဘောင်းဘီအပွဒီဇိုင်း၊ အကြပ်ဒီဇိုင်း၊ ခြေရှူးစတဲ့ ဒီဇိုင်းမျိုးစုံထဲကမှ တင်းကြပ်နေတဲ့ခြေရှူးဂျင်းဘောင်ဘီကို လူငယ်တွေတော်တော်များများက ယနေ့ခေတ်မှာဝတ်ဆင်ကြတာကို တွေ့ရပါတယ်။ ဂျင်းဘောင်ဘီအကြပ်လေးတွေက သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျစေတာတော့ အမှန်ပါပဲ။ မိန်းကလေးတွေဝတ်ဆင်လိုက်ရင်လည်း ခြေထောက်လေးသွယ်လျသွားပြီး ခြေတံရှည်ရှည်လေးနဲ့ လှပသွားစေပါတယ်။ ဒါပေမယ့် ခြေရှူးဂျင်းဘောင်းဘီက လှပစေတယ်ဆိုပေမယ့်လည်း တင်းကြပ်လွန်းနေရင်တော့ ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်နော်။

(၁) ဂျင်းဘောင်းဘီ အရမ်းတင်းကြပ်လွန်းနေရင် ခြေထောက်နဲ့ ခြေကျင်းဝတ်အကြောများကို နာကျင်စေပါတယ်။ ခဏပဲဝတ်တာက ပြဿနာမရှိပေမယ့် နေ့စဉ်နေ့တိုင်းကြာရှည်စွဲမြဲစွာ ဝတ်မယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ ခြေကျင်းဝတ်နာကျင်တာ၊ ခြေထောက်ကိုက်ခဲလာတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒ့ါကြောင့် ဂျင်းဘောင်းဘီဝတ်ရင် ခြေထောက်ကိုတင်းကြပ်သွားစေတဲ့ ဘောင်းဘီမျိုးနေ့စဉ်မဝတ်သင့်ပါဘူးနော်။

(၂) တင်းကြပ်လွန်းတဲ့အဝတ်အစား၊ ဒါမှမဟုတ် ဂျင်းဘောင်းဘီကို ဝတ်ဆင်မယ်ဆိုရင် သွေးလည်ပတ်မှုမကောင်းတော့ပါဘူး။ ခန္ဓာကိုယ်တွင်းသွေးများက ကောင်းမွန်စွာလည်းပတ်မှု မရတော့တဲ့အပြင် တင်းကြပ်နေတဲ့ ဂျင်းဘောင်းဘီကြောင့် ခါးတစ်ဝိုက်မှာစည်းထားသလိုဖြစ်စေပြီး အစာချေစနစ်ကို ကမောက်ကမဖြစ်သွားစေပါတယ်။ ဒီလိုနဲ့ပဲ အက်ဆစ်ဓာတ်များ အလွန်အကျွံထွက်လာနိုင်ပါတယ်။ အက်ဆစ်ဓာတ်များကြောင့် နှလုံးကိုထိခိုက်နိုင်ပြီး သွေးခုန်နှုန်းကို မူမမှန်စေတော့တာကြောင့် နှလုံးရောဂါဖြစ်နိုင်ချေများသွားပါပြီ။

(၃) တင်းကြပ်လွန်းတဲ့ဂျင်းဘောင်းဘီကို ဝတ်ဆင်တဲ့သူတွေအများစုက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တင်းကြပ်နေတဲ့ဘောင်းဘီကို အားကြိုးမာန်တက်ဆွဲတင်လိုက်ရတဲ့အခါမှာ အရမ်းဝနေလို့များလား ဆိုတဲ့စိတ်က သူ့အလိုလိုဖြစ်ပေါ်လာပါပြီ။ ထိုင်လိုက်ရင်လည်း ဗိုက်ဆူနေသလား၊ ဝလာတယ်ထင်တယ်ဆိုတဲ့ ဆိုက်ကိုတွေ၊ အတွေးမျိုးစုံဝင်လာတတ်ပါတယ်။ ဒီလိုနဲ့ပဲ လှချင်တော့ဝိတ်လျော့၊ အစားအသောက်လျော့လာတယ်။ အမှန်တကယ်လှနေပြီးသားဖြစ်နေတာတောင် ဒီလိုအတွေးတွေဝင်သွားစေတာပါတယ်။

(၄) ကြွက်သားများကို နာကျဉ်စေနိုင်တာကလည်း တင်းကြပ်လွန်းတဲ့ ဂျင်းဘောင်းဘီတွေပါပဲ။ အလွယ်တကူကွေးနိုင်၊ ဆန့်နိုင်မပြုလုပ်နိုင်တော့တာကြောင့် ခြေထောက်ကကြွက်သားများ နာကျင်မှုဒဏ်ကို ခံစားလာရနိုင်ပါတယ်။ သွေးလည်ပတ်မှုမကောင်းတော့တာကြောင့်လည်း ကြွက်သားများကို ထိခိုက်စေနိုင်ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top