မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×



Source- UNILAD
#TB_naung_naung

Credit: todaybago

#Unicode Version#
ရုပ်ရှင်တွေထဲက သွေးစုတ်ဖုတ်ကောင်တွေအတိုင်း အပြင်လောကမှာ နေထိုင်တဲ့စုံတွဲတစ်တွဲရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူများပြားပြီး ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

အဆိုပါစုံတွဲဟာ အင်္ဂလန်နိုင်ငံ Haverhill, Suffolk မှာနေထိုင်ပြီး ၎င်းတို့ရဲ့နာမည်မှာ Lia Benninghoff နဲ့ Aro Deaven ဖြစ်ကြောင်းသိရပါတယ်။Lia ကအသက်နှစ်ဆယ်ဖြစ်ပြီး Aro ကတော့ ၂၈နှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ သူတို့စုံတွဲဟာသူတို့ကိုယ်သူတို့ သွေးစုတ်ဖုတ်ကောင်လို့ ယုံကြည်ထားကြပြီး တစ်ပတ်ကိုတကြိမ်ပဲ အစားစားကြပါတယ်။ သူတို့စုံတွဲဟာသွေးစုပ်ဖုတ်ကောင်ပုံစံပဲနေထိုင်ကြပြီး အဝတ်အစားအသွင်အပြင်ကအစ ဇာတ်လမ်းတွေထဲကသွေးစုတ်ဖုတ်ကောင်တွေအတိုင်းဝတ်ဆင်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်သူများနေ့မှာတွေ့ဆုံခဲ့ကြပြီး ဟော်လိုဝင်းပွဲတော်မှာ သုဿာန်၌လက်ထပ်ခဲ့ကြပါတယ်။

Liaက ” ကျွန်တော်ငယ်ငယ်လေးတည်းက သွေးနဲ့ပတ်သတ်ပြီး အစွဲအလန်းကြီးခဲ့ပါတယ်။ တစ်စုံတစ်ဦးက သူတို့လက်ချောင်းတွေကို လှီးဖြတ်တာမြင်ရင် သူတို့လှီးဖြတ်ထားတဲ့လက်ချောင်းတွေကို ကျွန်တော့်ပါးစပ်ကစားချင်စိတ်ဖြစ်မိတယ်။ သူတို့ရဲ့သွေးတွေကိုမြင်ရင် ကျွန်တော်အရမ်းဗိုက်ဆာလာပြီး စိတ်ကိုမနည်းထိန်းချုပ်ရတယ် လို့ ပြောပါတယ်။
သူတို့ရဲ့ အရေပြားကိုဘရိတ်ဒါး နဲ့ လှီးဖြတ်ပြီးတစ်ယောက်သွေးတစ်ယောက် သောက်သုံးရတဲ့အချိန်ဟာ လိင်ဆက်ဆံတဲ့အချိန်ထက် ပိုပြီးစိတ်လှုပ်ရှားရပါတယ် လို့ Lia ကပြောပါတယ်။
Source- UNILAD
#TB_naung_naung


ဖိုးသူတော် (www.phothutaw.com)
Credit: todaybago
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top