ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၾကက္သတ္သမား တစ္ေယာက္မွာ ၾကက္ျခင္းႀကီးတစ္ခု အႀကီးႀကီးပဲ ရွိတယ္။

အဲ့ဒီ ၾကက္ျခင္း ထဲမွာ ၾကက္ေတြ အေျမာက္အျမား ႁပြတ္သိတ္ျကပ္ေနေအာင္ ထည့္ထားတယ္။

ၾကက္တစ္ေကာင္ခ်င္း က်ပ္ညပ္ေနၾကလို႔ ျကက္ေတြခမ်ာအသက္ရွဴရခက္ေလာက္ေအာင္ ျဖစ္ၾကတယ္။

အထူးသျဖင့္ ေအာက္မွာ ပိေနတဲ့ ၾကက္ေတြပဲ။

သူတို႔ေတြ အသက္ရွဴရက်ပ္တဲ့ အခါ၊ အေပၚက ၾကက္ေတြကို ေခါင္းနဲ႔ ထိုးဆိပ္ တြန္းထုတ္ၿပီး ျခင္းေပါက္ကေနေခါင္း ထြက္ အ သက္ရွဴၾကရတယ္။

ဒီၾကားထဲ ၾကက္ေတြအားလံုးက မဝေရစာသာ စားထားၾကရတယ္။

အဲ့အတြက္ မြတ္သိပ္တဲ့ ေဝဒနာနဲ႔ ေဒါသေတြက ကိုယ္စီရွိၾကတယ္။

အဲ့လို တစ္ေကာင့္ ခႏၶာကိုယ္ကို တစ္ေကာင္နင္းရင္း ထိုးဆိတ္ေနၾကတဲ့ ၾကားက ၾကက္မတစ္ေကာင္မ်ား ေတြ႔မိရင္လည္း ဝိုင္းအံုလုေနၾကျပန္ေရာ။

ဒီလိုနဲ႔ အဲ့ဒီ ၾကက္ျခင္းႀကီးထဲက ၾကက္ေတြဟာ အုတ္ေအာ္ေသာင္းနင္း ဆူညံ ပြက္ေလာ ရိုက္ေနၾကေတာ့တယ္။

အဲ့အခ်ိန္ ၾကက္သတ္သမား ေရာက္လာတယ္။

လက္နဲ႔ နီးရာ တစ္ေကာင္ခ်င္း စီကို ႏိႈက္၊ လည္ပင္းကေနကိုင္ၿပီး ျခင္းထဲက ထုတ္သတ္တယ္။တစ္ေကာင္ခ်င္းစီ ထုတ္သတ္လိုက္၊ နားလိုက္၊ ေအးေအးေဆးေဆး စိမ္ေျပနေျပပဲ။

ဓားနဲ႔ ခုတ္ထစ္သတ္တာမို႔ စင္လာတဲ့ ေသြးစေသြးနေတြဟာ ၾကက္ျခင္းေပၚမွာ ျပန္႔က်ဲေနၾကတယ္။

ခဏေန တစ္ေကာင္ထုတ္၊ သတ္လိုက္၊ ေနာက္ခဏေန၊ ေနာက္တစ္ေကာင္ ထုတ္၊ သတ္လိုက္နဲ႔။

ဒါေပမယ့္ ျခင္းေတာင္းထဲမွာ ၾကက္ေတြ အမ်ားႀကီးက်န္ပါေသးတယ္။

က်န္ခဲ့တဲ့ ၾကက္ေတြက တစ္ေကာင္ေလ်ာ့ သြားရင္ ေလ်ာ့သြားတဲ့ အေလ်ာက္ ဝမ္းသာၾကတယ္။ “ငါတို႔ ကို ထိုးေနဆြေနတဲ့ သေကာင့္သားေတြေတာ့ သြားရွာၿပီ။ ငါတို႔ အသက္ရွဴေခ်ာင္ၿပီ။
ငါ့ ၾကက္မကို လုေနတဲ့ ၿပိဳင္ဘက္ ေအေပးေလးေတြ ခုေတာ့ ဘာတတ္ႏိုင္ေသးလဲ၊ သြားကုန္ၿပီ” ဆိုၿပီး ဝမ္းသာအယ္လွဲ ျဖစ္ၾကတယ္။

ရွိတဲ့ ၾကက္ေတြနဲ႔ ဆက္ၿပီး ခိုက္ရန္ ျဖစ္ၾကတယ္။

ထိုးၾကဆိတ္ၾက၊ လုေနၾကတယ္။ ၾကက္ျခင္းႀကီးဟာ ေသြးအလိမ္းလိမ္းနဲ႔ ေအာ္ဟစ္ေျဗာင္းဆန္ ေနၾကတယ္။

အဲ့လိုနဲ႔ ေနာက္ဆံုးမွာ ျခင္းႀကီးထဲက ၾကက္ေတြ အားလံုးဟာ ၾကက္သတ္သမားရဲ႕ ဓားစာ ျဖစ္ကုန္ၾကတယ္။ အဲ့အခါ တစ္ေကာင္နဲ႔ တစ္ေကာင္ ထိုးဆိတ္ေနတဲ့ အေကာင္ေတြ မရွိေတာ့ဘူး။

ခြပ္ေန၊ သတ္ေန သံေတြ မရွိေတာ့ဘူး။

အသက္ရွဴမဝတာေတြ မရွိေတာ့သလို၊ အသက္ရွဴ မဝတဲ့ေကာင္ေတြ လည္း မရွိေတာ့ဘူး။

အတင္းကာေရာ အလိုက္ခံလုယက္ေနၾကတဲ့ ၾကက္မေတြ လည္း မရွိေတာ့သလို၊ မႊန္ထူလိုက္ေနၾကတဲ့ ၾကက္ထီး/ၾကက္ဖေတြလည္း မရွိေတာ့ဘူး။

ၾကက္ျခင္းႀကီး တစ္ခုလံုးဟာ ေသြးအလိမ္းလိမ္းသာ က်န္ခဲ့တယ္။

ဘာသံမွ မၾကားရေတာ့ဘူး။

ၿငိမ္ဝပ္လို႔။

ဒီရုရွားပံုျပင္ရဲ႕ အမည္က “ေလာက” ျဖစ္ပါတယ္။

ေလာက ဟာ ဘာလဲ။

ဘယ္လိုဟာမ်ိဳးလဲ။

ေလာကမွာ ဘယ္အရာေတြ ရွိသလဲ။

ဒီေမးခြန္းေတြထက္ က်ိန္းေသတာက- ေလာကအတြင္းမွာ ရွိရွိသမ်ွ အရာ အားလံုးဟာ ပ်က္စီးမႈကိုသာ အဆံုးသတ္ ေစာင့္ေမ်ွာ္ေနၾကတယ္။

ခဏတိုင္း ခဏတိုင္းမွာ အရာရာတိုင္း၊ သတၱဝါတိုင္း၊ တစ္ခုၿပီး တစ္ခု၊ တစ္ေကာင္ၿပီး တစ္ေကာင္ – ေသမင္းရဲ႕ လက္မွာ သတ္ျဖတ္ခံ၊ လည္စင္းခံေနၾကရတယ္။ ဒါကိုပဲ – လည္စင္းမခံရေသးတဲ့
ၾကက္ေတြ၊ အလွည့္မေရာက္ေသးတဲ့ က်န္သူေတြက တစ္ဦးနဲ႔ တစ္ဦး တိုက္ခိုက္ေနၾက၊ ေသသြားသူေတြ အတြက္ ဝမ္းသာအယ္လွဲ ေနရာလုၾက။ အသက္ရွဴဝဖို႔ ထိုးဆိတ္ ေနၾကဆဲပဲ။ လိုခ်င္တဲ့
အရာေတြ တစ္ခုၿပီး တစ္ခုေနာက္ကို လိုက္ရင္း အၿပိဳင္အဆုိင္ လုယက္ေနဆဲပဲ။

တစ္ေန႔မွာ ကိုယ့္လည္ပင္းကို ဆြဲဆုပ္၊ ေခၚထုတ္သြားမယ့္ လက္တံရွည္ႀကီးဟာ ဘယ္သူမဆို အေပၚ ခၽြင္းခ်က္မရွိ ေရာက္လာပါလိမ့္မယ္။ တစ္ဦးနဲ႔ တစ္ဦး အရင္သြားမယ့္သူ၊
ေနာက္သြားမယ့္သူ၊ အေရွ႕နဲ႔ ေနာက္ သာ ကြာျခားလိမ့္မယ္။

ခဏတိုင္း ခဏတိုင္းမွာ ေသမင္းရဲ႕ ဓားခ်က္နဲ႔ အသက္ထြက္ ၾကရမယ္။ အဲ့မတိုင္ခင္ၾကား – မိမိ အသက္ရွဴဝဖို႔၊ မိမိ ဂုဏ္သိကၡာတက္ဖို႔၊ မိမိ အထင္ႀကီးခံရဖို႔၊ မိမိ လိုရာ ရဖို႔ ၿပိဳင္ဆိုင္ေနဆဲ၊
ညွင္းဆဲေနဆဲ။ တိုက္ခိုက္ ပုတ္ခတ္ေနၾကဆဲပဲ။ မိမိ မ်က္စိေရွ႕ေမွာက္- ေသြးအလိမ္းလိမ္း ျမင္ေနရတဲ့တိုင္ – ေလ်ာ့သြားတဲ့ သူေနရာကို ဝင္ယူဖို႔ ဝမ္းသာအားရ ျပင္ဆင္ေနၾကဆဲ။
ေနာက္ဆံုးမွာေတာ့ ဒီသူေတြ အားလံုးပဲ ေသမင္းရဲ႕ လက္ေအာက္ လည္စင္းေရာက္သြားၾကေတာ့တာပဲ။

#ဆရာပါရဂူ

ဖိုးသူေတာ္  (www.phothutaw.com)
Credit:  Hlaing Min Zaw.

#Unicode Version#
ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိတယ်။

အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်သိတ်ကြပ်နေအောင် ထည့်ထားတယ်။

ကြက်တစ်ကောင်ချင်း ကျပ်ညပ်နေကြလို့ ကြက်တွေခမျာအသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။

အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။

သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခြင်းပေါက်ကနေခေါင်း ထွက် အ သက်ရှူကြရတယ်။

ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတယ်။

အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။

အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။

ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။

အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။

လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။

ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။

ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။

ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီးကျန်ပါသေးတယ်။

ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ “ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့
ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ” ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။

ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။

ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။

အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။

ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။

အသက်ရှူမဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။

အတင်းကာရော အလိုက်ခံလုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေလည်း မရှိတော့ဘူး။

ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။

ဘာသံမှ မကြားရတော့ဘူး။

ငြိမ်ဝပ်လို့။

ဒီရုရှားပုံပြင်ရဲ့ အမည်က “လောက” ဖြစ်ပါတယ်။

လောက ဟာ ဘာလဲ။

ဘယ်လိုဟာမျိုးလဲ။

လောကမှာ ဘယ်အရာတွေ ရှိသလဲ။

ဒီမေးခွန်းတွေထက် ကျိန်းသေတာက- လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။

ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် – သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။ ဒါကိုပဲ – လည်စင်းမခံရသေးတဲ့
ကြက်တွေ၊ အလှည့်မရောက်သေးတဲ့ ကျန်သူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့
အရာတွေ တစ်ခုပြီး တစ်ခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။

တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး အရင်သွားမယ့်သူ၊
နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။

ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲ့မတိုင်ခင်ကြား – မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီးခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊
ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။ မိမိ မျက်စိရှေ့မှောက်- သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် – လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။
နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်းရောက်သွားကြတော့တာပဲ။

#ဆရာပါရဂူ

ဖိုးသူတော်  (www.phothutaw.com)
Credit:  Hlaing Min Zaw.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top