Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေအာင္သူ အေၾကာင္းကို ေအာင္သူရဲ႕ သူငယ္ခ်င္း ေမာင္ေႏြ ေရးထားတာေလး သေဘာက်လုိ႔ ျပန္ share လိုက္ပါတယ္ . . . . . .၂၀၀၆ ၀၇ ခုနွစ္ပတ္ဝန္းက်င္က
ပ်ဥ္းမနား ေလာကမာရဇိန္ဘုရားႀကီး ရဲ႕ေအာက္က ကြင္းျပင္ေလးမွာ
နီးစပ္ရာ ရဲဝန္ထမ္းအိမ္ယာက ကေလးေတြဟာ ညေနခင္းေတြဆို
ေဘာလံုးကန္ေလ့ရွိၾကတယ္ ။
ကြင္းေဘးက ေရတြင္းႀကီးက ေန အိမ္သံုးဖို႔
သံုးေရ ခပ္ျမန္ျမန္ ခပ္ၿပီးတာနဲ႔ ကြင္းထဲကို
ေျပးလာၿပီး ေမွာင္ရီပ်ိဳးတဲ့အခ်ိန္ ထိ
ေဘာလံုးကန္ၾကတယ္ ။
ေဘာလံုးကြင္း ေဘးက ဘုရား ေဇာင္းတန္းေဘးမွာ ရခိုင္ေက်ာင္း ဆိုတဲ့
ဘုန္းႀကီးေက်ာင္းလည္းရွိတယ္ ။
ရခိုင္လူမ်ိဳးေက်ာင္းထိုင္ဘုန္းႀကီး ကို အစြဲျပဳၿပီး
ရခိုင္ေက်ာင္းေခၚေပမယ့္
ရွမ္းျပည္ေျမာက္ပိုင္းက ေျမျပန္႔ကို
ေပၚတာေရွာင္ တပ္သားသစ္စုတာ ကို
ေရွာင္ၿပီး မိတစ္ကြဲဖတစ္ကြဲ ေျပးလာရတဲ့
ပအို႔ဝ္ကိုရင္ ရွမ္းကိုရင္ေလးေတြလည္း ရွိတယ္ ။
အရင္တုန္းကေတာ့
အခု စည္ပင္ရိပ္သာအျဖစ္ အိမ္ယာေတြေဆာက္ အဓၶမအသိမ္းခံလိုက္ရတဲ့ေျမေနရာ မွာေတာ့
ေဘာလံုးကြင္းတစ္ကြင္းရွိဖူးတာ ေရးေတးေတး မွတ္မိေပမယ့္ အခုလက္ရွိ အသက္၃၀ တန္း
ေတြ ေတာင္မွ အဲဒီကြင္းမွာ မကန္ဖူးၾကေတာ့ဘူး ။
အဲေတာ့ နီးစပ္ရာက ေဘာလံုးကန္ရတာ ႀကိဳက္တ့ဲ ကေလးေတြ ဟာ အေစာက
ရခိုင္ကြင္းလို႔ ကိုယ့္ဘာသာ နာမည္ေပးထားတဲ့ ဘုန္းႀကီးေက်ာင္းကြင္းကိုပဲ အားထားၿပီး ကစားရတယ္ ။
ကိုရင္ေတြကလည္း သူတို႔ အိမ္ကြင္းဆိုေတာ့
ဝင္ကန္ၾကသေပါ့ ။
ေတာင္ေပၚသား အရပ္ပုပု ေျခသလံုးထြားထြားႀကီးေတြ နဲ႔ ဒီက
ေျခသလံုး ပုေလြရိုး နဲ႔ စေတြ႕ေတာ့တာပဲ ။
တစ္ခါ တစ္ခါ အရိုက္ခံရရင္ သုံးေလးရက္ေလာက္ ညိဳသက်ည္းေတြက
အထိမခံနိုင္ေအာင္ ကိုရင္ေတြက သိပ္ေျခသံေျပာင္တာပဲေျပာရမယ္ ။
နာေပမယ့္လည္း ေမာင္ေနြ တို႔ အိမ္နားမွာက
ကြင္းရယ္လို႔ သတ္သတ္မွတ္မွတ္ကမရွိ
၊ ၿပီးေတာ့ ေဘာလံုးတစ္ခါကန္ရဖို႔အေရး လူလိုက္စုရတဲ့ ကိစၥေတြ မ်ားလာေတာ့
အဲဒီ ကြင္းပဲ သြားကန္ျဖစ္ေတာ့တယ္ ။
ကြင္းဆိုေပမယ့္
ေမာင္ေနြ တို႔ ပ်ဥ္းမနားရဲ႕ ေျမအမ်ိဳးအစားက
ေက်ာက္ခဲေတာေတြမ်ားတယ္ ။ ကုန္းေတြမ်ားတယ္ ။ ေျမေတြက ညီညာျပန္႔ျပဴးတယ္လို႔ ေျပာမရဘူး ။
အထူးသျဖင့္ အဲဒီ ဘုရားကုန္း ၊ ရဲေတြေနေတာ့ ရဲကုန္း ၊ ေမာင္ေနြတို႔ ေနတဲ့ သစ္ထုတ္လုပ္ေရး ( ေတာင္ ) က
သစ္ထုတ္ေရးကုန္း ၊ ေဆးရံုကလည္း ေဆးရံုကုန္း ၊ ဘိုကုန္း ၊ ဘီအိုစီကုန္း ၊ သစ္ေတာကုန္း ၊ အဲလို ေက်ာက္စရစ္ ကုန္းေတြၾကားက ရွားရွားပါးပါး အလ်ား ေပနွစ္ရာ ၊ အနံ ေပ ခုနွစ္ဆယ္ေလာက္
ကြင္းျပင္ေလး ဟာ တန္ဖိုးရွိတယ္ေျပာလို႔ရတယ္ ။
ေျမေပၚမွာ တစ္စြန္းတစ္စ ေပၚေနတဲ့ ေက်ာက္စရစ္ ခဲေတြ ၾကား မွာ ေျခဗလာ နဲ႔ ပဲ
ဝါးလံုးတိုင္ေထာင္ၿပီး ဟိုကန္ ဒီကန္ ကန္ၾကရတယ္ ။
ကိုရင္ ဦးဇင္း ရဲဝန္ထမ္းသားသမီး ေဘးက ေက်ာက္ေတာင္ရပ္ကြက္သား ေတြဟာ
ညေနဆို အဲဒီကြင္းမွာ ညေန ၄ နာရီ ခြဲ ေလာက္ ဆို လူအနည္း အမ်ား ေပၚ ၾကည့္ၿပီး ၃ သင္း ကေန ၄သင္း
ကိုရင္ လူ ၫြန္႔ေပါင္း အသင္းဖြဲ႕ၿပီး ကန္ၾကတယ္ ။
ကြင္းေဘးမွာေတာ့ ဝါးနဲ႔ရက္ထားတဲ့ ျခင္းၾကားႀကီး တစ္လံုး အၿမဲရွိတယ္ ။
ကန္လို႔ေကာင္းတုန္း ကြင္းအေပၚက ေရတြင္းထဲကို ေဘာလံုး က်သြားရင္ ပြဲခနရပ္
၊ အဲဒီ ျခင္းၾကားကို ေရပံုးႀကိဳးမွာ ခ်ည္ၿပီး အသက္နည္းနည္းႀကီးတဲ့ သူေတြက ဆယ္ၾကရတယ္ ။
ျခင္းထဲကို ေဘာလံုးမေရာက္ေသးရင္
အေပၚကေန ကေလးတစ္သိုက္ က
ေရမ်က္နွာျပင္ လႈပ္ေအာင္ ခဲေတြ နဲ႔ ေပါက္ၾကတယ္ ။
ဆယ္ၿပီးရင္ ပြဲျပန္စ ၊ ညေမွာင္ရီပ်ိဳးတဲ့ အထိ
ကန္ၾကတယ္ ။
အဲဒီ ေဘာလံုးကြငး္မွာ
လူအားလံုးျပန္မွ ျပန္
၊ ေက်ာင္းဆင္း ညေန သံုး နာရီ ခြဲေလာက္ ဆို
ေဘာလံုးပိုက္ၿပီး ကြင္းထဲ အရင္ဆံုး ေရာက္ေနတတ္တဲ့
အရပ္ ၄ ေပ မျပည့္တစ္ျပည့္ ၆တန္းေက်ာင္းသား တစ္ေယာက္ရွိတယ္ ။
ဘယ္သူမွလည္း စကားသိပ္မေျပာဘူး ။
ဘယ္သူမွမေရာက္ေသးရင္ ေဘာလံုးေတာ့တယ္ ။ ေဘးက ဘုရားေက်ာင္းတံတိုင္းတိုတိုေလး ကို
ကန္လိုက္ လုပ္ေနတဲ့ ရႈသိုးသိုး ကတံုးေပါက္ေကာင္ေလးတစ္ေယာက္ရွိတယ္ ။
ေမာင္ေနြက ဆယ္တန္း သိပ္အေရးႀကီးေနတဲ့နွစ္လို႔ မိဘေတြေျပာၾကတဲ့နွစ္ေပါ့ ။
ငယ္ငယ္က ေမာင္ေနြလည္း ေဘာလံုးရူးတယ္ ။ ရူးတာက သပ္သပ္ ၊ မျဖစ္ေျမာက္တာက သပ္သပ္ ၊ညေန ေက်ာင္းဆင္းရင္ အဲဒီကြင္းကို ေစာေစာ ေရာက္ေအာင္ သြားတယ္ ။ ညေန ပိုင္းက်ဴရွင္ေတြ ေျပးတယ္
။ မန္ယူ ဂ်ာစီ ကို Vodafone က စပြန္ဆာေပးထားတဲ့အခ်ိန္
ေက်ာနံပါတ္ ၈ ၊ Rooney ဆိုတဲ့ အက်ၤ ီ ကို စြဲစြဲ ၿမဲၿမဲ ဝတ္ တတ္တဲ့ ေပါင္ ကိုးဆယ္ မေက်ာ့္တစ္ေက်ာ္ ေမာင္ေနြ ကို
အဲဒီ ရဲစခန္းသားေတြ ၊ ကိုရင္ေတြ က လြန္းနီ လို႔ နႈတ္ဆြဲေနၾကတယ္ ။ေမာင္ေနြ ကလည္း
ဂ်ာစီ က နာမည္ အားကိုး နဲ႔ ကန္သာမကန္တတ္တာေျမာက္ႂကြ ေျမာက္ႂကြ ျဖစ္ေနတယ္ ။
ေမာင္ေနြ ေရာက္ရင္ အဲ ၆တန္းေက်ာင္းသား
ဂ်ပုေလးက ေရာက္ေနၿပီ ။
ဘယ္အခ်ိန္ ၾကည့္ၾကည့္ အဲဒီအခ်ိန္ ဆို သူရွိေနၿပီ ။
ကိုယ္ကလည္း မ်ားေသာအားျဖင့္
လူမစံုတဲ့ အခ်ိန္ ၊ ေဘာစမ္းတဲ့အခ်ိန္ ၊ 4-2 ေခြးရူးလွည့္ခ်ိန္ ေတြပဲ ေဘာလံုးထိရသူဆိုေတာ့ အဲခ်ာတိတ္ က ဖရီးကစ္ ကန္တယ္ ။ ေမာင္ေနြက ဂိုးဖမ္းေပးတယ္ ။
ေမာင္ေနြ တို႔ သစ္ထုတ္ေရးကုန္းသားေတြ နဲ႔ ရဲကုန္းသား ေတြ ခ်ိန္းကန္လို႔ ေမာင္ေနြ က
ကိုယ့္ဘက္က နာတဲ့သူအစား ဝင္ကန္ဖို႔ ေစာင့္ေနခ်ိန္မွာ အဲဒီ ၆တန္းေက်ာင္းသားခ်ာတိတ္ က
တကယ့္ လူႀကီးေတြ ကန္တဲ့ ၁၀၀၀ ေၾကး ပြဲႀကီးေတြ မွ မဟုတ္ရင္ ဝင္ကန္ေနရၿပီ ။
သူ႔အစ္ကို ၂ေယာက္ကလည္း ေဘာလံုးကန္ေတာ္တယ္ ။
အစ္ကို အႀကီးဆံုးက ေဆာက္လုပ္ေရး ဝန္ၿပီးဌာန က လက္ေ႐ြးစင္ တစ္ေယာက္ ၊
စေကးေကာင္းတယ္ ၊ အလိမ္အေခါက္မ်ားေတာ့ တစ္ခ်ိဳ႕ေတြက
မ်က္စိဆံပင္ေမႊး ဆူးၾကတယ္လို႔ေတာ့ေျပာၾကတယ္ ။
အစ္ကိုလတ္က ေမာင္ေနြ နဲ႔ အသက္အ႐ြယ္ အတူတူ ပဲ ။ ေမာင္ေနြ တို႔ ဂစ္တာဝိုင္းမွာ
လက္ခုပ္တီးၿပီး သီခ်င္းလိုက္ေအာ္ေနခ်ိန္
သူက ရဲစခန္းမွာ လူႀကီးေတြေတာင္လက္ခံတဲ့ အတီးေကာင္း ဂစ္တာသမားလည္း ျဖစ္ေနၿပီ ။
သူက ေဘာလံုးကန္တာေကာင္းတယ္။ ဒါေပမယ့္ စိတ္တိုတတ္တယ္ ။ သူ႔ဘက္ ရွံုးေနရင္မႊန္တတ္တယ္ ။
အဲ ခ်ာတိတ္ ကေတာ့ စကားလည္းသိပ္မေျပာဘူး ။
ေနာက္တန္းထားရင္ ေနာက္တန္းမွာ ေကာင္းေကာင္း တာဝန္ေက်ေအာင္ ေဆာ့တယ္ ။
သူ႔ ခႏၵာကိုယ္ေသးေသးေလးနဲ႔ ေနာက္တန္းကေန လွည့္ပတ္ၿပီး ဂိုးတက္တက္ သြင္းေသးတယ္ ။
ကိုရင္ေတြကိုေတာ့ သူတို႔ညီအစ္ကိုေတြလည္းေၾကာက္ရတယ္ ။
ေဘာလံုးေက်ာ္သြားလည္း က်န္ခဲ့တဲ့ ေျခေထာက္ ကိုေတာ့ ကိုရင္ေတြ က
ေကာင္းေကာင္းျပဳစု တတ္တယ္ ။
တစ္ခါတစ္ေလ ျပသနာေလးေတြ ရွိတတ္တယ္ ။
ဒီလူ ဒီကိုရင္ ပဲ ရွိၿပီး ေနာက္ေန႔လည္း ဒီလူေတြ ပဲ ျပန္ကန္ေနၾကရတာဆိုေတာ့
သိပ္ႀကီးႀကီးမားမားေတြ မျဖစ္ၾကပါဘူး ။
ေျခေထာက္ေတြကေတာ့
ဘယ္သူမွ အေကာင္းမရွိဘူး ။
ေမာင္ေနြ႕ ေျခမ နွစ္ေခ်ာင္း ဆို အၿမဲ ေျခသည္းေတြက မညီမညာ တြန္႔ေခါက္ေနတယ္ ။ အခုထိ ေျခသည္းေတြက လွလွပပ မရွိေတာ့ဘူး ။
ေက်ာက္စရစ္ခဲေတြ က ဘယ္ေလာက္ရွင္းရွင္း မေျပာင္ဘူး။
မိုးတြင္းဆို ကြင္းအလယ္မွာ ေရအိုင္ႀကီး တစ္အိုင္လည္း ရွိေသးတယ္ ။
ဒါေပမယ့္
ေ႐ြးခ်ယ္စရာမရွိဘူး ။ ကန္ခ်င္ရင္ ဒီမွာပဲ ကန္ ။
စိုက္ပ်ိဳးကြင္းဆိုတာရွိေပမယ့္
ရပ္ကြက္ကြင္းေလးေတာင္ အရံဆိုေတာ့
ေဝလာေဝးေပါ့ေလ ။
ဘယ္လိုပဲျဖစ္ျဖစ္ ေန႔တိုင္းနီးပါး
အဲဒီကြင္းေတာ့ေရာက္ေအာင္သြားတယ္ ။
ေက်ာင္းပိတ္ရက္ဆို အဲဒီကြင္းထဲ သြားၾကည့္
မနက္ ၉ နာရီ ပတ္ဝန္းက်င္ အဲခ်ာတိတ္ ရွိတယ္ ။ ေျခေထာက္ နဲ႔ ေဘာလံုးတို႔တယ္ ။
ခ်ာတိတ္ေပါက္စေလး သံုးေလး ေယာက္ နဲ႔
4-2 ေဆာ့ေနတတ္တယ္ ။
ေမာင္ေနြလည္း ေဘးလြယ္အိတ္ထဲက
ေဘာင္းဘီ ထုတ္ၿပီး ေဆာ့တယ္ ။
ဖရီးကစ္ကန္ၾကတယ္ ။
အဲ ခ်ာတိတ္ က စကားေျပာေရာေျပာတတ္လားေတာင္ တစ္ခါတစ္ေလ ေမ့ေနတတ္တယ္ ။
ေမာင္ေနြ လည္း
အဆူဆူေသာ ဘုရားမ်ားရဲ႕ တန္ခိုးေတာ္နဲ႔
ပြတ္ကာသီကာ ဆယ္တန္းေအာင္တယ္ ။
ေက်ာင္းေတြ တစ္ရပ္တစ္႐ြာ သြားတက္ရတယ္ ။
အိမ္ျပန္လာရတဲ့အခ်ိန္
ေဘာလံုးကြင္းဆီ သြားေတာ့
ေဘာလံုးကြင္းထဲမွာ
ေဘာစကိုင္း ပင္ေပါက္ေလးေတြ တန္းစီလို႔ ။
အံ့ၾသသြားတယ္ ။
ဘာျဖစ္တာလည္း ေဘးနားေမးၾကည့္ေတာ့
ဘုန္းႀကီးေက်ာင္း ၂ေက်ာင္း ေျမလုၾကရင္း
ေအာက္ေက်ာင္းက ကိုယ္ေတာ္က
ေဘာလံုးကြင္းေနရာကို အုတ္တံတိုင္းခပ္ၿပီး
ေဘာစကိုင္းပင္ေတြ စိုက္ပစ္တယ္ ။
အခု မေန႔က အဲဒီဘက္ေရာက္ေတာ့
ၾကည့္မိေတာ့ ေဘာစကိုင္းေတာႀကီးျဖစ္ေနၿပီ ။
အဲဒီေနရာမွာ ေဘာလံုးကန္တဲ့ ေက်ာက္စရစ္ကြင္းေလး ရွိဖူးတယ္ ဆိုတာေတာင္ ေတာ္ေတာ္ စိတ္ကူးန႔ဲ ျပန္မွန္း ယူၾကည့္ရတယ္ ။ အဲဒီလိုန႔ဲ
ေမာင္ေနြတို႔ အနီးအနားမွာ
ကေလးေတြ ေဘာလံုးကန္ဝါသနာပါသူေတြ
ကန္စရာ တစ္ကြင္းထဲေသာ ေျမေနရာေလး
အၿပီးအပုိင္ နႈတ္ဆက္သြားရတယ္ ။
ေက်ာင္းေတြတက္ေနတ႔ဲအခ်ိန္
လဘ႓ရည္‌ဆိုင္ ေတြမွာ ေတြ႕တဲ့ အားကစားဂ်ာနယ္ေတြမွာ ျမန္မာ U 14
အသင္း မေလးရွားကို သြားကန္တ႔ဲ
သီတင္း ဖတ္ရတယ္ ။
အသင္းသားေတြပံုနဲ႔ ။
ဟိုက္ ရွား ပါး
စူပုပ္ပုပ္ ခ်ာတိတ္ ကို
ေရွ႕က ထိုင္ေနတဲ့ အတန္း မွာ ေတြ႕လိုက္ရတယ္ ။
အဲဒီအထိ သူေနာက္တန္းကစားတာလို႔
မွတ္မိေနတယ္ ။
အိမ္ျပန္လာလို႔ ရဲစခန္းနားမွာ
စကားစပ္မိလို႔ေမးၾကည့္ေတာ့
ခ်ာတိတ္ က မႏၲေလး အားကစားသိပၸံ ေရာက္သြားတာတဲ့ ။
သူတို႔ ရဲကုန္းသားေတြအေျပာအရ
လူေ႐ြးေတာ့ ခ်ာတိတ္ ပါမသြားဘူးတဲ့ ။
ေပါင္းေလာင္းကြင္းမွာ လူလာစစ္ေတာ့
မႏၲေလး အား/ ကာ က လူတစ္ေယာက္ေရာက္ေနတာ
ကံေကာင္းတယ္ေျပာရမလားပဲ ။
ဒီက တာဝန္ရွိသူေတြ
မည္သို႔မည္ပံု လုပ္လိုက္သလည္းေတာ့
အေသအခ်ာ မသိပါ ။
ဒီက ေ႐ြး လႊတ္လိုက္တဲ့ ကေလးေတြ မႏၲေလး ကို ေရာက္မွ
ခ်ာတိတ္ ကို ဘာလို႔မေ႐ြးုၾကတာလည္း
ဆိုၿပီး လုပ္ေတာ့မွ
ခ်ာတိတ္လည္း အထုတ္အပိုးျပင္ၿပီး
သူ႔အေဖ နဲ႔ မႏၲေလး ကို သြားရတာ လို႔
ရဲကုန္းသားေတြ က တညီတၫြတ္ထဲ ေျပာၾကတယ္ ။
အဲဒီတုန္းက
မႏၲေလး က လူ မ်ား
ခ်ာတိတ္ ကို မေတြ႕မိရင္
ဒီအခ်ိန္ ခ်ာတိတ္ ဘာေတြလုပ္ေနမလည္းေတာ့မသိဘူး ။
သူ ငယ္ငယ္ ကတည္းက ကန္ခ႔ဲတဲ့
ေက်ာက္စရစ္ ကြင္းေလး ကလည္း
ဘုန္းဘုန္း ၂ပါးခပ္ တဲ့ ၾကားက ေျမစာပင္ အဲ
မေျပာတတ္ေတာ့ဘူး ။
မရွိေတာ့ဘူးဆိုေတာ့
သူ ဘာေတြ လုပ္ေနမလည္း
ဆိုတာေတာ့ မစဥ္းစား တတ္ေတာ့ဘူး ။
ဒါေပမယ့္ ျပန္စဥ္းစားမိေတာ့
ေတာက္မယ့္ မီးခဲ ဆိုတာ
အရွိန္န႔ဲ ရဲရဲ မလား ။
အဲဒီ တုန္းက
ရႈသိုးသိုး ကတုံးေပါက္ကေလး နဲ႔
အရပ္ ေလးေပ ေလာက္ရွိတဲ့
ခ်ာတိတ္ကေလးက
နယူးဇီလန္ U20 ကမ႓ာ့ ဖလား မွာ
ျမန္မာ U 20 အသင္းကို
အေရာက္ပို႔ေဆာင္ေပးနိုင္ခဲ့တဲ့
ေဘာလံုးသူရဲေကာင္းေတြထဲ
တစ္ေယာက္အပါအဝင္ ျဖစ္တဲ့
ေက်ာ နံပါတ္ ၉
ေအာင္သူ ဆိုတာ ျဖစ္လာခဲ့တယ္ေလ ။
ေမာင္ေနြ တို႔ ပ်ဥ္းမနားသားေတြ
ဂုဏ္ယူၾကတာေပါ့ေလ ။
ရဲကုန္းသားေတြဆုိ
တစ္ေန႔တစ္ေန႔ ေအာင္သူအေၾကာင္းမပါရင္
မၿပီးၾကေတာ့ဘူး ။
ေအာင္သူျပန္လာတဲ့အခ်ိန္
Tea ဆိုင္ေတြ ကို ရေအာင္ေခၚသြားတယ္ ။
ရင္ဘတ္ႀကီးေတြ ေကာ့ၿပီး
လဘက္ရည္ေသာက္ၾကတယ္ ။
႐ြာဘက္မွာ အမ်ိဳးအေဆြရွိသူေတြကလည္း
ငယ္ေပါင္းဆိုေတာ့ ႐ြာမွာ အလွဴရွိရင္
ေအာင္သူ႔ ကို ရေအာင္ေခၚတယ္ ။
ေအာင္သူ အလွဴ သာ ၿပီး သြားမယ္ ။
ဇြန္း ၅ ဇြန္းျပည့္ေအာင္ မစားလိုက္ရတာေတြရွိတယ္ ။
သူ႔တို႔ ရဲကုန္းသားေတြ ေအာင္သူ႔ေၾကာင့္
ဂုဏ္တက္တယ္လို႔ ေႂကြးေၾကာ္ၾကတယ္ ။
ေျခစစ္ပြဲေအာင္သြားေတာ့
ပ်ဥ္းမနားက တာဝန္ရွိသူေတြလည္း
ဂုဏ္တက္တာေပါ့
တို႔ၿမိဳ႕က ေဘာလံုးသမားတစ္ေယာက္က
World Cup ကို ေရာက္ေအာင္ႀကိဳးစားဂုဏ္ေဆာင္ခဲ့တဲ့
ျမန္မာ U 20 အသင္းမွာ ပါတယ္ လို႔ေပါ့ ။
ဟဲ ဟဲ အဲဒီလိုပဲေပါ့ဗ်ာ ။
ေနာက္ထပ္ မ်ိဳးဆက္သစ္ေတြအတြက္လည္း
ေဘာလံုးကြင္းေလးေတြလုပ္ေပးၾကပါအုန္းလို႔ ။
ေအာင္သူ ေနပူ မိုး႐ြာ ေဆာ့ခဲ့တ့ဲ
ေက်ာက္စရစ္ ကြင္းေလးကေတာ့
ေဘာလံုးကန္ခဲ့ဖူးပါတယ္ဆိုတဲ့ အရိပ္အေငြ႕
အားလံုးေပ်ာက္ၿပီး
ေဘာစကိုင္းပင္ေတာႀကီး ျဖစ္ေနပါၿပီလို႔ ။
စည္ပင္ သိမ္းသြားတဲ့ ေျမေနရာအစား
ကြင္းေလး တစ္ကြင္း အစားျပန္လုပ္ေပးနိုင္ေတာင္
စည္ပင္ ကိုလည္း ရန္ေအာင္ ၂ ရပ္ကြက္ က
ေက်းဇူး တင္မိမယ္လို႔ ထင္ပါတယ္ ။
ဘာပဲျဖစ္ေနေန
ကမ႓ာ့အဆင့္ ၿပိဳင္ပြဲႀကီးကို
ျမန္မာလူမ်ိဳးေတြ ၾကည့္ခြင့္ရွိေအာင္
စြမ္းေဆာင္ခဲ့တဲ့ နိုင္ငံ့သားေကာင္းေတြထဲမွာ
ပ်ဥ္းမနားသား ရန္ေအာင္ ၂ ရပ္ကြက္သား
ေအာင္သူ ဆိုတာ ရွိခဲ့တယ္ ဆိုတာကေတာ့
ေနာင္ တစ္ခ်ိန္ အထိ

ေမာင္ေနြ တို႔ ဂုဏ္ယူေနၾကရေတာ့မွာေလ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ( ေမာင္ေနြ )3.6.2015

#Unicode Version#
အောင်သူ အကြောင်းကို အောင်သူရဲ့ သူငယ်ချင်း မောင်နွေ ရေးထားတာလေး သဘောကျလို့ ပြန် share လိုက်ပါတယ် . . . . . .၂၀၀၆ ၀၇ ခုနှစ်ပတ်ဝန်းကျင်က
ပျဉ်းမနား လောကမာရဇိန်ဘုရားကြီး ရဲ့အောက်က ကွင်းပြင်လေးမှာ
နီးစပ်ရာ ရဲဝန်ထမ်းအိမ်ယာက ကလေးတွေဟာ ညနေခင်းတွေဆို
ဘောလုံးကန်လေ့ရှိကြတယ် ။
ကွင်းဘေးက ရေတွင်းကြီးက နေ အိမ်သုံးဖို့
သုံးရေ ခပ်မြန်မြန် ခပ်ပြီးတာနဲ့ ကွင်းထဲကို
ပြေးလာပြီး မှောင်ရီပျိုးတဲ့အချိန် ထိ
ဘောလုံးကန်ကြတယ် ။
ဘောလုံးကွင်း ဘေးက ဘုရား ဇောင်းတန်းဘေးမှာ ရခိုင်ကျောင်း ဆိုတဲ့
ဘုန်းကြီးကျောင်းလည်းရှိတယ် ။
ရခိုင်လူမျိုးကျောင်းထိုင်ဘုန်းကြီး ကို အစွဲပြုပြီး
ရခိုင်ကျောင်းခေါ်ပေမယ့်
ရှမ်းပြည်မြောက်ပိုင်းက မြေပြန့်ကို
ပေါ်တာရှောင် တပ်သားသစ်စုတာ ကို
ရှောင်ပြီး မိတစ်ကွဲဖတစ်ကွဲ ပြေးလာရတဲ့
ပအို့ဝ်ကိုရင် ရှမ်းကိုရင်လေးတွေလည်း ရှိတယ် ။
အရင်တုန်းကတော့
အခု စည်ပင်ရိပ်သာအဖြစ် အိမ်ယာတွေဆောက် အဓ္ဓမအသိမ်းခံလိုက်ရတဲ့မြေနေရာ မှာတော့
ဘောလုံးကွင်းတစ်ကွင်းရှိဖူးတာ ရေးတေးတေး မှတ်မိပေမယ့် အခုလက်ရှိ အသက်၃၀ တန်း
တွေ တောင်မှ အဲဒီကွင်းမှာ မကန်ဖူးကြတော့ဘူး ။
အဲတော့ နီးစပ်ရာက ဘောလုံးကန်ရတာ ကြိုက်တဲ့ ကလေးတွေ ဟာ အစောက
ရခိုင်ကွင်းလို့ ကိုယ့်ဘာသာ နာမည်ပေးထားတဲ့ ဘုန်းကြီးကျောင်းကွင်းကိုပဲ အားထားပြီး ကစားရတယ် ။
ကိုရင်တွေကလည်း သူတို့ အိမ်ကွင်းဆိုတော့
ဝင်ကန်ကြသပေါ့ ။
တောင်ပေါ်သား အရပ်ပုပု ခြေသလုံးထွားထွားကြီးတွေ နဲ့ ဒီက
ခြေသလုံး ပုလွေရိုး နဲ့ စတွေ့တော့တာပဲ ။
တစ်ခါ တစ်ခါ အရိုက်ခံရရင် သုံးလေးရက်လောက် ညိုသကျည်းတွေက
အထိမခံနိုင်အောင် ကိုရင်တွေက သိပ်ခြေသံပြောင်တာပဲပြောရမယ် ။
နာပေမယ့်လည်း မောင်နွေ တို့ အိမ်နားမှာက
ကွင်းရယ်လို့ သတ်သတ်မှတ်မှတ်ကမရှိ
၊ ပြီးတော့ ဘောလုံးတစ်ခါကန်ရဖို့အရေး လူလိုက်စုရတဲ့ ကိစ္စတွေ များလာတော့
အဲဒီ ကွင်းပဲ သွားကန်ဖြစ်တော့တယ် ။
ကွင်းဆိုပေမယ့်
မောင်နွေ တို့ ပျဉ်းမနားရဲ့ မြေအမျိုးအစားက
ကျောက်ခဲတောတွေများတယ် ။ ကုန်းတွေများတယ် ။ မြေတွေက ညီညာပြန့်ပြူးတယ်လို့ ပြောမရဘူး ။
အထူးသဖြင့် အဲဒီ ဘုရားကုန်း ၊ ရဲတွေနေတော့ ရဲကုန်း ၊ မောင်နွေတို့ နေတဲ့ သစ်ထုတ်လုပ်ရေး ( တောင် ) က
သစ်ထုတ်ရေးကုန်း ၊ ဆေးရုံကလည်း ဆေးရုံကုန်း ၊ ဘိုကုန်း ၊ ဘီအိုစီကုန်း ၊ သစ်တောကုန်း ၊ အဲလို ကျောက်စရစ် ကုန်းတွေကြားက ရှားရှားပါးပါး အလျား ပေနှစ်ရာ ၊ အနံ ပေ ခုနှစ်ဆယ်လောက်
ကွင်းပြင်လေး ဟာ တန်ဖိုးရှိတယ်ပြောလို့ရတယ် ။
မြေပေါ်မှာ တစ်စွန်းတစ်စ ပေါ်နေတဲ့ ကျောက်စရစ် ခဲတွေ ကြား မှာ ခြေဗလာ နဲ့ ပဲ
ဝါးလုံးတိုင်ထောင်ပြီး ဟိုကန် ဒီကန် ကန်ကြရတယ် ။
ကိုရင် ဦးဇင်း ရဲဝန်ထမ်းသားသမီး ဘေးက ကျောက်တောင်ရပ်ကွက်သား တွေဟာ
ညနေဆို အဲဒီကွင်းမှာ ညနေ ၄ နာရီ ခွဲ လောက် ဆို လူအနည်း အများ ပေါ် ကြည့်ပြီး ၃ သင်း ကနေ ၄သင်း
ကိုရင် လူ ညွန့်ပေါင်း အသင်းဖွဲ့ပြီး ကန်ကြတယ် ။
ကွင်းဘေးမှာတော့ ဝါးနဲ့ရက်ထားတဲ့ ခြင်းကြားကြီး တစ်လုံး အမြဲရှိတယ် ။
ကန်လို့ကောင်းတုန်း ကွင်းအပေါ်က ရေတွင်းထဲကို ဘောလုံး ကျသွားရင် ပွဲခနရပ်
၊ အဲဒီ ခြင်းကြားကို ရေပုံးကြိုးမှာ ချည်ပြီး အသက်နည်းနည်းကြီးတဲ့ သူတွေက ဆယ်ကြရတယ် ။
ခြင်းထဲကို ဘောလုံးမရောက်သေးရင်
အပေါ်ကနေ ကလေးတစ်သိုက် က
ရေမျက်နှာပြင် လှုပ်အောင် ခဲတွေ နဲ့ ပေါက်ကြတယ် ။
ဆယ်ပြီးရင် ပွဲပြန်စ ၊ ညမှောင်ရီပျိုးတဲ့ အထိ
ကန်ကြတယ် ။
အဲဒီ ဘောလုံးကွင်းမှာ
လူအားလုံးပြန်မှ ပြန်
၊ ကျောင်းဆင်း ညနေ သုံး နာရီ ခွဲလောက် ဆို
ဘောလုံးပိုက်ပြီး ကွင်းထဲ အရင်ဆုံး ရောက်နေတတ်တဲ့
အရပ် ၄ ပေ မပြည့်တစ်ပြည့် ၆တန်းကျောင်းသား တစ်ယောက်ရှိတယ် ။
ဘယ်သူမှလည်း စကားသိပ်မပြောဘူး ။
ဘယ်သူမှမရောက်သေးရင် ဘောလုံးတော့တယ် ။ ဘေးက ဘုရားကျောင်းတံတိုင်းတိုတိုလေး ကို
ကန်လိုက် လုပ်နေတဲ့ ရှုသိုးသိုး ကတုံးပေါက်ကောင်လေးတစ်ယောက်ရှိတယ် ။
မောင်နွေက ဆယ်တန်း သိပ်အရေးကြီးနေတဲ့နှစ်လို့ မိဘတွေပြောကြတဲ့နှစ်ပေါ့ ။
ငယ်ငယ်က မောင်နွေလည်း ဘောလုံးရူးတယ် ။ ရူးတာက သပ်သပ် ၊ မဖြစ်မြောက်တာက သပ်သပ် ၊ညနေ ကျောင်းဆင်းရင် အဲဒီကွင်းကို စောစော ရောက်အောင် သွားတယ် ။ ညနေ ပိုင်းကျူရှင်တွေ ပြေးတယ်
။ မန်ယူ ဂျာစီ ကို Vodafone က စပွန်ဆာပေးထားတဲ့အချိန်
ကျောနံပါတ် ၈ ၊ Rooney ဆိုတဲ့ အင်္ကျ ီ ကို စွဲစွဲ မြဲမြဲ ဝတ် တတ်တဲ့ ပေါင် ကိုးဆယ် မကျော့်တစ်ကျော် မောင်နွေ ကို
အဲဒီ ရဲစခန်းသားတွေ ၊ ကိုရင်တွေ က လွန်းနီ လို့ နှုတ်ဆွဲနေကြတယ် ။မောင်နွေ ကလည်း
ဂျာစီ က နာမည် အားကိုး နဲ့ ကန်သာမကန်တတ်တာမြောက်ကြွ မြောက်ကြွ ဖြစ်နေတယ် ။
မောင်နွေ ရောက်ရင် အဲ ၆တန်းကျောင်းသား
ဂျပုလေးက ရောက်နေပြီ ။
ဘယ်အချိန် ကြည့်ကြည့် အဲဒီအချိန် ဆို သူရှိနေပြီ ။
ကိုယ်ကလည်း များသောအားဖြင့်
လူမစုံတဲ့ အချိန် ၊ ဘောစမ်းတဲ့အချိန် ၊ 4-2 ခွေးရူးလှည့်ချိန် တွေပဲ ဘောလုံးထိရသူဆိုတော့ အဲချာတိတ် က ဖရီးကစ် ကန်တယ် ။ မောင်နွေက ဂိုးဖမ်းပေးတယ် ။
မောင်နွေ တို့ သစ်ထုတ်ရေးကုန်းသားတွေ နဲ့ ရဲကုန်းသား တွေ ချိန်းကန်လို့ မောင်နွေ က
ကိုယ့်ဘက်က နာတဲ့သူအစား ဝင်ကန်ဖို့ စောင့်နေချိန်မှာ အဲဒီ ၆တန်းကျောင်းသားချာတိတ် က
တကယ့် လူကြီးတွေ ကန်တဲ့ ၁၀၀၀ ကြေး ပွဲကြီးတွေ မှ မဟုတ်ရင် ဝင်ကန်နေရပြီ ။
သူ့အစ်ကို ၂ယောက်ကလည်း ဘောလုံးကန်တော်တယ် ။
အစ်ကို အကြီးဆုံးက ဆောက်လုပ်ရေး ဝန်ပြီးဌာန က လက်ရွေးစင် တစ်ယောက် ၊
စကေးကောင်းတယ် ၊ အလိမ်အခေါက်များတော့ တစ်ချို့တွေက
မျက်စိဆံပင်မွှေး ဆူးကြတယ်လို့တော့ပြောကြတယ် ။
အစ်ကိုလတ်က မောင်နွေ နဲ့ အသက်အရွယ် အတူတူ ပဲ ။ မောင်နွေ တို့ ဂစ်တာဝိုင်းမှာ
လက်ခုပ်တီးပြီး သီချင်းလိုက်အော်နေချိန်
သူက ရဲစခန်းမှာ လူကြီးတွေတောင်လက်ခံတဲ့ အတီးကောင်း ဂစ်တာသမားလည်း ဖြစ်နေပြီ ။
သူက ဘောလုံးကန်တာကောင်းတယ်။ ဒါပေမယ့် စိတ်တိုတတ်တယ် ။ သူ့ဘက် ရှုံးနေရင်မွှန်တတ်တယ် ။
အဲ ချာတိတ် ကတော့ စကားလည်းသိပ်မပြောဘူး ။
နောက်တန်းထားရင် နောက်တန်းမှာ ကောင်းကောင်း တာဝန်ကျေအောင် ဆော့တယ် ။
သူ့ ခန္ဒာကိုယ်သေးသေးလေးနဲ့ နောက်တန်းကနေ လှည့်ပတ်ပြီး ဂိုးတက်တက် သွင်းသေးတယ် ။
ကိုရင်တွေကိုတော့ သူတို့ညီအစ်ကိုတွေလည်းကြောက်ရတယ် ။
ဘောလုံးကျော်သွားလည်း ကျန်ခဲ့တဲ့ ခြေထောက် ကိုတော့ ကိုရင်တွေ က
ကောင်းကောင်းပြုစု တတ်တယ် ။
တစ်ခါတစ်လေ ပြသနာလေးတွေ ရှိတတ်တယ် ။
ဒီလူ ဒီကိုရင် ပဲ ရှိပြီး နောက်နေ့လည်း ဒီလူတွေ ပဲ ပြန်ကန်နေကြရတာဆိုတော့
သိပ်ကြီးကြီးမားမားတွေ မဖြစ်ကြပါဘူး ။
ခြေထောက်တွေကတော့
ဘယ်သူမှ အကောင်းမရှိဘူး ။
မောင်နွေ့ ခြေမ နှစ်ချောင်း ဆို အမြဲ ခြေသည်းတွေက မညီမညာ တွန့်ခေါက်နေတယ် ။ အခုထိ ခြေသည်းတွေက လှလှပပ မရှိတော့ဘူး ။
ကျောက်စရစ်ခဲတွေ က ဘယ်လောက်ရှင်းရှင်း မပြောင်ဘူး။
မိုးတွင်းဆို ကွင်းအလယ်မှာ ရေအိုင်ကြီး တစ်အိုင်လည်း ရှိသေးတယ် ။
ဒါပေမယ့်
ရွေးချယ်စရာမရှိဘူး ။ ကန်ချင်ရင် ဒီမှာပဲ ကန် ။
စိုက်ပျိုးကွင်းဆိုတာရှိပေမယ့်
ရပ်ကွက်ကွင်းလေးတောင် အရံဆိုတော့
ဝေလာဝေးပေါ့လေ ။
ဘယ်လိုပဲဖြစ်ဖြစ် နေ့တိုင်းနီးပါး
အဲဒီကွင်းတော့ရောက်အောင်သွားတယ် ။
ကျောင်းပိတ်ရက်ဆို အဲဒီကွင်းထဲ သွားကြည့်
မနက် ၉ နာရီ ပတ်ဝန်းကျင် အဲချာတိတ် ရှိတယ် ။ ခြေထောက် နဲ့ ဘောလုံးတို့တယ် ။
ချာတိတ်ပေါက်စလေး သုံးလေး ယောက် နဲ့
4-2 ဆော့နေတတ်တယ် ။
မောင်နွေလည်း ဘေးလွယ်အိတ်ထဲက
ဘောင်းဘီ ထုတ်ပြီး ဆော့တယ် ။
ဖရီးကစ်ကန်ကြတယ် ။
အဲ ချာတိတ် က စကားပြောရောပြောတတ်လားတောင် တစ်ခါတစ်လေ မေ့နေတတ်တယ် ။
မောင်နွေ လည်း
အဆူဆူသော ဘုရားများရဲ့ တန်ခိုးတော်နဲ့
ပွတ်ကာသီကာ ဆယ်တန်းအောင်တယ် ။
ကျောင်းတွေ တစ်ရပ်တစ်ရွာ သွားတက်ရတယ် ။
အိမ်ပြန်လာရတဲ့အချိန်
ဘောလုံးကွင်းဆီ သွားတော့
ဘောလုံးကွင်းထဲမှာ
ဘောစကိုင်း ပင်ပေါက်လေးတွေ တန်းစီလို့ ။
အံ့သြသွားတယ် ။
ဘာဖြစ်တာလည်း ဘေးနားမေးကြည့်တော့
ဘုန်းကြီးကျောင်း ၂ကျောင်း မြေလုကြရင်း
အောက်ကျောင်းက ကိုယ်တော်က
ဘောလုံးကွင်းနေရာကို အုတ်တံတိုင်းခပ်ပြီး
ဘောစကိုင်းပင်တွေ စိုက်ပစ်တယ် ။
အခု မနေ့က အဲဒီဘက်ရောက်တော့
ကြည့်မိတော့ ဘောစကိုင်းတောကြီးဖြစ်နေပြီ ။
အဲဒီနေရာမှာ ဘောလုံးကန်တဲ့ ကျောက်စရစ်ကွင်းလေး ရှိဖူးတယ် ဆိုတာတောင် တော်တော် စိတ်ကူးနဲ့ ပြန်မှန်း ယူကြည့်ရတယ် ။ အဲဒီလိုနဲ့
မောင်နွေတို့ အနီးအနားမှာ
ကလေးတွေ ဘောလုံးကန်ဝါသနာပါသူတွေ
ကန်စရာ တစ်ကွင်းထဲသော မြေနေရာလေး
အပြီးအပိုင် နှုတ်ဆက်သွားရတယ် ။
ကျောင်းတွေတက်နေတဲ့အချိန်
လဘ္ဘရည်‌ဆိုင် တွေမှာ တွေ့တဲ့ အားကစားဂျာနယ်တွေမှာ မြန်မာ U 14
အသင်း မလေးရှားကို သွားကန်တဲ့
သီတင်း ဖတ်ရတယ် ။
အသင်းသားတွေပုံနဲ့ ။
ဟိုက် ရှား ပါး
စူပုပ်ပုပ် ချာတိတ် ကို
ရှေ့က ထိုင်နေတဲ့ အတန်း မှာ တွေ့လိုက်ရတယ် ။
အဲဒီအထိ သူနောက်တန်းကစားတာလို့
မှတ်မိနေတယ် ။
အိမ်ပြန်လာလို့ ရဲစခန်းနားမှာ
စကားစပ်မိလို့မေးကြည့်တော့
ချာတိတ် က မန္တလေး အားကစားသိပ္ပံ ရောက်သွားတာတဲ့ ။
သူတို့ ရဲကုန်းသားတွေအပြောအရ
လူရွေးတော့ ချာတိတ် ပါမသွားဘူးတဲ့ ။
ပေါင်းလောင်းကွင်းမှာ လူလာစစ်တော့
မန္တလေး အား/ ကာ က လူတစ်ယောက်ရောက်နေတာ
ကံကောင်းတယ်ပြောရမလားပဲ ။
ဒီက တာဝန်ရှိသူတွေ
မည်သို့မည်ပုံ လုပ်လိုက်သလည်းတော့
အသေအချာ မသိပါ ။
ဒီက ရွေး လွှတ်လိုက်တဲ့ ကလေးတွေ မန္တလေး ကို ရောက်မှ
ချာတိတ် ကို ဘာလို့မရွေးုကြတာလည်း
ဆိုပြီး လုပ်တော့မှ
ချာတိတ်လည်း အထုတ်အပိုးပြင်ပြီး
သူ့အဖေ နဲ့ မန္တလေး ကို သွားရတာ လို့
ရဲကုန်းသားတွေ က တညီတညွတ်ထဲ ပြောကြတယ် ။
အဲဒီတုန်းက
မန္တလေး က လူ များ
ချာတိတ် ကို မတွေ့မိရင်
ဒီအချိန် ချာတိတ် ဘာတွေလုပ်နေမလည်းတော့မသိဘူး ။
သူ ငယ်ငယ် ကတည်းက ကန်ခဲ့တဲ့
ကျောက်စရစ် ကွင်းလေး ကလည်း
ဘုန်းဘုန်း ၂ပါးခပ် တဲ့ ကြားက မြေစာပင် အဲ
မပြောတတ်တော့ဘူး ။
မရှိတော့ဘူးဆိုတော့
သူ ဘာတွေ လုပ်နေမလည်း
ဆိုတာတော့ မစဉ်းစား တတ်တော့ဘူး ။
ဒါပေမယ့် ပြန်စဉ်းစားမိတော့
တောက်မယ့် မီးခဲ ဆိုတာ
အရှိန်နဲ့ ရဲရဲ မလား ။
အဲဒီ တုန်းက
ရှုသိုးသိုး ကတုံးပေါက်ကလေး နဲ့
အရပ် လေးပေ လောက်ရှိတဲ့
ချာတိတ်ကလေးက
နယူးဇီလန် U20 ကမ္ဘာ့ ဖလား မှာ
မြန်မာ U 20 အသင်းကို
အရောက်ပို့ဆောင်ပေးနိုင်ခဲ့တဲ့
ဘောလုံးသူရဲကောင်းတွေထဲ
တစ်ယောက်အပါအဝင် ဖြစ်တဲ့
ကျော နံပါတ် ၉
အောင်သူ ဆိုတာ ဖြစ်လာခဲ့တယ်လေ ။
မောင်နွေ တို့ ပျဉ်းမနားသားတွေ
ဂုဏ်ယူကြတာပေါ့လေ ။
ရဲကုန်းသားတွေဆို
တစ်နေ့တစ်နေ့ အောင်သူအကြောင်းမပါရင်
မပြီးကြတော့ဘူး ။
အောင်သူပြန်လာတဲ့အချိန်
Tea ဆိုင်တွေ ကို ရအောင်ခေါ်သွားတယ် ။
ရင်ဘတ်ကြီးတွေ ကော့ပြီး
လဘက်ရည်သောက်ကြတယ် ။
ရွာဘက်မှာ အမျိုးအဆွေရှိသူတွေကလည်း
ငယ်ပေါင်းဆိုတော့ ရွာမှာ အလှူရှိရင်
အောင်သူ့ ကို ရအောင်ခေါ်တယ် ။
အောင်သူ အလှူ သာ ပြီး သွားမယ် ။
ဇွန်း ၅ ဇွန်းပြည့်အောင် မစားလိုက်ရတာတွေရှိတယ် ။
သူ့တို့ ရဲကုန်းသားတွေ အောင်သူ့ကြောင့်
ဂုဏ်တက်တယ်လို့ ကြွေးကြော်ကြတယ် ။
ခြေစစ်ပွဲအောင်သွားတော့
ပျဉ်းမနားက တာဝန်ရှိသူတွေလည်း
ဂုဏ်တက်တာပေါ့
တို့မြို့က ဘောလုံးသမားတစ်ယောက်က
World Cup ကို ရောက်အောင်ကြိုးစားဂုဏ်ဆောင်ခဲ့တဲ့
မြန်မာ U 20 အသင်းမှာ ပါတယ် လို့ပေါ့ ။
ဟဲ ဟဲ အဲဒီလိုပဲပေါ့ဗျာ ။
နောက်ထပ် မျိုးဆက်သစ်တွေအတွက်လည်း
ဘောလုံးကွင်းလေးတွေလုပ်ပေးကြပါအုန်းလို့ ။
အောင်သူ နေပူ မိုးရွာ ဆော့ခဲ့တဲ့
ကျောက်စရစ် ကွင်းလေးကတော့
ဘောလုံးကန်ခဲ့ဖူးပါတယ်ဆိုတဲ့ အရိပ်အငွေ့
အားလုံးပျောက်ပြီး
ဘောစကိုင်းပင်တောကြီး ဖြစ်နေပါပြီလို့ ။
စည်ပင် သိမ်းသွားတဲ့ မြေနေရာအစား
ကွင်းလေး တစ်ကွင်း အစားပြန်လုပ်ပေးနိုင်တောင်
စည်ပင် ကိုလည်း ရန်အောင် ၂ ရပ်ကွက် က
ကျေးဇူး တင်မိမယ်လို့ ထင်ပါတယ် ။
ဘာပဲဖြစ်နေနေ
ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးကို
မြန်မာလူမျိုးတွေ ကြည့်ခွင့်ရှိအောင်
စွမ်းဆောင်ခဲ့တဲ့ နိုင်ငံ့သားကောင်းတွေထဲမှာ
ပျဉ်းမနားသား ရန်အောင် ၂ ရပ်ကွက်သား
အောင်သူ ဆိုတာ ရှိခဲ့တယ် ဆိုတာကတော့
နောင် တစ်ချိန် အထိ
မောင်နွေ တို့ ဂုဏ်ယူနေကြရတော့မှာလေ ။
ဖိုးသူတော် (www.phothutaw.com)
Credit: ( မောင်နွေ )3.6.2015
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top