ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ ေျမာက္ ဦးၿမိဳ႕ ကတိုးေက်းရြာတြင္ ျဖစ္ပြား သည့္ အသက္ (၁၁)ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦးကို အဓမၼ ျပဳက်င့္ကာ သတ္ျဖတ္သည့္ ျဖစ္ စဥ္မွ ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသား အား အလုပ္ႏွင့္ ေထာင္ဒဏ္ ႏွစ္၃၀ ခ်မွတ္ခဲ့သည္။

ေသဆံုးသူ အမ်ိဳးသမီးငယ္ သည္ ကတိုးေက်းရြာတြင္ အသက္(၂၆)ႏွစ္အရြယ္ ေဇာ္ဝင္းေဌး၏ ေနအိမ္ေရွ႕၌    ကစားေနစဥ္ ေပ်ာက္ဆံုးခဲ့၍ ၂၀၁၆ ေမလ ၁၅ ရက္တြင္ ေျမာက္ဦးၿမိဳ႕မရဲစခန္း ၌   အမႈဖြင့္တုိင္ၾကားသည့္အမႈ ျဖစ္သည္။

‘‘ကေလးက အဘိုးျဖစ္သူနဲ႔ အတူေနတာပါ။ ျပစ္မႈက်ဴးလြန္ သူ အိမ္ေရွ႕မွာ ကစားေနတုန္း ကေလးကို ေဇာ္ဝင္းေဌးက ေခၚ သြားတယ္။ ဒါကို အတူကစားေန တဲ့ ကေလးေတြက လူႀကီးေတြကို ေျပာျပတယ္။ အေလာင္းကိုေတာ့ ရြာအေနာက္ဘက္က ေခ်ာင္းစပ္ မွာ ေတြ႕တာပါ’’ဟု ေျမာက္ဦး ခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦး က ေျပာသည္။

မိန္းကေလး၏ အေလာင္း ကို ေတြ႕ရွိၿပီးေနာက္ ျပစ္မႈက်ဴး လြန္သူ အမ်ိဳးသားကို ေျမာက္ဦး ရဲစခန္းမွ လူသတ္မႈ၊ အဓမၼျပဳ က်င့္မႈ၊   ဓမၼတာႏွင့္    ဆန္႔က်င္ သည့္ လိင္ဆက္ဆံမႈပုဒ္မ ၃၀၂/၃၇၆/၃၇၇ တုိ႔ျဖင့္ ေျမာက္ ဦးခ႐ိုင္တရား႐ံုးသို႔ တရားစြဲဆုိခဲ့ သည္။

ေျမာက္ဦးခ႐ိုင္ တရား႐ံုးက  ေဇာ္၀င္းေဌးအား ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (၂)အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၂၀ ႏွစ္၊ ပုဒ္မ ၃၇၇ အရအလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္တုိ႔ ကို ျပစ္ဒဏ္သီးျခားစီက်ခံေစရန္ ဩဂုတ္ ၂၁ ရက္က ခ်မွတ္ခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ရခိုင်ပြည်နယ် မြောက် ဦးမြို့ ကတိုးကျေးရွာတွင် ဖြစ်ပွား သည့် အသက် (၁၁)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မ ပြုကျင့်ကာ သတ်ဖြတ်သည့် ဖြစ် စဉ်မှ ပြစ်မှုကျူးလွန်သူ အမျိုးသား အား အလုပ်နှင့် ထောင်ဒဏ် နှစ်၃၀ ချမှတ်ခဲ့သည်။

သေဆုံးသူ အမျိုးသမီးငယ် သည် ကတိုးကျေးရွာတွင် အသက်(၂၆)နှစ်အရွယ် ဇော်ဝင်းဌေး၏ နေအိမ်ရှေ့၌    ကစားနေစဉ် ပျောက်ဆုံးခဲ့၍ ၂၀၁၆ မေလ ၁၅ ရက်တွင် မြောက်ဦးမြို့မရဲစခန်း ၌   အမှုဖွင့်တိုင်ကြားသည့်အမှု ဖြစ်သည်။

‘‘ကလေးက အဘိုးဖြစ်သူနဲ့ အတူနေတာပါ။ ပြစ်မှုကျူးလွန် သူ အိမ်ရှေ့မှာ ကစားနေတုန်း ကလေးကို ဇော်ဝင်းဌေးက ခေါ် သွားတယ်။ ဒါကို အတူကစားနေ တဲ့ ကလေးတွေက လူကြီးတွေကို ပြောပြတယ်။ အလောင်းကိုတော့ ရွာအနောက်ဘက်က ချောင်းစပ် မှာ တွေ့တာပါ’’ဟု မြောက်ဦး ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။

မိန်းကလေး၏ အလောင်း ကို တွေ့ရှိပြီးနောက် ပြစ်မှုကျူး လွန်သူ အမျိုးသားကို မြောက်ဦး ရဲစခန်းမှ လူသတ်မှု၊ အဓမ္မပြု ကျင့်မှု၊   ဓမ္မတာနှင့်    ဆန့်ကျင် သည့် လိင်ဆက်ဆံမှုပုဒ်မ ၃၀၂/၃၇၆/၃၇၇ တို့ဖြင့် မြောက် ဦးခရိုင်တရားရုံးသို့ တရားစွဲဆိုခဲ့ သည်။

မြောက်ဦးခရိုင် တရားရုံးက  ဇော်ဝင်းဌေးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂)အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်၊ ပုဒ်မ ၃၇၇ အရအလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်တို့ ကို ပြစ်ဒဏ်သီးခြားစီကျခံစေရန် ဩဂုတ် ၂၁ ရက်က ချမှတ်ခဲ့ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top