ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

             စစ္ေတြၿမိဳ႕ အေထြေထြေရာဂါကုေဆး႐ုံႀကီးကို ေတြ႕ရစဥ္ (ဓာတ္ပံု − ေမာင္ကံ)
ရခုိင္ျပည္နယ္ စစ္ ေတြၿမိဳ႕နယ္ ဗ်ိဳင္းျဖဴ ေက်းရြာေန အသက္ (၁)ႏွစ္ေက်ာ္အရြယ္ ကေလးငယ္ တစ္ဦးတြင္ ရာသီ တုပ္ေကြး ေရာဂါ (H1N1) ပိုး ပထမဆံုးေတြ႕ရွိခဲ့ေၾကာင္း ျပည္ နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန မွဴး ေဒါက္တာၾကည္လြင္က အ တည္ျပဳေျပာၾကားသည္။

အဆုိပါ ကေလးငယ္သည္ ေယာက်္ားေလးျဖစ္ၿပီး ဩဂုတ္ ၉ ရက္က စစ္ေတြ ျပည္သူ႔ေဆး႐ံု ႀကီးသို႔ ေရာက္ရွိလာကာ ရာသီ တုပ္ေကြးေရာဂါ သံသယရွိ၍ တစ္ဦးတည္းထား စစ္ေဆးၾကည့္ရာ H1N1 ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ၎က ဆုိသည္။

‘‘ကေလးငယ္ကို သီးသန္႔အ ေဆာင္ထားၿပီး ေစာင့္ၾကည့္ကုသ ေနပါတယ္’’ဟု ေဒါက္တာၾကည္ လြင္က ဆုိသည္။

ရခုိင္ျပည္နယ္တြင္ ရာသီ တုပ္ေကြးေရာဂါႏွင့္ ပတ္သက္၍ သံသယရွိသည့္ လူနာမ်ားကို ခ်က္ခ်င္းစစ္ေဆးႏုိင္သည့္ ကိရိယာမ်ိဳး စံု ၁၁၀ ႏွင့္ အေရးေပၚေဆးဝါးမ်ားကို ႀကိဳတင္စီစဥ္ထားၿပီး လက္ရွိ တြင္ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနအေနျဖင့္ လူထု အသိပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ေနေၾကာင္း ရခုိင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန႐ံုးမွ သတင္းရရွိသည္။ ရာသီတုပ္ေကြး ေရာဂါ သံသယလူနာမ်ားကို သီးျခားခြဲထားကုသႏုိင္ေသာ Is-olation Ward ကို ေဆာင္ရြက္ထား ေၾကာင္း ေဒါက္တာၾကည္လြင္က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီးကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်ကံ)

ရခိုင်ပြည်နယ် စစ် တွေမြို့နယ် ဗျိုင်းဖြူ ကျေးရွာနေ အသက် (၁)နှစ်ကျော်အရွယ် ကလေးငယ် တစ်ဦးတွင် ရာသီ တုပ်ကွေး ရောဂါ (H1N1) ပိုး ပထမဆုံးတွေ့ရှိခဲ့ကြောင်း ပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာကြည်လွင်က အ တည်ပြုပြောကြားသည်။

အဆိုပါ ကလေးငယ်သည် ယောကျ်ားလေးဖြစ်ပြီး ဩဂုတ် ၉ ရက်က စစ်တွေ ပြည်သူ့ဆေးရုံ ကြီးသို့ ရောက်ရှိလာကာ ရာသီ တုပ်ကွေးရောဂါ သံသယရှိ၍ တစ်ဦးတည်းထား စစ်ဆေးကြည့်ရာ H1N1 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ကလေးငယ်ကို သီးသန့်အ ဆောင်ထားပြီး စောင့်ကြည့်ကုသ နေပါတယ်’’ဟု ဒေါက်တာကြည် လွင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရာသီ တုပ်ကွေးရောဂါနှင့် ပတ်သက်၍ သံသယရှိသည့် လူနာများကို ချက်ချင်းစစ်ဆေးနိုင်သည့် ကိရိယာမျိုး စုံ ၁၁၀ နှင့် အရေးပေါ်ဆေးဝါးများကို ကြိုတင်စီစဉ်ထားပြီး လက်ရှိ တွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လူထု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သတင်းရရှိသည်။ ရာသီတုပ်ကွေး ရောဂါ သံသယလူနာများကို သီးခြားခွဲထားကုသနိုင်သော Is-olation Ward ကို ဆောင်ရွက်ထား ကြောင်း ဒေါက်တာကြည်လွင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top