လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ေျမာင္းျမၿမိဳ႕ အမွတ္(၈)ရပ္ကြက္ ျမဂုဏ္ရည္လမ္းရွိ ေနအိမ္တစ္ခုတြင္ ၾသဂုတ္ ၄ ရက္ နံနက္ ၁၁နာရီ မိနစ္ ၂ဝ ခန္႔က အမ်ိဳးသမီးငယ္တစ္ဦးတည္း ေနအိမ္၌ရွိေနစဥ္ လူႏွစ္ဦးက ေနအိမ္တြင္းသို႔ဝင္ေရာက္၍ ဓားျဖင့္ေထာက္ကာ လုယက္မႈ ျဖစ္ပြားခဲ့ၿပီး ျဖစ္စဥ္တြင္ ပါဝင္သည့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ၾသဂုတ္၁၄ရက္က ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၾသဂုတ္ ၄ ရက္က မႏွင္းဝင့္ေအာင္(၂ဝ ႏွစ္)မွာ မိဘမ်ားအလုပ္သြား သျဖင့္ ေနအိမ္တံခါးပိတ္ကာ ေနအိမ္အေနာက္ဘက္တြင္ စာၾကည့္ေနစဥ္ ႏွာေခါင္း စည္း အနက္မ်ားတပ္ဆင္ထားသည့္ အမ်ဳိးသားႏွစ္ဦး ဝင္ေရာက္လာၿပီး ေငြက်ပ္ ၇၅ သိန္းႏွင့္ ဖုန္းႏွစ္လုံးကိုယူေဆာင္ကာ မႏွင္းဝင့္ေအာင္အား ေအာ္ရင္သတ္ပစ္မည္ ဟု ၿခိမ္းေျခာက္ကာ အဆုိပါအမ်ိဳးသားႏွစ္ဦးအား အမ်ဳိးသမီးတစ္ဦးက ဆိုင္ကယ္ျဖင့္ ေခၚေဆာင္သြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ ၁ဝ ရက္အၾကာ ၾသဂုတ္ ၁၄ ရက္တြင္ ေျမာင္းျမၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ျပစ္မႈက်ဴးလြန္ခဲ့ၾကသည့္ ဟာစင္း၊ ဇင္ႀကီးႏွင့္ ႀကံရာပါ ႏွင္းရည္လြင္တို႔ကုိ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ ခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေျမာင္းျမၿမိဳ႕မရဲစခန္းမွ ဟာစင္း(ခ) ေမာင္မင္းထက္ (၁၈ ႏွစ္) အမွတ္(၁ဝ)ရပ္ကြက္ႏွင့္ ဇနီးျဖစ္သူ ႏွင္းရည္လြင္(၁၈ ႏွစ္)ႏွင့္ ဇင္ႀကီး(ခ) ဘာဘူေလး(ခ) ဇင္သူ (၁၈ ႏွစ္)မရမ္းကုန္းရပ္ကြက္ေနသူတို႔အား အမႈဖြင့္ထား ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နႏၵေက်ာ္စြာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

#Unicode Version#
မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက် မြဂုဏ်ရည်လမ်းရှိ နေအိမ်တစ်ခုတွင် သြဂုတ် ၄ ရက် နံနက် ၁၁နာရီ မိနစ် ၂ဝ ခန့်က အမျိုးသမီးငယ်တစ်ဦးတည်း နေအိမ်၌ရှိနေစဉ် လူနှစ်ဦးက နေအိမ်တွင်းသို့ဝင်ရောက်၍ ဓားဖြင့်ထောက်ကာ လုယက်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် ပါဝင်သည့် ပြစ်မှုကျူးလွန်သူများကို သြဂုတ်၁၄ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၄ ရက်က မနှင်းဝင့်အောင်(၂ဝ နှစ်)မှာ မိဘများအလုပ်သွား သဖြင့် နေအိမ်တံခါးပိတ်ကာ နေအိမ်အနောက်ဘက်တွင် စာကြည့်နေစဉ် နှာခေါင်း စည်း အနက်များတပ်ဆင်ထားသည့် အမျိုးသားနှစ်ဦး ဝင်ရောက်လာပြီး ငွေကျပ် ၇၅ သိန်းနှင့် ဖုန်းနှစ်လုံးကိုယူဆောင်ကာ မနှင်းဝင့်အောင်အား အော်ရင်သတ်ပစ်မည် ဟု ခြိမ်းခြောက်ကာ အဆိုပါအမျိုးသားနှစ်ဦးအား အမျိုးသမီးတစ်ဦးက ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၁ဝ ရက်အကြာ သြဂုတ် ၁၄ ရက်တွင် မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ခဲ့ကြသည့် ဟာစင်း၊ ဇင်ကြီးနှင့် ကြံရာပါ နှင်းရည်လွင်တို့ကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြမြို့မရဲစခန်းမှ ဟာစင်း(ခ) မောင်မင်းထက် (၁၈ နှစ်) အမှတ်(၁ဝ)ရပ်ကွက်နှင့် ဇနီးဖြစ်သူ နှင်းရည်လွင်(၁၈ နှစ်)နှင့် ဇင်ကြီး(ခ) ဘာဘူလေး(ခ) ဇင်သူ (၁၈ နှစ်)မရမ်းကုန်းရပ်ကွက်နေသူတို့အား အမှုဖွင့်ထား ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: နန္ဒကျော်စွာ
Myanmaalinn

https://www.facebook.com/MYANMAALINNNEWS
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top