Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လြန္ခဲ့ေသာ ခုႏွစ္မ်ားဆီက ဒိိတ္ဒိတ္က်ဲအဆိုေတာ္ျဖစ္သူ အဆိုေတာ္မာရဇၨက သူကိုယ္တိုင္အသံုးျပဳေသာ လူမႈကြန္ယ က္ ေဖ့ဘုတ္ စာမ်က္ႏွာေပၚတြင္ စာသားအနည္းငယ္ ယေန႔ ၾသဂုတ္လ ၁၁ ရက္ေန႔မွာ တင္လိုက္ပါတယ္။ ယင္းပို႔စ္ကို Like လုပ္သူ ၀င္ေရာက္မွတ္ခ်က္ေပးသူ၊ ျပန္လည္မွ်ေ၀သူ မ်ားစြာရွိခဲ့ပါတယ္။

သူေရးသားထားတာကေတာ့ ”ေသမွတန္ဘိုးထားတဲ႔နိုင္ငံ ေသမွဂုဏ္ျပဳတဲ႔နိုင္ငံ ေသမွသူေကာင္းျပဳတဲ႔နိုင္ငံမွာ ကၽႊန္ေတာ္ ခက္ခဲစြာရွင္သန္ေနပါတယ္အေမ” ဟုျဖစ္သည္။

ဒီစာသားကို သူ႔ရဲ့ ဓာတ္ပံုတစ္ပံုႏွင္ တဲြတင္ခဲ့သည္။ မာရဇၨ က အဆိုေတာ္ခိုင္ထူး စ်ာပနပဲြျပင္ဆင္ေနစဥ္ ခိုင္ထူးရဲ႕အိမ္ မွာလည္း ေတြ႕ခဲ့ရသည္။

သူေရးတာက ဘ၀ကိုႏြမ္းပါစြာျဖင့္ ျဖတ္သန္းခဲ့ရသည့္ အဆိုေတာ္ခိုင္းထူးအတြက္ စိတ္မေကာင္းျဖစ္ၿပီး ေရးသားသည့္ စာပင္ျဖစ္သည္။

သူေျပာသည့္အတုိင္းပင္ အႏုပညာရွင္ႀကီး အဆိုေတာ္ခိုင္ထူးဟာ အႏုပညာအတြက္ အမွန္တကယ္ပင္ ေပးဆပ္ခဲ့ရသူျဖ စ္ေပမယ့္ သူ မဆံုးပါးခင္မွာ သူ႔အေၾကာင္း ေျပာသူ နည္းပါလွသည္။ ပဲြေတြမွာလည္း ျမင္ရခဲသည္။

ရန္ကုန္တြင္ ေဆးရံုတက္ေနရၿပီဆိုမွ လူမ်ားက ခိုင္ထူးကို ျပန္လည္သတိရလာသည္။ သတင္းမ်ား တင္ၾကသည္။ ေနာက္ ဆံုး ခိုင္ထူး ကြယ္လြန္တဲ့အခါမွာေတာ့ တစ္တိုင္းျပည္လံုးက ယူႀကံဳးမရ တမ္းတေနၾကသည္။ ဒါကို မႀကိဳက္သျဖင့္ အဆိုေ တာ္ မာရဇၨက ေပါက္ကြဲလိုက္ျခင္း ျဖစ္မည္ဟု ယူဆရသည္။

မာရဇၨဟာလည္း သီခ်င္းအသစ္မ်ား ထြက္လာျခင္းမရွိပဲ ပရိတ္သတ္ႏွင့္ အလမ္းေဝးေနခဲ့သည္။ သုိ႔ေသာ္ တစ္ႏွင္လွ်င္ တစ္ခါေတာ့ တစ္ကိုယ္ေတာ္ပဲြမ်ား လုပ္ေလ့ရွိသည္။ ဒီႏွစ္လည္း ေမွ်ာ္စင္ကြၽန္းမွာ ေမြးေန႔ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပဲြ ျပဳလုပ္မည္ဟု သတင္းအရ သိရသည္။

”ကြၽန္ေတာ့္အေနနဲ႔ပြဲမ်ားမ်ားစားစား လည္းမဆိုျဖစ္ပါဘူး။ တစ္ႏွစ္တစ္ပြဲေတာ့ တစ္ကိုယ္ေတာ္အေနနဲ႔ ေကာင္းေကာ င္းလုပ္ဖို႔ ေတြးထားတယ္။ ခုလည္း တစ္ႏွစ္ တစ္ပြဲႏႈန္းပါပဲ။ အဲဒီပြဲကိုေတာ့ ပရိသတ္နဲ႔ အားရပါးရ ေဖ်ာ္ေျဖမယ္”လို႔ မာရဇၨက ျပည္တြင္းမီဒီယာတစ္ခုကို ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PannPwint

#Unicode Version#
လွန်ခဲ့သော ခုနှစ်များဆီက ဒိတ်ဒိတ်ကျဲအဆိုတော်ဖြစ်သူ အဆိုတော်မာရဇ္ဇက သူကိုယ်တိုင်အသုံးပြုသော လူမှုကွန်ယ က် ဖေ့ဘုတ် စာမျက်နှာပေါ်တွင် စာသားအနည်းငယ် ယနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ တင်လိုက်ပါတယ်။ ယင်းပို့စ်ကို Like လုပ်သူ ဝင်ရောက်မှတ်ချက်ပေးသူ၊ ပြန်လည်မျှဝေသူ များစွာရှိခဲ့ပါတယ်။

သူရေးသားထားတာကတော့ ”သေမှတန်ဘိုးထားတဲ့နိုင်ငံ သေမှဂုဏ်ပြုတဲ့နိုင်ငံ သေမှသူကောင်းပြုတဲ့နိုင်ငံမှာ ကျွှန်တော် ခက်ခဲစွာရှင်သန်နေပါတယ်အမေ” ဟုဖြစ်သည်။

ဒီစာသားကို သူ့ရဲ့ ဓာတ်ပုံတစ်ပုံနှင် တွဲတင်ခဲ့သည်။ မာရဇ္ဇ က အဆိုတော်ခိုင်ထူး ဈာပနပွဲပြင်ဆင်နေစဉ် ခိုင်ထူးရဲ့အိမ် မှာလည်း တွေ့ခဲ့ရသည်။

သူရေးတာက ဘဝကိုနွမ်းပါစွာဖြင့် ဖြတ်သန်းခဲ့ရသည့် အဆိုတော်ခိုင်းထူးအတွက် စိတ်မကောင်းဖြစ်ပြီး ရေးသားသည့် စာပင်ဖြစ်သည်။

သူပြောသည့်အတိုင်းပင် အနုပညာရှင်ကြီး အဆိုတော်ခိုင်ထူးဟာ အနုပညာအတွက် အမှန်တကယ်ပင် ပေးဆပ်ခဲ့ရသူဖြ စ်ပေမယ့် သူ မဆုံးပါးခင်မှာ သူ့အကြောင်း ပြောသူ နည်းပါလှသည်။ ပွဲတွေမှာလည်း မြင်ရခဲသည်။

ရန်ကုန်တွင် ဆေးရုံတက်နေရပြီဆိုမှ လူများက ခိုင်ထူးကို ပြန်လည်သတိရလာသည်။ သတင်းများ တင်ကြသည်။ နောက် ဆုံး ခိုင်ထူး ကွယ်လွန်တဲ့အခါမှာတော့ တစ်တိုင်းပြည်လုံးက ယူကြုံးမရ တမ်းတနေကြသည်။ ဒါကို မကြိုက်သဖြင့် အဆိုေ တာ် မာရဇ္ဇက ပေါက်ကွဲလိုက်ခြင်း ဖြစ်မည်ဟု ယူဆရသည်။

မာရဇ္ဇဟာလည်း သီချင်းအသစ်များ ထွက်လာခြင်းမရှိပဲ ပရိတ်သတ်နှင့် အလမ်းဝေးနေခဲ့သည်။ သို့သော် တစ်နှင်လျှင် တစ်ခါတော့ တစ်ကိုယ်တော်ပွဲများ လုပ်လေ့ရှိသည်။ ဒီနှစ်လည်း မျှော်စင်ကျွန်းမှာ မွေးနေ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည်ဟု သတင်းအရ သိရသည်။

”ကျွန်တော့်အနေနဲ့ပွဲများများစားစား လည်းမဆိုဖြစ်ပါဘူး။ တစ်နှစ်တစ်ပွဲတော့ တစ်ကိုယ်တော်အနေနဲ့ ကောင်းကော င်းလုပ်ဖို့ တွေးထားတယ်။ ခုလည်း တစ်နှစ် တစ်ပွဲနှုန်းပါပဲ။ အဲဒီပွဲကိုတော့ ပရိသတ်နဲ့ အားရပါးရ ဖျော်ဖြေမယ်”လို့ မာရဇ္ဇက ပြည်တွင်းမီဒီယာတစ်ခုကို ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top