Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေသနတ္ပစ္ခံရေသာ ေငြလဲေကာင္တာေရွ႕တြင္ လံုၿခံဳေရးေဆာင္ရြက္ေနေသာ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးကို ေတြ႕ရစဥ္ (ဓာတ္ပံု − ေက်ာ္ဇင္သန္း)
မရမ္းကုန္းၿမိဳ႕နယ္ အိုး ရွင္းစင္တာအနီး ျပည္လမ္းမေပၚ တြင္ ဖြင့္လွစ္ထားေသာ Farmer ေငြလဲလွယ္ေရး ေကာင္တာအ တြင္း အသံတိတ္ေသနတ္ေျပာင္း တပ္ဆင္ထားသည့္ ေသနတ္ျဖင့္ ပစ္ခတ္ၿပီး ဆိုင္ကယ္ျဖင့္ ထြက္ ေျပးသည့္ အမ်ိဳးသားႏွစ္ဦးကို ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က ရန္ကုန္ၿမိဳ႕ ထြက္ေပါက္မ်ားကို ပိတ္ဆို႔၍ လိုက္လံရွာေဖြေနသည္။

ၾသဂုတ္ ၅ ရက္ နံနက္ ၈ နာ ရီခြဲတြင္ ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္၌ ေသနတ္ကုိင္ထားသူက ဆုိင္အတြင္း ဝင္ရန္ႀကိဳးပမ္းၿပီး တံခါးဖြင့္မေပးသျဖင့္ အသံတိတ္ကိရိယာ တပ္ဆင္ထားသည့္ ေသနတ္ျဖင့္ တစ္ခ်က္ပစ္ခတ္ ထြက္ေျပး သြားျခင္းျဖစ္သည္။


ျဖစ္စဥ္တြင္ အသက္ (၂၆) ႏွစ္အရြယ္ ဆိုင္ကယ္စီး အမ်ိဳးသား ႏွစ္ဦးအနက္ တစ္ဦးသည္ ဆိုုင္ကယ္ေပၚ၌ က်န္ရစ္ခဲ့သည္။ ေဘာင္းဘီႏွင့္ အက်ႌလက္တို အနက္ေရာင္ ဝတ္ဆင္ထားၿပီး အစိမ္းေရာင္ႏွာေခါင္းစည္း တပ္ ဆင္ထားသည့္ က်န္အမ်ိဳးသားတစ္ဦးက ေငြလဲေကာင္တာအ တြင္း ဝင္ေရာက္၍ ဆိုင္အတြင္း ရွိ ဝန္ထမ္းအမ်ိဳးသမီးေလးဦးကို ေဒၚလာ ၃၀ ဝယ္ယူလိုေၾကာင္း ေျပာဆိုခဲ့သည္ဟု ရဲတပ္ဖြဲ႕မွတ္ တမ္းတြင္ ပါရွိသည္။

အဆိုပါအမ်ိဳးသားက ေဒၚ လာ ၃၀ အတြက္ က်သင့္ေငြ က်ပ္ ၄၁,၀၀၀ ေပးလိုက္ကာ ပိုေငြ ၂၀၀ က်ပ္ ျပန္ေတာင္းၿပီး ေငြလဲ ေကာင္တာအတြင္း တံခါးဖြင့္ခိုင္း ရာ ဆိုင္ဝန္ထမ္းမ်ားက တံခါးဖြင့္ မေပးေသာေၾကာင့္ လြယ္အိတ္အ တြင္းရွိ အသင့္ပါလာသည့္ အနက္ေရာင္ေသနတ္ကို ထုတ္ကာ ေကာင္တာေပၚမွ ဘုရားဆင္းတုေတာ္ကို တစ္ခ်က္ပစ္လိုက္ ေၾကာင္း ရဲတပ္ဖြဲ႕မွတ္တမ္းအရ သိရသည္။ သို႔ေသာ္ ဆိုင္ဝန္ထမ္း အမ်ိဳးသမီးေလးဦးကို အႏၲရာယ္ ျပဳခဲ့ျခင္းမရွိဘဲ တစ္စံုတစ္ရာၿခိမ္း ေျခာက္ေျပာဆိုျခင္းလည္း မရွိ ေၾကာင္း ရဲမွတ္တမ္းႏွင့္ 7Day ၏ ကြင္းဆင္းစံုစမ္းမႈအရ သိရ သည္။

ယင္းေနာက္ ဆုိင္ကယ္စီးအမ်ိဳးသားႏွစ္ဦးသည္ နံနက္ ၈ နာရီ ၄၇ မိနစ္တြင္ ျပည္လမ္းအ တိုင္း ေလဆိပ္ဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း ရဲမွတ္တမ္း၌ပါရွိသည္။

ယင္းျဖစ္စဥ္ကို ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕ကကိုင္တြယ္ၿပီး လိုက္လံရွာေဖြဖမ္းဆီးေနသည္။ အခင္း ျဖစ္ရာသို႔ လာေရာက္စစ္ေဆးေန ေသာ ရဲအရာရွိမ်ားအား 7Day Daily သတင္းေထာက္က ေမး ျမန္းရာ ျဖစ္စဥ္အေသးစိတ္ကို ေျပာဆို၍ မရေသးေၾကာင္း ေျပာ သည္။

‘‘ဖမ္းမမိခင္ ဘာမွေျပာလို႔မရေသးဘူး။ ေသနတ္နဲ႔ပစ္သြား တာေတာ့ ဟုတ္တယ္။ ထိခိုက္ ဒဏ္ရာရတာလည္း မရွိဘူး။ ထြက္ေပါက္ေတြလည္း ပိတ္ဆို႔ရွာေဖြ ေနပါတယ္’’ ဟု အခင္းျဖစ္ရာသို႔ လာေရာက္စစ္ေဆးေနေသာ ရဲအရာရွိတစ္ဦးက ေျပာသည္။

အခင္းျဖစ္ပြားသည့္ ေငြလဲ ေကာင္တာသို႔ 7Day Daily သ တင္းေထာက္က သြားေရာက္ေမး ျမန္းရာ ဆိုင္တာဝန္ခံမရွိ၍ ေျဖဆို ၍ မရေၾကာင္း  ေျပာဆိုၿပီး ဆိုင္ အတြင္းမွ ေငြမ်ားပါသြားျခင္းမရွိ ေၾကာင္း ဆိုသည္။

‘‘အသံတိတ္ေသနတ္နဲ႔ ပစ္ သြားတယ္လို႔ေျပာတယ္’’ဟု အ ခင္းျဖစ္ပြားစဥ္ အနီးရွိိေနေသာအသက္ (၄၀)အရြယ္ အမ်ိဳးသား တစ္ဦးက ေျပာသည္။

၂၀၁၅ ၾသဂုတ္ ၃ ရက္တြင္ လည္း လမ္းမေတာ္ၿမိဳ႕နယ္ ျပည္ လမ္းေပၚ၌ ဖြင့္လွစ္ထားသည့္ Farmer ေငြလဲလွယ္ေရးဆိုင္ရွိ ေငြသိမ္းဝန္ထမ္းကို ႐ိုက္ႏွက္ၿပီး ေငြလုယူမႈ ျဖစ္ပြားခဲ့သည္။ ယင္း ဆိုင္ရွိ ေငြသိမ္းတာဝန္ခံတစ္ဦးက ဆိုင္ထဲရွိ ေငြမ်ားကို လာေရာက္ သိမ္းယူခ်ိန္တြင္ အမည္မသိ အမ်ိဳးသားေလးဦးက ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့ ၿပီး က်ပ္သိန္း ၃၅၀ ခန္႔ပါသည့္ ေငြထုပ္ကို လုယူထြက္ေျပးသြားျခင္း ျဖစ္သည္။

၂၀၁၆ ဒီဇင္ဘာ ၃ ရက္က လည္း စမ္းေခ်ာင္းၿမိဳ႕နယ္ ရွမ္း ကုန္းလမ္းရွိ ေျမညီထပ္တြင္ ဖြင့္ လွစ္ထားသည့္ M.S Group ႏိုင္ငံ ျခားေငြ လဲလွယ္ေရးေကာင္တာ တစ္ခုကို အမ်ိဳးသားႏွစ္ဦးက ေသ နတ္ျဖင့္ ဓားျပတိုက္မႈ ျဖစ္ပြားခဲ့ သည္။ ယင္းျဖစ္စဥ္တြင္ တရားခံႏွစ္ဦးကိုလည္း လက္ရွိအခ်ိန္ထိ ဖမ္းဆီးမိျခင္း မရွိေသးေပ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
သေနတ်ပစ်ခံရသော ငွေလဲကောင်တာရှေ့တွင် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

မရမ်းကုန်းမြို့နယ် အိုး ရှင်းစင်တာအနီး ပြည်လမ်းမပေါ် တွင် ဖွင့်လှစ်ထားသော Farmer ငွေလဲလှယ်ရေး ကောင်တာအ တွင်း အသံတိတ်သေနတ်ပြောင်း တပ်ဆင်ထားသည့် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်ဖြင့် ထွက် ပြေးသည့် အမျိုးသားနှစ်ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရန်ကုန်မြို့ ထွက်ပေါက်များကို ပိတ်ဆို့၍ လိုက်လံရှာဖွေနေသည်။

သြဂုတ် ၅ ရက် နံနက် ၈ နာ ရီခွဲတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်၌ သေနတ်ကိုင်ထားသူက ဆိုင်အတွင်း ဝင်ရန်ကြိုးပမ်းပြီး တံခါးဖွင့်မပေးသဖြင့် အသံတိတ်ကိရိယာ တပ်ဆင်ထားသည့် သေနတ်ဖြင့် တစ်ချက်ပစ်ခတ် ထွက်ပြေး သွားခြင်းဖြစ်သည်။


ဖြစ်စဉ်တွင် အသက် (၂၆) နှစ်အရွယ် ဆိုင်ကယ်စီး အမျိုးသား နှစ်ဦးအနက် တစ်ဦးသည် ဆိုုင်ကယ်ပေါ်၌ ကျန်ရစ်ခဲ့သည်။ ဘောင်းဘီနှင့် အကျႌလက်တို အနက်ရောင် ဝတ်ဆင်ထားပြီး အစိမ်းရောင်နှာခေါင်းစည်း တပ် ဆင်ထားသည့် ကျန်အမျိုးသားတစ်ဦးက ငွေလဲကောင်တာအ တွင်း ဝင်ရောက်၍ ဆိုင်အတွင်း ရှိ ဝန်ထမ်းအမျိုးသမီးလေးဦးကို ဒေါ်လာ ၃၀ ဝယ်ယူလိုကြောင်း ပြောဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ် တမ်းတွင် ပါရှိသည်။

အဆိုပါအမျိုးသားက ဒေါ် လာ ၃၀ အတွက် ကျသင့်ငွေ ကျပ် ၄၁,၀၀၀ ပေးလိုက်ကာ ပိုငွေ ၂၀၀ ကျပ် ပြန်တောင်းပြီး ငွေလဲ ကောင်တာအတွင်း တံခါးဖွင့်ခိုင်း ရာ ဆိုင်ဝန်ထမ်းများက တံခါးဖွင့် မပေးသောကြောင့် လွယ်အိတ်အ တွင်းရှိ အသင့်ပါလာသည့် အနက်ရောင်သေနတ်ကို ထုတ်ကာ ကောင်တာပေါ်မှ ဘုရားဆင်းတုတော်ကို တစ်ချက်ပစ်လိုက် ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။ သို့သော် ဆိုင်ဝန်ထမ်း အမျိုးသမီးလေးဦးကို အန္တရာယ် ပြုခဲ့ခြင်းမရှိဘဲ တစ်စုံတစ်ရာခြိမ်း ခြောက်ပြောဆိုခြင်းလည်း မရှိ ကြောင်း ရဲမှတ်တမ်းနှင့် 7Day ၏ ကွင်းဆင်းစုံစမ်းမှုအရ သိရ သည်။

ယင်းနောက် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးသည် နံနက် ၈ နာရီ ၄၇ မိနစ်တွင် ပြည်လမ်းအ တိုင်း လေဆိပ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်း၌ပါရှိသည်။

ယင်းဖြစ်စဉ်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကကိုင်တွယ်ပြီး လိုက်လံရှာဖွေဖမ်းဆီးနေသည်။ အခင်း ဖြစ်ရာသို့ လာရောက်စစ်ဆေးနေ သော ရဲအရာရှိများအား 7Day Daily သတင်းထောက်က မေး မြန်းရာ ဖြစ်စဉ်အသေးစိတ်ကို ပြောဆို၍ မရသေးကြောင်း ပြော သည်။

‘‘ဖမ်းမမိခင် ဘာမှပြောလို့မရသေးဘူး။ သေနတ်နဲ့ပစ်သွား တာတော့ ဟုတ်တယ်။ ထိခိုက် ဒဏ်ရာရတာလည်း မရှိဘူး။ ထွက်ပေါက်တွေလည်း ပိတ်ဆို့ရှာဖွေ နေပါတယ်’’ ဟု အခင်းဖြစ်ရာသို့ လာရောက်စစ်ဆေးနေသော ရဲအရာရှိတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားသည့် ငွေလဲ ကောင်တာသို့ 7Day Daily သ တင်းထောက်က သွားရောက်မေး မြန်းရာ ဆိုင်တာဝန်ခံမရှိ၍ ဖြေဆို ၍ မရကြောင်း  ပြောဆိုပြီး ဆိုင် အတွင်းမှ ငွေများပါသွားခြင်းမရှိ ကြောင်း ဆိုသည်။

‘‘အသံတိတ်သေနတ်နဲ့ ပစ် သွားတယ်လို့ပြောတယ်’’ဟု အ ခင်းဖြစ်ပွားစဉ် အနီးရှိနေသောအသက် (၄၀)အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

၂၀၁၅ သြဂုတ် ၃ ရက်တွင် လည်း လမ်းမတော်မြို့နယ် ပြည် လမ်းပေါ်၌ ဖွင့်လှစ်ထားသည့် Farmer ငွေလဲလှယ်ရေးဆိုင်ရှိ ငွေသိမ်းဝန်ထမ်းကို ရိုက်နှက်ပြီး ငွေလုယူမှု ဖြစ်ပွားခဲ့သည်။ ယင်း ဆိုင်ရှိ ငွေသိမ်းတာဝန်ခံတစ်ဦးက ဆိုင်ထဲရှိ ငွေများကို လာရောက် သိမ်းယူချိန်တွင် အမည်မသိ အမျိုးသားလေးဦးက ဝိုင်းဝန်းရိုက်နှက်ခဲ့ ပြီး ကျပ်သိန်း ၃၅၀ ခန့်ပါသည့် ငွေထုပ်ကို လုယူထွက်ပြေးသွားခြင်း ဖြစ်သည်။

၂၀၁၆ ဒီဇင်ဘာ ၃ ရက်က လည်း စမ်းချောင်းမြို့နယ် ရှမ်း ကုန်းလမ်းရှိ မြေညီထပ်တွင် ဖွင့် လှစ်ထားသည့် M.S Group နိုင်ငံ ခြားငွေ လဲလှယ်ရေးကောင်တာ တစ်ခုကို အမျိုးသားနှစ်ဦးက သေ နတ်ဖြင့် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ သည်။ ယင်းဖြစ်စဉ်တွင် တရားခံနှစ်ဦးကိုလည်း လက်ရှိအချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးပေ။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top