Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေပ်ာက္ဆံုးသြားေသာစည္းခမ္းၿမိဳ႕ေတာ္(သို႔မဟုတ္) အင္းေတာ္ႀကီးအိုင္ သမုိင္း

••••••••••••••••••••

ျမန္မာျပည္ေျမာက္ပိုင္းက မိုးညွင္းခရိုင္ထဲမွာရွိတဲ့ အံ့ဖြယ္ထူးျခားလွပလြန္းတဲ့“အင္းေတာ္ႀကီးအိုင္”ဟာ ေျမာက္လတၱီက်ဴ ၂၅ ဒီဂရီ ၅ မိနစ္နဲ႔ အေရွ႕ေလာင္ဂ်ီက်ဴ ၉၆ ဒီဂရီ၂၃ မိနစ္အတြင္းမွာ တည္ရွိပါတယ္။
အလ်ား ၁၆ မိုင္ အနံ ၈ မိုုင္(ျမန္မာ့စြယ္စံုက်မ္းမွာ အလ်ား ၁၄ မိုင္ အနံ ၇ မိုင္)ရွိၿပီး”ေျမကြ်ံအင္း”အမ်ဳိးအစားျဖစ္ကာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၅၄၆ ေပအျမင့္မွာ တည္ရွိပါတယ္။ရြာသစ္ႀကီးေက်းရြာ ေတာင္ဘက္ကေရပူစမ္း(ကန္႔ေၾကာ)နဲ႔ အင္းေတာ္ႀကီး ေတာင္ဘက္ကေရႊေတာင္ႀကီး(ကန္႔ေတာင္)တို႔ကို မ်ဥ္းေျဖာင့္ဆြဲရင္အင္းေတာ္ႀကီးအေရွ႕ဘက္ကမ္းဟာ ကန္႔ေၾကာအတြင္းက်ေရာက္ေၾကာင္း ဘူမိေဗဒပညာရွင္ေတြက ဆိုပါတယ္။

အင္းေတာ္ႀကီးကို သမိုင္းဝင္ေတာင္(၃)လံုးအပါအဝင္ ေတာင္(၁၆)လံုးဝန္းရံလ်က္ရွိပါတယ္။ေတာင္ေတြ

အေပၚက ျမစ္ဖ်ားခံ စီးဆင္းလာတဲ့ ေခ်ာင္းငယ္ေပါင္း (၁၂)ခုဟာ အရပ္ ေလးမ်က္ႏွာကေန အင္းေတာ္ႀကီး

အိုင္ထဲကို စီးဝင္ၾကပါတယ္။အင္းထဲကို စီးဝင္ခြင့္ရွိတဲ့ေခ်ာင္း(၆)ခုနဲ႔ စီးဝင္ခြင့္ မရွိတဲ့ေခ်ာင္း(၁၈)ခု

ရွိတယ္လို႔လည္း သိရပါတယ္။အင္းေဘး ဝဲယာမွာ ေက်းရြာအုပ္စု(၁၁)ခုနဲ႔ ရြာေပါင္း(၁၄)ရြာရွိတယ္လို႔ဆိုပါတယ္။

“တိုင္းလ်န္”လို႔ေခၚတဲ့ရွမ္းနီတိုင္းရင္းသားအမ်ားစုေနထိုင္ၾကၿပီး……လယ္ယာလုပ္ငန္း။ေရလုပ္ငန္း။ေရႊေမွာ္နဲ႔

ေက်ာက္ေမွာ္လုပ္ငန္းေတြ လုပ္ကိုင္ၾကပါတယ္။အင္းေတာ္ႀကီးအိုင္အတြင္းမွာ သမိုင္းဝင္”ေရႊမဥၨဴ ”

(ေရလယ္ဘုရား)တည္ရွိၿပီး ဘုရားပြဲေတာ္ကိုေတာ့ႏွစ္စဥ္ တေပါင္းလဆန္း(၈)ရက္ကေန လျပည့္ေန႔အထိ

က်င္းပေလ့ရွိပါတယ္။ပြဲေတာ္ရက္အတြင္း ကမ္းေျခကေနေရလယ္ဘုရားကိုသြားဖို႔ နတ္လမ္း လူလမ္းဆိုၿပီး ေပၚလာေလ့ရွိတယ္လို႔ သိရပါတယ္။လႊဲမြန္ေက်းရြာမွာမုဆိုးမ”ေဒၚမံု”တည္ခဲ့တဲ့”ေငြမဥၨဴ “ဘုရားကလည္း ထင္းရွားလွပါတယ္။


“အေရွ႕ေတာင္အာရွရဲ႕ ကုန္းတြင္းေရေနထဲမွာအႀကီးဆံုးအိုင္”

“ေတာင္ထိပ္ၾကားက အင္းေတာ္ႀကီး”

“မိုးပ်ံ အင္းႀကီး”

“ေတာ္ဝင္ အင္းႀကီး”

“အင္းေတာ္ႀကီး”ရယ္လို႔ အမည္ထင္ရွား ေက်ာ္ၾကားလွတဲ့အင္းေတာ္ႀကီးသမိုင္းကလည္း ဒ႑ာရီဆန္ဆန္

စိတ္ဝင္စားဖြယ္ေကာင္းလွပါတယ္။


အင္းမဖြဲ႕ခင္သကၠရာဇ္(၂၆၄)ကမူးလြင္ျပင္ရဲ႕အေရွ႕ဘက္“ကုရုရာဇ္တိုင္း””ဥတၱရဌာနီ”စည္းခမ္းၿမိဳ႕”မွာ
(ေစာဝ္ေဆးဖိတ္ ေခၚ က်ားျဖဴ မင္းရဲ႔ ခမည္းေတာ္)ဥတၱရေစာျဖဴမင္း အုပ္စိုးခဲ့ပါတယ္။

အိမ္ ေပါင္းတစ္ေသာင္း ေက်ာင္းေပါင္းတစ္ေထာင္”လို႔ေျပာစမွတ္တြင္ၿပီး စည္ကားခဲ့တဲ့ၿမိဳ႕ႀကီးလုိ႔သိရပါတယ္။

�����������������
ေရွးလြန္ေလၿပီးေသာ အတိတ္ႏွစ္ေပါင္း (၂၅၀၀) ေက်ာ္ ၊ ဘီစီ (၅၄၄-၅၈၉)ခန္႕တြင္ ေဂါတမျမတ္စြာ ဘုရားသခင္သည္ အနာဂတ္ သာသနာေေတာ္ တြင္ျဖစ္ေပၚေတြ႔ၾကဳံမည့္ အေရး ေမွ်ာ္ေတြးသိျမင္ေတာမူ သျဖင့္ အခါတစ္ပါးေသာ မဇိၥိိ်မေဒသမွ ညီေတာ္အာနႏၵာ ႏွင့္ တကြ ေကာင္းကင္ ခရီးျဖင့္ ေဒသစာရီ ၾကြခ်ီေတာ္္မူရာ ယခုအင္းေတာ္ႀကီး ျဖစ္တည္သည့္ ေဒသ ႏွင့္ ေရႊမဥၥဴ ဘုရားတည္ရွိ သည့္ ေနရာ၌ ေခတၱရပ္တန္႔ၿပီး နာဌာဂီရိ ေတာင္ (ဆင္ေခါင္းေတာင္)ထိပ္တြင္ ရပ္တန္႔ေတာ္မႈ၏။ ေနာင္ အခါ အနာဂတ္ကာလ၌ အင္းႀကီး ျဖစ္္တည္ လတၱံေသာ ေၾကာင္းခ်င္းရာႏွင့္ သာသနာေတာ္ ထြန္းလင္း ေတာက္ပသည့္ ဗုဒၶျမတ္ဘုရား၏ ဓါတ္ေတာ္ ေမြေတာ္ ္မ်ား ကိန္းေအာင္း ေတာ္မူရာ ေစတီေတာ္ ဘုရားတည္ရွိ လတၱံ႔ေသာ ဗ်ာဒိတ္စကား မိန္႔ၾကားေတာ္မူ ခဲ့ေလသည္။
မွတ္ခ်က္။ ။ဗ်ာဒိတ္ေတာ္ ေပးေတာ္မူစဥ္ ရပ္တန္႔ေတာ္မူရာေတာင္၏ အမည္ကုိ ေရွးသမုိင္းမူမ်ား အရအမည္ ကြဲမ်ား ရွိေသာ္လည္း နာဌာဂီရိ(ဆင္ေခါင္း) ေတာင္ ဟူ၍သာ အစဥ္အဆက္မွတ္သားရေပသည္။
သာသနာေတာ္သကၠရာဇ္ ၂၃၀-ခုႏွစ္တြင္ နဂါးအမ်ဳိး(၄)မ်ဳိး အက်ယ္(၁၁၂၄)မ်ဳိးအနက္ ဧရာပတၱနဂါး မ်ဳိးသားအဖ (၃)ဦးႏွင့္ နဂါးေပါင္း (၃၈၀၁၂) တုိ႕သည္ ေဘာဂ၀တီနဂါးျပည္မွ (အုိးသစ္၊ အိမ္သစ္၊ အင္းသစ္) ရွာရန္ ထြက္ခြာ ခဲ့ေလသည္၏။
သကၠရာဇ္(၂၆၄)ခုႏွစ္တြင္ လူဦးေရကုိးသန္းရွိေသာ (ပစၥႏၱရဂႏၼာ) ဂုရုရာဇ္တုိင္းတြင္ အိမ္ေျခ တစ္ေသာင္း၊ ေက်ာင္းေပါင္းတစ္ေထာင္ရွိေသာ ဥတၱရဌာနီ၊ စည္းခမ္း (သွ်မ္းအေခၚၿမိဳ႕ကုိ တည္ေထာင္ေတာ္မူ၍) ေနာင္တြင္ ဥတၱရေစာျဖဴ (ထမံသီသွ်မ္းတစ္မ်ဳိး ေစာ၀္ေဆဖိတ္ က်ားျဖဴမင္း) စုိးစံအုပ္ခ်ဳပ္ေလသည္။ (ဗုဒၶ အယူ ေက်ာင္းခ်င္းမဟုတ္ ၀ါဒဘာသာစုံ ေက်ာင္းေပါင္းစုံ ျဖစ္ဖြယ္ရွိသည္။
သကၠရာဇ္ ၃၆၀-ခုႏွစ္၊ ဘီစီ(၁၈၄)တြင္ ေတာင္ေျမာက္အလ်ား(၈)တုိင္၊ အေရွ႕အေနာက္အနံ (၄)တုိင္ (ယခု အေခၚ တစ္တုိင္လွ်င္ႏွစ္မုိင္) က်ယ္၀န္းေသာအင္းႀကီးကုိ ေရနတ္နဂါးတုိ႔၏ ဘုန္းတန္ခုိးျဖင့္ ဖြဲ႕တည္ခဲ့ ေလသည္ဟူ၏။ထုိ႕ေၾကာင့္ ေဘာဂ၀တီနဂါးျပည္မွ နတ္နဂါးမ်ားလာေရာက္ၿပီး (အုိးသစ္ အိမ္သစ္)အင္းအုိင္ဖြဲ႕ တည္ခဲ့ၾကသည္ဆုိေသာ အခ်က္သည္ ေရွးအဆက္ဆက္ေသာ အင္းေတာ္ႀကီး သမုိင္းအရ ခုိင္လုံစြာ ေရးဆုိ တင္ျပ မွတ္တမ္းတင္ခ့ဲသည္။

ေဂါတမဘုရားရွင္ လက္ထက္တြင္ သုနာပရႏၱတုိင္းဟူ၍ ေခၚတြင္ေသာ တုိင္းႏုိင္ငံ၏ ေျမာက္ဘက္ေနာင္တြင္ ဂုရုရာဇ္တုိင္း ဥတၱရဌာနီ(စိမ့္)တုိင္းဟူ၍ အသီးသီး ေခၚသြင္ခဲ့ေလသည္။ သာသနာသကၠရာဇ္ ၃၆၀-ခု(ဘီစီ-၁၈၄)တြင္ ဂုရုရာဇ္တုိင္း ဥတၱရဌာနီ စည္းခမ္းၿမိဳ႕ႀကီးကုိ (ထမံသီ) သွ်မ္းလူမ်ဳိး ဥတၱရေစာျဖဴမင္း တည္ေထာင္ ၿပီးသည္မွ ႏွစ္ေပါင္း၉၆ႏွစ္ ျပည့္ေျမာက္ ေသာႏွစ္ ေပတည္း။
ေလးမ်ဳိးေသာနဂါးတုိ႔တြင္ ဧရာပတၱ နဂါးမ်ဳိးျဖစ္ေသာ နဂါးမင္းသားသည္ ဥတၱရေစာျဖဴမင္း စုိးစံေသာ ဂုရုရာဇ္တုိင္း ဥတၱဌာနီ စည္းခမ္းၿမိဳ႕ႀကီးကုိ အင္းဖြဲ႔ရန္ ေရႊတာင္နတ္မင္းႀကီး၏အမိန္႔ကုိ ရရွိေသာအခါ ေရနတ္ နဂါးမင္းသားက စဥ္းစားေတာ္မႈသည္မွာ ဤ ထမံသီ လူမ်ဳိးမ်ားေနထုိင္ေပ်ာ္ပါး ေသာၿမိဳ႕ကုိ ငါအင္းဖြဲ႔ လုိက္ေသာ္ တုိင္းေနျပည္သူလူတုိ႔ ေသေၾက ပ်က္စီး ၾကေတာ့မည္ ၊ ထုိသူတုိ႔ေသ ေၾကလ်င္ ငါ၌ ပါဏာတိပါတကံ ထုိက္၍အပါယ္ငရဲ၌ ဆင္းရဲႀကီးစြာ ခံစားရလိ္မ့္မည္ ဤေနရာကလြဲ လွ်င္လဲအျခား ေနရာကုိ ငါသေဘာမက် မႏွစ္သက္ခဲ့၊ ဟယ္ သုိ႔ေသာလည္း ဤတုိ္င္းသူျပည္သား လူအမ်ားတုိ႔သည္ တရားလည္းမကပ္ၾက၊ ကုိ္ယ္က်င့္ သီလမရွိၾက ငါးပါးသီလကုိ တစ္ပါးမွ် မတည္ ေအာင္ ကုိယ္က်င့္တရားမ်ား အလြန္ပ်က္ျပားၾကသည္၊ ေန႔စဥ္ ညတုိင္း ထုိင္းမႈိင္း ေတြေ၀ ၍ ငါးပါးအာရုံ ကာမဂုဏ္ကုိ စုံစုံမက္မက္ ႏွစ္သက္ေပ်ာ္ပါးသူသာ မ်ားေလသည္၊ သုိ႔ျဖစ္သည္ေၾကာင့္ အလီလီ ေတြးဆ၍ ညသန္းေခါင္ရံ အခါ အာကာသ ေကာင္းကင္ယံတြင္ နတ္ျမင္းပ်ံစီးၿပီး ႀကီးစြာေသာ အသံျဖင့္ ေၾကြးေၾကာ ္ေလသည္မွာ ဤ တုိင္းျပည္ ၌ ေနထုိင္ၾကကုန္ေသာ အသင္မႏုႆလူသားတုိ႔သည္ ေရွ႕ ခုႏွစ္ရက္ တုိင္လ်င္ သင္တုိ႔တုိင္းျပည္ ေရျပင္အတိ အင္းႀကီးျဖစ္လိမ္႔မည္။

ခုႏွစ္ရက္မတုိင္ခင္ အၾကား ခရီးေ၀းစြာ ထြက္ခြာသြားၾကကုန္ေလာ့ အကယ္၍မသြားဘဲေနၾကလွ်င္ ေရမြန္းႏွစ္၍ ေသၾက ကုန္လတၱံ႔ဟု တစ္တုိင္း ျပည္လုံးၾကားေလာက္ေအာင္ သုံးႀကိမ္သုံးခါတုိင္တုိင္ ေၾကြးေၾကာ္ေလ၏ ဤသုိ႔ တစ္ျပည္လုံး ၾကားေလာက္ေအာင္ ေၾကြးေၾကာ္ပါေသာ္လည္း တုိင္းသားျပည္သူမ်ား ဗုိလ္လူတုိ႔၏ မေကာင္းမႈ ကံစီမံဖန္တီးသျဖင့္ အသက္ႀကီးေသာ မုဆုိးမ အေဒၚအုိတစ္ေယာက္အျပင္ မည္သူမွ် မၾကားမသိၾကေခ်၊ နံနက္ မုိးလင္းေသာအခါ အေဒၚအုိုမုဆုိးမက တအိမ္တက္တအိမ္ဆင္းသြား ေရာက္ ေျပာၾကားေသာ္လည္း အယုံ တရားမရွိၾကဘဲ ဤမုဆုိးမသည္ မလွေသာမ်က္နွာ မသာယာ ေသာ မ်က္ခြက္ျဖင့္ ငါတုိ႔အား လိမ္လည္လွည့္ျဖား မဟုတ္မမွန္ေသာ စကားကုိေျပာၾကားေလသည္၊ ငါတုိ႔ ဘုိးဘြား မိဘကစ၍ ငါတုိ႔လက္ထက္ က်ေအာင္ ဤတုိင္း ျပည္နဂရတြင္ ထာ၀ရၾကာရွည္စြာ ေနထုိင္ခ့ဲ့ၾကသည္၊

ဘယ္အခါဘယ္ကာလမွ မၾကားစဘူးထူးဆန္းေသာ အီ စကားကုိ အေဒၚအုိမုဆုိးမ ေျပာၾကားသည္ ရူးခ်င္သလားမသိဟု လူစုၿပီးျပန္ေျပာဆဲေရး ဆုိလုိက္ၾကကုန္ သတည္း၊ အေဒၚအုိက ထုိထုိအိမ္ထက္သုိ႔ တက္၍ တဖန္ေ၀းရာသုိ႔ေရြ႕ေျပာင္း ထြက္ခြါသြားၾကရန္ သည္း ခံ၍ေျပာေသာ္လည္း မိမိအား အရူးအနွမ္းျဖစ္ေအာင္ မာန္ေထာင္ေဒါသ ေငါေငါထ၍ အိမ္ထက္မွ ေမာင္းႏွင္း ျခင္း ခံရေသာ ခုႏွစ္ရက္ေျမာက္ေသာေန႔၌ အေဒၚအုိသည္ ဤၿမိဳ႕ရြာရွိမိမိေဆြမ်ဳိးညာတိေျမး၊ ျမစ္မ်ားကုိအပါ ေခၚငင္၍ ေ၀းစြာေသာၿမိဳ႕ အေနာက္ဘက္တုိ႔ဘ ထြက္ေျပးၾကေလေသာ္ ေရနတ္ နဂါးရာဇာက ေတဇာကြန္႔ၿဖိဳး နတ္တုိ႔၏ တန္ခုိးအားျဖင့္ အမ်ဳိးမ်ဳိးေသာ မုိးလ္းႀကီးေလႀကီး ျမည္ဟီး ျပင္းခ်က္ လ်ပ္တထိန္ထိန္ အရွိန္ရဲရဲႏွင့္ ၀င္းနဲလွ်ပ္ကနဲ မုိးကလည္း သဲသဲမဲမဲရြာခ်ေလသည္။

ထုိအခါ မုဆုိးမသည္ ကုန္းေမာက္ေသလာ ယခုလြဲမြန္ ေက်းရြာ၏ ဒကိၡဏာေတာင္ဘက္ ယခု အဘယဂီရိေခၚ ေတာင္ကုန္းေပၚထက္သုိ႔ တက္ေျပး၍လာရင္း မိမိ ေနာက္ေၾကာ (အေရွ႕)ဘက္သုိ႕ ေမွ်ာ္ၾကည့္လုိက္လွ်င္ ထမံသီလူမ်ဳိး ဥတၱရေစာျဖဴမင္း၏ ဥတၱရဌာနီ စည္းခမ္းၿမိဳ႕ႀကီး သည္ ေရျပင္အတိအင္္းႀကီးျဖစ္၍ ေပ်ာက္ ဆုံးေနေလၿပီ ကုိေတြ႔ျမင္ရေလေတာ့သည္။ ယေန႔တုိင္ ထုိမဆုိမ ေနာက္ေၾကာဘက္သုိ႔ လွည့္ေမ်ာ္ၾကည့္ခဲ့ေသာေနရာကုိ လြဲမြန္ေတာင္ဟုေခၚသည္။ လြဲသည္သွ်မ္းလုိ ေတာင္ဟုအဓိပၸါယ္၍ မြန္သည္ ေမွ်ာ္ သည္ဟုအဓိပၸါယ္ရပါသည္။

မုဆုိးမသည္ ဥတၱရ႒ာနီ စည္ခမ္းၿမိဳ႕ တြင္ေမြးဖြား၍ အရြယ္ေရာက္ေသာအခါ သွ်မ္းကလိမ္း ခႏီးၱ (ထမံသီ) လူမ်ဳိးတစ္ေယာက္ႏွင့္ အိမ္ေထာင္က်ေလည္ လင္ေယာက်္ား ေနာက္သုိ႔ လုိက္ပါသြားၿပီးေနာက္ သမီး (မင္းအပ္) ကုိေမြးဖြားၿပီး လင္ေယာက်္ား ေသဆုံးေလသည္၊ သမီးမင္းအပ္လည္း အရြယ္ေရာက္လ်င္ အိမ္ေထာက္က်၍ သားကေလး (ေမာင္သာယ) ကုိေမြဖြားၿပီး လင္ေယာက်္ား ေသဆုံးေလသည္၊

မုဆုိးမသည္ ထုိၿမိဳ႕ ထုိရြာတြင္ ေဆြမ်ဳိးရင္းခ်ာ မရွိသျဖင့္ သမီးေျမးႏွစ္ေယာက္ႏွင့္ အတူ ဥတၱရ႒ာနီစည္ခမ္းၿမိဳ႕သုိ႔ ျပန္ေရာက္ၿပီး ႏွစ္ႏွစ္ အၾကာတြင္ ဥတၱရ႒ာနီ စည္ခမ္းၿမိဳ႕ႀကီး အင္းျဖစ္ေလေတာ့သည္။ယင္းထမံသီ မ်ဳိးဆက္မွ ဆင္းသက္ ေပါက္ဖြားလာေသာ လူမ်ဳိးမ်ားေနထုိင္သည့္ ထမံသီရြာသည္ ယေန႔တုိင္ ရွိေနပါေသးသည္။

ဥတၱရေစာျဖဴရဲ႕သား ေစာ၀္ေဆးဖိတ္ (က်ားျဖဴမင္း) မင္းသာသည္ အင္းႀကီးဖြဲ႔ေသာအခ်ိန္ မင္းညီးမင္းသား အခ်ဳိ႕ႏွင့္ ေတာကစားသြားေန၍ အင္းဖြဲ႔ရာေသဆုံးျခင္းမရွိပဲ က်န္ရစ္ခဲ့ေလသည္ ၎သည္ မုိင္းသုံေတာင္နားတြင္ က်င္လည္က်က္စားေနရင္ ေနာက္နန္းမြန္ ႏွင္ ့ေတြ႕ဆုံ ေပါင္းဖက္၍ သားသုံးပါး ဖြားျမင္ ေလသည္။ (၁)ခြန္ရံ(သုိေကာ္ဘြား)၊ (၂)ခြန္ကံ (သုိငံဘြား)၊ (၃)ခြန္အြမ္ (သုိက်ည္ဘြား) တုိ႔ ျဖစ္ၾကေလသည္။

၎သားေတာ္သုံးပါး၏ ဘုိးေတာ္ျဖစ္ေသာ ရီႊရႊမ္နန္းၿမိဳ႕ေတာ္သခင္ ဥတည္မင္းမွ ေျမးေတာ္မ်ားအား လူသူလက္ အင္အားမ်ားေပး၍ တည္ေထာင္အုပ္ခ်ဳပ္ ေစခဲ့ေသာ နယ္ပယ္မ်ား နန္းၿမိဳ႕မ်ားျဖစ္သည့္ မုိးညွင္း၊ မုိးေကာင္း၊ မုိးမိတ္၊ ၿမိဳ႕မ်ားေပၚလါခဲ့ေပသည္။
အင္းေတာ္ႀကီး၏ အံ့ဘြယ္ကုိးပါး

�����������

အင္းေတာ္ႀကီးသည္ ျမန္မာျပည္တြင္ အႀကီးဆုံးအင္းျဖစ္သည္၊

(၁) အလ်ား ၈-တုိင္၊ အနံ ၄-တုိင္၊ က်ယ္၀န္းေသာေၾကာင့္တပါး၊

(၂) အေနာဒတၳအုိင္ကဲ့သုိ႔ အလြန္ ေရသန္႔ရွင္းေသာေၾကာင့္ တပါး၊

(၃) အလြန္က်ယ္၀န္းေသာ အင္းျဖစ္ေသာ္လည္း အင္းထဲတြင္ ဆုိး၀ါးေသာ မိေက်ာင္းစေသာ ငါးႀကီးတုိ႔ကုိ မဆုိး၀ါးရေအာင္ အင္းေတာ္ႀကီး အရွင္ ထိန္းသိမ္းျခင္းေၾကာင့္ အံ့ဘြယ္တပါး၊

(၄)-အင္းႀကီးထဲတြင္ မေတာ္တဆ လူတုိ႔က်ေသဆုံးရေသာ

လည္း အနာအဆာမရွိ ငါးႀကီးမ်ားလည္း အစားဘဲ ကမ္းစပ္ေရာက္ေအာင္ လူိင္းပုိတ္ခတ္တင္ေပးျခင္း၊

(၅- အင္းနားတြင္ ေရႊက်င္ေသာ္ ေရႊမ်ားရရွိျခင္း၊

(၆)-အမုိက္သရုိက္မ်ားကုိ အင္းထဲတြင္ မရွိရေအာင္ ေန႔စဥ္ညတုိင္း ကမ္းသုိ႔အေရာက္ လႈိုင္းပုတ္ခတ္တင္ေပးျခင္း၊

(ရ)-တစ္ႏွစ္ သုံးႀကိမ္က် သားမက္ေတာ္ နန္႔တိန္းအရွင္ႀကီးက ေယာကၡမေတာ္ အရွင္ႀကီးထံသုိ႔ ေရေျပာင္းျပန္ ဆန္တက္ကန္ေတာ့ျခင္း၊

(၈) -စစ္တုိက္ရာပါေခ်ာင္းမ်ားကုိ အင္းႀကီးထဲသုိ႔ သန္႔ရွင္းစြာ ၀င္ခြင့္ ျပဳျခင္း၊

(၉) -ႏွစ္စဥ္ႏွစ္တုိင္း တန္ေဆာင္မုန္း လကစ၍ ျပာသုိလ အထိအင္းထဲရွိငါးမ်ားကုိ အင္းေတာ္ႀကီး ေတာင္ပုိင္း အျခားအကြာ (၈)မုိင္ဘုရားႀကီးအထိ လြဲအိမ္ေတာင္ အရွင္ႀကီးက အင္းထဲရွိ ငါးမ်ားကုိေဆး

ခတ္သျဖင့္ ငါးမ်ားစြာေသျခင္း ဤသုိ႔ျဖင့္ အံ့ဘြယ္ ကုိးပါးတည္း၊ ဟုသိရပါတယ္။
ထူးျခားတာကေတာ့…တန္ခူး ကဆုန္ ေရနည္းခ်ိန္မွာ

အင္းေတာ္ႀကီးရဲ႕ အေရွ႕ဘက္ကမ္းအနီးက

“နတ္ေမာက္ကန္”နဲ႔”ဟဲပု”ေက်းရြာအၾကားေရျပင္

ေအာက္မွာ ထမံသီလူမ်ဳိးေတြတည္ေဆာက္ေနထိုင္ခဲ့ၾကတဲ့

အေဆာက္အဦးတိုင္ေတြကို အတိုင္းသားျမင္ေတြ႔

ရျခင္းမ်ဳိးရွိတယ္လို႔ ေျပာဆိုၾကပါတယ္။
(၁၁)ရာစု အေနာ္ရထာမင္းနဲ႔ေခတ္ၿပိဳင္ ဥတည္ဘြားဘုရင္ကို

ဆက္စပ္ၾကည့္ရင္ မိုးညွင္းၿမိဳ႕တည္ ရာစုႏွစ္ဟာ မွန္ကန္ဖြယ္

ရွိၿပီး စည္းခမ္းၿမိဳ႕ႀကီးကို အင္းဖြဲ႕တဲ့ ႏွစ္ေပါင္းဟာလည္း

(၁၀)ရာစုထက္ ေစာႏိုင္စရာအေၾကာင္းမရွိဘူးလို႔ထင္ပါတယ္။

ႊႊအေနာ္ရထာနတ္ရြာစံၿပီးတဲ့ေနာက္မွာ “အရွင္ဗုဒၶမေထရ္”နဲ႔

“အရွင္သုမနမေထရ္”တို႔က ဒီေဒသကို ဗုဒၶသာသနာ

ထြန္းကားေအာင္ျပဳဳလုပ္ခဲ့ၾကပါတယ္။
တစ္ခ်ိန္တုန္းက အင္းေတာ္ႀကီးက ေရလုပ္သားႀကီး

“ဦးရန္ေအာင္”ဆိုသူဟာ ကြန္ပစ္ရင္းရရွိခဲ့ဖူးတဲ့

လည္ပင္းရွည္အဝက်ဥ္းအိုး(ပ်ဴ ေခတ္အိုးပံုစံ)နဲ႔

အိုးထဲမွာ အရိုးျပာလို႔ ယူဆရတဲ့ အရိုးအပိုင္းအစနဲ႔

ေရာင္စံုပုတီးေစ့(၂)လံုး ေတြ႕ခဲ့ဖူးေၾကာင္း……

(၁၉၈၉ ခုႏွစ္ မိုးညွင္းၿမိဳ႕နယ္ ၾကက္ေျခနီအသင္းက

စီစဥ္ထုတ္ေဝတဲ့”မိုးညွင္းမဂၢဇင္း”အမွတ္(၁)

မင္းဥကၠာေဆြရဲ႕”ျမန္မာ့မိုးပ်ံအင္း”ေဆာင္းပါး

(စာ-၃၃)မွာ ေလ့လာ သိရွိရပါတယ္။
အင္းဖြဲ႕ျခင္းမခံရမီက စည္းခမ္းၿမိဳ႕ကလူေတြရဲ႕

ဘာသာဓေလ့နဲ႔ ဆက္စပ္ေနတဲ့ ထံုးတမ္းစဥ္လာေတြဟာ

ပ်ဴ နဲ႔တူေနတာကို ေတြ႕ႏိုင္ပါတယ္။ေသသူကို မီးသၿဂၤ ိဳဟ္ၿပီး

အရိုးျပာကို ေရာင္စံုပုတီးေစ့ေတြနဲ႔အတူ အိုးမွာထည့္တဲ့

ဓေလ့ဟာ ပ်ဴ ေတြရဲ႕ဓေလ့ျဖစ္ပါတယ္။
“အင္းေတာ္ႀကီး””အင္းေတာ္ေလး”နဲ႔ပါတ္သက္ၿပီး

ဒ႑ာရီျဖစ္ရပ္တစ္ခုကလည္း စိတ္ဝင္စားစရာပါ။

ဧရာပထနဂါးမင္းရဲ႕ သားေတာ္ႏွစ္ပါးဟာ……

အင္းေတာ္ႀကီးေဒသနဲ႔ အင္းေတာ္ၿမိဳ႕အနီးကေနရာေတြမွာ

အသီးသီး အၿပိဳင္ အင္းဖြဲ႕ၾကရာ ညီေတာ္က ေနာင္ေတာ္ကို

“အင္းဖြဲ႕လို႔ ေနာင္ေတာ္အႏိုင္ရရင္ ညီေတာ္က ေခါင္းမေဖာ္ဘဲ

ေနမယ္”ဆိုတဲ့ စကားကတိရွိခဲ့လို႔(ယခု အင္းေတာ္ၿမိဳ႕အနီးက)

အင္းေရျပင္ေပၚမွာ ၾကာဖက္ေတြအျပည့္အုပ္မိုးေနေၾကာင္း

အင္းဖြဲ႕ရာမွာ ေနာင္ေတာ္ရဲ႕အင္းေလာက္ ႀကီးက်ယ္ျခင္းမရွိလို႔

ရံႈးနိမ့္သြားတဲ့ ညီေတာ္ရဲ႕စကားကတိ တည္ခဲ့ေၾကာင္းမ်ားကို

ယေန႔တိုင္ ေျပာဆိုယံုၾကည္ေနၾကတာကို ၾကားသိရပါတယ္။

မည္သို႔ပင္ဆိုေစကာမူ “အင္းေတာ္ႀကီး”ေဒသကေတာ့…… ေပ်ာက္ဆံုးေနတဲ့ “ဥတၱရေစာျဖဴ မင္း”ရဲ႕ ေရႊၿမိဳ႕ေတာ္ႀကီး တည္ေနရာ ျဖစ္သလုိ ရွမ္းနီတိုင္းရင္းသား”တုိင္းခမ္းတီး၊ တုိင္းလွ်ဲန္၊ တုိင္းကတူး၊ တုိင္းကနန္း”တုိ႔ရဲ႕ အံ့ဖြယ္ထူးျခား လွပလြန္းတဲ့ေနရာေဒသတစ္ခုျဖစ္တာကိုေတာ့ ဘယ္သူမွျငင္းႏိုင္မွာ မဟုတ္တာကေတာ့ အေသအခ်ာပါပဲ။ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myo Minn Win

#Unicode Version#
ပျောက်ဆုံးသွားသောစည်းခမ်းမြို့တော်

(သို့မဟုတ်) အင်းတော်ကြီးအိုင် သမိုင်း

••••••••••••••••••••

မြန်မာပြည်မြောက်ပိုင်းက မိုးညှင်းခရိုင်

ထဲမှာရှိတဲ့ အံ့ဖွယ်ထူးခြားလှပလွန်းတဲ့

“အင်းတော်ကြီးအိုင်”ဟာ မြောက်လတ္တီကျူ

၂၅ ဒီဂရီ ၅ မိနစ်နဲ့ အရှေ့လောင်ဂျီကျူ ၉၆ ဒီဂရီ

၂၃ မိနစ်အတွင်းမှာ တည်ရှိပါတယ်။
အလျား ၁၆ မိုင် အနံ ၈ မိုုင်(မြန်မာ့စွယ်စုံကျမ်းမှာ

အလျား ၁၄ မိုင် အနံ ၇ မိုင်)ရှိပြီး”မြေကျွံအင်း”အမျိုးအစား

ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေအမြင့်မှာ

တည်ရှိပါတယ်။ရွာသစ်ကြီးကျေးရွာ တောင်ဘက်က

ရေပူစမ်း(ကန့်ကြော)နဲ့ အင်းတော်ကြီး တောင်ဘက်က

ရွှေတောင်ကြီး(ကန့်တောင်)တို့ကို မျဉ်းဖြောင့်ဆွဲရင်

အင်းတော်ကြီးအရှေ့ဘက်ကမ်းဟာ ကန့်ကြောအတွင်း

ကျရောက်ကြောင်း ဘူမိဗေဒပညာရှင်တွေက ဆိုပါတယ်။
အင်းတော်ကြီးကို သမိုင်းဝင်တောင်(၃)လုံးအပါအဝင်

တောင်(၁၆)လုံးဝန်းရံလျက်ရှိပါတယ်။တောင်တွေ

အပေါ်က မြစ်ဖျားခံ စီးဆင်းလာတဲ့ ချောင်းငယ်ပေါင်း

(၁၂)ခုဟာ အရပ် လေးမျက်နှာကနေ အင်းတော်ကြီး

အိုင်ထဲကို စီးဝင်ကြပါတယ်။အင်းထဲကို စီးဝင်ခွင့်ရှိတဲ့

ချောင်း(၆)ခုနဲ့ စီးဝင်ခွင့် မရှိတဲ့ချောင်း(၁၈)ခု

ရှိတယ်လို့လည်း သိရပါတယ်။အင်းဘေး ဝဲယာမှာ ကျေးရွာအုပ်စု(၁၁)ခုနဲ့ ရွာပေါင်း(၁၄)ရွာရှိတယ်

လို့ဆိုပါတယ်။ “တိုင်းလျန်”လို့ခေါ်တဲ့

ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ကြပြီး……

လယ်ယာလုပ်ငန်း။ရေလုပ်ငန်း။ရွှေမှော်နဲ့

ကျောက်မှော်လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။
အင်းတော်ကြီးအိုင်အတွင်းမှာ သမိုင်းဝင်”ရွှေမဉ္ဇူ ”

(ရေလယ်ဘုရား)တည်ရှိပြီး ဘုရားပွဲတော်ကိုတော့

နှစ်စဉ် တပေါင်းလဆန်း(၈)ရက်ကနေ လပြည့်နေ့အထိ

ကျင်းပလေ့ရှိပါတယ်။ပွဲတော်ရက်အတွင်း ကမ်းခြေကနေ

ရေလယ်ဘုရားကိုသွားဖို့ နတ်လမ်း လူလမ်းဆိုပြီး ပေါ်လာလေ့ရှိတယ်လို့ သိရပါတယ်။လွှဲမွန်ကျေးရွာမှာ

မုဆိုးမ”ဒေါ်မုံ”တည်ခဲ့တဲ့”ငွေမဉ္ဇူ “ဘုရားကလည်း

ထင်းရှားလှပါတယ်။
“အရှေ့တောင်အာရှရဲ့ ကုန်းတွင်းရေနေထဲမှာအကြီးဆုံးအိုင်”

“တောင်ထိပ်ကြားက အင်းတော်ကြီး”

“မိုးပျံ အင်းကြီး”

“တော်ဝင် အင်းကြီး”

“အင်းတော်ကြီး”ရယ်လို့ အမည်ထင်ရှား ကျော်ကြားလှတဲ့

အင်းတော်ကြီးသမိုင်းကလည်း ဒဏ္ဍာရီဆန်ဆန်

စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။
အင်းမဖွဲ့ခင် သက္ကရာဇ်(၂၆၄)ကမူးလွင်ပြင်ရဲ့ အရှေ့ဘက် “ကုရုရာဇ်တိုင်း””ဥတ္တရဌာနီ”စည်းခမ်းမြို့”မှာ(စောဝ်ဆေးဖိတ် ခေါ် ကျားဖြူ မင်းရဲ့ ခမည်းတော်)ဥတ္တရစောဖြူ မင်း အုပ်စိုးခဲ့ပါတယ်။

“အိမ်ပေါင်းတစ်သောင်း ကျောင်းပေါင်းတစ်ထောင်”လို့

ပြောစမှတ်တွင်ပြီး စည်ကားခဲ့တဲ့မြို့ကြီးလို့သိရပါတယ်။

�����������������
ရှေးလွန်လေပြီးသော အတိတ်နှစ်ပေါင်း (၂၅၀၀) ကျော် ၊ ဘီစီ (၅၄၄-၅၈၉)ခန့်တွင် ဂေါတမမြတ်စွာ ဘုရားသခင်သည် အနာဂတ် သာသနာေတော် တွင်ဖြစ်ပေါ်တွေ့ကြုံမည့် အရေး မျှော်တွေးသိမြင်တောမူ သဖြင့် အခါတစ်ပါးသော မဇ္စိိျိမဒေသမှ ညီတော်အာနန္ဒာ နှင့် တကွ ကောင်းကင် ခရီးဖြင့် ဒေသစာရီ ကြွချီတော်မူရာ ယခုအင်းတော်ကြီး ဖြစ်တည်သည့် ဒေသ နှင့် ရွှေမဉ္စူ ဘုရားတည်ရှိ သည့် နေရာ၌ ခေတ္တရပ်တန့်ပြီး နာဌာဂီရိ တောင် (ဆင်ခေါင်းတောင်)ထိပ်တွင် ရပ်တန့်တော်မှု၏။ နောင် အခါ အနာဂတ်ကာလ၌ အင်းကြီး ဖြစ်တည် လတ္တံသော ကြောင်းချင်းရာနှင့် သာသနာတော် ထွန်းလင်း တောက်ပသည့် ဗုဒ္ဓမြတ်ဘုရား၏ ဓါတ်တော် မွေတော် ်များ ကိန်းအောင်း တော်မူရာ စေတီတော် ဘုရားတည်ရှိ လတ္တံ့သော ဗျာဒိတ်စကား မိန့်ကြားတော်မူ ခဲ့လေသည်။
မှတ်ချက်။ ။ဗျာဒိတ်တော် ပေးတော်မူစဉ် ရပ်တန့်တော်မူရာတောင်၏ အမည်ကို ရှေးသမိုင်းမူများ အရအမည် ကွဲများ ရှိသော်လည်း နာဌာဂီရိ(ဆင်ခေါင်း) တောင် ဟူ၍သာ အစဉ်အဆက်မှတ်သားရပေသည်။
သာသနာတော်သက္ကရာဇ် ၂၃၀-ခုနှစ်တွင် နဂါးအမျိုး(၄)မျိုး အကျယ်(၁၁၂၄)မျိုးအနက် ဧရာပတ္တနဂါး မျိုးသားအဖ (၃)ဦးနှင့် နဂါးပေါင်း (၃၈၀၁၂) တို့သည် ဘောဂဝတီနဂါးပြည်မှ (အိုးသစ်၊ အိမ်သစ်၊ အင်းသစ်) ရှာရန် ထွက်ခွာ ခဲ့လေသည်၏။
သက္ကရာဇ်(၂၆၄)ခုနှစ်တွင် လူဦးရေကိုးသန်းရှိသော (ပစ္စန္တရဂန္မာ) ဂုရုရာဇ်တိုင်းတွင် အိမ်ခြေ တစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိသော ဥတ္တရဌာနီ၊ စည်းခမ်း (သျှမ်းအခေါ်မြို့ကို တည်ထောင်တော်မူ၍) နောင်တွင် ဥတ္တရစောဖြူ (ထမံသီသျှမ်းတစ်မျိုး စောဝ်ဆေဖိတ် ကျားဖြူမင်း) စိုးစံအုပ်ချုပ်လေသည်။ (ဗုဒ္ဓ အယူ ကျောင်းချင်းမဟုတ် ဝါဒဘာသာစုံ ကျောင်းပေါင်းစုံ ဖြစ်ဖွယ်ရှိသည်။
သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ(၁၈၄)တွင် တောင်မြောက်အလျား(၈)တိုင်၊ အရှေ့အနောက်အနံ (၄)တိုင် (ယခု အခေါ် တစ်တိုင်လျှင်နှစ်မိုင်) ကျယ်ဝန်းသောအင်းကြီးကို ရေနတ်နဂါးတို့၏ ဘုန်းတန်ခိုးဖြင့် ဖွဲ့တည်ခဲ့ လေသည်ဟူ၏။ထို့ကြောင့် ဘောဂဝတီနဂါးပြည်မှ နတ်နဂါးများလာရောက်ပြီး (အိုးသစ် အိမ်သစ်)အင်းအိုင်ဖွဲ့ တည်ခဲ့ကြသည်ဆိုသော အချက်သည် ရှေးအဆက်ဆက်သော အင်းတော်ကြီး သမိုင်းအရ ခိုင်လုံစွာ ရေးဆို တင်ပြ မှတ်တမ်းတင်ခဲ့သည်။
ဂေါတမဘုရားရှင် လက်ထက်တွင် သုနာပရန္တတိုင်းဟူ၍ ခေါ်တွင်သော တိုင်းနိုင်ငံ၏ မြောက်ဘက်နောင်တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ(စိမ့်)တိုင်းဟူ၍ အသီးသီး ခေါ်သွင်ခဲ့လေသည်။ သာသနာသက္ကရာဇ် ၃၆၀-ခု(ဘီစီ-၁၈၄)တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုး ဥတ္တရစောဖြူမင်း တည်ထောင် ပြီးသည်မှ နှစ်ပေါင်း၉၆နှစ် ပြည့်မြောက် သောနှစ် ပေတည်း။
လေးမျိုးသောနဂါးတို့တွင် ဧရာပတ္တ နဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တဌာနီ စည်းခမ်းမြို့ကြီးကို အင်းဖွဲ့ရန် ရွှေတာင်နတ်မင်းကြီး၏အမိန့်ကို ရရှိသောအခါ ရေနတ် နဂါးမင်းသားက စဉ်းစားတော်မှုသည်မှာ ဤ ထမံသီ လူမျိုးများနေထိုင်ပျော်ပါး သောမြို့ကို ငါအင်းဖွဲ့ လိုက်သော် တိုင်းနေပြည်သူလူတို့ သေကြေ ပျက်စီး ကြတော့မည် ၊ ထိုသူတို့သေ ကြေလျင် ငါ၌ ပါဏာတိပါတကံ ထိုက်၍အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရလိမ့်မည် ဤနေရာကလွဲ လျှင်လဲအခြား နေရာကို ငါသဘောမကျ မနှစ်သက်ခဲ့၊ ဟယ် သို့သောလည်း ဤတိုင်းသူပြည်သား လူအများတို့သည် တရားလည်းမကပ်ကြ၊ ကိုယ်ကျင့် သီလမရှိကြ ငါးပါးသီလကို တစ်ပါးမျှ မတည် အောင် ကိုယ်ကျင့်တရားများ အလွန်ပျက်ပြားကြသည်၊ နေ့စဉ် ညတိုင်း ထိုင်းမှိုင်း တွေေ၀ ၍ ငါးပါးအာရုံ ကာမဂုဏ်ကို စုံစုံမက်မက် နှစ်သက်ပျော်ပါးသူသာ များလေသည်၊ သို့ဖြစ်သည်ကြောင့် အလီလီ တွေးဆ၍ ညသန်းခေါင်ရံ အခါ အာကာသ ကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော အသံဖြင့် ကြွေးကြော ်လေသည်မှာ ဤ တိုင်းပြည် ၌ နေထိုင်ကြကုန်သော အသင်မနုဿလူသားတို့သည် ရှေ့ ခုနှစ်ရက် တိုင်လျင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်။ ခုနှစ်ရက်မတိုင်ခင် အကြား ခရီးဝေးစွာ ထွက်ခွာသွားကြကုန်လော့ အကယ်၍မသွားဘဲနေကြလျှင် ရေမွန်းနှစ်၍ သေကြ ကုန်လတ္တံ့ဟု တစ်တိုင်း ပြည်လုံးကြားလောက်အောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်လေ၏ ဤသို့ တစ်ပြည်လုံး ကြားလောက်အောင် ကြွေးကြော်ပါသော်လည်း တိုင်းသားပြည်သူများ ဗိုလ်လူတို့၏ မကောင်းမှု ကံစီမံဖန်တီးသဖြင့် အသက်ကြီးသော မုဆိုးမ အဒေါ်အိုတစ်ယောက်အပြင် မည်သူမျှ မကြားမသိကြချေ၊ နံနက် မိုးလင်းသောအခါ အဒေါ်အိုမုဆိုးမက တအိမ်တက်တအိမ်ဆင်းသွား ရောက် ပြောကြားသော်လည်း အယုံ တရားမရှိကြဘဲ ဤမုဆိုးမသည် မလှသောမျက်နှာ မသာယာ သော မျက်ခွက်ဖြင့် ငါတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော စကားကိုပြောကြားလေသည်၊ ငါတို့ ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်း ပြည်နဂရတွင် ထာဝရကြာရှည်စွာ နေထိုင်ခဲ့ကြသည်၊ ဘယ်အခါဘယ်ကာလမှ မကြားစဘူးထူးဆန်းသော အီ စကားကို အဒေါ်အိုမုဆိုးမ ပြောကြားသည် ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး ဆိုလိုက်ကြကုန် သတည်း၊ အဒေါ်အိုက ထိုထိုအိမ်ထက်သို့ တက်၍ တဖန်ဝေးရာသို့ရွေ့ပြောင်း ထွက်ခွါသွားကြရန် သည်း ခံ၍ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသ ငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်း ခြင်း ခံရသော ခုနှစ်ရက်မြောက်သောနေ့၌ အဒေါ်အိုသည် ဤမြို့ရွာရှိမိမိဆွေမျိုးညာတိမြေး၊ မြစ်များကိုအပါ ခေါ်ငင်၍ ဝေးစွာသောမြို့ အနောက်ဘက်တို့ဘ ထွက်ပြေးကြလေသော် ရေနတ် နဂါးရာဇာက တေဇာကွန့်ဖြိုး နတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးလ်းကြီးလေကြီး မြည်ဟီး ပြင်းချက် လျပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ဝင်းနဲလျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချလေသည်။ ထိုအခါ မုဆိုးမသည် ကုန်းမောက်သေလာ ယခုလွဲမွန် ကျေးရွာ၏ ဒက္ခိဏာတောင်ဘက် ယခု အဘယဂီရိခေါ် တောင်ကုန်းပေါ်ထက်သို့ တက်ပြေး၍လာရင်း မိမိ နောက်ကြော (အရှေ့)ဘက်သို့ မျှော်ကြည့်လိုက်လျှင် ထမံသီလူမျိုး ဥတ္တရစောဖြူမင်း၏ ဥတ္တရဌာနီ စည်းခမ်းမြို့ကြီး သည် ရေပြင်အတိအင်းကြီးဖြစ်၍ ပျောက် ဆုံးနေလေပြီ ကိုတွေ့မြင်ရလေတော့သည်။ ယနေ့တိုင် ထိုမဆိုမ နောက်ကြောဘက်သို့ လှည့်မျော်ကြည့်ခဲ့သောနေရာကို လွဲမွန်တောင်ဟုခေါ်သည်။ လွဲသည်သျှမ်းလို တောင်ဟုအဓိပ္ပါယ်၍ မွန်သည် မျှော် သည်ဟုအဓိပ္ပါယ်ရပါသည်။
မုဆိုးမသည် ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့ တွင်မွေးဖွား၍ အရွယ်ရောက်သောအခါ သျှမ်းကလိမ်း ခနီး္တ (ထမံသီ) လူမျိုးတစ်ယောက်နှင့် အိမ်ထောင်ကျလေည် လင်ယောကျ်ား နောက်သို့ လိုက်ပါသွားပြီးနောက် သမီး (မင်းအပ်) ကိုမွေးဖွားပြီး လင်ယောကျ်ား သေဆုံးလေသည်၊ သမီးမင်းအပ်လည်း အရွယ်ရောက်လျင် အိမ်ထောက်ကျ၍ သားကလေး (မောင်သာယ) ကိုမွေဖွားပြီး လင်ယောကျ်ား သေဆုံးလေသည်၊ မုဆိုးမသည် ထိုမြို့ ထိုရွာတွင် ဆွေမျိုးရင်းချာ မရှိသဖြင့် သမီးမြေးနှစ်ယောက်နှင့် အတူ ဥတ္တရဋ္ဌာနီစည်ခမ်းမြို့သို့ ပြန်ရောက်ပြီး နှစ်နှစ် အကြာတွင် ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့ကြီး အင်းဖြစ်လေတော့သည်။ယင်းထမံသီ မျိုးဆက်မှ ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများနေထိုင်သည့် ထမံသီရွာသည် ယနေ့တိုင် ရှိနေပါသေးသည်။
ဥတ္တရစောဖြူရဲ့သား စောဝ်ဆေးဖိတ် (ကျားဖြူမင်း) မင်းသာသည် အင်းကြီးဖွဲ့သောအချိန် မင်းညီးမင်းသား အချို့နှင့် တောကစားသွားနေ၍ အင်းဖွဲ့ရာသေဆုံးခြင်းမရှိပဲ ကျန်ရစ်ခဲ့လေသည် ၎င်းသည် မိုင်းသုံတောင်နားတွင် ကျင်လည်ကျက်စားနေရင် နောက်နန်းမွန် နှင့်တွေ့ဆုံ ပေါင်းဖက်၍ သားသုံးပါး ဖွားမြင် လေသည်။ (၁)ခွန်ရံ(သိုကော်ဘွား)၊ (၂)ခွန်ကံ (သိုငံဘွား)၊ (၃)ခွန်အွမ် (သိုကျည်ဘွား) တို့ ဖြစ်ကြလေသည်။
၎င်းသားတော်သုံးပါး၏ ဘိုးတော်ဖြစ်သော ရွီှရွှမ်နန်းမြို့တော်သခင် ဥတည်မင်းမှ မြေးတော်များအား လူသူလက် အင်အားများပေး၍ တည်ထောင်အုပ်ချုပ် စေခဲ့သော နယ်ပယ်များ နန်းမြို့များဖြစ်သည့် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မြို့များပေါ်လါခဲ့ပေသည်။
အင်းတော်ကြီး၏ အံ့ဘွယ်ကိုးပါး

�����������

အင်းတော်ကြီးသည် မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်သည်၊

(၁) အလျား ၈-တိုင်၊ အနံ ၄-တိုင်၊ ကျယ်ဝန်းသောကြောင့်တပါး၊

(၂) အနောဒတ္ထအိုင်ကဲ့သို့ အလွန် ရေသန့်ရှင်းသောကြောင့် တပါး၊

(၃) အလွန်ကျယ်ဝန်းသော အင်းဖြစ်သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးရအောင် အင်းတော်ကြီး အရှင် ထိန်းသိမ်းခြင်းကြောင့် အံ့ဘွယ်တပါး၊

(၄)-အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသော

လည်း အနာအဆာမရှိ ငါးကြီးများလည်း အစားဘဲ ကမ်းစပ်ရောက်အောင် လိူင်းပိုတ်ခတ်တင်ပေးခြင်း၊

(၅- အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း၊

(၆)-အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊

(ရ)-တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း၊

(၈) -စစ်တိုက်ရာပါချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ဝင်ခွင့် ပြုခြင်း၊

(၉) -နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လကစ၍ ပြာသိုလ အထိအင်းထဲရှိငါးများကို အင်းတော်ကြီး တောင်ပိုင်း အခြားအကွာ (၈)မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကိုဆေး

ခတ်သဖြင့် ငါးများစွာသေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း၊ ဟုသိရပါတယ်။
ထူးခြားတာကတော့…တန်ခူး ကဆုန် ရေနည်းချိန်မှာ

အင်းတော်ကြီးရဲ့ အရှေ့ဘက်ကမ်းအနီးက

“နတ်မောက်ကန်”နဲ့”ဟဲပု”ကျေးရွာအကြားရေပြင်

အောက်မှာ ထမံသီလူမျိုးတွေတည်ဆောက်နေထိုင်ခဲ့ကြတဲ့

အဆောက်အဦးတိုင်တွေကို အတိုင်းသားမြင်တွေ့

ရခြင်းမျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။
(၁၁)ရာစု အနော်ရထာမင်းနဲ့ခေတ်ပြိုင် ဥတည်ဘွားဘုရင်ကို

ဆက်စပ်ကြည့်ရင် မိုးညှင်းမြို့တည် ရာစုနှစ်ဟာ မှန်ကန်ဖွယ်

ရှိပြီး စည်းခမ်းမြို့ကြီးကို အင်းဖွဲ့တဲ့ နှစ်ပေါင်းဟာလည်း

(၁၀)ရာစုထက် စောနိုင်စရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။

ွှွှအနော်ရထာနတ်ရွာစံပြီးတဲ့နောက်မှာ “အရှင်ဗုဒ္ဓမထေရ်”နဲ့

“အရှင်သုမနမထေရ်”တို့က ဒီဒေသကို ဗုဒ္ဓသာသနာ

ထွန်းကားအောင်ပြုုလုပ်ခဲ့ကြပါတယ်။
တစ်ချိန်တုန်းက အင်းတော်ကြီးက ရေလုပ်သားကြီး

“ဦးရန်အောင်”ဆိုသူဟာ ကွန်ပစ်ရင်းရရှိခဲ့ဖူးတဲ့

လည်ပင်းရှည်အဝကျဉ်းအိုး(ပျူ ခေတ်အိုးပုံစံ)နဲ့

အိုးထဲမှာ အရိုးပြာလို့ ယူဆရတဲ့ အရိုးအပိုင်းအစနဲ့

ရောင်စုံပုတီးစေ့(၂)လုံး တွေ့ခဲ့ဖူးကြောင်း……

(၁၉၈၉ ခုနှစ် မိုးညှင်းမြို့နယ် ကြက်ခြေနီအသင်းက

စီစဉ်ထုတ်ဝေတဲ့”မိုးညှင်းမဂ္ဂဇင်း”အမှတ်(၁)

မင်းဥက္ကာဆွေရဲ့”မြန်မာ့မိုးပျံအင်း”ဆောင်းပါး

(စာ-၃၃)မှာ လေ့လာ သိရှိရပါတယ်။
အင်းဖွဲ့ခြင်းမခံရမီက စည်းခမ်းမြို့ကလူတွေရဲ့

ဘာသာဓလေ့နဲ့ ဆက်စပ်နေတဲ့ ထုံးတမ်းစဉ်လာတွေဟာ

ပျူ နဲ့တူနေတာကို တွေ့နိုင်ပါတယ်။သေသူကို မီးသင်္ဂြ ိုဟ်ပြီး

အရိုးပြာကို ရောင်စုံပုတီးစေ့တွေနဲ့အတူ အိုးမှာထည့်တဲ့

ဓလေ့ဟာ ပျူ တွေရဲ့ဓလေ့ဖြစ်ပါတယ်။
“အင်းတော်ကြီး””အင်းတော်လေး”နဲ့ပါတ်သက်ပြီး

ဒဏ္ဍာရီဖြစ်ရပ်တစ်ခုကလည်း စိတ်ဝင်စားစရာပါ။

ဧရာပထနဂါးမင်းရဲ့ သားတော်နှစ်ပါးဟာ……

အင်းတော်ကြီးဒေသနဲ့ အင်းတော်မြို့အနီးကနေရာတွေမှာ

အသီးသီး အပြိုင် အင်းဖွဲ့ကြရာ ညီတော်က နောင်တော်ကို

“အင်းဖွဲ့လို့ နောင်တော်အနိုင်ရရင် ညီတော်က ခေါင်းမဖော်ဘဲ

နေမယ်”ဆိုတဲ့ စကားကတိရှိခဲ့လို့(ယခု အင်းတော်မြို့အနီးက)

အင်းရေပြင်ပေါ်မှာ ကြာဖက်တွေအပြည့်အုပ်မိုးနေကြောင်း

အင်းဖွဲ့ရာမှာ နောင်တော်ရဲ့အင်းလောက် ကြီးကျယ်ခြင်းမရှိလို့

ရှုံးနိမ့်သွားတဲ့ ညီတော်ရဲ့စကားကတိ တည်ခဲ့ကြောင်းများကို

ယနေ့တိုင် ပြောဆိုယုံကြည်နေကြတာကို ကြားသိရပါတယ်။
မည်သို့ပင်ဆိုစေကာမူ “အင်းတော်ကြီး”ဒေသကတော့…… ပျောက်ဆုံးနေတဲ့ “ဥတ္တရစောဖြူ မင်း”ရဲ့ ရွှေမြို့တော်ကြီး တည်နေရာ ဖြစ်သလို ရှမ်းနီတိုင်းရင်းသား”တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း”တို့ရဲ့ အံ့ဖွယ်ထူးခြား လှပလွန်းတဲ့

နေရာဒေသတစ်ခုဖြစ်တာကိုတော့ ဘယ်သူမှငြင်းနိုင်မှာ

မဟုတ်တာကတော့ အသေအချာပါပဲ။ ။



ဖိုးသူတော် (www.phothutaw.com)
Credit: Myo Minn Win
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top