ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ေန႔စဥ္နဲ႔အမွ် ကၽြန္ေတာ္တို႔ေတြအားလံုး ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ ရင္ဆိုင္ေနၾကရသူေတြ ခ်ည္းပါပဲ။ ေသးတာနဲ႔ ႀကီးတာပဲ ကြာျခားပါတယ္။ တခ်ိဳ႕ဟာေတြက ေသးလြန္း၊ ေပါ့လြန္းလို႔ သတိေတာင္ မထားမိတတ္ၾကပါဘူး။

တကယ္ေတာ့ ကၽြန္ေတာ္တို႔အားလံုးဟာ ေန႔စဥ္နဲ႔အမွ် ျပႆနာေတြ၊ မတူညီမႈေတြကို ဒိုင္ခံေျဖရွင္းေပးေနရတဲ့ ျပႆနာအေျဖရွာသူေတြပါ။ အေျဖရွာတဲ့ေနရာမွာ နည္းလမ္းေပါင္းမ်ားစြာ တည္ရွိေနၾကေပမဲ့ အဓိကအားျဖင့္ ဘယ္အခ်ိန္မ်ိဳးမွာပဲျဖစ္ျဖစ္ မေျပာင္းမလြဲ ဂ႐ုစိုက္သင့္တဲ့ အခ်က္ (၂) ခ်က္ရွိတယ္။

ဘာေတြလဲဆိုေတာ့ စာနာနားလည္တတ္မႈနဲ႔ လူမႈေရးသိတတ္ၾကြယ္ဝမႈတို႔ပဲ ျဖစ္ၾကပါတယ္။ ဒီႏွစ္ခ်က္ကို ဘယ္လိုအေျခအေနမ်ိဳး၊ ျပႆနာမ်ိဳးမွာပဲျဖစ္ျဖစ္ ေျဖရွင္းၾကတဲ့ေနရာမွာ မရွိမျဖစ္၊ မလုပ္မျဖစ္ လိုအပ္ပါတယ္။ ဘာေၾကာင့္ ဒီႏွစ္ခ်က္က အဲဒီေလာက္အေရးပါေနလဲဆိုတာေတာ့ ေအာက္မွာ တစ္ခ်က္ျခင္းစီကို ရွင္းျပထားပါတယ္။
စာနာနားလည္ေပးႏိုင္မႈစြမ္းရည္

ဒီအခ်က္က အသက္ေမြးဝမ္းေက်ာင္းမႈဆိုင္ရာ ေလွကားေပၚကို တက္လွမ္းၾကတဲ့ေနရာမွာ အမ်ားသူငါ ပါဝင္လာေအာင္လုပ္ဖို႔ အလြန္ေကာင္းတဲ့ နည္းလမ္းတစ္ခုပါ။ ၿပီးေတာ့ စာနာတတ္ျခင္းက ကိုယ္နဲ႔ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဘက္ေတြၾကားမွာ ယံုၾကည္မႈေတြ၊ ေလးစားမႈေတြ တည္ေဆာက္ဖို႔အတြက္ ေသာ့ခ်က္တစ္ခု လည္း ျဖစ္ပါတယ္။ သူမ်ားေတြရဲ႕ မတူညီတဲ့ အျမင္ေတြ၊ ႐ႈေထာင့္ေတြကို နားလည္ေပးႏိုင္ရမယ္။

သူတို႔ရဲ႕ အျမင္ေတြ၊ ႐ႈေထာင့္ေတြကို အမွန္လို႔ယူဆၿပီး လက္ခံေပးရမယ္လို႔ေတာ့လည္း မဟုတ္ပါဘူး။ အဲဒီလိုပဲ သူတို႔ဆီက ထြက္လာတဲ့ အခ်က္အလက္ေတြက မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ ဖယ္ရွားမပစ္ဘဲ ထည့္သြင္းစဥ္းစားေပးရမယ္။ ဒါမွလည္း ျပႆနာတစ္ခုကို ဘက္ေပါင္းစံုကေနၾကည့္လိုက္ေတာ့ ပိုၿပီး အေထာက္အကူျဖစ္ေစပါတယ္။
လူမႈေရးနားလည္မႈစြမ္းရည္

ျပႆနာတစ္ခုကို ေျဖရွင္းၾကတဲ့ေနရာမွာ အခ်ိန္မလြန္ခင္ ေျဖရွင္းႏိုင္ခ်င္တယ္ဆိုရင္ သူ႔စိတ္၊ ကိုယ့္စိတ္ကို နားလည္ႏိုင္ရမယ္။ ဆိုလိုတာက သူတို႔ေတြရဲ႕ လိုအပ္ခ်က္ကဘာလဲ၊ ဘယ္လိုကူညီေပးရမလဲဆိုတာနဲ႔ သူတိုကို ဘယ္လိုႏွစ္သိမ့္ေပးရမလဲဆိုတာကို နားလည္ေနရမယ္။

ဒါဆိုရင္ ဘယ္လိုျပႆနာမ်ိဳးကိုပဲ ေျဖရွင္းရ ေျဖရွင္းရ အခ်ိန္ကုန္လည္း သက္သာေစသလို အားလည္း ေျပာေလာက္ ေအာင္ထိ စိုက္ေနစရာမလိုေတာ့ပါဘူး။ ဒီနည္းလမ္းက ကိုယ္သတ္မွတ္ေရြးခ်ယ္ထားတဲ့ အသက္ေမြးဝမ္းေက်ာင္းမႈ ဆိုင္ရာ ရည္မွန္းခ်က္ပန္းတိုင္ သြားရာလမ္းအတြက္လည္း အေကာင္းဆံုး နည္းစနစ္ခုျဖစ္ပါတယ္။

သတိုင္းအခ်က္အလက္ေတြကို နယ္ပယ္အသီးသီးကေန ယူေဆာင္ႏိုင္မယ္ဆိုရင္ ကိုယ့္ရဲ႕ပင္ကိုယ္ စြမ္းရည္ေတြလည္း အံ့အားသင့္ေလာက္ေအာင္ကို တိုးတက္ေကာင္းမြန္လာပါလိမ့္မယ္။ လုပ္ငန္းခြင္ဆိုင္ရာ ဆက္ဆံေရးအပိုင္းမွာလည္း တိုးတက္ေကာင္းမြန္ေစၿပီး အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း ပိုေကာင္းလာေစပါတယ္။

Reference: Lifehack

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode version#
နေ့စဉ်နဲ့အမျှ ကျွန်တော်တို့တွေအားလုံး ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေကြရသူတွေ ချည်းပါပဲ။ သေးတာနဲ့ ကြီးတာပဲ ကွာခြားပါတယ်။ တချို့ဟာတွေက သေးလွန်း၊ ပေါ့လွန်းလို့ သတိတောင် မထားမိတတ်ကြပါဘူး။

တကယ်တော့ ကျွန်တော်တို့အားလုံးဟာ နေ့စဉ်နဲ့အမျှ ပြဿနာတွေ၊ မတူညီမှုတွေကို ဒိုင်ခံဖြေရှင်းပေးနေရတဲ့ ပြဿနာအဖြေရှာသူတွေပါ။ အဖြေရှာတဲ့နေရာမှာ နည်းလမ်းပေါင်းများစွာ တည်ရှိနေကြပေမဲ့ အဓိကအားဖြင့် ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် မပြောင်းမလွဲ ဂရုစိုက်သင့်တဲ့ အချက် (၂) ချက်ရှိတယ်။

ဘာတွေလဲဆိုတော့ စာနာနားလည်တတ်မှုနဲ့ လူမှုရေးသိတတ်ကြွယ်ဝမှုတို့ပဲ ဖြစ်ကြပါတယ်။ ဒီနှစ်ချက်ကို ဘယ်လိုအခြေအနေမျိုး၊ ပြဿနာမျိုးမှာပဲဖြစ်ဖြစ် ဖြေရှင်းကြတဲ့နေရာမှာ မရှိမဖြစ်၊ မလုပ်မဖြစ် လိုအပ်ပါတယ်။ ဘာကြောင့် ဒီနှစ်ချက်က အဲဒီလောက်အရေးပါနေလဲဆိုတာတော့ အောက်မှာ တစ်ချက်ခြင်းစီကို ရှင်းပြထားပါတယ်။
စာနာနားလည်ပေးနိုင်မှုစွမ်းရည်

ဒီအချက်က အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လှေကားပေါ်ကို တက်လှမ်းကြတဲ့နေရာမှာ အများသူငါ ပါဝင်လာအောင်လုပ်ဖို့ အလွန်ကောင်းတဲ့ နည်းလမ်းတစ်ခုပါ။ ပြီးတော့ စာနာတတ်ခြင်းက ကိုယ်နဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကြားမှာ ယုံကြည်မှုတွေ၊ လေးစားမှုတွေ တည်ဆောက်ဖို့အတွက် သော့ချက်တစ်ခု လည်း ဖြစ်ပါတယ်။ သူများတွေရဲ့ မတူညီတဲ့ အမြင်တွေ၊ ရှုထောင့်တွေကို နားလည်ပေးနိုင်ရမယ်။

သူတို့ရဲ့ အမြင်တွေ၊ ရှုထောင့်တွေကို အမှန်လို့ယူဆပြီး လက်ခံပေးရမယ်လို့တော့လည်း မဟုတ်ပါဘူး။ အဲဒီလိုပဲ သူတို့ဆီက ထွက်လာတဲ့ အချက်အလက်တွေက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဖယ်ရှားမပစ်ဘဲ ထည့်သွင်းစဉ်းစားပေးရမယ်။ ဒါမှလည်း ပြဿနာတစ်ခုကို ဘက်ပေါင်းစုံကနေကြည့်လိုက်တော့ ပိုပြီး အထောက်အကူဖြစ်စေပါတယ်။
လူမှုရေးနားလည်မှုစွမ်းရည်

ပြဿနာတစ်ခုကို ဖြေရှင်းကြတဲ့နေရာမှာ အချိန်မလွန်ခင် ဖြေရှင်းနိုင်ချင်တယ်ဆိုရင် သူ့စိတ်၊ ကိုယ့်စိတ်ကို နားလည်နိုင်ရမယ်။ ဆိုလိုတာက သူတို့တွေရဲ့ လိုအပ်ချက်ကဘာလဲ၊ ဘယ်လိုကူညီပေးရမလဲဆိုတာနဲ့ သူတိုကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကို နားလည်နေရမယ်။

ဒါဆိုရင် ဘယ်လိုပြဿနာမျိုးကိုပဲ ဖြေရှင်းရ ဖြေရှင်းရ အချိန်ကုန်လည်း သက်သာစေသလို အားလည်း ပြောလောက် အောင်ထိ စိုက်နေစရာမလိုတော့ပါဘူး။ ဒီနည်းလမ်းက ကိုယ်သတ်မှတ်ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ ရည်မှန်းချက်ပန်းတိုင် သွားရာလမ်းအတွက်လည်း အကောင်းဆုံး နည်းစနစ်ခုဖြစ်ပါတယ်။

သတိုင်းအချက်အလက်တွေကို နယ်ပယ်အသီးသီးကနေ ယူဆောင်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ပင်ကိုယ် စွမ်းရည်တွေလည်း အံ့အားသင့်လောက်အောင်ကို တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ လုပ်ငန်းခွင်ဆိုင်ရာ ဆက်ဆံရေးအပိုင်းမှာလည်း တိုးတက်ကောင်းမွန်စေပြီး အသက်မွေးဝမ်းကျောင်းမှုနဲ့ ပတ်သက်ပြီးတော့လည်း ပိုကောင်းလာစေပါတယ်။

Reference: Lifehack


ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top